အလုပ်တစ်ခု တန်ဖိုး

etoneFebruary 22, 20111min1603

ကျမအချစ်ဆုံးသူငယ်ချင်းတစ်ယောက်ရှိပါတယ်… ငယ်ငယ်လေးကတည်းက အတူတူ ကျောင်းတက်လာတာပေါ့ … အိမ်ကလည်း မနီးဘူးဆိုပေမဲ့ မဝေးလွန်းတာကြောင့် အမြဲလိုလို အဆက်သွယ်ရှိခဲ့ပါတယ်…။ ကျမသူငယ်ချင်းက အေးပါတယ်… ။ ရိုးအတဲ့လူစားမျိုးပါ… သူ့မှာ အမြဲ သူများ အနိုင်ကျင့်ခံနေရတာ များပြီလေ … ။ ကျမကပဲ သူ့ဘဝမှာ တိုင်ပင်ဖော်တိုင်ပင်ဖတ်ပေါ့… မူလတန်းကတည်းက အပေါင်းသင်းဖြစ်ခဲ့ပြီး နှစ်တွေကြာလာတော့ … သံယောဇဉ်လည်းဖြစ်ခဲ့ရတာပေါ့… ။ နောက်ကြုံမှ ပဲ သူနဲ့ ပတ်သတ်တဲ့ အူလည်လည် ဇာတ်လမ်းတွေ ရောင်တောင် ပေါင်တောင်လေးတွေ ထည့်ရေးရပါဦးမယ ်.. အဖြစ်ပျက်တွေက အမှတ်တရနဲ့ ရယ်စရာလေးတွေ ကျန်ခဲ့တာကြောင့်ပါ… ။ ကျမသူငယ်ချင်း နဲ့ ကျမနဲ့ ငယ်ငယ်ကတည်းက အတူ ကျောင်းတက်လာတာဆိုပေမဲ့ ဆယ်တန်းအောင်လို့ လိုင်းခွဲပြီး တက္ကသိုလ်ရွေးတော့ ကျမနဲ့ သူနဲ့ တလိုင်းဖြစ်ခဲ့တာပေါ့… ။ သူကတော့ အဝေးသင်တက်ရင်း အလုပ်လုပ်ပါတယ်… ။ ကျမမှတ်မိသလောက် အလုပ်အပေါ် သံယောဇဉ်ဖြစ်တာ မတွေ့ရပါဘူး … ။ သူက အနေအေးသလို ဘာကိုမှ အပူပင်မရှိတဲ့ လူလို အမြဲနေပါတယ်… စိတ်ပူစရာလည်း မရှိသလို ၊ အရာရာကို အေးဆေး ကျော်ဖြတ်တဲ့လူမျိုးပါ… ။ ကျမကသာ အမြဲတမ်း သူ့ကို အားမလို အားမရဖြစ်ပြီး တွန်းအားပေး လှုံ့ဆော် နေရတာပေါ့… ။ တစ်ခါတစ်ခါ ကျမကို ဗျစ်တောက်ဗျစ်တောက်နဲ့ အဖွားကြီးနဲ့ တူတယ်လို့လည်း ပြောသေးတယ် ။ ကျမသူငယ်ချင်းက အလုပ်တစ်ခုမှာ ကြာကြာစွဲပြီးလုပ်လေ့မရှိဘူး …။ တစ်ခုခု အဆင်မပြေဖြစ်လာတာနဲ့ ဘာမှ မစဉ်းစားပဲ ထွက်လိုက်ပါတယ်… သူအကြာဆုံး အလုပ်လုပ်ခဲ့တာ အစိုးရရုံးတစ်ခုမှာပါ … လုပ်သက်၂နှစ်ကျော်ပေါ့… ။ ဟိုတယ်မှာလည်း အလုပ်လုပ်ဖူးတယ်… တခြား ကုမ္ပဏီတွေမှာလည်း အလုပ်လုပ်ခဲ့ဖူးပါတယ်…။ သူသဘောမကျရင် အလုပ်ထွက်ကာ အိမ်မှာ ထိုင်နေတတ်ပါတယ်..