ဒိုးနပ် လိုအစားခံလိုက်ရတယ်ဆိုတဲ့ မြန်မာတိုင်းမ်စ် တည်ထောင်သူ ဒန်ကလေ

zaw mgFebruary 14, 20111min1915
မြန်မာတိုင်းမ်စ်ကို တည်ထောင်သူ ဒန်ကလေ

မြန်မာတိုင်းမ်စ်ကို တည်ထောင်သူ ဒန်ကလေ ကိုစစ်အစိုးရက ဖမ်းဆီးထိမ်းသိမ်းထားလိုက်တယ် လို့ ရန်ကုန်မြို့ စာပေအသိုင်းအဝိုင်းများက သတင်းရရှိပါတယ်။ သူဟာတချိန်က မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေရဲ့ ကောင်းကြောင်း တွေကို နိုင်ငံတကာမှာ ရွန်းရွန်းဝေအောင်ပြောခဲ့သူ၊ မြန်မာစစ်ဗိုလ်ချုပ်တွေရဲ့ ဓာတ်ပုံတွေကို သူရဲ့ သတင်းစာထဲမှာ ဝေဝေဆာဆာဖော်ပြခဲ့တဲ့သူပါ။ သူဟာ အမေရိကန်နိုင်ငံ ၊ ဝါရှင်တန်မြို့ ဂျွန်ဟော့ခ်ကင်း တက္ကသိုလ် မှာ အမေရိကန်အစိုးရ ရဲ့ နအဖ စစ်အုပ်စုပေါ်ထားရှိတဲ့ မူဝါဒတွေ ပြောင်းလဲဖို့ တိုက်တွန်းခဲ့တဲ့ သူလည်းဖြစ်တယ်။ သူကိုယ့် သူ မြန်မာ့ အရေးကျွမ်းကျင်သူ တစ်ဦးလို့ သွေးနထင်ရောက် နေတဲ့ နိုင်ငံခြားသားတွေထဲမှာ သူတစ်ယောက်ပါတယ်။ မြန်မာ့ အရေးလှုပ်ရှားသူတွေကတော့ ခပ်ကြောင်ကြောင် မျက်နှာပြောင်တဲ့ ကောင်လို့ ပဲသတ်မှတ်ထားတယ်။ အခုတော့ မြန်မာပြည် မှာ ( Dog eat dog business) ခွေးသားစားတဲ့ ခွေးဘီလူးတွေရဲ့ အကြားမှာ ဓားစာခံဖြစ်သွားရရှာပြီ လို့ အင်တာနက်စာမျက်နှာမှာ ဖေါ်ပြခံနေရပါတယ်။

သူ့ကို နေထိုင်ခွင့်သက်တမ်း ကုန်ဆုံးလို့ လူဝင်မှုကြီးကြပ်ရေးဥပဒေအရ ကြာသပတေးနေ့က ရန်ကုန်မြို့နေအိမ်တွင် အဖမ်းခံရခြင်း ဖြစ်ကြောင်း မြန်မာတိုင်း(မ်) ဝန်ထမ်းတဦးက ပြောကြားခဲ့တယ်လို့ သတင်းများကဖေါ်ပြပါတယ်။သူနဲ့ နီးစပ်တဲ့ လူက တော့ ဗီဇာရဖို့ မြန်မာအာဏာပိုင်တွေကနေတဆင့် အမြဲလုပ်ရတယ်။ ခါတိုင်းလည်း ရက်ကျော်သွားခဲ့ဘူးတယ်။ ဘာပြဿနာမှ မရှိခဲ့ပါဘူးတဲ့။ အခုမှ ဘာကြောင့် ဒီလို အဖမ်းခံရတာလဲဆိုတာကတော့ ဘယ်သူမှတိတိကျကျမသိသေးပါဘူး။

ကျိန်းသေတာ ကတော့ မြန်မာတိုင်းမ်စ် သတင်းစာဟာ မြန်မာပြန်ကြားရေး ဝန်ကြီးဌာနက ဆယ်စုနှစ်များစွာ ထုတ်ဝေခဲ့တဲ့ အိမ်သာသုံး သတင်းစာတွေထက်စာရင် အရည်အသွေး ကောင်းတယ်။ အဖြူအမဲမဟုတ်ဘူး၊ အရောင်အသွေးစုံတယ်။ လူထု ကို စွဲဆောင်မှုရှိတယ်။ ဒါကြောင့်မို့ မြန်မာတိုင်းမ်စ် ကို အာဏာပိုင်တွေက သဘောကျနေတယ်။

