ပွဲတော်ည ကောင်လေးတစ်ယောက် ငြိမ်ငြိမ်လေး ကုပ်ကုပ်ထိုင်နေတယ်။ သူ့ဘေးမှာ မီးအိမ်လေးတစ်လုံး… တစ်စုံတစ်ယောက်ကို မျှော်နေဟန်နဲ့။ ဘယ်လဘယ်ရက်လို့ အတိအကျ သမိုင်းမှာ မရေးထားပေမဲ့ အဲဒီညမှာ နှင်းတွေက ချမ်းချမ်းတုန်နေခဲ့ပုံပါပဲ။ အနွေးအင်္ကျီလေးဝတ်ထားပေမဲ့ မနွေးဘူး။ တစ်စိမ့်စိမ့်တွေးလေချမ်းလေ… ကိုယ်က တစ်ယောက်တည်းပြုံးပြနေပေမဲ့ သူက ဒိုင်လူကြီးဆန်ဆန်ပြန်ပြုံးပြနေတဲ့ လရောင်ညပေါ့…….။ ဘယ်သူသတ်မှတ်လိုက်မှန်းမသိတဲ့ အချိန်ကာလတွေကို သူ မတွေးတဲ့အကြောင်း၊ သူမ တွေးတဲ့အကြောင်းမှာ သူ့အကြောင်း မပါတဲ့အကြောင်း၊ နှင်းတွေက အေးစက်တယ်။ အပေါ်ယံလွှာသာ မာကျောနေတဲ့ ရေခဲမြစ်တွေအကြောင်းကို ပြန်ဖတ်ကြည့်ဖို့ လိုလေမလား။ လရောင်က ညပေါ်မှာ ရက်ရက်စက်စက် ဖြာကျနေပုံများ…….. ခရီးတစ်ထောက်နားနေတဲ့ ကောင်လေးတစ်ယောက်တောင် ကုပ်ကုပ်လေး ထိုင်နေ ရတယ်….။ ငါ့ကို ယဇ်ပူဇော်တဲ့ ပွဲတော်ည…. အဲ့လိုပဲ ကောင်လေးတွေးနေလိမ့်မယ်။ ဆုတောင်းစာ တစ်စုံတစ်ပွင့်ကို […]


ဒီတစ်ခါတော့…. ခုံတန်းလေးမှာ ထိုင်ပြီးပြုံးရယ်နေတဲ့ ကလေးငယ်လေးက ရွှင်ရွှင်မြူးရယ်မောပျော်ရွှင်လို့……….. (သားလေးကို သူ ပွေ့ချီမထားမိတော့ဘူး။) ကစားကွင်းထဲက လွတ်လပ်စွာပျော်နေတဲ့ ဟန်ပန်နဲ့ သူ့ရင်ထဲက တစ်စင်းတည်းသော အလင်းတန်း စကားတွေ တတွတ်တွတ်ဆိုလိုက်တာဗျာ။ (သားလေးကို သူ ပွေ့ချီမထားမိတော့ဘူး။) ဒီတစ်ခါတော့….. တိရစာ္ဆန်ဥယျာဉ်ထဲမှာ ကလေးငယ်လေးက မေးရဲ့ “လူဆိုတာ ဟိုး…….. မျောက်တွေက ဖြစ်လာတာလား” တဲ့။ “မဟုတ်ဘူး။ လူဆိုတာ ဟောဒီ…… လက်ဝဲရင်ထဲက ဖြစ်လာတာ။” (“လက်ဝဲရင်ထဲက ဝင်းကနဲ ထွန်းလိုက်တာပါ”.. ဝင်းကနဲ၊ လက်ကနဲ……….) ပညာရှင်လေး စဉ်းစားသွားရရော…… (သားလေးကို သူ ပွေ့ချီမထားမိတော့ဘူး။) ပုံပြင်ဆုံးတဲ့အခါ သူငယ်လေးက အိပ်ပျော်သွားပြီ။ သူ့မှာသာ လုံးချာဝန်းချာလိုက်လို့ သန်းခေါင်ထက် နက်ခဲ့ရဖူးရဲ့…….. (သားလေးကို သူ ပွေ့ချီမထားမိတော့ဘူး။) ပုံပြင်ထဲမှာတော့ စုန်းအိုကြီးလက်က […]