။ အလုပ်ကိုလည်း အသက်မွေးဝမ်းကြောင်းရယ်လို့ သတ်မှတ်ထားပုံမရပေ… ယခုတော့ သူဒီမှာ မရှိတော့ပါဘူး ပြီးခဲ့တဲ့ တနှစ်ကျော်ကတည်းက စင်္ကာပူသွားပြီး အလုပ်လုပ်ပါတယ်… ခဏတော့ အဆက်သွယ်ရခဲ့ပေမဲ့ … နောက်တော့ စာမလာ သတင်းမကြား ဖြစ်နေပြီပေါ့… အဆင်ပြေရဲ့လားတွေးပြီး စိတ်ပူမိပါရဲ့… ။ သူ့အိမ်ကိုလည်း အဆက်သွယ်မလုပ်ပါဘူးတဲ့… ။ ဆယ်စုနှစ်နှစ်ခုတာလောက် အတူတူနေထိုင်သွားလာခဲ့တဲ့ ကျမသူငယ်ချင်း အခု ဘယ်လိုများဖြစ်နေပါ့လိမ့် စိတ်လည်း မောမိပါတယ်… ။ ပြောခဲ့တဲ့ အတိုင်း ကျမသူငယ်ချင်း အလုပ်ခုန်ရင်း … နောက်ဆုံး အလုပ်လုပ်ခဲ့တာက ဆေးကုမ္ပဏီတစ်ခုမှာပါ… ။ သူ့အလုပ်က ဆေးရုံတွေ ၊ ဆေးခန်းတွေကို သွားရပါတယ်… သူတို့ဆီက တင်သွင်းတဲ့ ဆေးတွေကို အစမ်းသဘော မိတ်ဆက်တဲ့အနေနဲ့ ဆရာဝန်တွေကို ဆေးတွေ လက်ဆောင်ပေးရတာပါ..။ တစ်ချို့ ဆေးတွေမှာ ဈေးကွက်ထဲ နာမည်ရနေသော်လည်း လက်ဆောင်ပေးတဲ့ အထဲပါနေပြန်တဲ့အတွက် ကျမက အံ့အားသင့်ပြီးမေးတဲ့ အခါ ရောင်းအားမြင့်အောင်ပေးတာလို့လည်း ရှင်းပြပါတယ်… ။ ဆေးတွေ သွင်းဖို့အတွက်မဟုတ်ပဲ … လက်ဆောင်ဆေးများသာ လိုက်ပေးရသော သူ့အဖြစ်ကို ကျမက light ဖြစ်တဲ့ အလုပ်မျိုးလို့လည်း အလွယ်တကူ ကောက်ချက်ချမိပါသေးတယ်… ။ ဆေးလက်ဆောင်များနှင့်အတူ company logo တို့ နာမည်တို့ တပ်ထားသော ဘောလ်ပင်များလည်း ပေးတတ်ပါတယ်… ။ မိတ်ဆက်တဲ့ ဆေးရဲ့ နာမည် နဲ့ လိုဂိုပါတဲ့ စာတမ်းများ ရေးထိုးထားတဲ့ note book အသေးလေးတွေ ၊ ကီးချိန်းတွေလည်း ပေးတတ်ပါသေးတယ်… ။ အဲ့ဒီအချိန်တုန်းကတော့ ကျမဆေးတွေ ဝယ်သောက်စရာမလိုပဲ ဆရာဝန်တွေ လက်ဆောင်ပေးဖို့ ရတဲ့ သူ့ကိုယ်တာထဲက ကျမသုံးဖို့ ပြန်ခွဲပေးတတ်ပါသေးတယ် ။ သူ့အလုပ်က ဆရာဝန်တွေနဲ့ တွေ့ပြီး ပေးရုံသာဖြစ်တာကြောင့် ခေါင်းစားစရာလည်း မလို၊ ရောင်းအား အမှတ်တက်အောင်ရောင်းရတဲ့ percentage စား ပရိုမိုတာတွေလိုမျိုးလည်း ဂျပိုးကို လိပ်ဖြစ်အောင် ပြောစရာလည်း မလို ဆိုတော့ … ပေါ့ပေါ့ပါးပါးလုပ်နေရတာ သူ့အတွက် အပူပင်မရှိခဲ့ပါဘူး ။ တစ်နေ့ … သူတို့ ဆီကို သူဌေးလာလည်မယ်လို့ သတင်းကြားတော့ တစ်ခါမှ မဆင်ဖူးတဲ့ ယူနီဖောင်းတွေလည်း ချုပ်ရတာပေါ့ ..