နောက်တချက်ကတော့ မြန်မာတိုင်းမ်စ် ၄၉ ရာခိုင်နှုန်းပိုင်တဲ့ ရော့စ်ဒန်ကလေ တယောက် သူရဲ့ စီးပွားရေးလုပ်ဖော်ကိုင်ဘက် အကျိုးတူမိတ်ဆွေ ဒေါက်တာတင်ထွန်းဦးဆိုသူနဲ့ အဆင်မပြေဖြစ်နေတာ အတောကြာနေပါပြီ။ ဒေါက်တာတင်ထွန်းဦး ဟာ မြန်မာတိုင်းမ်း ကို ကျန်တဲ့ ၅၁ ရာခိုင်နှုန်းပိုင်တယ်။ သူဟာ ပုဇွန်တောင်မြို့နယ်မှ ကြံခိုင်ရေးပါတီ အနေဖြင့် ရွေးကောက်ပွဲ ဝင်ခဲ့သူပါ။ မြန်မာတိုင်းမ်စ် ကို ကြံ့ဖွတ် ပိုင်သတင်းစာ လုပ်ချင်နေသူလို့ မြန်မာတိုင်းမ်စ် မှာလုပ်နေသူ ဝန်ထမ်း တစ်ဦးကဆိုတယ်။ ဒေါက်တာတင်ထွန်းဦး ဟာ ဘဂ္ဂဒက်ဘော့ လို့ခေါ်တဲ့ ခပ်ကြောင်ကြောင်ကောင် ကျော်ဆန်းနဲ့ နီးစပ်သူတစ်ဦးလည်းဖြစ်တယ်။

တကယ်တော့ ရော့စ် ဟာ စစ်ထောက်လှမ်းရေး အကြီးအကဲဖြစ်ခဲ့သူ ဗိုလ်ချုပ်ခင်ညွန့်၏ အားပေးကူညီမှုဖြင့် အင်္ဂလိပ်ဘာသာ ဖြင့် ထုတ်ဝေသော မြန်မာတိုင်း(မ်) ဂျာနယ်ကို ၂ဝဝဝ ခုနှစ်တွင် စတင်တည်ထောင်ခဲ့တယ်။ သူနဲ့ အကျိုးတူ စီးပွားရေးလုပ်ခဲ့သူကတော့ လေတပ် ထောက်လှမ်းရေး ဗိုလ်မှူးချုပ် သိန်းဆွေ၏ သား ဆန်နီဆွေပါ။ ဗိုလ်ချုပ်ခင်ညွန့် အဖမ်းခံလိုက်ရတော့ ဆန်နီဆွေလည်း ထောင်ချခံခဲ့ရတယ်။ ရော့စ်ဟာ ၁၉၉ဝ နောက်ပိုင်း ဗီယက်နမ်၏ ပထမဆုံး အပတ်စဉ်ထုတ် အင်္ဂလိပ်စာစောင်ကို ထုတ်ဝေခဲ့ပြီးနောက် မြန်မာတိုင်း(မ်)ကို တည်ထောင်ခဲ့တယ်။ ဖနွမ်းပင်ပု့ိစ် Phnom Penh Post ကို ပိုင်ဆိုင်သူလည်း ဖြစ်တယ်။ သူဟာ လူတော်တယောက်ပါ။

အခုတော့ ရော့စ်တယောက် အရှင်မဲ့သည့်ကျွန်၊ အဘမရှိ အမိမဲ့သားဘဝ၊ ပွဲထဲကလူရွှင်တော်တွေပြောသလို တခါပဲမှားမိပါတယ်။  ခိုးသား ငါးရာနဲ့ မှားခဲ့ပါတယ်လို့ ပြောမလား ဆိုတာ ကတော့ စောင့်ကြည့် ရပါအုန်းမယ်လို့ စာရေးသူတစ်ဦးက ရေးသားထားပါတယ်။

