ကျန်ရှိနေတဲ့သက်တမ်းကို ဘယ်လိုနေမလဲ
တစ်ခါတုန်းက ဂျပန်ဘုန်းကြီးတစ်ပါးဟာ နန်းဆောင်ထဲကို ဝင်လာခဲ့ပါတယ်။
သူဝင်လာချိန်မှာ အစောင့်တွေက မတားဆီးလိုက်နိုင်ပါဘူး။ ဒီတော့
ဘုရင်ကြီးဆီကို
တန်းရောက်သွားပါတယ်။ ဘုရင်ကြီးကလည်း ဂျပန်ဘုန်းကြီးကို တွေ ့လိုက်ရတော့
ချက်ချင်းပဲ မေးလိုက်ပါတယ်။
“အရှင်ဘုရား… ဘာများအလိုရှိပါသလဲ ဘုရား”
“ငါအိပ်ဖို ့အခန်းကောင်းကောင်းတစ်ခု အလိုရှိတယ်”
“အို…အရှင်ဘုရား နေရာမှားလာပြီ။ ဒါ တည်းခိုခန်းမဟုတ်ဘူး။ နန်းတော်ဘုရား။”
“နေပါအုံး။ မေးပါအုံးမယ်။ မင်းပြောတဲ့ ဒီနန်းတော်မှာ မင်း အရင် ဘယ်သူနေသွားသလဲ”
“တပည့်တော်အရင် တပည့်တော် အဖေ နေသွားပါတယ်။ အခု တပည့်တော် အဖေ မရှိတော့ပါဘူး။”
“မင်းအဖေ အရင်ကော ဘယ်သူနေသွားသလဲ”
“တပည့်တော် အဘိုး နေသွားပါတယ်။ အခုတော့ မရှိတော့ပါဘူး ဘုရား”
“မင်းအဘိုးအရင်ကော”
“တပည့်တော် အဘေး နေသွားပါတယ် ဘုရား”
“ဒါများကွာ….
နန်းတော်တဲ့၊ မင်းအဖေလည်း နေပြီး ထွက်သွားရပြီ၊ မင်းအဘိုးလည်း နေပြီး
ထွက်သွားရပြီ၊ မင်းအဘေးလည်း နေပြီး ထွက်သွားရပြီ၊ မင်းလည်း နေပြီး
ထွက်သွားရအုံးမယ်၊ ဒါတည်းခိုခန်းမဟုတ်လို ့ ဘာလဲကွာ”
ဂျပန်ဘုန်းကြီးရဲ ့စကားကို ကြားလိုက်ရတော့ ဘုရင်ကြီးလည်း တစ်ခါမှ
မစဉ်းစားဖူးတဲ့ “ဪ…
ငါဟာတည်းခိုခန်းမှာ နေနေပါလား” ဆိုတဲ့ အသိဉာဏ်သစ်တစ်ခု လင်းကနဲ
ဝင်သွားပါတော့သတဲ့။
(ဂျပန် ဇင်ပုံဝတ္ထု)
ဘုရင်ကြီးက ဂျပန်ဘုန်းကြီးကို အခန်းပေး မပေးတော့ စာထဲမှာ ဆက်ပြမထားပါဘူး။
ပုံပြင်လေးကတော့ ဒါပါပဲ။
တကယ်တော့ ဂျပန်ဘုန်းကြီးပြောသလို အားလုံး အားလုံးဟာ တည်းခိုခန်းမှာ
ခေတ္တခဏ ဝင်တည်းနေကြရတာပါ။ အချိန်တန်ရင် သတ်မှတ်ရက်စေ့ရင်
အိမ်ပြန်ကြရမှာပါ။
ဒီတော့ တည်းခိုခန်းမှာ ဘယ်လောက်အထိ နေခွင့်ရအုံးမလဲ…?