။အပေါ်က အရောင်နုလေးပါ.. အောက်ကတော့ အရောင်ရင့်ကို မီနီစကတ်တိုလေး ချုပ်စေပါတယ်… ။ သူဌေးလာတဲ့နေ့ မိန်းကလေးတွေ အဲ့ဒီလို ဝတ်ခိုင်းတာပေါ့ လေ… ။ ကျမအလုပ်ဆင်းလို့ သူငယ်ချင်းဆီသွားတော့ အသစ်စက်စက်ယူနီဖောင်းကို ကိုင်ပြီး ငိုင်တိုင်တိုင်ဖြစ်နေလို့ မေးကြည့်တော့မှ … ယူနီဖောင်း မီနီစကတ်မဝတ်ရဲတာကြောင့်ပါတဲ့ …။ ဟုတ်ပါတယ်… ကျမသူငယ်ချင်းက အနေအေးသလို အဝတ်စားလည်း ရိုးအေးပါတယ်… ။ ဟော့ဟော့ရမ်းရမ်းတွေလည်း မဝတ်ရဲခဲ့ပါဘူး….။  သရီးကွာတားလောက်ကာ ကျမမြှောက်ပေးလွန်းလို့ ဝတ်ဖူးခဲ့တာ အဲ့ဒီထက် အတို သူမဝတ်ရဲခဲ့ပါဘူး … ။ ယခု မီနီစကတ်ပေါင်တိုနဲ့ ဆိုတော့ တကယ့်ကို စိတ် ဒုက္ခဖြစ်နေတာပါ… ။ ကျမက အကြံပေးပါတယ်… ဟာလာဟင်းလင်းကြီးဖြစ်နေတယ် ထင်ရင်လည်း ခြေအိတ်ပါးလေးထပ်ဝတ်လိုက်လို့ … ဒါဆို ဘောင်းဘီရှည်ဝတ်ထားတာနဲ့ တူတယ်လို့ စိတ်ထဲမှတ်ထားလို့ ပြောတာ အင်းဆိုပြီး …. သူ့ အသစ်စက်စက် ယူနီဖောင်းကို သေတ္တာထဲပြန်ထည့်နေပါတယ်…။ ကျမလည်း သူတို့ အိမ်မှာ ညစာစားပြီး အိမ်ပြန်ခဲ့ပါတယ်..။ နောက်နေ့ ရုံးဆင်းတော့လည်း သူတို့ အိမ်ကို ခဏ ဝင်လည်ဖြစ်သေးတယ်…။ သူ့အဒေါ်က ပြောပါတယ် မနက်က စကတ်ဝတ်ရမှာစိုလို့ ရုံးမတက်ပါဘူးတဲ့… မန်နေဂျာတွေရော ၊ အထက်အရာရှိတွေကပါ.. အရေးကြီးလို့ ရုံးလာပါ သူဌေးက လူစုံတွေ့ချင်တယ်မှာထားတာ မီနီစကတ်မဝတ်ချင်လို့ ရုံး ပျက်လေခြင်း နော်… ။ ကျမလည်း သူယုံကြည်ရာ ရွေးချယ်တဲ့အတွက် အပြစ်မပြောချင်တော့ပါဘူး…ဒါနဲ့ စကားနည်းနည်းပြောပြီး အိမ်ပြန်ခဲ့ပါတယ်… ။ နောက်ရက်တွေကျတော့ ရုံးမှာ အချိန်ပိုဆင်းအလုပ်လုပ်ရတဲ့ အတွက် အိမ်ပြန်ချိန်နောက်ကျလို့ သူ့ဆီ အလည်မသွားဖြစ်တော့ပါဘူး.. တပတ်ဆယ်ရက်လောက် အကြာမှာတော့ တစ်ခေါက်ပြန်ရောက်သွားပါသေးတယ် … ။ မချောက အဲ့ဒီနေ့ကတည်းက အလုပ်မဆင်းတော့ပဲ အလုပ်ထွက်လိုက်ပါသတဲ့ ကိုယ့်စိတ်တိုင်းကျ အလုပ်ပြုတ်ခံပြီး မသွားပဲ နေတဲ့ စိတ်ကို ချီးကျူးရမလား ၊ သူဌေးလာတဲ့နေ့က မသွားတာကို ဖြေရှင်းရမှာစိုးလို့ ရှောင်ပတ်ပြေးနေတဲ့ စိတ်ကို သရဲဘောကြောင်တဲ့ အစားထဲ ထည့်ရမလား မတွေးထားခင် သူကတော့ အလုပ်တစ်ခု ပြုတ်သွားခဲ့ပြီပေါ့နော် … ။ အခုတော့လည်း စလုံးမှာ အဆင်ပြေလား မပြေဘူးလား ဘာမှ သတင်းမကြားရပဲ ပျောက်နေခဲ့တာ နှစ်ပတ်လည်တောင် ကျော်ပါပြီ… ။

