မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်း၏ အနာဂါတ်(၄)
အထည်ချုပ် ဝန်ထမ်း အများစုမှာ ရန်ကုန်မြို ့တွင်းနေထိုင်သူများထက် ဝေးလံသော ဒေသများမှ လာရောက် လုပ်ကိုင်သူများဖြစ်သည်။ နိုင်ငံခြားသားများ ငှားရမ်း လုပ်ကိုင်နေသော
လုပ်ငန်း အားလုံးနီးပါးမှာ ရပ်ဝေးမှ လာရောက်လုပ်ကိုင်နေသူ မိန်းကလေးများ အတွက် နေထိုင်ရန် အဆောင် စီစဉ်ပေးပြီး အချို ့စက်ရုံများတွင် အချိုးကျ ဆန် ဝေငှခြင်း (သို ့)
ထမင်း(ဟင်းမပါ) ကျွေးမွေးခြင်းများ ကို ပြုလုပ်ပေးသော်လည်း မြန်မာလူမျိုးပိုင် စက်ရုံများသည် ထိုကဲ့သို ့ ပြုလုပ်ပေးမှုမှာ မရှိသလောက်ဖြစ်သည်။
ထိုနေရာတွင် အဆောင်ဆိုသည်မှာ စက်မှုဇုံနားနီး ရပ်ကွက်များတွင် တစ်ထပ် (သို ့) နှစ်ထပ် အဆောက်အဦး၊ သွပ်မိုးပျဉ်ထောင်၊ အလတ်စား စက်ရုံလွတ်အား ငှားရမ်းပြုပြင်ပြီး
နေထိုင်အိပ်စက်နိုင်ရန် ဖန်တီးပေးခြင်းဖြစ်သည်။ သို ့သော် ကျန်းမာရေးနှင့် အညီ နေထိုင်အိပ်စက်ရန် သင့်တော်သော အနေအထားမျိုး မဟုတ်သော်လည်း ရပ်ဝေးမှ လာရောက်ပြီး
ဘဝဝမ်းစာအား သမာအာဇီဝဖြင့် ခက်ခဲစွာ ရုန်းကန်နေရသော အဆိုပါ အမျိုးသမီးလေးများ အတွက်တော့ ထိုနေရာသည်ပင်လျင် အားထားရာဖြစ်ပေသည်။
အမှန်တကယ် ဆန်းစစ်ကြည့်လျင် သူတို ့ရရှိသော လစာ ဝင်ငွေသည် လူနေမှု စားရိတ်အား မည်သို ့မျှ ကာမိနိုင်ခြင်း မရှိပေ။ သူတို ့နေထိုင်စားသောက်ရန် အတွက်သာမက ရပ်ဝေး
ရှိ မိသားစုထံသို ့လည်း ထောက်ပံ့ကြရသည်။ ကျွမ်းကျင် လုပ်သား တစ်ယောက်၏ ပျမ်းမျှလစာသည် မြန်မာငွေ ၉ သောင်း ဝန်းကျင်ဖြစ်သည်။ ထိုမျှသာရှိသော ပမာဏရရှိရန်
အချိန်ပို နာရီပေါင်းများစွာ နေ ့ည မအား ပိတ်ရက် မရှိ အလုပ်လုပ်မှသာ ရရှိနိုင်သည်။ ကြီးမြင့်သော ကုန်ဈေးနှုံးနှင့် အဆိုပါ ဝင်ငွေသည် လက်တွေ ့ပင် ယနေ ့ရ ယနေ ့စားရုံလောက်
သာ ကာမိစေသည်။ အနာဂါတ် အတွက် အလုပ်လုပ်ပြီး ငွေကြေးစုဆောင်းနိုင်ဖို ့ ဘယ်လိုမှ မဖြစ်နိုင်ပေ။ ဝန်ထမ်းဘဝသည်လည်း မည်သို ့မျှ အာမခံချက်ရှိသည် မဟုတ်ပေ။
လူတို ့အလုပ်လုပ်ခြင်း ဆိုသည်မှာ စားဝတ်နေရေးသာ မက အနာဂါတ်တွင် အသက်အရွယ် ကြီးပြင်းပြီး အလုပ်လုပ်ကိုင်ရန် မဖြစ်နိုင်တော့သောအခါ ဆက်လက်ရှင်သန်နိုင်ရန်
အတွက် ငွေကြေးရှာဖွေခြင်းဖြစ်သော်လည်း သမင်မွေးရင်း ကျားစားရင်း သံသရာလည်နေတော့သည်။ လစာငွေပျမ်းမျှ သိန်းနှစ်ဆယ်ဝန်းကျင် ရရှိသော နိုင်ငံတခုတွင် နာမည်ကြီး