Dream, Dream, what the dream Dreaming? Nothing of everything; of course. Soil rains grains. ………… will change what. Inquiry, Enquiry, what inquiries? Immortal of words? Text? Context? No,———— song, no, ———- Inferior built towns But not dawn. ———– hanging over the ages, how? Unbounded bound, No limit too long, so pissy. Inferior, you, me, who. […]


ဟိုးအရင်က ရက်တွေကို ပြန်လွမ်းသလိုမျိုးပေါ့……… လမ်းမထက်မှာ လေနှင်ရာလွင့်ခဲ့တဲ့ရက်တွေကို ပြန်ကောက်ပြီး တစ်ရွက်ပြီးတစ်ရွက်ထပ်ထပ်ချုပ်ထားချင်တယ်။ ဝတ်မှုန်၊ ပြီးတော့ မီးတောက်ရစ်သမ်…….. ငါ့သတ္တမဝိဉာည်၊ ကော်ဖီကြမ်းခါးခါး၊ မလောက်မငမက်ခဲ့ရတဲ့ ဘဝ၊ တစ်ယောက်တည်း၊ ပြီးတော့ နှစ်ယောက်တွဲ…….. သိပ်ပျော်ဖူးတဲ့ ရက်နဲ့လ၊ ဒီလိုနဲ့မှာပဲ အသားမကျခင် လွင့်ရာကျလို့ အခုတော့ ဘာမှမရှိတော့ဘူး……….။ ခဲဖျက်ဖြူဖြူလေးတောင်မလိုဘဲ ပျက်ပျယ် ဘာတွေဖြစ်နေပြီလဲ……. ငါမသိတာက…….. များ၊ ငါမသိတာက…….များ၊ ဒီလိုနဲ့ တံခါးအထပ်ထပ်ကြားမှာ ငါ အရာရာနဲ့ ခြားလို့နေ………….. ငါ………. လက်တွေက မလိုက်တော့တဲ့အခါ ငါ့စကားလုံးတွဲလေးတွေ စိတ်နဲ့ပဲသေဆုံး၊ ခံနိုင်ရည်ရဲ့ အဆုံးစွန်မှတ်ကို နီးကပ်လာတိုင်း…. ဖွင့်ဟဖူးတဲ့ နာမည်တစ်စက်ကိုလည်း အကြောင်းကြောင်းအချက်ချက်နဲ့ဖျက်ပေးလိုက်ဖူးရဲ့……. ဘယ်သူကို တိုင်တည်လို့ ငိုကြွေးပြရမယ်မှန်းမသိတဲ့အခါ ငါ……………. ငါ…………….. ငါ………….. ဖေဖေ…….. ဘဝကသာ ဒီလိုချည်းဆို […]


ပြိုတော့မယ် မိုးကောင်းကင် တိမ်ညိုတွေမည်း၊ မိုးသည်းတွေရွာ တချို့လူတွေ ပြောကြသလို ကံဆိုးသူမှာမှ မိုးက လိုက်လို့ရွာသပေါ့ဗျာ…….. မနေ့ညက အိပ်မက်မကောင်းတာနဲ့ မနက်မှာ ဖိနပ်ပျောက်တာ ဆိုင်သလိုပေါ့၊ ဒါမှ မဟုတ် မဆိုင်သလို၊ နီးဖို့ဆိုပြီး ဝေးမယ့်အကြောင်းတွေပဲ ချမေးတဲ့ စာမေးပွဲ ကဲကဲ မရတဲ့သူ ခုံပေါ်တက်တဲ့………… ဆရာက ရိုက်လိမ့်မယ်။ ကျွန်တော် စာပြန်ကျက်တယ်။ ဆရာ့ကို ကြောက်လို့မဟုတ်ပါဘူးကွယ်……….. ကြိမ်လုံးနဲ့ ရိုက်မှ ရမယ် ထင်တဲ့ ဉာဉ်ကို ကြောက်တာပါ… အရိုးစွဲရင် ပြင်ရခက်သတဲ့…. သွား..သွား စိတ်တွေသွားဆေးလိုက်ကြ၊ အခုခေတ်စာသိပ်မဖတ်ဘူးလို့ တံဆိပ်ပါတဲ့ လူငယ်ကပြောတယ်….. ဘယ်လောက်ကောင်းတဲ့ စာရွက်တွေလဲဗျာ ဖတ်ရတာ အားနာစရာကြီး၊ ငါသံတွေမွန်းအောင်မွှန်ထ ……………. မေမေ…. သားကြောက်လာပြီ/////////////////////// သူနဲ့တူမှ သူလိုလူဖြစ်မယ့်ခေတ်မှာ လူသားက ဘုရားသခင်ကို […]