လူ ့ဘဝသက်တမ်းကို ယေဘုယျ ၇၅နှစ်ပဲ ထားလိုက်ပါတော့။ အသက် ၄ဝ ရှိတဲ့
လူတစ်ယောက်ဟာ တည်းခိုခန်းမှာ ၃၅ နှစ်ပဲ နေခွင့်ရတော့မှာပါ။ အသက် ၅ဝ ရှိတဲ့
လူတစ်ယောက်ဟာ တည်းခိုခန်းမှာ ၂၅နှစ်ပဲ နေခွင့်ရတော့မှာပါ။ အသက်၆၀
ရှိတဲ့သူတစ်ယောက်ဟာ တည်းခိုခန်းမှာ ၁၅နှစ်ပဲ နေခွင့်ရတော့မှာပါ။
လက်ကျန်အချိန်ကနည်းနေပါပြီ။ ကျန်နေတဲ့အချိန်က ကိုယ့်အတွက် သိပ်တန်ဖိုးရှိနေပါတယ်။
ဒီအချိန်ဟာ သူတစ်ပါး ကောင်းတာ မကောင်းတာကို ဝေဖန်နေရမယ့်အချိန်၊ အရွယ်
မဟုတ်တော့ပါဘူး။ ကိုယ်ကောင်းအောင်ပဲ နေရမယ့် အချိန်၊ အရွယ်ဖြစ်နေပါပြီ။
ဆိုလိုတာက သူတစ်ပါး ကောင်းတာ မကောင်းတာထက် ကိုယ်ကောင်းအောင်နေဖို ့က အဓိကပါ။
ဒီတော့ ကျန်ရှိနေတဲ့ သက်တမ်းကို ဘယ်လိုနေမလဲ….?
ဒီမေးခွန်းကို နေ ့တိုင်း ကိုယ့်ကိုယ်ကို မေးရမှာပါ။
ဒါဆို
လူတစ်ယောက်ရဲ ့ တန်ဖိုးကို ဘာနဲ ့ဆုံးဖြတ်မလဲ။ ရာထူးဌာနန္တရ၊ ငွေကြေးဥစ္စာ၊
ပညာ၊ အောင်မြင်ကျော်ကြားမှု၊ အခြံအရံတွေနဲ ့တိုင်းတာမလား။
ဒါတွေနဲ ့တိုင်းတာလို ့မရပါဘူး။ လူတစ်ယောက်ရဲ ့တန်ဖိုးကို သီလ၊ သမာဓိ၊ ပညာဆိုတဲ့
သိက္ခာသုံးပါးနဲ ့ပဲ တိုင်းတာရမှာပါ။ လူတစ်ယောက်ဟာ သိက္ခာသုံးပါးနဲ ့
ပြည့်စုံနေရင် တန်ဖိုးရှိနေတာပါပဲ။
ရာထူးဌာနန္တရ၊ ငွေကြေးဥစ္စာ၊ ပညာ၊ အောင်မြင်ကျော်ကြားမှု၊
အခြံအရံတွေတော့ရှိပါရဲ ့။ ဒါပေမယ့် သိက္ခာသုံးပါး
မရှိဘူးဆိုရင် တန်ဖိုးရှိတယ်လို ့ မဆိုနိုင်ပါဘူး။ ရာထူးဌာနန္တရ
စသည်တွေလည်း ရှိမယ်၊ သိက္ခာသုံးပါးလည်း ရှိမယ်ဆိုရင်တော့
အတိုင်းထက်အလွန်ပါပဲ။
ဒါကိုထောက်ပြီး ကိုယ့်မှာ ရာထူးဌာနန္တရ၊ ငွေကြေးဥစ္စာ၊ ပညာ၊
အောင်မြင်ကျော်ကြားမှု၊ အခြံအရံတွေ မရှိပေမယ့် ဘာမှ
အားငယ်စရာ မလိုပါဘူူး။ ကိုယ့်ရင်ထဲမှာ သိက္ခာသုံးပါး တည်နေရင် ကိုယ်ဟာ
