(3)“ရှေးရှေးက ကဗျာများထဲမှ တောသူတောင်သား များရဲ့ဘဝ”(ဦးကြီ်း)
(3)“ရှေးရှေးက ကဗျာများထဲမှ တောသူတောင်သား များရဲ့ဘဝ”(ဦးကြီ်း)
ဦးဆောင်းလို လွမ်းချင်းများကိုရေးဖွဲ့တတ်သူကတော့ စာဆိုတော်”ဦးကြီး” ဖြစ်ပါတယ်။
”ဦးကြီး” ရဲ့စာများက ကျေးလက်အဖွဲ့တွေအတော်လေးများတာကိုတွေ့ရပါတယ်။
စာဆိုတော်ဦးကြီး ကလည်းတောနေတောထိုင် ရွာသူရွာသားများအကြောင်းကိုသာအများဆုံးရေးဖွဲ့သူဖြစ်ပါတယ်။
”ဦးကြီး” ကတော့1201 ခုနှစ်ပါတ်ဝန်းကျင် အမရပူရခေတ်မှ မင်းတုန်းမင်းလက်ထက်
ရတနာပုံခေတ်ထိ ဘုရင့်အမူ့တော်ကိုထမ်းဆောင်သူဖြစ်ပြီး၊
အင်္ဂလိပ်များ မန္တလေးကို သိ်မ်းယူပြီး မကြာခင်အချိန်လောက်ပျဉ်းမနားမြို့မှာ ကွယ်လွန်ခဲ့ပါတယ်။
သက္ကရာဇ္ဇ်1220နှင့် 1240အတွင်း လွမ်းချင်းပေါင်းများစွာကိုရေးသားထားခဲ့ပါတယ်။
ဒီကဗျာလေးတွေကတော့ စာဆိုတော်ဦးကြီးရေးဖွဲ့ခဲ့တဲ့ တောဓလေ့ကဗျာများဘဲဖြစ်ပါတယ်။
ကျောင်းနေစဉ်တုံးကတော့ မြန်မာစာမှာ သင်ရိုးညွှန်းတန်းအဖြစ် ပြ ဌာန်းခဲ့ဘူးတော့
ဖတ်ဘူးကြမယ်တော့ ထင်ပါတယ်။
ဒါပေမယ်လဲ့ တစ်စုတစ်စည်းထဲဖတ်ရအောင် ရှာဖွေတင်ပြလိုက်ပါတယ်။
“ယဉ်ပေ့တောသူ “
လေပြေငယ်သုတ်ပါလို့ ရွှေဘုတ်က အိုးအီ၊
အုံ့မိူင်းငယ်ရီ နေမီအောင်တခိုလှမ်းခဲ့ရ၊
ကောက်ငန်းက သူပြန်ပုံမှာ ခတ္တာငုံပန်းနှစ်ဆင့်ငယ်နှင့်၊
ပန်းဝင့်လို့ရွာကိုဝင် အမြင်ဆန်းပါဘိတယ်လေး။
ညဉ့်ချမ်းရယ်နေရီ၊
ချိန်တော်မှီ ကေသီပန်းနှင့်၊
ရေခပ်လမ်းမှာ စခန်းသင့်လို့၊
ထက်ဆင့်နီရောင် ချည်စိမ်းပေါင်နှင့်၊
ယဉ်အောင်တောသူ သနပ်ခါးကွက်ပါးမှာကူလို့၊
အမူကြီးကမ်းကုန်ကို ဘယ်မြို့ပုံသာချင်သောရယ်လို့
ပြောကြမယ်လေး။
ညနေအချိန်လယ်ယာလုပ်ငန်းက တက်သုတ်ရိုက်ပြန်လာရပေမယ့်လည်း
မိန်းကလေးပီပီ အလှအပတန်ဆာဆင်လို့လာပုံ၊
ညနေရေခပ်ဆင်းချိန်မှာလည်း သနပ်ခါးပါးကွက်ကြားနဲ့လှလှပပ ပြင်ဆင်လို့
