ပြန်မအမ်းတဲ့ ငွေအကြွေ(သို့)လက်ဖက်ရည်ဖိုး
ကားစီးရင် အကြွေပြန်မအမ်းတဲ့ ပြဿနာ လိုပဲ၊
စီးပွါးရေးဘဏ်မှာ ငွေလွှဲရင်လည်း ဒီအတိုင်းပါပဲ။လွှဲခ ၆၀ဝ ကျော် ၇၀ဝ ကျော်ကို ၁၀၀ဝ တန်ပေးလိုက်လို့ကတော့ ပိုငွေပြန်မအမ်းတော့ပါဘူး။
ပုဂ္ဂလိက ဘဏ်တွေကတော့ အမ်းပါတယ်။
ကိုယ်ကလည်း ဒီလောက်နဲ့မပြောတော့ ပါဘူးဆိုပြီးထား။
ဒါမျိုးတွေများလာတော့ သူတ်ို့တွေ တော်တော် အဆင်ပြေမယ်။
ပြီးတော့ ရှိသေးတယ်။ငွေလွှဲရင်ဖြည့်ပေးရတဲ့ form ဖိုးက ၂၀ဝ ပေးရတယ်။
ဒါကလည်း စီးပွါးရေးဘဏ်ချင်း အတူတူ မပေးရတဲ့ ဘဏ်နဲ့
ပေးရတဲ့ ဘဏ်ရှိသေးတယ်။ဒါကိုကြည့်ခြင်းအားဖြင့် တရားမဝင်ဘူးဆိုတာ သိသာတယ်။(စာရေးမတွေ သူတို့ဟာသူတို့လုပ်စားကြတာပေါ့။)
form ဖိုးက ၂၀ဝ ပေးရင် သူတို့ဟာသူတို့ လိုအပ်တာဖြည့်ပေးတဲ့ဘဏ်ရှိသလို၊
အချို့ဘဏ်က စာရေးမတွေက form ဖိုးလည်းယူတယ်။လိုအပ်တာမဖြည့်ပေးဘူး။ကိုယ့်ဘာသာကိုယ် ဖြည့်ရတာရှိတယ်။ဖြည့်ပေးပါလားလို့ ပြောလိုက်ရင် မအားလို့တဲ့။ form ဖိုး ကိုတော့ မအားတဲ့ကြားက ယူပါတယ်။
အလားတူပဲ CDMA ၅ သိန်းဖုန်း လျှောက်တော့လည်း ကြုံရပါတယ်။
ဒါကတော့ ပြန်မအမ်းတာ မဟုတ်ပါဘူး။အမှန်တစ်ကယ်ကုန်ကျငွေထက် ပိုပေးရတာမျိုးပါ။
စာတိုက်မှာ ဖုန်းလျှောက်ရင်ဖြည့်ရတဲ့ form ဖိုးက သူတို့ရေးထားတာတော့ ၁၁၀ဝ ပါ တောင်းတော့ ၁၅၀ဝ တောင်းပါတယ်။(၁ ယောက်ဆီက ၄၀ဝ ဆိုရင် တစ်နေ့တစ်နေ့လာလျှောက်နေတဲ့သူတွေ က အများသား တော်တော် တွက်ချေကိုက်မယ်။)
form ဖြည့်ပေးတဲ့ ဝန်ထမ်းကို လက်ဖက်ရည်ဖိုးပေးရပါတယ်။(၁၀၀ဝ နှင့်အထက်)ပေးချင်သလောက်ပေးပါလို့ တော့ ပြောပါတယ်။မပေးလို့တော့ မရဘူးထင်ပါတယ်။
ဖုန်းနံပါတ်ရွေးရင် ၅၀၀ဝ ပေးရပါတယ်။ရွေးချင်တာက နောက်ဆုံးနံပါတ် ၃ လုံး တူတာလိုချင်ရင်(ဥပမာ – ဝ၁-၇၃၁xx၁၁၁ ၊ ဝ၁-၇၃၁xx၂၂၂၊၀၁-၇၃၁xx၅၅၅) စသည်ဖြင့် လိုချင်ရင် ၇၀၀၀ဝ ပေးရမယ်။
ရက်အနည်းငယ် စောင့်ရမယ်လို့ ဆိုပါတယ်။အလုံဆက်သွယ်ရေးကို စာတင်ရတာကြောင့်လို့ဆိုပါတယ်။
မြန်မာ့ ဆက်သွယ်ရေးက ဖုန်းတွေချပေးမှုများလေလေ ဆက်သွယ်ရေးဝန်ထမ်းတွေ အတွက် လက်ဖက်ရည်ဖိုး အဆင်ပြေလေလေပေါ့။
စီးပွါးရေးဘဏ်မှာ ငွေသွင်းတော့လည်း form ဖိုး ၅၀ဝ ပေးရပါတယ်။
ကိုယ့်ဘာသာကိုယ် ဖြည့်ရပါတယ်။
ဒါတောင် သွားရတာ က ၂ နေရာထဲမို့လို့ ၅ နေရာလောက်သာ ဆိုရင် လက်ဖက်ရည်ဖိုး၊form ဖိုးနဲ့တင် တော်တော်မလွယ်မဲ့ကိန်း။
ဘာပဲဖြစ်ဖြစ် ၁ နာရီ လောက်နဲ့ phone sim card ရတာဆိုတော့ တော်သေးတာပေါ့လေ။
လက်ဖက်ရည်ဖိုးလေးနဲ့မှလည်း အလုပ်တော်တော်များများ အဆင်ပြေတာဆိုတော့လည်း….
