အောင်ပယ်လယ်ကနေ ရှမ်းရိုးမသို့ အဝင်
ဒီလမ်းကလေးကတော့ အောင်ပင်လယ်ရဲ့ရင်ခွင်ကို ဖြတ်ပြီး ဖောက်ထားတဲ့လမ်းကလေးပါ။ရန်ကင်းတောင်အရှေ့ဘက်မှာရှိတဲ့ ဆယ်တော်ကြီးကနေလာတဲ့ရေမြောင်းဆီကိုရောက်သွားတဲ့လမ်းကလေးပေါ့.။
ဒီချောင်းလေးကိုကျော်လိုက်ရင် ရှမ်းရိုးမတောင်ခြေကို သေချာပေါက်ရောက်သွားမှာပါ။
ဒါပေမယ့် မြန်မာစကားပုံလေးရှိပါတယ်။
အမြင်နီးပြီး ခရီးဝေးသည့်တောင်ပါတဲ့။
လွယ်လွယ်နဲ့တော့ရောက်နိုင်မယ်မထင်ပါဘူး။
6 comments
ရွာထဲကို ဝင်ကြည့်ဖြစ်နေတာတော့ ကြာပါပြီ
February 17, 2011 at 7:30 am
လေးပေါက် ကျွန်တော် က အဲဒီနားမှာနေတာ၊ ရောက်ရင်ဝင်လည်ပေါ့။
သိတယ်မလား ကျောင်းဆိုလို့ တစ်ကျောင်းတည်း ရှိတာလေ။
ဆူး
February 17, 2011 at 8:18 am
ဓါတ်ပုံထဲမှာ ကျောက်ပေါက်ရတောင် ပါသေးတယ်။ နည်းနည်း ဖာထေးပြီးမှ တင်တာ မဟုတ်ဘူး။ ဟီးဟီး.. သွားပါများ ခရီးရောက် မဟုတ်ဘူး သွားပါများ လမ်းပျက်။
ရွာထဲကို ဝင်ကြည့်ဖြစ်နေတာတော့ ကြာပါပြီ
February 17, 2011 at 8:44 am
ဟုတ်တယ် အန်တီဆူးရေ။ အဲနားက လမ်းတွေက ဒီလိုပဲ။
တချို့ အပိုင်းတွေဆို လှိုင်းတောင်ထနေသေးတယ်။ 🙂
ဆူး
February 17, 2011 at 1:59 pm
ပုံကြည့်တဲ့ လူတွေ မမြင်မှာ စိုးလို့ ထောက်ပြတာ.. သဘောပေါက်ပါတယ်။ ဒါမျိုးက နားလည်ပြီးသား နေပြည်တော် အမြန်လမ်းမှ လွဲလို့ အားလုံး ဖြစ်တတ်ပါတယ်။
kopauk mandalay
February 17, 2011 at 3:47 pm
naythit ရေ
အဲဒီနားကို (20-12-2010)နေ့တုံးက မြန်မာသူငယ်ချင်းများနေ့ အဖွဲ့က အဲဒီရေနီမြောင်းဘောင်နားမှာရှိတဲ့ ဘုန်းကြီးကျောင်းမှာအလှူလုပ်တော့ သွားတဲ့အချိန်တုံးက ရိုက်ဖြစ်ခဲ့တဲ့ပုံပါ။
ကျနော်မကြာခဏရောက်ပါတယ်။
ဝင်ခဲ့မယ်လေ။
ကျောင်းနားရောက်ရင်အော်ခေါ်လိုက်ပါမယ်နော်.
cherrykoko
March 8, 2011 at 4:12 pm
အဲဒီလမ်းက မန်းလေးအထွက်က အောင်ပင်လယ်ရွာဘေးက မေမြို့သွားတဲ့လမ်းလား ကိုပေါက်..