စီးပွါးရေး ….
သူဌေးကြီး ဦးတေဇ ကတော့ သူ့ဘဝ ကျပ်၁၀၀၀ဝနဲ့စခဲ့တာပါတဲ့။
ကျနော်သိတဲ့သူဌေးကြီး ဦးသိန်းထွန်း ( ပက်စီ ) ကတော့ ဟိုတုန်းက သားအဖသုံးယောက်
ပေါင်းလို့ ယပ်တောင် တချောင်းဘဲရှိခဲ့ပါတယ်တဲ့။ အခုထွန်းဖေါင်ဒေးရှင်းဘဏ်ဖွင့်ထားတဲ့
ဦးသိန်းထွန်းပါ။ အခု အသက် ၂ဝ ဝန်းကျင်တွေ တချိန်ကမြန်မာပြည်မှာ ပက်စီ ကုမ္ပဏီ
ရှိခဲ့တယ်ဆိုတာ သိချင်မှသိကြမှာပါ။ ကဲ ခင်ဗျားတို့ ကျုပ်တို့ကော … ဘယ်လိုလဲ။
14 comments
kai
February 22, 2011 at 10:49 am
ဦးတေဇအကြောင်း မန္တလေးဂေဇက်မှာ ဆောင်းပါး ပါဖူးတယ်..။
တော်တော်တောင်ကြာနေပြီ..။
အခုတော့ ချော့ပါ ပျက်ကျလို့ဆိုလား ..အခုတင်သတင်းလာတင်သွားတယ်..။
ကြားတာတော့ .. ပျက်ကျတာမဟုတ်ပဲ.. အဆင်းမှာ မှောက်တယ်ဆိုတာပဲ..။
အရမ်းအေးတဲ့ နေရာမို ့.. ဒုက္ခတော့ များနိုင်တယ်..။
အဲဒီမြောက်ဖျားပိုင်း ..သူတို့က လိပ်ပြာဥယာဉ်ဆိုလား .. သွားလုပ်နေကြတာလေ…။
=
ဦးသိန်းထွန်း ( ပက်စီ )ကတော့ … ယိုးဒယားကနေ ပက်စီစက်ရုံခေါ်လာလိုက်လို့ ချမ်းသာသွားတယ် ပြောကြတာပါပဲ..။
ဆိုတော့..
ဦးဖက်အလှည့်ကျ.. ကိုကာကိုလာလုပ်ခွင့်ကို လျှောက်ပေါ့နော…။
ရှူံးနိမ့်မှုများနဲ့.. လူ
February 22, 2011 at 11:17 am
ခမ်းခမ်းနားနား အောင်မြင်နေတဲ့သူတိုင်းက သူတို့ အတိတ်မှာ အဆိုးဆုံးလို့ထင်ခဲ့ရတဲ့ အခြေအနေတွေကို ကြီးကြီးမားမား ဖော်ပြတတ်ကြပါတယ်..။ အမှန်တွင် ဖြစ်သင့်၊ ဖြစ်ထိုက်သည်မှာ ၎င်းတို့ဘဝကို တစ်ဆင့်ချင်း ဖြတ်ကျော်လာခဲ့ပုံများကို မှတ်တမ်းစာအုပ်ရေးသားထုတ်ဝေခြင်း၊ မိမိကဲ့သို့ ရည်မှန်းချက်၊ ရည်ရွယ်ချက်တူညီသူများအား အထောက်အပံ့ဖြစ်စေမည့် ဖောင်ဒေးရှင်းများထူထောင်ခြင်းဖြင့် မိမိနိုင်ငံ၊ မိမိလူမျိုးကို မြှင့်တင်ပေးရာ ရောက်သကဲ့သို့ မီးခဲပြာဖုံး လူသားများအတွက် အောင်မြင်ခြင်းလမ်းစကို စတင်လျှောက်လှမ်းစေမှာ ဖြစ်ပါတယ်။
(မြင်မိတဲ့ အမြင်လေးပါ)
fatty
February 22, 2011 at 11:18 am
kai .. က မြန်မာပြည်ကလူတွေကိုစီးပွါးရေးလုပ်ဖို့တိုက်တွန်းတာကို သတိထားမိတယ် ..။
ခေါင်းထဲမှာတော့ business idea တွေပြည့်နေမှာဘဲ ..။