တန်ဖိုးရှိနေတာပါ။
ဒါကြောင့် ကိုယ့်ကိုယ်ကို သိက္ခာသုံးပါးတည်အောင် လုပ်လိုက်ရုံပါဘဲ။
မနက်အိပ်ရာထ ကိုယ်လက်သန် ့စင်ပြီးတာနဲ ့ ဘုရားခန်းထဲသွားလိုက်ပါ။ ပြီးတော့
ငါးပါးသီလယူလိုက်ပါ။ ဒါဆို သီလသိက္ခာတည်သွားပါပြီ။ နောက် ဂုဏ်တော်ကို
ငါးမီနစ်၊ မေတ္တာကို ငါးမိနစ် ပွားလိုက်ပါ။ ဒါဆို သမာဓိသိက္ခာတည်သွားပါပြီ။
နောက်ဆက်ပြီး ဝိပဿနာကို ငါးမိနစ်ပွားလိုက်ပါ။ ဒါဆိုရင်
ပညာသိက္ခာတည်သွားပါပြီ။
သိက္ခာသုံးပါး ကိုယ့်ရင်ထဲကို ရောက်သွားတာနဲ ့ ကိုယ်ဟာ တန်ဖိုးရှိတဲ့သူ
ဖြစ်သွားပါပြီ။ ခက်လား။ မခက်ပါဘူး။
ဆယ့်ငါးမိနစ်လောက်ပဲ အချိန်ပေးရပါတယ်။
ပြီးတော့ “ငါ့ရင်ထဲမှာ သိက္ခာသုံးပါးတည်နေရင် ငါဟာတန်ဖိုးရှိနေတာပဲ” လို ့
အသံထွက်ပြီး သုံးကြိမ်လောက် ရွတ်လိုက်ပါ။
နေ ့ခင်းကျရင် တစ်ကြိမ်ရွတ်လိုက်ပါ။ ညပိုုင်းရောက်ရင်
တစ်ကြိမ်ရွတ်လိုက်ပါ။ အသံနဲ ့ပါ ပူးတွဲပြီး ကိုယ့်ကိုယ်ကို
အားပေးလိုက်တာပါ။
ကိုယ့်ရင်ထဲ သိက္ခာသုံးပါး ရောက်လာတာနဲ ့ စိတ်ပါဝါစွမ်းအားတွေလည်း
အလိုလိုရောက်လာတာပါ။
တရားသံနဲ ့ပြောရင် ကိုယ့်ကိုယ်ကို ကြည်ညိုလာတာပါ။
ဘယ်သူပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကို ကြည်ညိုသွားပြီဆိုရင် နေရထိုင်ရတာ
ပျော်ပျော်ရွှင်ရွှင်
ဖြစ်သွားတော့တာပါ။ သူတစ်ပါးကြည်ညိုတာ မကြည်ညိုတာထက် ကိုယ့်ကိုယ်ကို
ကြည်ညိုဖို ့က အဓိကပါ။
အသံထွက်ပြီး ကိုယ့်ကိုယ်ကို အားပေးတာကို လျှော့မတွက်ပါနဲ ့။ အသံထဲမှာ
စွမ်းအားတွေရှိနေပါတယ်။ ဒါကြောင့် တစ်နေ ့ကို
သုံးခါလောက် အသံထွက်ပြီး ရွတ်ဆိုပါ။ အသံကလည်း ကိုယ့်ရဲ
့စိတ်ဓါတ်တက်ကြွမှုကို ကူညီပါလိမ့်မယ်။
တစ်ခါတလေ အဆင်မပြေမှုတွေ ကြုံတဲ့အခါပဲဖြစ်ဖြစ်၊ လောကဓံဆိုးတွေ တွေ
့ကြုံတဲ့အခါပဲဖြစ်ဖြစ်
