စက္ကူဖြူ ပုရပိုဒ်

ငါသည်

မိုးထက်တွင် ပွင့်ခဲ့သော

အလင်းနှစ်များ အလွန်က

အထွန်းမြခဲ့ဆုံးသော

ကြယ်စင်ကို ကြည့်၍

သူ့နောက်သို့ လိုက်၏။

သူသည် မိုးထက်တွင် လင်းကာ

ကောင်းကင်ဘာသာစကားဖြင့်

လောက ကို ပျိုးသ၏။

ငါကား

မြေပြင်တွင် အစို့ပေါက်စ

နုနုငယ်ရွယ် မိုးမျှော်လက်တည်း။

သို့သော်…………….

သူလင်းသော တေးသံကို ကြား၍

သူတီးသော ဗုံသံကို ရှာမည်။

သူဖောက်သော လမ်းကိုကား

တူအောင်တု မလျှောက်၊

့ငါတတ်သော ဘာသာစကားကိုသာ

ငါဆို၍ ငါလျှောက်မည်။

မလင်းဝံ့သူတို့သည်မှု

နှင်းဖုံးသော သတင်းကို လွှင့်ကြအံ့။

မြူဝေသော အသံကို ငါကား မကြား။

သူ သည်လည်း မရွတ်အံခဲ့ချေ။

‘တာရာ’ရောင် ထွန်းရွန်းဝင့်သော ကြယ်ကို

မျှော်ကာ ငါ့ ရွက် ကို ဖွင့်၏။

ငါ့ တက် အား ခတ်၏။

ဓူဝံကို ကြည့်ကာ ရွက်လွှင့်သူတိုင်း

မြောက် သို့ကား

ရောက်သည်မဟုတ်။

ထိုနည်းတူ

ငါသည်……………………. သူ့ထံသို့ လျှောက်သော်လည်း

ရောက်ရာလမ်းချင်းကား တူချင်မှ တူ လိမ့်မည်တည်း။    ။

ဘုန်းသန့်ခန့်