ထားပုံကတော့ မြို့သူတွေထက် မနိမ့်ပါဘူးလို့ ပြောပြထားတဲ့ကဗျာလေးပါဘဲ။
“မောင်ကြီးတို့ ပျော်စံရာ “
မလွမ်းရော့သော်ကော
ကျွန်းမော့မော့မြောက်ခွင်
မူးရေယဉ်လက်ျာစီးပါလို့၊
မောင်ကြီးတို့ပျော်တဲ့ရွာ။
မြောက်ညှာနှင့်တောင်စွယ်
လက်ကယ်က၊
အင်းနှစ်ဘက်ကာတယ်လေး။
တစ်ခေါက်ကယ်လမ်းဆုံ
ရွာသဘောကိုပြောမယုံသော်
ကြုံလျှင်ဝင်ခဲ့ပါလားနော်အဝေး။
နှစ်မပြာဖြူ ရောက်တော်မူလျှင်၊
မပူချမ်းငြိမ်း အခြင်ရယ်မြေနီး၊
ထန်းရွက်ကယ် စီးပါတဲ့၊
မောင်ကြီးအိ်မ်မှာစည်းစိမ်ငယ်ခံ၊
ဟင်းချဉ်ပေါင်ဘက် ပြုတ်ဘူးရွက်နှင့်၊
ပိချက်ရေ ရံပြီးလျှင်၊
ဆန်ထမင်းရဲကျော်ကို
ဝန်ကတော်ပုံလောက်ပြေးအောင်၊
ကျွေးပမယ်လေး။
ဒီကဗျာလေးကတော့ မူးမြစ်ပါတ်ဝန်းကျင်မှာတည်ရှိနေတဲ့ရွာမှာနေသူ ယောက်ျားလေးက
မိန်းကလေးတစ်ဦးကိုဖိတ်ခေါ်ပုံဖြစ်ပါတယ်။
သူတို့ရဲ့ထန်းလက်မိုးတဲ့အေးချမ်းတဲ့အိမ်လေးမှာ ဘယ်လိုဧည့်ခံမယ်ဆိုတာကိုပြောပြတဲ့
ကဗျာလေးဖြစ်ပါတယ်။
“ပျော်ပုံက သစ်သနှင့် “
ပျော်ပုံက သစ်သနှင့် ငယ်ချစ်ကယ်လိုက်ခဲ့တော့၊
အကြိုက်ကတဲ့ တို့တောရွာမှာ၊
မိုးအကာ ပင်ယံထက်ဆီက၊
ထန်းရွက်နှင့်ဆင်သည့်အိမ်၊
ခြုံတင်းတိမ် နွားရေခင်းလို့
ညဉ့်တွင်းကို ပုလွေကျော်နှင့်၊
ဖျော်ပမယ်လေး။
ကိုက်ဖူးငယ်ညွန့်စီ ချဉ်ပေါင်နီကို၊
ရာသီဓလေ့ ပုစွန်လုံးခွံဖုံးထေ့လို့၊
တောလေ့ငယ်တဆင် လယ်ကြွက်ကင်နှင့်၊
တို့ခွင်ဖရုံ ဟင်းဘက်စုံလှ၊
မင်းပုံထယ်ထယ် နေစာပျို့အစ်ကို့ကိုတယ်ပမယ်၊
ဆောင်းနယ်ဝင်သည်ချိန်ကို ယစ်စီးစိမ်အဆီဖိန်းလို့၊
မှိန်းစေ့မယ်လေး။
ဒီကဗျာလေးကလဲ ရွာသူမိန်းကလေးတစ်ဦးက သူ့ချစ်သူကို ရွာလိုက်ခဲ့ရင်ဘယ်လိုဧည့်ခံမယ်ဆိုတာကိုပြောပြတဲ့ကဗျာလေးပါဘဲ။
ဒီကဗျာနှစ်ပုဒ်ထဲမှာ တောသူတောင်သားတို့ စားသောက်ရပုံလေးကို
ဖော်ပြထားတာကိုတွေ့ရပါတယ်။