အားငယ်စိတ်ဝင်လာရင် ကိုုယ့်ရင်ထဲကို သိက္ခာသုံးပါး တည်အောင် လုပ်လိုက်ပါ။
တည်လိုက်တာနဲ ့ ကိုယ်ဟာ တန်ဘိုးရှိတဲ့သူတစ်ယောက် ဖြစ်သွားပါပြီ။ ဒါဆို
ဘာမှ အားငယ်စရာ မလိုတော့ပါ။
တစ်စုံတစ်ယောက်က ကိုယ့်ကို မချစ်ဘူး၊ ဘာဖြစ်လဲ၊ ကိုယ့်မှာ
သိက္ခာသုံးပါးရှိတယ်။ တစ်စုံတစ်ယောက်က ကိုုယ့်ကို
မုန်းနေတယ်၊ ဘာဖြစ်လဲ။ သူ ့ဟာသူ ကြိုက်သလောက်မုန်း၊ ကိုယ့်မှာ
သိက္ခာသုံးပါးရှိတယ်။ ကိုယ့်မှာ အခြံအရံ အသိုင်းအဝိုင်းမရှိဘူး၊ ဘာဖြစ်လဲ။
ကိုယ့်မှာ သိက္ခာသုံးပါးရှိတယ်။ ကိုယ်က မအောင်မြင်ဘူး။ ဘာဖြစ်လဲ။ ကိုယ့်မှာ
သိက္ခာသုံးပါးရှိတယ်။ ကိုယ့်မှာ ကားမရှိဘူး။ ဘာဖြစ်လဲ။ ကိုယ့်မှာ
သိက္ခာသုံးပါးရှိတယ်။ ကိုယ့်မှာ မကျန်းမာဘူး။ ဘာဖြစ်လဲ။ ကိုယ့်မှာ
သိက္ခာသုံးပါးရှိတယ်။ ကိုယ့်မှာ ငွေကြေး မချမ်းသာဘူး။ ဘာဖြစ်လဲ။ ကိုယ့်မှာ
သိက္ခာသုံးပါးရှိတယ်။ လူတစ်ယောက်ရဲ ့တန်ဖိုးကို
အခြံအရံအသိုင်းအဝိုုင်းတွေနဲ ့ ဆုံးဖြတ်တာမှ မဟုုတ်တာ။ သိက္ခာသုံးပါးနဲ ့ပဲ
ဆုံးဖြတ်တာပဲ။
အလုပ်သွားတဲ့အခါ ကားပေါ်မှာပဲဖြစ်ဖြစ်၊ အလုပ်ထဲမှာပဲဖြစ်ဖြစ်
ဂုဏ်တော်လေးကို ပွားနေမယ်။ အလုပ်နားနေတဲ့အချိန်လေးတွေမှာာ
လည်း ဂုဏ်တော်လေးကို ပွားနေမယ်။ နောက်ဆုံးအိမ်သာတက်ရင်လည်း ဟိုဟိုဒီဒီတွေ
တွေးမနေဘဲ ဂုဏ်တော်လေးပွားတက်မယ်ဆိုရင် ပိုုက်ဆံမကုန်ဘဲ
သမာဓိသိက္ခာတွေဖြစ်နေတာပါ။။ တစ်ယောက်တည်း လုပ်ရတဲ့အလုပ်တွေမှာလည်း
တတ်နိုင်သမျှ သတိလေးကပ်ပြီး လုပ်နေမယ်ဆိုရင်လည်း ပညာသိက္ခာတွေတည်နေတာပါ။
“ငါ့ရင်ထဲမှာ သိက္ခာသုံးပါးတည်နေရင် ငါဟာတန်ဖိုးရှိနေတာပါပဲ” ဆိုတဲ့
အတွေးလေးကိုတော့ ရင်ထဲမှာ သေချာ ထည့်ထားရမှာပါ။ တတ်နိုင်ရင်
ကိုယ့်အိပ်ခန်းထဲမှာပဲ ဖြစ်ဖြစ်၊ ကိုယ့်ရဲ ့အလုပ်စားပွဲပေါ်မှာပဲဖြစ်ဖြစ်၊
ကိုယ်အမြဲ မြင်နေရတဲ့ နေရာမှာပဲဖြစ်ဖြစ် “ငါ့ရင်ထဲမှာ