6 comments
kai
February 11, 2011 at 10:47 am
ယူအက်စ်မှာ အစိုးရအလုပ်တွေတော်တော်များများက .. လူတွေက ပိုက်ဆံပေးရမယ်ဆို .. ငွေသားချည်း တိုက်ရိုက်ပေးလိုက်လို့မရဘူး..။
ကက်ရှာချက်လို့ခေါ်တဲ့ .. ဘဏ်ကထုတ်ပေးတဲ့ ငွေသားကနေပြောင်းထားတဲ့ .. ချက်လက်မှတ်နဲ့မှရတယ်..။
မြန်မာအစိုးရရုံးတွေကို အဲဒီလိုလုပ်လိုက်ဖို့ကောင်းတယ်..။
ဘဏ်တွေလည်း အလုပ်ရ..။ငွေလည်ပါတ်မှုဖြစ်..။ ဝန်ထမ်းတွေလည်း .. ငွေပိုတွေဆိုပြီး ခိုးယူလို့မရသလို.. တခုခုကြောင့် လျှော့တာတွေအတွက် ..စိုက်ရတာလည်း မဖြစ်တော့ဘူးပေါ့..။
http://en.wikipedia.org/wiki/Cashier%27s_check
A cashier’s check (cashier’s cheque, bank check, official check, demand draft, teller’s check, bank draft or treasurer’s check) is a check guaranteed by a bank. They are usually treated as cash[citation needed] since most banks clear them instantly. However, banks are permitted to take back money from a “cleared” check one or two weeks later if subsequent processing finds it to be fraudulent. Because customers believe the checks have been found valid and have been converted to cash in hand, customers are readily defrauded by schemes which ask them to part with goods or a portion of the money if it is cleared in a timely manner.
NoMore
February 11, 2011 at 12:00 pm
That True
kopauk mandalay
February 11, 2011 at 3:10 pm
ကိုခိုင်ပြောသလို ဘဏ်စနစ်နဲ့သာ သွားရင် ငွေကိုင်ရတဲ့အလုပ်တွေတော်တော်သက်သာမယ်ထင်ပါတယ်။
ဖြစ်ချင်တော့ ဘဏ်စံနစ်ကို လူတွေအသုံးချတတ်ခါစ သုံးလို့အဆင်ပြေခါစမှာဘဲ
ဘဏ်တွေပထမအကြိမ်ပြိုသွားတော့ လူတွေက ဘဏ်နဲ့အလုပ်လုပ်ရမှာလက်တွံ့သွားပါတယ်။
ဒါပေမယ့် ငွေသားမကိုင်ရရင်လဲ ဖောက်ပြန်ချင်သူက ဖောက်ပြန်အုံးမှာပါ။
လူတွေကိုဗျလောဘရှိတာကို။
ဒီပြင်နိုင်ငံတွေမှာ တစ်ပ်ပေးတယ်ဆိုတာက ဝန်ဆောင်မူ့ကိုကျေနပ်လို့ပေးတာ။
ဒီမှာပေးရတာက ကောင်းကောင်းဝန်ဆောင်အောင် မှားနေတာလေးတွေရှိရင်
ပြင်ပေးအောင်ပေးနေရတာပါ။
တစ်ချို့ကလဲ သူများနည်းတူ တန်းစီပါ စောင့်ပါ ဆိုရင် မစောင့်ချင်ဘူးလေ။
ဝန်ထမ်းကိုငွေပေးပြီးအခွင့်အရေးယူတယ် ခင်မင်မူ့ကို အကြောင်းပြပြီးအခွင့်အရေးယူတယ်လေ။