နဲနဲဖဲ့ထုတ်ပြီး ဂေဇက်မှာတင်ပေးပါလား …။
thethtet87
February 22, 2011 at 12:45 pm
ကျွန်တော်လူမျိုးတွေကမျိုးရိုး/ဗီဇဆိုတဲ့စကားလုံးကိုသိပ်သုံးကြတယ်လေ။
ဆိုကြပါတော့ ငယ်ငယ်ကဆင်းရဲတယ် ဘဝကိုကြမ်းကြမ်းတမ်းတမ်းဖြတ်
ကျော်ခဲံရတယ်။ကြီးလာတော့အောင်မြင်တယ်။ဒါကိုပြန်ပြောရမှာသိပ်ရှက်တယ်
မပြောရဲကြဘူးလေ။ဖြစ်သင့်တာကတော့ကြိုးစားမုှရဲ့ရလဒ်ဆိုကိုမပြချင်
ကြဘူး။အခက်အခဲဆိုတာမရှိဘဲအားလုံးစဉ်းလုံးချောဖြစ်ချင်ကြတာကို။
အဓိကတွေရတာကတော့ ယောက်ကျားလေးနဲ့မိန်းခလေးအိမ်ထောင်ပြု
ဖို့ကိစ္စတွေမှာလေ။ကာယကံရှင်ကိုစိတ်မဝင်စားကြဘူး။မိဘမျိုးရိုးကိုအလေးထား
ကြတယ်လေ။ဒါကတစ်ပိုင်းပါ။နောက်ပြီးကြိုးစားမှုအကြောင်းပြောပြန်ရင်လဲ
နားထောင်တဲ့လူက “ဒီကောင်အလကားလူပါကွာ၊အခုမှကံကောင်းလို့ကြီးပွါး
လာတာ”ဆိုတာနဲ့ပြောကြတယ်လေ။အဲဒီတော့ ငယ်ငယ်ထဲကရွှေးထီးဆောင်း
လာသလိုလုပ်ကြတာတော့တာပေါ့။ဒါကြောင့် တိုးတက်မှုနည်းတာလို့ထင်တယ်နော်
ကျွန်တော်အမြင်ပါ။
မိုက်ကယ်ဂျော်နီအောင်ပု
February 22, 2011 at 5:39 pm
ကြက်မတစ်ကောင်ဝယ်ပါ
မသကာ ငါးထောင်ကျပ် မြန်မာငွေ
ကြက်မတို ့ဘာဝ ကြက်ဖနှင့်တွေ ့ပြီးနောက် လင်မယူဘဲ
ဥ ဥလတ္တံ ့
and than
ထိုဥများမှ ကြက်ထီး နှစ်ကောင်နှင့် ကြက်မရှစ်ကောင်ပေါက်လာလတ္တံ ့
and than
ထိုကြက်တို ့သည် သွေးသားခြင်းတော်စပ်သော်လည်း
စာပေမတတ် သိပ္ပံမတတ်ဘဲ
အမနှင့်အထီး ပေါင်းစပ်သောခါ ဟူသောနိယာမကိုသာသိ၍
မျိုးများဆက်လက်ပွားများလတ္တံ ့
and than
and than
and than
and than
and than
and than
and than
and than
and than
and than
and than
and than
and than
and than
and than
and than
ဦးတေဇလည်းသနားတယ်
ဘီဂိတ်လဲသနားတယ်
bigcat
February 23, 2011 at 7:10 am
မပိုင်ဝက်မွေးတဲ့ဗျ။ ဝက်တကောင်ဝယ်၊ အိမ်အောက်မှလွှတ်ထား။ အချိန်တန်တော့ရောင်းလိုက်။ ဦးတေဇလည်းသနားတယ် ဘီဂိတ်လည်းသနားတယ် ကိုပုကိုလည်းသနား……..တယ်။
etone
February 23, 2011 at 8:56 am
မယုံပါဘူး… ။ ဟိုဟာစားပြီး ပြောတာတောင် သူတို့ ကြိုက်လို့စားတယ်ပဲ မှတ်တယ် … ။ ဒင်းတို့တွေ ပြောတာ .. .ယုံကို မယုံဘူး ။