သိက္ခာသုံးပါးတည်နေရင် ငါဟာ တန်ဖိုးရှိနေတာပါပဲ”
ဆိုတဲ့စာတမ်းလေးကို ကပ်ထားရမှာပါ။ ဒါဆို စာတမ်းကို မြင်တိုင်း မြင်တိုင်း
ကိုယ့်ကိုယ်ကို ဘယ်လိုဖြတ်သန်းရမယ်ဆိုတာ သတိပေးပြီးသား ဖြစ်နေတော့တာပါ။
ကျန်ရှိနေတဲ့ သက်တမ်းလေးကို သိက္ခာသုံးပါးနဲ ့နေသွားရုံပါပဲ။
ဒီနေရာမှာ တွေးစရာ သံဝေဂဖြစ်ဖွယ် ဥဒယဘဒ္ဒဇာတ်ကလေးကို အကျဉ်းချုပ်ပြောပြပါအုံးမယ်။
တစ်ခုသော ညတစ်ညမှာ ဥဒယဘဒ္ဒမင်းသမီးဟာ ပြဿဒ်ထက် တိုက်ခန်းမှာ နေနေပါတယ်။
အဲဒီအချိန်မှာပဲ လုလင်ပျိုတစ်ယောက်ဟာ ရွှေခွက်နဲ ့ ရွှေအပြည့်ထည့်ပြီး
ရောက်လာပါတယ်။ နောက်လုလင်က မင်းသမီးကို လူပျိုစကား စပြောပါတယ်။
“မင်းသမီး… တစ်ညလောက် သင့်တိုက်ခန်းမှာ အတူတကွ နေပါရစေ”
မင်းသမီးလည်း အတော်ထိတ်လန် ့သွားပါတယ်။ ဘာဖြစ်လို ့လဲဆိုတော့ အောက်မှာ
အစောင့်တွေအများကြီး ချထားလို ့ပါ။ ဒါကြောင့် မင်းသမီးက “ဘယ်လိုလုပ်
တက်လာတာလဲ” ပြန်မေးပါတယ်။
လုလင်ကလည်း “ငါဟာ နတ်သားတစ်ယောက်ဖြစ်တယ်။ ငါ့အတွက် မခက်ပါဘူး။ သင်က
ငါ့ကိုချစ်တယ်ဆိုရင် ပါလာတဲ့ ရွှေခွက်နဲ ့
ရွှေအပြည့် ပေးပါ့မယ်” လို ့ ပြန်ပြောပါတယ်။
ဒီတော့ မင်းသမီးက “သင့်ဟာသင် နတ်သားမကလို ့ ဘာပဲဖြစ်နေဖြစ်နေ ကွယ်လွန်သွားတဲ့
ကျွန်မခင်ပွန်းဟောင်း မင်းသားမှတစ်ပါး ဘယ်သူ ့ကိုမှ မမြတ်နိုးဘူး။
သင်ပြန်ပါတော့” လို ့ နှင်လွှတ်လိုက်ပါတယ်။
ဒုတိယညကျတော့ လုလင်ပျိုနတ်သားက ငွေခွက်နဲ ့ ရွှေအပြည့်ထည့်ပြီး
ရောက်လာပြန်ပါတယ်။ ဒါပေမယ့် မင်းသမီးက ချက်ချင်းပဲ ပြန်လွှတ်ပါတယ်။
တတိယညကျတော့လည်း လုလင်ပျိုနတ်သားက ကြေးခွက်နဲ ့ရွှေအပြည့်ထည့်ပြီး
ချစ်ရေးဆိုလာပြန်ပါတယ်။
ဒီမှာတင် မင်းသမီးက စဉ်းစားပါပြီ။ ပထမရက်မှာ ရွှေခွက်နဲ ့။ ဒုတိယရက်မှာ ငွေခွက်နဲ ့။