နွေဦးပေါက်ပြီ ထင်ရဲ့ ဥဩသံတွေကြားနေရတယ်… မေမေ နှင်းတွေလည်း ကျဲပါးပျောက်ရောပေါ့လေ… နွေဦးပေါက်တိုင်း…. ကျောင်းတော်ရှေ့က ကျိုးကျဲဝါးတွေနဲ့ ခိုင်ထားတဲ့ ထမင်းဆိုင်အိုအိုလေးကို လွမ်းမိရဲ့… မေမေပေးတဲ့ ကျောင်းလခရယ်၊ အဲဒီ ထမင်းဆိုင်အိုလေးရယ် သားကျောင်းသားဘဝ စာမျက်နှာတွေမှာ ခြေရာချင်းထပ် အဲလိုပဲ မြင့်မြတ်ပစ်လိုက်တဲ့ ရက်တွေပေါ့…. ဆိုင်ရှင်အဖွားအိုက သားကို အရိုးအရင်းတွေ မကျွေးပါဘူး…မေမေ ဒါပေမဲ့ တချို့တွေအတွက်တော့ အရိုးအရင်းသိပ်ဆန်နေလိမ့်မယ်။ တစ်နေ့နဲ့ တစ်နေ့…. ကျွန်တော်စာအုပ်လေးထဲမှာ ဆိုင်အိုလေးရဲ့ အလှကို တစ်မျက်နှာမက ရေးချထားတယ်…မေမေ…. နွေဦးပေါက်တော့မယ်…… နှင်းတွေလည်း ပျေက်တော့မယ်… ဆိုင်အိုလေးဆီ ပြန်ရောက်အောင် သွားချင်သေးရဲ့ မနက်ဖြန်မှာပေါ့လေ………. မနက်ဖြန်မှာပေါ့…. မေမေရယ်………. ဘုန်းသန့်ခန့်


မှားခဲ့တယ်ဆိုရင်လည်း ခဲဖျက်ဖြူဖြူနဲ့ပဲ ဖျက်ပေးစမ်းပါ့…. နက္ခတ်တွေ ယူယူမလာနဲ့……………………………. ငါက နတ်ဘုရား ငါ့ကောင်ကင်းမှာ လူသားလက်ဖဝါးနဲ့ပဲ တောက်စားမယ်။ ချော်လဲမယ် ရောမထိုင်ဘူး….. စိတ်ကို ပြန်ဆွဲ ငါ အံခဲဆက်တက်မယ်………. ဘယ်ငြမ်းဆင်ငါ့ကို ဖြိုမလဲ………… တစ်ကနေ တစ်ဆယ်ကြား ပြန်မထနိုင်တိုင်း မရှုံးပါဘူးကွယ်………. လောကက မာယာများလိမ့်မပေါ့…. ဘယ်သူမှ မရှိဘူးဆိုတာလည်း သိရဲ့…… နီးနီးလွန်လို့ဝေး………………….. ကျွန်တော့် တိတ်တိတ်လေး ပြန်တက်ခွင့်……. တေလေတစ်ကောင်ရဲ့ အဘိဓမ္မာ၊ တောင်ကတုံးတစ်လုံးရဲ့ ခံစားချက်၊ ကမ်းဟောင်းတစ်ခုက ပြောတဲ့စကားသံ၊ မြစ်ကျိုးအင်းတွေက ပင်လယ်ကို ပြောင်းပြန်လှန်မယ်…….. စကားတစ်လုံး၊ စာတစ်မျက်နှာ………… အဲ့လိုလေးမှာ ပြိုခဲ့တဲ့လက်၊ ရပါတယ်…………. မနက်ဖြန်မှာ နေကို ငါ့လက်နဲ့ ဆွဲထုတ်ထွန်းစေ့မယ်…. ဝတ်မှုန်…………. ငါ့ကို ရေတစ်မှုတ်၊ ကွမ်းတစ်ယာနဲ့ ကြိုချင်လည်း ကြိုပေးပါ…………… […]