ကိုးကား komoetheeblogsport

5 comments

  • bigcat

    February 14, 2011 at 5:44 am

    ဒန်ကလေက မလျှော့သေးပါဘူး။ အမေရိကန်အစိုးရအနနဲ့ အလျှင်အမြန် မူဝါဒပြောင်းသင့်ပါပြီတဲ့။ သူအချုပ်ထဲမှာ နေထိုင်စားသောက်ရတာညံ့လွန်းတာ စီးပွားရေးပိတ်ဆို့မှုတွေကြောင့်လို့ပြောပါတယ်။

  • Tettoe Aung

    February 14, 2011 at 7:29 am

    If Mr Dunkley considered himself as an expert on Burmese politics, he should have or he would have, cut his losses and quit. But it seems he hasn’t got a clue that his days are numbered when his benefactor Khin Nyunt is gone. The same kind of treatment was given to that expatriate Chinese lady from Singapore who reformed ‘Mandalay Beer’. The regime sympathisers and ‘wailei lei people’ talk about ‘economic sanctions’ hurting ordinary people in Burma. Business people are not stupid (that’s why they do business) if there is ‘no rule of law’ no reasonable business man or woman will risk serious investment. They don’t care about human rights, they don’t care about social justice – all they care is ‘their bottom line and how much profit they could make’. After all those sins they’ve committed in making money they can always restore their public image by ‘setting up charity’ or even institutions like ‘Yale University’. Who do you think the founder of that university was?

  • kai

    February 14, 2011 at 8:28 am

    အချက်အလက်တွေ ကျန်နေဖို့အတွက်ပါပဲ..။ အောက်မှာ .. မန္တလေးဘီယာ အမှု ရှာတင်ပေးထားပါတယ်..။
    တကယ်တော့ .. ဆန်ရှင်ရဲ့ အဓီကအကြောင်းတခုက .. ဒါပါပဲလို့ပြောလို့ရပါတယ်..။
    နိုင်ငံတိုင်း..သူ့နိုင်ငံသားနဲ့ သူ့အကျိုးစီးပွားကြည့်ကြရမှာ.. စစ်အာဏာပိုင်တွေအုပ်ချုပ်တဲ့ မြန်မာပြည်တွင်းမှာက … ရင်းနှီးမြုတ်နှံဖို့ ..ဘယ်လိုမှ စိတ်မချရတာက….အဓိက အကြောင်းတခု…

    The Nation: Burmese Generals Steal Fizz from Mandalay Beer

    Monday, January 15, 2001

    Some said she should have known better. But businesswoman Win Win Nu
    thought her connection with the Burmese leaders would be solid enough to
    protect her investment. But when her business began making money, the
    generals showed her the door.

    For the past two years, Win Win Nu has worked tirelessly to take back
    what she feels was rightfully hers – a joint-venture enterprise in what
    was once a near bankrupt Mandalay Brewery.

    Her investment, with initial capital of US$6.3 million [Bt270.9
    million], came to an abrupt halt in November 1998. Scores of armed
    soldiers were dispatched to her home, and machine guns were positioned
    all around the compound. Soon afterwards her local bank accounts were
    closed.

    “At the order of General Than Shwe, the soldiers with machine guns told
    us to get off the property,” Win Win Nu told The Nation during a recent
    interview in Bangkok. Than Shwe is the chairman of the State Peace and
    Development Council (SPDC), the highest decision-making body of Burma’s
    ruling military regime.

    Win Win Nu’s case is an important one. According to the agreement forged
    between her Singapore-based company, Yaung Chi Oo Trading, and the
    Ministry of Industry No 1 in 1993, the government would have full
    control of the brewery’s books, while she would be in charge of
    marketing and operations.
    Win Win Nu and her husband had taken a 45-per-cent stake in the joint
    venture.

    The couple turned the brewery around within six months.

    Production increased tenfold. Mandalay Beer became a brand to be
    reckoned with. Business was good. The company became the country’s
    largest single taxpayer.

    “They had no idea what marketing was all about,” Win Win Nu said about
    the government officials who were unable to turn a profit under their
    own management.

    But soon afterward, the Burmese-born businesswoman became a victim of
    her own success.