တတိယရက်မှာ ကြေးခွက်နဲ ့ဆိုတော့ သူ ့အတွက် အထူးအဆန်းဖြစ်နေပါတယ်။
ဒါကြောင့် မင်းသမီးက လုလင်ကို မေးကြည့်ပါတယ်။
“အသင် ယောက်ျား…ယောက်ျားဟာ မိန်းမကို ချစ်ရေးဆိုရင် ဥစ္စာပစ္စည်းကို တိုးတိုးပဲ
ပေးရတယ်။ သင်က ဘာဖြစ်လို ့ တစ်နေ ့ထက်တစ်နေ ့ လျှော့လျှော့ပေးရတာလဲ” လို ့
မေးပါတယ်။
ဒီတော့ လုလင်ပျိုကလည်း ပြန်ဖြေပါတယ်။ “မင်းသမီးရယ်၊ သင့်ရဲ ့အသက်နဲ ့
ရုုပ်ရည်အဆင်းက တစ်နေ ့ထက်တစ်နေ ့
တိုးတိုးပျိုပျိုလာတယ်ဆိုရင်တော့ ဥစ္စာပစ္စည်းကို တိုးတိုးပေးမှာပေါ့။
သင်မင်းသမီးရဲ ့အသက်နဲ ့ ရုပ်ရည်အဆင်းက တစ်နေ ့ထက်တစ်နေ
့လျော့လျော့အိုအိုလာတာပဲ။ ဒါကြောင့် ငါက ပစ္စည်းကို လျှော့လျှော့ပေးတာပါ။
မင်းသမီးရယ် တစ်ရက် တစ်ည ကုန်လွန်တာကို ထားလိုက်ပါဦး။ အခု သင့်ကို
ငါကြည့်နေဆဲမှာပဲ သင့်ရဲ ့ရုပ်ရည် အဆင်းတွေက တဖြုတ်ဖြုတ်နဲ ့ အို အို
လာနေပြီလေ။ တဖြည်းဖြည်း တစ်နေ ့ထက် တစ်နေ ့ ပျိုပျိုလာတာမှ မဟုတ်တာ” လို ့
ရှင်းပြလိုက်ပါတယ်။
နောက် လုလင်နတ်သားက မင်းသမီးကိုု နတ်ပြည်ရောက်ကြောင်း
ကုသိုလ်ကောင်းမှုတွေကို ဆက်ပြီး ဟောပြပေးပါတယ်။
တကယ်တော့ လုလင်ပျိုက အတိတ်လူ ့ဘဝက မင်းသမီးရဲ ့ခင်ပွန်းဟောင်းပါ။ လူ
့ပြည်မှာ ကျန်ခဲ့တဲ့ ဇနီးဟောင်းကို လာပြီး သတိပေးတရားဟောတာပါ။
လူတစ်ယောက်ဟာ တစ်ရက်ကုုန်သွားတာနဲ ့ သေဖို ့တစ်ရက် နီးနီးသွားတာပါ။ သေဖို ့တစ်ရက်
နီးသွားတာနဲ ့ ကုသိုလ်ပြုဖို ့ အခွင့်အရေးတွေ တစ်ရက်လျှော့သွားတာပါ။
ပြီးတော့ တစ်ရက်ကုန်သွားတာနဲ ့ အို အိုသွားတာပါ။ တိုး တိုးပြီး ပျိုပျို
မလာပါဘူး။
ဒီတရားသဘောကို အခြေခံပြီး ဆရာတော်ဘုရားတွေက “တစ်ရက်ကုန်ပြန်၊
ငါ့ရုပ်နာမ်၊ သေရန် တစ်ရက်နီးလာပြီ” လို ့ သတိပေးထားပါတယ်။
မနက်အိပ်ရာကနိုးတာနဲ ့မထသေးဘဲ “တစ်ရက်ကုန်ပြန်၊ ငါ့ရုပ်နာမ်၊ သေရန်