draungkyawkyawoo
February 23, 2011 at 9:32 am
ဟိုးတလောက အောင်သမာဓိရွှေဆိုင်ပိုင်ရှင် အကြောင် မြန်မာတိုင်းမ်လား ၊ ဘယ်ဂျာနယ်လဲ မသိဘူး ဖတ်မိလိုက်သေးတယ်… ကွမ်းယာရောင်းပြီး ကြီးပွားလာတာ အခု ရွှေကုန်သည်ဖြစ်ရော .. ။ ကံအကျိုးပေးနဲ့လည်း ဆိုင်သလို ကိုယ်ကလည်း ဘယ်နေရာက ပိုက်ဆံရမလဲ ၊ ဘာလေးရင်းပြီး လုပ်ရင် ကောင်းမလဲ ၊ ဘယ်ဟာတွေဝယ်ပြီး စိုက်ပျိုးမလဲ .. စတာတွေ ဆုံးဖြတ်ချက်မှန်ဖို့တော့လိုပါတယ် .. ။ စမ်းတဝါးဝါးနဲ့ သွားရင် းအချိန်တွေ ကုန်ခဲ့တာ ကိုယ်တွေ့ပါပဲ .. ။
intro
February 23, 2011 at 12:53 pm
ကဲ ဥပမာ တစ်ခု ပြောကြည့်မယ်… CDMA 800 လေးနဲ့ အင်တာနက် လျှောက်ပြီး လက်တော့ခ် တစ်လုံး၊ နှစ်လုံးလောက်နဲ့ pfingo လို နိုင်ငံခြားဖုန်း လုပ်စားမယ်၊ ဘယ်လိုလဲ ?
ဆူး
February 23, 2011 at 1:20 pm
နိုင်ငံခြား ဖုန်း လုပ်စားတယ် ဆိုတာ တပိုင် တနိင် လုပ်တဲ့ အလုပ်ပေါ့။ အနီး အနားမှာ အင်တာနက် ဆိုင်တွေက ပွနေတော့ အခု ခတ်သိပ်မထ တော့ဘူး။ ဒါပေမဲ့ နယ်ဘက်မှာ သွားဖွင့်ပြီး လုပ်မယ် ဆိုရင်တော့ ဖြစ်နိုင်ပါတယ်။ နယ်မှာလည်း စုံစမ်း နိုင်ငံခြား ခေါ်ဖို့ အလားအလာ ရှိတဲ့ မိသားစုတွေ များများ ရှိတဲ့ အရပ်မှာ သွားဖွင့်မှ ဖြစ်မယ်။
ဆူး
February 23, 2011 at 1:15 pm
တချိန်က အင်္ဂလိပ်ထွက် ဂျပန်ဝင် နောက် အင်္ဂလိပ်ပြန်ဝင် မြန်မာ နိုင်ငံ လွတ်လပ်ရေးရတဲ့ အချိန် ဝန်းကျင်မှာ တဖက်နိုင်ငံက တရုတ်တွေ စစ်ဖြစ်လို့ စစ်ထဲ မဝင်ချင်လို့ ပြည်တော် ပြစ်ပြီး ပြေးတဲ့ အချိန်မှာ ဝင်လာတဲ့ တရုတ်တွေ မြန်မာ နိုင်ငံ လွတ်လပ်ရေးရတဲ့ အချိန်မှာ တော်တော် နေရာရပြီး အချိန် အနည်းငယ် ကြာတဲ့ အချိန်မှာ လူချမ်းသာ တမ်းဝင်လာကြတယ်။ တရုတ် မှ မဟုတ်ပါဘူး ကုလားတွေ လည်း ဒီလိုဘဲ။ ဦးနေဝင်း ခေတ်တုန်းကတော့ ကုလားတွေ ပြည်သူပိုင်သိမ်းလို့ ပြေးခဲ့ ပြည်တော်ပြန်ခဲ့ ရတာတွေ ရှိတယ်။ လုပ်တော့ လုပ်ကြတာဘဲ ဘာလို့ မှန်း ကို မသိဘူး။ မြန်မာ ကို လာတဲ့ တရုတ်နဲ့ ကုလား အောက်ခြေက စဝင်တာ လူချမ်းသာ ဖြစ်လာ ကြတယ်။ မြန်မာပြည် ပြင်ပက မြန်မာတွေ သူများနိုင်ငံမှာ အောက်ခြေက စဝင်ကြတယ် အခွင့် အရေး တန်းတူ မရကြဘူး။ အခုတော့ ဒူးနမ့် နေတဲ့ လူတွေ အားကြီးဘဲ။
