ဒါလေးကတော့ မန်းလေးမြို့အရှေ့ဘက်က နာမယ်ကျော် ဆရာနန်းတော်ရှေ့ဆရာတင်ရဲ့ သီချင်းထဲမှာ အမြဲပါတဲ့ “အောင်ပင်လယ် ” လယ်ကွင်းကြီးပါဘဲ။
ရှေးကတော့ ဟိုးဝေးဝေးမှာမြင်နေရတဲ့ ရန်ကင်းတောင်အထိက ရေပြင်ကျယ်ကြီးပါတဲ့။
အခုတော့ ရိတ်သိမ်းပြီးစ လယ်ကွင်းကို အပြာရောင်မိုုးကောင်းကင်အောက်မှာမြင်နေရပါတယ်။
Post Views: 244
6 comments
unclegyi1974
February 16, 2011 at 4:46 pm
အောင်ပင်လယ်လည်းမအောင်ပင်လယ်နို်င်တော့ပါဖူး
ကိုပေါက်ရေ
ဆူး
February 17, 2011 at 7:39 am
အိုး.. အောင် ပင်လယ်.. အောင်ပင်လယ် အောင်ပင်လယ်…. (ကနာ္တရ ဖြစ်တော့မယ်)
kopauk mandalay
February 17, 2011 at 3:54 pm
အောင်ပင်လယ် ……အောင်ပင်လယ်……………….. အောင်ပင်လယ် ………….အောင်ပင်လယ်……………………… အောင်ပင်လယ်……….. အောင်ပင်လယ်……………………………………………………….
တကယ်တောအစစ်ကဲ့သို့ အခုတော့ လယ်ကောဖြစ်လို့မို့
ကောင်းဘို့ရွယ်သောခေတ်ကို အထူးသဖြင့်မျှော်မိတယ်…………………………………………………..
(ကိုပေါက်ပြောတာ မဟုတ်ဘူးနော် နန်းတော်ရှေ့ဆရာတင် ဟိုးရှေးရှေးတုန်းကပြောခဲ့တာပါ)
ဆူး
February 17, 2011 at 4:08 pm
အောင်ပင်လယ် ကို အခါခါ ရွတ်ပြီး ဆိုသွားလို့ အောင်ပင်လယ် ဆိုတာ နားထဲ စွဲပြီး လူသိများတာ ထင်တယ်။ အဲဒီ သီချင်း ကြားယောင်မိတယ် စာသား မသိတော့ဘူး။ လေးပေါက် ရေးမှ သတိရတယ်။
kopauk mandalay
February 17, 2011 at 4:13 pm
နန်းတော်ရှေ့ဆရာတင်က အောင်ပင်လယ် သီချင်းကို နှစ်ပုဒ်တိတိရေးပါတယ်။
ပထမ တပုဒ်က “စိန်မြလျှံခြယ် အောင်ပင်လယ်”
ဒုတိယတပုဒ်က အခုစာသားပါတဲ့ “အောင်ပင်လယ်”ပါ။
ဒီသီချင်းတွေကို သွားလေသူ သုမောင် ကပြန်ဆိုထားပါတယ်။
အင်မတန်ကောင်းတဲ့သီချင်းတွေပါ။
char too lan
February 18, 2011 at 3:18 am
အောင်ပင်လယ် ဆိုတာကိုစာထဲမှာသင်ဖူးတော့သိနေတယ် ရန်ကင်းတောင်ကိုရောက်ဖူးတယ် တောင်ကြားထဲမှာငါးရံ ့မင်းရှိတဲ့တောင်
မဟုတ်လား လေးပေါက် အဲ့တောင်ပေါ်မှာတော့လှတယ် အန်ကောဝပ်ဒီဇိုင်းနဲ့ ခပ်ဆင်ဆင်ရယ် တောင်အောက်နားက ကြံရည်ဆိုင်လေးတွေကလဲ မကျည်းပင်တွေလားမသိတော့ဘူး အရိပ်ကောင်းကောင်းနဲ့ ထိုင်လို့ကောင်းတယ်ဗျာ….