ကြာတော့ လဲ ဒီဝန်ထမ်းဘယ်တောင့်ခံနိုင်မလဲနော်။
လူတိုင်းလူတိုင်းကသာ အခွင့်အရေးမယူဘူး ကိုယ်ဖြည့်စရာရှိတာကို ကိုယ့်ဘာသာဖြည့်မယ် အားလုံးအတိုင်းလုပ်မယ်ဆိုရင်လာဘ်ပေးစရာမလိုဘူး။
သေချာတာ တစ်ခုက သူတို့ဇွတ်မတောင်းရဲဘူး။
ကိုယ်တွေ့ပါ။
ပေးရင်တော့ယူမှာဘဲ။
(ဖုန်းနံပါတ်ရွေးရင် ၅၀၀ဝ ပေးရပါတယ်။ရွေးချင်တာက နောက်ဆုံးနံပါတ် ၃ လုံး တူတာလိုချင်ရင်(ဥပမာ – ဝ၁-၇၃၁xx၁၁၁ ၊ ဝ၁-၇၃၁xx၂၂၂၊၀၁-၇၃၁xx၅၅၅) စသည်ဖြင့် လိုချင်ရင် ၇၀၀၀ဝ ပေးရမယ်။)
ဝန်ထမ်းတွေပျက်စီးတာမှာ အထက်က အချက်တွေလဲပါတယ်။
နံပါတ်ဘဲကိုယ်ကျတာကိုယ်ယူလိုက်ပေ့ါ။
ဟိုနံပါတ်မှ ဒီနံပါတ်မှတို့ 999လုံးတို့ 777တို့ ဆိုတာမျုးိကိုရှာကြံရွေးတော့
ဝန်ထမ်းစားပေါက်ဖြစ်တာပေါ့။
ဝန်ထမ်းလဘ်စားတာကိုဘဲတစ်ဘက်သတ်အပြစ်မပြောစေချင်ပါဘူး။
ပေးတဲ့လူတွေကလဲပေးနေကြတာကို သူများထက်ပိုအခွင့်အရေးယူချင်တာတွေရှိနေသမျှလာဘ်ပေးလာဘ်ယူရှိနေအုံးမှာဘဲလို့ ကျနော်ကတော့ ထင်ပါသဗျာ။
kai
February 12, 2011 at 12:53 am
ယူအက်စ်ကတော့ .. အဲဒီရှယ်နံပါတ်တွေကိုလိုချင်ရင်. ..ဈေးတမျိုးတောင်းလိုက်တယ်..။
တန်းစီတာကို ..ကျော်ချင်သလား..လာထား.. ဒေါ်လာပဲ..။
ဒါလည်းရတယ်..။
ဒစ်စနီလည်း ..အဲလိုလုပ်ထားတယ်..။
ဆူး
February 11, 2011 at 4:26 pm
ဘဏ်တွေ ဖြစ်တုန်းကလည်း ထိတဲ့ လူတွေ တော်တော် ထိကြတာ။
လမ်းထဲက အဘိုးကြီး ရှိတဲ့ အိမ်ကို ရောင်းပြီး အကျိုးဆောင် ကို ပေးထားပြီး အမြတ်(အတိုး) ထုတ်ပြီး စားနေတာ.. ဖျက်သိမ်းတော့ ကုန်ရော.. သိန်း ၆၀ဝ ဆိုလား ပါသွားတယ်တဲ့။ အခုတော့ ငါ သူတို့ ကို ပေးစရာ ရှိတဲ့ အကြွေး ငါပေးလိုက်ရတယ် သဘော ထားလိုက်ပါတယ်ကွာ… ဆိုပြီး နှစ်သိမ့်ပြီး ပြောရှာတယ်။
naywoonni
February 12, 2011 at 12:22 pm
ကိုပေါက်ပြောသလိုပဲ ကိုယ်မွေးတဲ့ မျောက် ကိုယ်မနိုင်တဲ့ ဇာတ်လမ်းတွေဖြစ်ကုန်တာပေါ့ ..။ကိုယ်က အခွင့်အရေးလိုချင်လို့ လာဘ်ပေးတယ်။ ဟိုက ရလို့ အခွင့်အရေးပြန်ပေးတယ်။ ငွေကြေးနဲနဲ တတ်နိုင်တဲ့သူ … လူအများကြားမှာ ဒီလိုကောင်တွေ ပိုင်ပါတယ်လို ကလေးတွေပြောသလို ” ပေါ်” လုပ်ချင်တဲ့ သူတွေက စလိုက်တဲ့ ဇာတ်လမ်း .. အဲဒိလိုလူတွေရှိနေလို့ ပါ။ ကျွန်တော် ရုံးမှာလုပ်တုန်းကဆိုရင် အကြွေ ဆောင်ထားတယ်။ အကိုက်ပေးတယ်။ ကိုယ်ကလည်း မတောင်းဘူး။ ပေးတာလည်း အကျင့်မလုပ်ဘူး ။ အရက်လိုက်တိုက်ရင်တော့ သောက်တယ်။ 😛