သဂြိုလ် ခ များ နှစ်ဆတက်
မဟာရန်ကုန်မြို့ကြီးတွင် သေဆုံးမည့်သူများအတွက် သဂြိုလ်စားရိတ်များ နှစ်ဆ တက်သွားပြီဖြစ်ပါကြောင်းကြိုတင် အသိပေးအပ်ပါတယ်။
ယခင် လူကြီးတယောက် မီးရှို့ခ ၁၀၀ဝ ကျပ် ယခု ၂၀၀ဝ ကျပ်။
ယခင် ကလေးတယောက် မီးရှို့ခ ၅၀ဝ ကျပ် ယခု ၁၀၀ဝ ကျပ်ဖြစ်သွားပါတယ်။
ကိုကျော်သူတို့တော့ စားရိတ်များပိုမို အသုံးပြုရပါတော့မယ်။
လစာများပြင်ဆင်သတ်မှတ်ချက်နှင့်များပါတ်သက်နေမည်လား မသိနိုင်ပါ။
တမိသားစုလုံးသေဆုံးပါက discount ရှိနိုင်မည်လား။
နှစ်ကူး အထူးရက်များတွင် special sales များ ရှိမရှိမသိရသေးပါ။
15 comments
hello! everybody
February 10, 2011 at 1:17 pm
ကြံ ့ဖွင့်က ၂၀၀၀ဝ နဲ့အပြီးကူညီပေးဖို့ညွှန်ကြားထားတယ်လို့ဖတ်လိုက်ရတယ်ဗျ၊ စေတနာပါရင်တော့ကောင်းပါတယ်ဗျာ၊ဒါပေသည့် ညွှန်ကြားထားတယ်ဆိုတော့ကာ….
ဆူး
February 10, 2011 at 2:16 pm
သဂြိုလ်တာကတော့ အဖေ ဆုံးတုန်းက ကျော်သူတို့ ခေတ်မစားသေးတော့ သေချာ မသိဘူး ကိုယ်တိုင် လိုက်လုပ်တာ ငိုစားရယ်စား မပြောချင်ပါဘူး လွန်ခဲ့တဲ့ ၆နှစ်က ကိစ္စတွေပေါ့။ ဝမ်းနည်း ပူဆွေးနေတာ အလောင်းကို မီးရှို့ဖို့ ဟိုရုံးပြေးရ ဒီရုံးပြေးရ ဟိုက စာရွက် ဒီက စာရွက်… စုံနေတာဘဲ ဆူး လုပ်တာ မဟုတ်တော့ သိပ် မသိပေမဲ့ လုပ်တဲ့ လူကတော့ တော်တော် ငြီးသွားရှာတယ် နေရာတိုင်းမှာ အာရကေ တောင်းတယ်။ ရေခဲတိုက်ခ အလောင်းပြင်ခ အလောင်းတင်တဲ့ ခုံငှားခ အလောင်းပြပြီး နောက်ဆုံး ကြည့်ဖို့ အခန်းခ လူတွေ ထိုင်ဖို့ ခုံငှားခ အခေါင်းကိုလည်း ဈေးကောင်းပေးသာ ဝယ်ရတယ် ဖြစ်သလို စက္ကူကပ်ပေးလိုက်တယ် ပိုးကိုက်နေတဲ့ သစ်သား ၃ထပ်သားနဲ့.. သေတဲ့လူ အသက် ကို ငြင်းတာနဲ့ အသက်ပြည့်ပြီး ၆လ ကျော် ရင် အသက်တမျိုး ၆လ မကျော်ရင် တမျိုး စုံနေတာဘဲ။ နေပူကျဲထဲ ရေဝေးကို ခေါက်တုန့် ခေါက်ပြန် ပြေးပြီး လုပ်ပေးရရှာတယ်။ ရေအိုးခွဲတဲ့ ကုန်ကျ စရိတ် လူတယောက် သေတာ ၁သိန်းလောက် အသာလေး ကုန်သွားတယ်။ တချို့ကိစ္စတွေ ကိုယ်က ပိုက်ဆံ ပေးရတာတောင် ညှိညှိ နိုှု်င်းနှိုင်း နဲ့ တောင်းပန်ပြီး ပေးရတယ်။ သေတာ က အမှန် အကန် ဆေးရုံမှာ သေတာ ပိုက်ဆံ လိုချင်လို့ ရစ်တာ အမျိုးစုံ အိမ်မှာ သေရင် တမျိုးပေါ့လေ။ ဟော… အဖေ ဆုံးပြီး သိပ်မကြာခင်မှာ အဒေါ်ဆုံးတော့ အေးဆေးဘဲ နာရေးကူညီမှု အသင်းကလား ဆိုပြီး ဖုန်းဆက်လိုက်တာ မှန်ခေါင်းနဲ့ သပ်သပ်ယပ်ယပ် အိမ်မှာ လာသယ်တယ်။ ဘာမှ လုပ်စရာကို မလိုတာ ပိုက်ဆံလည်း မပေးရဘူး။ သူတို့က မတတ်နိုင်တဲ့ လူဆိုရင် ရရက်ပြည့် ရက်လည် အတွက်တောင် မုန့်ဟင်းခါးဖိုးနဲ့ ဘုန်းကြီးပင့်ဖို့ ပိုက်ဆံ ထုတ်ပေးသေးတယ်။ အဲဒီလို စိတ်လက် ပေါ့ပါးစွာ ငိုလို့ရတယ်။ ကျေးဇူးကြီးမားကြပါတယ်။ ပိုက်ဆံ မယူတော့ ကိစ္စပြီးတော့ သဒ္ဒါသလောက် လှူလိုက်တာပေါ့။ ဒါလည်း စိတ်ချမ်းသာစရာ တမျိုးဘဲ။ အဖေတုန်းက ခေါ်ခဲ့ မိရင် ကောင်းသား အခွင့်အရေးက မသာဘူးလေ သိမှ မသိကြတာ။ ဒီလိုနဲ့ နောင်လာ နောက်သားတွေ သေရင် မိသားစုတွေ အေးချမ်းအောင် အလှူသွားလှူ လိုက်ကြတယ်။
bigcat
February 11, 2011 at 5:45 am
အိုကွယ် နောက်တခါ ကိုကြောင်ကြီးအလှည့်ရှိပါသေးတယ်။ အဲဒီကျမှ ဆူးစိတ်တိုင်းကျ ကိုကျော်သူ့ကို ခေါ်လုပ်ခိုင်းလိုက်။
မှတ်ချက်။ ကိုအောင်ပုနဲ့သဂျီးတော့ ယောင်လို့တောင်သွားစကားမဟပါနဲ့။ သူတို့က ကြောင်သေကြောင်သားကို အောင်သအောင်သားဆိုပြီး ကစော်အရက်နဲ့မြည်းလိမ့်မယ်။
ဆူး
February 11, 2011 at 7:34 am
မကြောက်ပါနဲ့.. မြေကျင်းတူးပြီး ရွာထိပ်က သစ်ပင်ကြီး အောက်မှာ မြုပ်ပေးမယ်။ မြေတူး သိပ်မနက်ရင်တော့ လဒ စာမိသွားနိုင်တယ်။
Myanmar
February 10, 2011 at 2:37 pm
I had a chance to chat with one of the EC from Free Funeral Service (Ko Kyaw Thu’s group). I saw their cetana in their words and deeds. I really respect them. We need to support their activities. Sue’s personal experience makes it clear that they are doing real social works not a propaganda.
kopauk mandalay
February 10, 2011 at 4:47 pm
နောင်မှသေရင် ဒီထက်ဈေးကြီးမယ်ထင်တယ်နော်။
စောစောသေထားရင် စားရိတ်ငြိမ်းမယ်ထင်ပါရဲ့။
ဘယ်သူများ ရှယ်ယာပါချင်ပါသေးသလဲဗျို့
htoopa
February 11, 2011 at 5:27 am
မွေးတော့လည်းစရိတ်ကြီး
နေတော့လည်း စရိတ်ကကြီး
သေသွားရင်တောင် စရိတ်ကကြီး ….
အစစ အရာရာ စရိတ်တွေသာ ကြီးနေတယ်….