တစ်ရက် နီးလာပြီ” လို ့ နှစ်ခေါက်လောက်ဆင်ခြင်လိုက်ရင်
ကိုယ့်ကိုယ်ကိုလည်း
သတိပေးပြီးသားဖြစ်သွားပါတယ်။ ဒါဆိုရင် တစ်နေ ့တာဖြတ်သန်းတဲ့အခါ
အကုသိုလ်ပြုချင်စိတ် ရှိတော့မှာ မဟုတ်သလို ကုသိုလ်ပြုဖို ့ကိုလည်း
သေချာအားထုတ်တော့မှာပါ။
တစ်ရက်ကုုန်သွားတာနဲ ့ သေဖို ့တစ်ရက်နီးလာပြီဆိုတာလေးကို သံဝေဂဖြစ်အောင်
သေချာဆင်ခြင်ရမှာပါ။
ငယ်ရွယ်နုပျိုတဲ့ သူတွေအတွက်တော့ ကုသိုလ်ပါရမီဖြည့်ဖို ့ အခွင့်အရေး
ရက်တွေက ပိုပြီး ရှိနေပါသေးတယ်။
ဘယ်အသက်အရွယ်ပဲ ရောက်နေရောက်နေ “ကျန်ရှိနေတဲ့ သက်တမ်းကို ဘယ်လိုနေမလဲ”
ဆိုတဲ့ မေးခွန်းကို သေချာမေးပြီး ကျန်ရှိနေတဲ့ သက်တမ်းအတွက် “ဘဝပုံစံ”
ကို သေချာချရမှာပါ။ ကိုယ်ချထားတဲ့ “ဘဝပုံစံ” အတိုင်း နေသွားဖို ့ပါ။
ဘာပဲဖြစ်နေဖြစ်နေ၊ ဘာမှ အားငယ်စရာ မလိုပါဘူး။ ကိုယ့်ရင်ထဲမှာ
သိက္ခာသုံးပါး တည်နေရင် ကိုယ်ဟာ တန်ဖိုးရှိနေတာပါပဲ။
အလင်းတန်းဂျာနယ်
၃၁.၈.၂၀၀၉
စာကြွင်း။ ။ ဒီဓမ္မစာစုလေးဟာ စာရေးသူ ၄.၆.၂၀၀၉ နေ ့က
မုံရွာဗောဓိတစ်ထောင်မှာ ဝန်ချီစက်ပြုတ်ကျလို ့ ခြေထောက်ကျိုးပြီး
ကိုယ့်ကိုယ်ကို
အကြိမ်ကြိမ်ပြန်ဟောထားတဲ့ တရားလေးကို ဆောင်းပါးအဖြစ် ပြန်ရေးလိုက်တာပါ။
စာရေးသူ ကျိုးပြီး နောက်ပိုင်းမှာ စိတ်နှစ်စိတ်ဖြစ်လာပါတယ်။ တစ်စိတ်က ကြောက်လန်
့သွားတဲ့စိတ်ပါ။ တစ်စိတ်က သံဝေဂ စိတ်ပါ။ သံဝေဂစိတ်ဖြစ်တာ ကောင်းပေမယ့်
ကြောက်လန် ့စိတ်ကျတော့ လူကို တော်တော်ဒုက္ခပေးပါတယ်။ ခရီးဝေးသွားရမှာတောင်
ကြောက်သွားပါတယ်။ ဘဝမှာဖြစ်ချင်တာတွေ အကုန်နီးပါးဖြစ်၊ လိုချင်တာတွေ
အကုန်နီးပါးရဆိုတော့ “ဪ…ငါအတိတ်ကုသိုလ် ပါရမီတွေ
တော်တော်ကောင်းခဲ့ပါလား၊ ဒီဘဝပြုနေတဲ့ကုသိုလ်တွေကလည်း အကျိုးပေးနေပုံရတယ်။
