ကြွက်နှင့် စက္ကူ
ကျွန်တော့်အိမ်ခန်းထဲ ကြွက်တစ်ကောင်ဝင်နေတယ်။ ကြွက်က ကြွက်သတ်ဆေးလည်း မစားသလို၊ ထောင်ချောက်နဲ့လည်း ဖမ်းမရဘူး။ ကြွက်က တော်တော်လည်တဲ့ကြွက်လို့ ထင်တယ်။ ညညဆိုလည်း သောင်းကျန်လိုက်တာ ကျွန်တော်ကောင်းကောင်း အိပ်မရဘူး။ ဒါနဲ့ ကြွက်ဖမ်းဖို့ ကြွက်ရဲ့လှုပ်ရှားသွားလာမှုတွေကို ကျွန်တော် လေ့လာရတော့တယ်။ ရက်အနည်းငယ်ကြာ လေ့လာပြီးနောက် ကြွက်ဟာ အိမ်ခန်းထဲကို ပြတင်းပေါက်ကတစ်ဆင့် ဝင်လာတယ်ဆိုတာကို ကျွန်တော်သတိထားမိလိုက်တယ်။
ပြတင်းပေါက်က ခြင်ဇကာကို ကိုက်ဖြတ်ပြီး မှောင်စပျိုးတာနဲ့ ကျွန်တော့်အခန်းထဲ သူဝင်လာတယ်။ မိုးလင်းတာနဲ့ သူပြန်ထွက်သွားတယ်။
မိတ်ဆွေတစ်ဦးကို ကျွန်တော့်အကြောင်းပြောပြတော့ သူကရယ်ပြီး “ဒါ လွယ်လွယ်လေးပါ.. ကြွက်ဖောက်ထားတဲ့အပေါက်ကို စက္ကူတစ်ချပ်နဲ့ ကပ်ထားလိုက်ရုံပဲ”လို့ အကြံပေးတယ်။ သူ့အပြောကို သိပ်ယုံကြည်ပုံမပေါက်တဲ့ ကျွန်တော့်ကိုကြည့်ပြီးသူက “တကယ်ပြောတာ စမ်းလုပ်ကြည့်လိုက်ပါ” လို့ပြောတယ်။
မိတ်ဆွေရဲ့အကြံအတိုင်း ကျွန်တော်လုပ်ကြည့်လိုက်တယ်။ ဒါပေမယ့် စိတ်ထဲမှာ သိပ်ဘဝင်မကျခဲ့ဘူး။ မှောင်စပျိုးတာနဲ့ ကျွန်တော်စောင့်ကြည့်မိတယ်။ ပါးလျတဲ့စက္ကူတစ်ချပ်က ပါးနပ်တဲ့ကြွက်တစ်ကောင်ကို တားနိုင်ပါ့မလား?
တကယ်လည်း အခြေအနေက ထူးခြားခဲ့တယ်။ ပြတင်းပေါက်အပြင်က ကြွက်ဟာ အထဲကိုဝင်မရလို့ စိတ်လှုပ်လှုပ်ရှားရှားဖြစ်ပြီး ဂနာမငြိမ်ဖြစ်နေတယ်။ တကယ်တော့ လက်သည်းလေးတစ်ချက် ကုပ်လိုက်တာနဲ့၊ ခေါင်းနဲ့သာသာလေး တိုးလိုက်ရုံနဲ့ စက္ကူဗြဲပြီး အထဲကိုသူဝင်နိုင်ပါတယ်။ ဒါပေမယ့် ကြွက်ကအဲဒီလို မလုပ်ခဲ့ဘူး။ သွားနဲ့ပဲ ကိုက်ဖြတ်တတ်တဲ့သူ့အကျင့်က ပြောင်ချောချောစက္ကူကို မကိုက်ဖြတ်တတ်ခဲ့ဘူး။ စက္ကူလေးတစ်ချပ်ကြောင့် သူ့ရဲ့ ပါးနပ်မှုတွေ အသုံးမဝင်တော့တာ တကယ့်အံ့ဩစရာပါပဲ။
နောက်ပိုင်းမှာ ကျွန်တော့်အိမ်ခန်းထဲ အဲဒီကြွက် ထပ်ဝင်မလာခဲ့တော့ဘူး။
စက္ကူတစ်ချပ်နဲ့ သူတားဆီး ခံလိုက်ရတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး “ဘာကြောင့်”ဆိုတဲ့မေးခွန်းက ကျွန်တော်ကို အချိန်တော်တော်ကြာ နှိပ်စက်ခဲ့တယ်။
နောက်ဆုံးမှာ တစ်သတ်မှတ်တွေးတောမှုကြောင့်ဆိုတာကို ကျွန်တော်သဘောပေါက်နားလည်ခဲ့ပါတယ်။