တံဆိပ်မဟုတ်သော သာမန် အဝတ်အစား တစ်စုံ ဝယ်ယူရန် မြန်မာငွေ ၁၅၀၀ဝ ခန် ့ဖြင့် ဝယ်ယူဝတ်ဆင်နိုင်သော်လည်း ပျမ်းမျှလစာ ၄သောင်း မှ ၉ သောင်း အတွင်းသာ ရရှိသော
မြန်မာပြည်တွင် တူညီသော ငွေကြေးပမာဏ ဖြင့်သာလျင် ဝယ်ယူ ဝတ်ဆင်နိုင်သည်။ လူတို ့တွင် လိုအင်သည် ပြည့်စုံသည် မရှိသောကြောင့် လိုအင် လိုအပ်ချက်များ၊ စားဝတ်နေ
ရေး၊ မိသားစုအတွက် ထောက်ပံ့ရမှု၊ ကျန်းမာရေး အစရှိသည်တို ့အား နိုင်ငံသားများ မိမိ စားရိတ်ဖြင့် မိမိဘာသာ ဖြေရှင်းနေကြရသော အနေအထားတွင် ခံနိုင်ရည်မရှိသော
သူတို ့သည် အခြားနည်းလမ်းပေါင်းစုံဖြင့် ထွက်ပေါက်ရှာကြခြင်းသည် ရိုးရှင်းသော ရလာဒ် ဖြစ်သည်။
မြန်မာပြည်တွင် လုပ်ကိုင်နေကြသော စက်ရုံတိုင်းတွင် အသက်မပြည့်သော ကလေးငယ်များအား ဝင်ရောက် အလုပ်လုပ်ကိုင်စေခြင်းနှင့် လွတ်ကင်းသည်ဟု မရှိပေ။
အသက်အရွယ်များမှာ ၁၃ နှစ်မှ ၁ရ နှစ် အထိ အရွယ်စုံဖြစ်သည်။ နိုင်ငံတကာ ဥပဒေအရ အသက်မပြည့်သေးသော ကလေးသူငယ်များအား အလုပ်လုပ်ခွင့်ပေးခြင်း (သို ့)
ခိုင်းစေခြင်းသည် ဥပဒေနှင့် ညိစွန်းသင့်သည်မှာ မှန်သော်လည်း အစိုးရ၏ စိးပွားရေးမူဝါဒအား မှားယွင်းစွာ ကျင့်သုံးနေခြင်း၏ သားကောင်များဖြစ်သော အဆိုပါ ကလေးသူငယ်
များသည် အထည်ချူပ် လုပ်ငန်းများတွင်သာမက ခေါင်းစဉ် အမျိုးမျိုးအောက်ရှိ လုပ်ငန်းများတွင် အလုပ်လုပ်ကိုင်နေခြင်းသည် လမ်းတကာ လှည့်လည် တောင်းစားနေသော
ကယ်ပါ ကလေးများဖြစ်သွားခြင်းထက် စာလျင် ဖြေသိမ့်နိုင်သော အချက် ဖြစ်သည်။ ဝင်ငွေနှင့် ထွက်ငွေ မမျှသော ကြောင့် တစ်မိသားစုလုံး အလုပ်လုပ်မှာ စားနိုင်ရုံသာ ရရှိသော
ဝင်ငွေကြောင့် ကလေးသူငယ်များပါ မကျန် အလုပ်လုပ်ကိုင်ရခြင်းဖြစ်သည်။ အဆိုပါ ကလေးများသည် မိမိတို ့၏ နွေရာသီ ကျောင်းပိတ်ရက်တွင် အလုပ်လုပ်ကိုင်ပြီး ကျောင်းဖွင့်ချိန်
ရောက်လျင် အဆိုပါ လုပ်အားခငွေဖြင့် ပညာ သင်ယူနေကြရသည်။ ဖော်ပြပါ အချက်များအားဖြင့် နိုင်ငံသားတို ့၏ (၁)ဝင်ငွေနှင့် ကုုန်ဈေးနှုံး မညီမျှမှု၊ (၂) အလုပ်သမား ဥပဒေ၏
အလုပ်သမား အပေါ် အပြည့်အဝ မကာကွယ် (သို ့) ကာကွယ်မှု အားနည်းခြင်း၊ (၃) လုပ်သားများ ထိုခိုက် ဒဏ်ရာရခြင်း နှင့် ကျန်းမာရေးစောင့်ရှောက်မှု မရှိခြင်း၊ (၄) ပညာသင်ကြား
ပေးရန် မတတ်နိုင်သော အခြေခံ အလုပ်သမား လူဆင်းရဲတို ့၏ သားသမီးများ ပညာသင်ကြားနိုင်ရန် နိုင်ငံတော်မှ စီစဉ်ဆောင်ရွက်မှု အားနည်းခြင်း စသည်ဖြင့် အကြမ်းဖျင်း ပြောနိုင်
သော်လည်း အစိုးရ အနေဖြင့် ထိုထက်မက များပြားစွာ တာဝန်ရှိပေသည်။