ဆက်လည်း ပြုနေအုံးမှာဆိုတော့ နောင်လည်း ဒီထက်မကတဲ့ ကောင်းကျိုးတွေက
လာနေအုံးမှာပဲ” ဆိုတဲ့ အတွေးက အစဉ်သဖြင့်ရှိနေလို ့ပါ။ ဒီမှာတင်
အဖြစ်ဆိုးကြီးနဲ ့ ကြုံလိုက်ရတော့ ကြောက်လန် ့စိတ်ဝင်သွားပါတယ်။
ကျိုးပြီးနောက်ပိုင်း ဒကာ ဒကာမတွေက ယခင်ကထက် ပိုဂရုစိုက်ပေးပါတယ်။
နဝကမ္မဆိုလည်း ကပ္ပိယမှတစ်ဆင့် ပိုပိုလျှံလျှံလှူပေးတာပါ။
ဘယ်ဆေးရုံသွားချင်လဲ၊ ဘယ်လောက်ပဲကုန်ကုန်ဆိုပြီး ကုန်ကျစရိတ်
အကုန်လှူမယ်လို ့ ဆိုလာတဲ့ ဒကာ ဒကာမတွေလည်း အများကြီးရယ်ပါ။
ရန်ကုန်-မန္တလေး ဆရာဝန်တွေကလည်း သိပ်ဂရုစိုက်ကြတာပါ။ ဒါပေမယ့် ကြောက်လန်
့စိတ်ကတော့ ပျောက်မသွားခဲ့ပါဘူး။ ဒါကြောင့် အထက်ပါ ဓမ္မစာစုလေးကို
ကိုယ့်ကိုယ်ကို နေ ့ရော ညပါ အကြိမ်ကြိမ် ပြန်ဟောခဲ့ရတာပါ။ ကိုယ့်ကိုယ်ကို
ဟောရတာလည်း မရိုးနိုင်၊ နာရတာလည်း မရိုးနိုင်ခဲ့ပါဘူး။
အကြိမ်ကြိမ်ဟောခဲ့မှ စိတ်သက်သာရာ ရခဲ့တာပါ။ အခုလည်း ဟောနေဆဲပါ။
စာရေးသူနဲ ့စာဖတ်သူဆိုတာ မသိကြပေမယ့် စိတ်ချင်းရင်းနှီးကြတာ များပါတယ်။ ကိုုယ်က
ရဟန်းဆိုတော့ ကြည်ညိုစိတ်နဲ ့ ပိုပြီးတောင် ရင်နှီးစိတ် ဖြစ်ကြအုံးမှာပါ။
စိတ်ချင်းရင်းနှီးရင် ကိုယ်ရေးလိုက်တဲ့စာဟာ စာဖတ်သူအတွက် လက်ခံကျင့်ကြံအားထုတ်ဖို ့
ပိုဖြစ်သွားတော့မှာပါ။ ဒီဓမ္မစာစုလေးဟာ စာဖတ်သူအတွက် ကျင့်ချင်စရာ
အကျင့်စရဏလေးတစ်ခု ဖြစ်သွားလိမ့်မယ်လို ့လည်း ယုံကြည်ပါတယ်။
တကယ်လို ့ စာဖတ်သူက ရင်းနှီးစိတ်ကို အခြေခံပြီး လက်တွေ ့ကျင်ြ့ဖစ်သွားတယ်
ဆိုရင်တော့ စာရေးသူအတွက် ရေးရကျိုး နပ်သွားပါပြီ။
2 comments
bigbird
February 13, 2011 at 12:34 pm
mail ထဲမှ ကူးယူဖော်ပြပါသည်။
padonmar
February 13, 2011 at 2:35 pm
ဆရာတော် ရဝေနွယ် (အင်းမ) ရေးတာဖတ်ဖူးပါတယ်။ ကြိုက်လွန်းလို ကော်ပီ ကူးထားပါတယ်၊