လူဖြစ်နေခိုက် သေသွားပြီးခိုက် နာမည်ကြီးပါမလား
(အမည်ကောင်းနဲ့နာမည်ကြီးတာကို ဆိုလိုတာနော်…. အမည်ဆိုးနဲ့ကျော်ကြားတာကို မဆိုလိုပါ)
မိုက်ကယ်ဂျော်နီအောင်ပု
February 11, 2011 at 7:39 am
ဇာတိ သည်လည်းဒုက္ခတည်း
ဇရာ သည်လည်းဒုက္ခတည်း
မရဏ သည်လည်းဒုက္ခတည်း
ဆိုတော့ကာ
သေတတ်သူက သေသွားတာကို
သေတတ်သူတွေက လောဘ ဒေါသ မောဟ တွေနဲ ့ပြောဆိုငြင်းခုန်နေလိုက်ကြတာ
ဪ
လောက
လောက
လောက
ဘယ်မသာအိမ်မှာ ဖဲဝိုင်းရှိပါလိမ့်
ဆူး
February 11, 2011 at 7:50 am
အိုခြင်း သဘော နာခြင်း သဘော မလွတ်ကင်းနိုင်တဲ့ လူ့ဘဝ ကြီးထဲမှာ သေချိန်တန်ရင် သေဖို့ ပိုက်ချံ စုထားစို့။
kopauk mandalay
February 11, 2011 at 9:16 am
ပိုက်ဆံမရှိလဲ သေရင်မပူပါနဲ့လို့ နာမူ့ကူညီရေးအသင်းတစ်ခုက စာပို့သွားပါတယ်ဗျိူ့။
အိုကေသွားပြီ စောစောမသေတော့ဘူး
MaMa
February 11, 2011 at 2:20 pm
အရင်က မာန်မာနတွေကြီးလွန်းလို့ ဘယ်သူနဲ့မှ ဆက်ဆံရေး အဆင်မပြေတဲ့ ကိုယ့်အနီးနားဝန်းကျင်က လူတစ်ယောက် ခုတော့ နာရေးကူညီမှုမှာ တစ်ပတ်တစ်ရက် ကားသွားမောင်းပေးနေတာတွေ့ရလို့ အံ့အားသင့်ကြရတယ်။ ဟိုတုန်းက နေရာတကာ ဆရာကြီးလုပ်ရမှ၊ ရှေ့တန်းကပါရမှ ကျေနပ်တတ်တဲ့လူက ခုတော့ ဆရာကြီးလုပ်ရမယ့်၊ နေရာရမယ့်ကိစ္စတွေကို နောက်ထားပြီး အဲဒီအလုပ်ကို အပျက်မခံဘဲ ကြိုးစားနေတယ်။ ကိုယ်တောင် ဒီလိုမလုပ်နိုင်ဘူးဆိုပြီး သူ့အပေါ်အဆိုးမြင်တဲ့လူလည်း အကောင်းမြင်သွားကြတာပေါ့။
ဆူး
February 11, 2011 at 2:34 pm
မမ ပြောတဲ့ လူ အတွက် သာဓု ခေါ်ပါတယ်။ သူကို ဘယ်သူ အကျွှတ်တရား ရအောင် ဟောလိုက်လဲမှ မသိတာ။
shweminthar
February 11, 2011 at 3:21 pm
ကတို့ ခရော တက်သေးလား ဗျို့
ဆူး
February 11, 2011 at 3:37 pm
ကတို့ခ တမတ် ၂၅ပြား ရှာဖွေပြီး ပါးစပ်ထဲ ထည့်ပေးလိုက် သဂြိုလ် စက်ထဲမှာ မီး နဲနဲ ရှို့ပြပြီးရင် မီးရပ်ထားပြီး ပါးစပ်ထဲက ပြန်ထုတ်ပြီး သိမ်း ထားလိုက်တယ် နောက် လူတွေ တမတ် ရှာမရရင် ရှိတာလေး ထုတ်ပေးပြီး ပြန်ရောင်းစားတယ်။
ဒါနဲ့ သဂြိုလ် စက်ထဲ ထည့်ရင် လိုက်ကြည့်တဲ့ လူ မရှိတဲ့ အလောင်းတွေ ဆိုရင် ခဏလေး မီး အရှို့ပြပြီး ရပ်ထားပြီး ညမှ အလောင်းတွေ အားလုံး စုပြီး မီးရှို့တာ.. လိုက်ကြည့်ပြီး အရိုးကောက်တဲ့ လူရှိမှ ပြာကျတဲ့ အထိ မီးရှို့တာ.. Gas နဲ့ ရှို့တာ ဆိုတော့ ဂက်စ် ဖိုး သက်သာပြီး ခိုးထုတ်နိုင်အောင် တယောက်လာ တခါ မရှို့ဘဲ ညမှ အကုန်လုံးပေါင်း ရှို့တယ်။
nature
April 7, 2011 at 3:29 pm
တခါသေဘူးပျဉ်ဘိုးနားလည်တဲ့၊ နာရေးကူညီမှုအသင်းမရှိခင်ကစကားပုံလေ။ သာဓု၊သာဓု၊သာဓု။