ကျွန်တော်တို့ရဲ့ အခက်အခဲ၊ အတားအဆီးတွေဟာကြွက်ကိုတားဆီးထားတဲ့ စက္ကူချပ်လိုပါပဲ။
အခက်အခဲ၊ အတားအဆီးနဲ့ကြုံတဲ့အခါ တစ်သတ်မှတ်အတွေးတွေကို ကျွန်တော်တို့ လှည့်ပြောင်းပေးခဲ့မယ်ဆိုရင် ကြံစည်မှုအသစ်တွေနဲ့ စက္ကူကို အလွယ်တကူ ဆုတ်ဖြဲနိုင်မှာ အသေအချာဖြစ်ပါတယ်။
(မူရင်းရေးသားသူ – – Xi Wan (Nan Shan ညနေသတင်းစာထဲက ကောက်နှုတ်ထားတာဖြစ်ပါတယ်)
င်္Forward mail မှမျှဝေခံစားသည်။
6 comments
interesting news site
February 21, 2011 at 7:31 am
အတားအဆီးကိုဖြတ်ကျော်ဖို ့မထင်ထားတဲ့လမ်းဆိုတာရှိပါတယ်
ယောလေး
February 21, 2011 at 4:33 pm
မှတ်သွားပါတယ်..ကျတော်လဲအလိုရှိရင် သုံးရတာပေါ့…
draungkyawkyawoo
February 22, 2011 at 4:45 am
သူ့ရဲ့ ချွန်ထက်တဲ့သွားတွေနဲ့ ဒီလောက်စက္ကူလေးကို ကိုက်လို့ရတယ်ဆိုတာ မေ့သွားလို့ဖြစ်မယ် .. ။ တစ်ခါတစ်လေ လူတွေက ဒီလိုပါပဲ … အတားဆီးကိုတွေ့တာနဲ့ ကိုယ့်ရင်း မူရင်းစွမ်းရည်ကို အသုံးချဖို့မေ့သွားတတ်တယ် ။
kai
February 22, 2011 at 5:37 am
တကယ်တော့ လူတွေဟာလည်း စက္ကုချပ်တွေနဲ့တွင် …ရွာလည်နေကြတာပါပဲ..။
၁၉၈၈ စက်တင်ဘာ ၁၈ စစ်တပ်အာဏာသိမ်းတော့လည်း… အဲဒီလို စက္ကူလေးတချပ်ကို အသံလွှင့်ရုံပို ့ပြီး .. တတိုင်းပြည်လုံးကြေငြာ စစ်တပ်က … အာဏာသိမ်းလိုက်ပါတယ်ပြောလိုက်တာပေါ့..
စစ်သည်(အဲဒီတုံးက) ၂သိန်းကျော်လည်း…ငြိမ်…။
မြန်မာလူထုကြီး ..သန်း ဆယ်ဂဏန်းကြီးလည်း… ငြိမ်..။
တကယ်တော့ … ငွေတွေကလည်း ..စက္ကူချပ်တွေပါပဲ..။
လူတွေက ..အပေါ်ပုံပြင်ထဲကခ…ကြွက်ထက်စာရင်…ပိုရယ်(ရီ)စရာ…။ 🙂 🙂
padonmar
February 22, 2011 at 8:39 pm
လူ့ဘဝမှာလဲ ဒီလိုပါပဲ။တခါတလေ ကိုယ့်အတွက် အတားအဆီးကြီးကို သူများက လွယ်လွယ်လေးဖြေရှင်းသွားရင် တယ်တုံးတဲ့ငါပါလားလို့ ဖြစ်မိတယ်။စက္ကူကို မကျော်ရဲတဲ့ ကြွက် ပဲပေါ့၊ lateral thinking ရဖို့ဆိုတာမလွယ်ဘူးနော်၊
etone
February 23, 2011 at 6:35 am
သူက စက္ကူမစားဖူးတဲ့ ကြွက်မို့ပါ .. စက္ကူစားဖူးတဲ့ ကြွက်ဆိုရင်တော့ အနံ့သိပြီး ကိုက်ဖြတ်ကာ လိုရာရောက်နိုင်ပါတယ် … ။ ဒီလိုပါပဲ ..လူတွေလဲ မကြုံဖူးတာ ကြုံရတော့ နည်းနည်း ဖြည့်မတွေးပဲ စိုးရိမ်စိတ်ကများပြီး ကမောက်ကမဖြစ်ကြရတယ် … ။ ခေါင်းအေးအေးထားပြီး မျှမျှတတတွေးတက်ရင် အတားဆီးတွေကို ဖြတ်ကျော်နိုင်ပါတယ် ။