    “They accused us of misappropriating funds. How could we? We didn’t have
    control of the books,” she said.

    With nothing to lose, she took her case to the local courts.
    After fighting for 18 months, she was forced to liquidate her share in
    the company.

    The first team of liquidators was led by a local tycoon, Steven Law, the
    son of Lo Hsing-han, a former Burmese opium warlord who had surrendered
    to the government in return for amnesty.

    Win Win Nu said she had sought help from the people she knew – including
    powerful security chief Lt Gen Khin Nyunt and Foreign Minister Win Aung.
    But no one helped her.

    With nowhere to turn, Win Win Nu began to flip through the pages of an
    Asean agreement on the protection of investments, and came across an
    untested mechanism for settling such disputes.

    At the moment, the Asean secretariat is looking into the matter, Rudolfo
    Severino, the regional group’s secretary-general, told The Nation.

    In a letter sent to Win Win Nu’s lawyer, the office said she followed
    proper procedures and channels by serving notice to the Burmese
    government and providing a copy to the secretariat.

    And although the Burmese government was not a signatory to the original
    agreement, the letter said, the fact that Rangoon signed the protocol
    when it became a full Asean member in 1997 meant that the regime is
    therefore required to abide by the agreement.

    Since joining Asean, Burma’s military government has consistently been
    placed under an unwanted spotlight by international media and human
    rights organisations.

    United Nations agencies and a number of Western governments have
    consistently condemned the regime, which initially saw Asean as a ticket
    to economic growth and further integration with the world community. But
    when the economic crisis struck, the investments Rangoon was hoping to
    see drifted outside the region.

    To help restore confidence, Asean members agreed upon an investment
    promotion mission at their annual meeting in Singapore in 1999. But
    until now, the outcome has not been satisfactory. And given the
    political crises in the Philippines and Indonesia, Burma’s appalling
    economic situation is likely to remain for some time to come.

    For the time being, all eyes are on Asean.

    How it handles this unprecedented case will say a great deal about its
    seriousness in restoring business confidence.

    If it fumbles, it could derail the ongoing investment-promotion drive at
    a time when the region is desperately trying to show the world’s
    investors that it, too, has something good to offer.

  • Tettoe Aung

    February 14, 2011 at 2:04 pm

    Thanks for filling in Kai. All I have in my head is was Mandalay Beer and how the woman was ripped off by the regime. I can’t remember whether it was in Far Eastern Economic Review or Asiaweek that I’ve read the article. As for Ross Dunkley, I used to read his paper The Phnom Penh Post before and someone I knew works for Myanmar Times for a short while. We will have this debate on sanctions for a long time to come. I don’t think it will end even after the sanctions are lifted (if they are lifted).

  • kai

    February 14, 2011 at 7:59 pm

    ယူအက်စ်ဆန်ရှင်လည်း… အနည်းဆုံး.. ၂ကြိမ်တော့ ..ထပ်လုပ်ဦးမှာပဲ.. ၂နှစ်ပေါ့..။
    ဖယ်ပေးမှာမဟုတ်သေးဖူး..။

    ဆန်ရှင်မရှိလို့ ..ဝင်မြုတ်နှံရင်းနှီးလာတဲ့..ယူအက်စ်ကုမ္ပဏီကြီးသာ ရောင်ခြည်ဦး( Mandalay Beer)လိုအလုပ်ခံရရင် ..စစ်ရေးအရအရေးယူတာမျိုးဖြစ်သွားနိုင်တယ်..။
    ဒါကို .. ဗျူဟာကျကျစဉ်းစားတတ်တဲ့.. မြန်မာ့တပ်မတော်က မသိမဟုတ်.. သေသေချာချာ သိလောက်တယ်..။

    စကားမစပ်.. ဒန်ကလေလည်း ..မကြာခင်ပြန်လွတ်မှာပါပဲ..။
    အလွန်ဆုံးပြည်နှင်ဒဏ်ပေါ့..။ ထောင်အကြာကြီး မချထားရဲပါဘူး..။ ဝိကီလိခ်က အာဆန်နဲ့ အချိပ်အဆက်ရှိတယ် တွေ့ရင်သာ .. တမျိုးဖြစ်ကုန်မှာ…။

Leave a Reply