“ဘယ်လိုများလဲလို့တော့ ခဏခဏတွေးမိဖူးတာပါပဲလေ လူပြောသူပြောများလိုက်ကြတိုင်း ငါတို့သမိုင်းရိုင်းရမလား၊ လှေစီးတိုင်း လှေနံမှာ ဓားမထစ်တတ်ပါဘူးကွယ်…. မျက်ဝန်းတွေကျယ်ပြောတဲ့ ဒေသဆီ ငါသွားချင်လှရဲ့”


လက်ခုံနဲ့သုတ်မိတယ်……….. လေကအေးလို့လား၊ ဆောင်းမှာမို့ အေးအေးစိမ့်ခြောက်သွေ့နေပုံများ မျက်လုံးစုံဖွင့်ရင်း အရှေ့ကို မမြင်၊ မမြင်သလို အနာဂတ်ဆီ မမြင်သလို အရာရာကို တိတ်တိတ်လေးငေးရင်း၊ လူတွေကြားမှာ စကားနေဟန်ကွဲပြားခြင်းပိုက်ထွေး စကားနေဟန်တူညီရင်းမှာ လူတွေကွဲပြားရင်း ပိုက်မှာထွေး နောက်ဆုံးမှာ ကလေးငယ်လေး မျက်ရည်ကို လက်ခုံနဲ့သုတ်ရင်း စီးရီးအောက်နေတဲ့ လူနံပါတ်ဟောင်းကြီးတွေကို ငေးဖူးချိန် လေက အေးလို့လားမသိ………. နေပူကြီးမှာ ဒီ ကျွန်းနိုင်ငံလေး အနွေးထည်ဝတ်ထားရပြီ……… လက်တစ်ဖက်နဲ့ထူလို့လည်း မထ၊ လက်နှစ်ဖက်နဲ့ ထူလို့လည်း မထ၊ ဒါနဲ့ပဲ ချောလဲရောထိုင်…… ပင်လယ်မှာ ရွက်တိုင်လွှင့်ကတည်းက ထားလိုက်ပါတော့လေလို့ လက်ခုံလေးကို နှစ်သိမ့်တယ်။ ကလေးငယ်လေး နောက်ဆုံးမှာ……….. ထပ်ထပ်ကာကာ မြှင့်တင်ဖို့လိုနေဆဲ ပုံရိပ်တွေကို နောက်မှ၊ နောက်မှလို့ ငြင်း…….. မနက်ဖြန်ကို ပြတင်းပေါက်လေးက မျှော် မြို့လေးငယ်ငယ်၊ လယ်ကွင်းရိုးပြတ်၊ […]


ငါသည် မိုးထက်တွင် ပွင့်ခဲ့သော အလင်းနှစ်များ အလွန်က အထွန်းမြခဲ့ဆုံးသော ကြယ်စင်ကို ကြည့်၍ သူ့နောက်သို့ လိုက်၏။ သူသည် မိုးထက်တွင် လင်းကာ ကောင်းကင်ဘာသာစကားဖြင့် လောက ကို ပျိုးသ၏။ ငါကား မြေပြင်တွင် အစို့ပေါက်စ နုနုငယ်ရွယ် မိုးမျှော်လက်တည်း။ သို့သော်……………. သူလင်းသော တေးသံကို ကြား၍ သူတီးသော ဗုံသံကို ရှာမည်။ သူဖောက်သော လမ်းကိုကား တူအောင်တု မလျှောက်၊ ့ငါတတ်သော ဘာသာစကားကိုသာ ငါဆို၍ ငါလျှောက်မည်။ မလင်းဝံ့သူတို့သည်မှု နှင်းဖုံးသော သတင်းကို လွှင့်ကြအံ့။ မြူဝေသော အသံကို ငါကား မကြား။ သူ သည်လည်း မရွတ်အံခဲ့ချေ။ ‘တာရာ’ရောင် ထွန်းရွန်းဝင့်သော ကြယ်ကို မျှော်ကာ ငါ့ ရွက် ကို […]