ပထမတပုဒ်မှာတော့ ရဲရဲနီနေတဲ့ထမင်းကို ချဉ်ပေါင်ဟင်း၊ငပိရည်ကိုဘူးရွက်ပြုတ်တို့စရာနဲ့
ကြွေးမယ်လို့ပြောပြီး ဒုတိယတပုဒ်မှာတော့
လယ်ကြွက်ကင်ရယ် ချဉ်ပေါင်သီးနီနီကို လယ်ပုစွန်လုံးနဲ့ရောထောင်းတာရယ်တင်
မကသေးဘဲ ယာထွက်ဖရုံသီးဟင်းတောင်ပါသေးတယ်လို့ပြောထားပါတယ်။
“ပျုးိခင်းကအပြန် “
ပီလဝန်း ကန်စွန်းနှင့်ကင်းပုံ၊
ကင်းအငုံ ပြင်းထုံထုံမိူသင်္ကန်းငယ်နှင့်၊
မောင်ဖမ်းတဲ့ လယ်ပုစွန်ကို
အခွံကိုခွာမခွဲပါနဲ့ အထဲမှာအဆီကုန်ရော့၊
နီရုံချက်ပါ အမိရယ်လေး။
တောခါချဉ်ကို လက်ငင်ကိုင်ဆုပ် ငါးပိဖုတ်နှင့်၊
လဲ့လုပ်ကဲ့နန်းသူ ပျုးိနှုတ်ရာယူခဲ့ပါ့၊
အိမ်သူရဲ့လမ်းတာကိုပက္ကလာမော်ကာမပါလို့၊ မျှော်ပါ့မယ်လေး။
ဒီကဗျာလေးကတော့ လယ်ထဲဆင်းအလုပ်လုပ်နေသူ ယောက်ျားက သူ့ဇနီးဖြစ်သူ
ထမင်းလာပို့ချိန်ကိုမျှော်ရင်း သူစားချင်တဲ့ ဟင်းပုံစံလေးအတိုင်းချက်ပေးဘို့မျှော်တဲ့
ကဗျာလေးပါဘဲ။
လင်ယောက်ျားကိုယ်တိုင်ခူးလာ ဖမ်းလာတဲ့ချောင်းနံဘေးမှာအလွယ်ရနိုင်တဲ့ ပီလဝန်း၊ ကင်းပုံ၊ မိူသင်္ကန်းစတဲ့အသီးအရွက်တွေကို လယ်ပုစွန်လုံးအထဲမှာပါတဲ့ အဆီတွေ
ကုန်မှာစိုးလို့ အခွံမခွာဘဲ နီတယ်ဆိုရုံလေးချက်ဘို့မှာသလို၊
တောခါချဉ်ကို ငပိဖုတ်နဲ့မြုတ်စားဘို့ ထမင်းလာပို့မယ့်လမ်းကိုမျှော်နေတာကိုဖွဲ့ဆိုတဲ့ကဗျာလေးပါ။
ဆက်လက်ဖော်ပြပါမည်)
ကိုပေါက်လက်ဆောင် အတွေးပါးပါးလေး(ရှေးကဗျားများကို ကူးယူဖော်ပြခြင်း)
2 comments
kai
February 10, 2011 at 10:51 pm
ရှေးမြန်မာကြီးတွေ ..စားပုံသောက်ပုံမှာ.. ဆီပြန်ဟင်းတွေမပါပဲနေတာသတိထားမိတယ်..။
နောက်တခုက .. အကောင်ဘလောင်တွေ ဖမ်းပြီး ..ဟင်းချက်သတ်စားနေတာပဲ..။
ဒီခေတ်ရောက်မှ ..ဘယ်ကဘယ်လို… သက်သတ်လွတ်တွေ..သားသတ်လွတ်တွေဖြစ်ကုန်တယ်မသိ..။ 🙂
MaMa
February 11, 2011 at 1:09 am
သူကြီးက အမြင်ထက်မြက်ပါပေတယ်။ ကိုယ်လိုတာကိုလည်း မြင်တတ်တယ်။