intro
February 23, 2011 at 2:05 pm
နိုင်ငံခြားဖုန်းက နေရာအကွက်အကွင်းကောင်းရင် အဆင်ပြေတယ်ဗျ… ကျွန်တော်သွားပြောနေကျဆိုင်ဆို ဆိုင်က ကောင်လေးနဲ့ ရင်းနှီးနေတော့ စကားစပ်ရင်းမေးမိတာ… pfingo အတွက် ဝင်ငွေက တစ်ရက်ကို အနည်းဆုံး ရ သောင်း ကျော်တယ် ဆိုပဲ… ရန်ကုန်မြို့ထဲက မြို့နယ်လေး တစ်ခု မှာပဲနော်…
MaMa
February 23, 2011 at 2:39 pm
ကံ၊ ဉာဏ်၊ ဝီရိယတဲ့။ ၃ခုလုံးပါမှ ကြီးပွားတိုးတက်နိုင်မယ် ထင်ပါတယ်။ ဆရာတစ်ယောက်ရေးပေးတဲ့ စာကိုပြန်ပြီးဝေမျှလိုက်မယ်။ အလုပ်တစ်ခု လုပ်တဲ့အခါ `ဉာဏ်ကို လွှာပြီးသုံးပါ၊ ဝီရိယကို အစွမ်းကုန် စိုက်ထုတ်ပါ၊ ဘာမှဖြစ်မလာရင်တော့ ကံကို ပုံချလိုက်ပေါ့´ တဲ့လေ။
တရားမျှတမှုကိုရှာဖွေရင်း ရှုံးနိမ့်နေသူတစ်ဦး။
February 23, 2011 at 6:59 pm
ချမ်းသာတယ်ဆိုတာ ငွေကိုပြောတာလား။ တတ်နိုင်စွမ်းကို ပြောတာလား။ မြန်မာပြည်တခွင် လှည့်ပတ်ကြည့်လိုက်စမ်းပါ။ ခလေးပုစုခရုတွေ ရွှံတောထဲမှာ၊ လမ်းဘေးမှာ၊ ပိန်ညှောင်ညှောင်လူတွေ နေပူကြီးထဲ မနိုင်ရင်ကန်ထမ်းလို့ သွားလာ ရုန်းကန်နေကြရတာတွေ။ လူတွေကို အကောင်းဆုံးပေးလှူခြင်းဟာ ဘာလဲသိလား။ ဘဝဗျ၊ ဘဝ။ သူတို့တွေရဲ့ဘဝကို ပေးနိုင်ခြင်းဟာ အကောင်းဆုံးအမွန်မြတ်ဆုံးအလှူ။ ဘဝတွေပြောင်းဖို့ဆိုတာ ဖောင်ဒေးရှင်းတွေလုပ်ပြီး ငွေတွေဘီလျံချီပြီး လှူလည်း မပြောင်းဘူးဗျ။ နိုင်ငံရေးကသာလျှင် တစ်နိုင်ငံလုံးမှာရှိတဲ့ လူတွေရဲ့ ဘဝကိုပြောင်းလဲစေနိုင်တာ။ ဒါကြောင့် နိုင်ငံရေးဆိုတာ အမွန်မြတ်ဆုံးသောအလှူ။နိုင်ငံရေးသမားဆိုတာ တကယ်စွန့်လွှတ်အနာခံတဲ့လူ။ ခေတ်ပျက်ကြီးထဲ သူဌေးလာဖြစ်တဲ့လူတွေ ဂုဏ်ဆည်ပြနေတာ လုံးဝအထင်မကြီးဘူး။ ဘီလ်ဂိတ်ကို လေးစားပေမယ့် ဒေါ်ဆောင်ဆန်းစုကြည်လောက်မဟုတ်ဘူး။ မချမ်းသာလို့ ကျွန်တော် စိတ်မဆင်းရဲဘူး။ ကျွန်တော် နိုင်ငံရေးသမားမဟုတ်ဘူး။ ဒါပေမယ့် တိုင်းပြည်အတွက် အုတ်တစ်ချပ်သဲတစ်ပွင့်ဖြစ်ပစေ၊ တတ်နိုင်သလောက်လုပ်မယ်။ ခေတ်ပျက်စောက်သူဌေးတွေကို အထင်မကြီးဘူး။