ဒီနေ့မနက် ကျမ ချစ်သူနဲ့အတူ သူ့အလုပ်ကို ခဏလိုက်သွားတော့ ွ နားနေခန်းမှာ ကျမထိုင်ပြီး ဂျာနယ်ဖတ်နေပါတယ်…။ တခြား သူရဲ့ လုပ်ဖော်ကိုင်ဖက်တွေလည်း အဲ့ဒီအခန်းမှာ ရှိပါတယ်… သူတို့ စားပွဲတွေမှာ စာဖတ်သူကဖတ်၊ စကားပြောတဲ့လူကပြော ၊ စာရင်တွေ ရေးခြစ်တဲ့လူကခြစ်နဲ့ အလုပ်ရှုပ်နေလေရဲ့ … ။ နောက်တော့ မကြာပါဘူး … ကောင်မလေးတွေ ရောက်လာပြီး တိုးတိုး တိုးတိုးနဲ့ သူတို့ကို တစ်စုံတစ်ခုလက်ဆောင်ပေးဟန်ပါ..ကျမလည်း ဂျာနယ်သာဖတ်နေတာ စိတ်တော့ ဝင်စားသား… ဘာတွေ ပေးနေတာလည်းပေါ့… တယောက်ပြီးတယောက်ပေးပါတယ်… ။ ဂျာနယ်စာမျက်နှာသာဖွင့်ထားတာ နားနဲ့ ကတော့ စွင့်နေတာပေါ့.. မျက်စိဒေါင့်လေးကပ်ပြီးလည်း လှမ်းလှမ်းရှိုးသေးတယ်… ။ မမြင်ရဘူးလေ… ။ ကျမခေါင်းနည်းနည်းစောင်းပြီး ကြည့်ပါတယ်.. အဲ… မြင်ရတော့ မယ်… ။ အော် … ဆေးကဒ်လေးတွေပါလာ… ဒါကုမ္ပဏီတွေက လူတွေ လွှတ်တဲ့ ဆေးကြော်ငြာတာမှန်းသိပြီ…. အံမယ် .. ကောင်လေးတွေလည်းပါတယ်တော့… ။ ကောင်မလေးတွေချည်းထင်တာ …ကောင်လေးတွေ လည်း ပါတာပါလား။ ကျမတယောက်ထဲ စပ်စုပြီး နေတုန်း ဘေးမှာ ဖြုန်းကနဲ မင်္ဂလာပါလို့လာနှုတ်သံကြောင့် သူခိုးလူမိသလို လန့်သွားမိပါတယ်… ။ နောက်သူက ကျမကို ဆေးကဒ်လေး တစ်ကဒ ်လက်ဆောင်အဖြစ် လာပေးပါတယ်..ပြီးတော့ နှုတ်မှလည်း ပါဝင်တဲ့ ပစ္စည်းတွေကို ရွတ်ပြပါတယ်… ။ ကျမလည်း သူလာပေးတော့ ဘုမသိဘမသိ လက်မြန်ခြေမြန်နဲ့ ယူထားလိုက်တယ်ပေါ့ .. အဟီး…  😛 ( လက်နှေးနေရင်မရမှာစိုးလို့ ) အဲ့ဒီ ကောင်လေး လာပြောတဲ့ အထဲမှာ ကျမ နားလည်တာဆိုလို့ … အင်း … မီလီဂရမ် ဆိုတာလေးပဲ သိတယ် အဟီး… ဒါပေမဲ့ ပြန်မမေးပါဘူး … ။ ထိုင်နေလိုက်တယ်… ။ သူ့ဘာသာသူ တစ်မိနစ်နီးပါး ပွစိပွစိပြောပြီး ပြန်သွားတော့ ကျမလည်း သက်ပြင်း ရှည်ကြီး ချရတာပေါ့… ။ မကြာပါဘူး … ။ နောက်ကောင်မလေးတွေ ကျမနားထပ်ရောက်လာတယ် … ။ ဒီတစ်ခါတော့ ဘာမှ မရှင်းပြပဲ လက်ဆောင်လို့ ပြောပြီး စာအုပ်လေးတွေပေးတယ်… ။ ကျမပျင်းရင် စက္ကူခေါက်တဲ့ လေယာဉ်ပျံလေး လုပ်ပြီး ဆော့လို့ရတာနဲ့ ယူထားလိုက်တယ်… ။ နောက်ကောင်မလေးတွေက ဒီဟာလေး စမ်းသုံးပေးပါလို့ပြောပြီး ဆေးကဒ်လေးတွေ လာပေးတယ်… ။ နောက်မှ ကျမသိတာက သူတို့က ဆရာဝန်နားနေခန်းမှာ ထိုင်နေတဲ့ ကျမကို ဆရာဝန်တစ်ယောက်ပဲ ထင်ပြီး လက်ဆောင်တွေ လာပေးသွားခြင်းပါ… ။ ဟိဟိ …  မှားပေးတာပဲ ကျမ လုယူတာမှ မဟုတ်တာ … ။ ကျမချစ်သူတွက် ကိုယ်တာ တစ်ခု ၊ ကျမအတွက် တစ်ခု ဆိုတော့ ….သူများ ထက် နှစ်ဆ ဆေးတွေ လက်ဆောင်ရပါတယ်…. ။ ဆေးလက်ဆောင်ပေးတဲ့ ကောင်မလေးတွေ ၊ ကောင်လေးတွေ ပြန်သွားတော့မှ ကျမ စိတ်ထဲ လွမ်းသလိုလိုဖြစ်လာပါတယ်… ။ ကျမရဲ့ အသံမလာ သတင်းမကြားရတဲ့ ပျောက်နေတဲ့ သူငယ်ချင်း အကြောင်းလေး တစွန်းတစ တွေးမိပြန်တော့ စိတ်ထဲ မကောင်းပြန်ဘူး ။ ဒီလို လက်ဆောင်ပေးရတဲ့ အလုပ်ကို ပေါ့ပေါ့တန်တန်ပဲ ထင်ခဲ့ပေမဲ့… အလုပ်တိုင်းမှာ သူ့အခက်ခဲနဲ့ သူရှိတယ်ဆိုတာ သိခွင့်ရခဲ့ပါတယ် … ။ ဆေးလက်ဆောင်ပေးတာတောင် အရေးမလုပ်တဲ့ ဆရာဝန်တွေလည်း ရှိပါတယ်.. ။ တစ်ချို့ကလည်း စိတ်ဝင်စားတဲ့ အမူရာမပြပါဘူး ..။ တင်ထားခဲ့လို့ပြောတဲ့လူကလည်း ပြောပါတယ်.. နှုတ်ခမ်းကွေးယုံပြုံးပြပြီး စိမ်းစိမ်းကြီး ပြန်စိုက်ကြည့်ကာ ပြောသမျှ နားထောင်နေတဲ့ ဆရာဝန်တွေလည်း ရှိပါသေးရဲ့ ။ ရိုရိုကျိုးကျိုး မကြည်မှန်းမသိ ကြည်မှန်မသိ လက်ဆောင် ပေးရတာတောင် မျက်နှာရိပ်ကဲ ကြည့်ရတာ တော်တော် စိတ်တိုဖို့ကောင်းတယ် … ။ ကျမကတော့ မျက်နှာချိုသွေးပြီးလုပ်ရတဲ့ အလုပ်မျိုး မလုပ်ချင်ပါဘူး ။ အလုပ်နဲ့ ပတ်သတ်လည်း မှန်မှန်ကန်ကန်ပဲ လုပ်ချင်တယ်.. အောက်ကျို့စရာလည်း မလိုဘူးလေ … ။ အလုပ်မှာ တစ်ဦးအပေါ် တစ်ဦးလေးစားရင် ရပါပြီ … ။ ကျမသူငယ်ချင်း လုပ်ခဲ့တဲ့ အလုပ်က ခက်ခဲခဲ့မှန်း ကျမသိခွင့်ရခြင်းနဲ့ အတူ ပေါ်မလာ တော်တော်ကြာပြီဖြစ်တဲ့ သူ့သတင်းလည်း စောင့်နေခဲ့တာ ဒီနေ့ ထိအောင်ပါပဲ .. မနက်ဖြန်လည်း စောင့်ဦးမှာပါပဲ… ။ သေလား ရှင်လား မသိတဲ့ လူအတွက် စိတ်ပူနေမိတာ ကိုယ့်ဒုက္ခကိုယ်ရှာ ကိုယ့်မီးကိုယ်မွှေးနေသလိုဖြစ်နေခဲ့ ပေမဲ့…  ကျမနဲ့ အနှစ် နှစ်ဆယ်ကျော် ပေါင်းလာတဲ့ သူငယ်ချင်းလေ …… အဆင်ပြေပါစေလို့ပဲ … ဆုတောင်းပေးရုံကလွှဲလို့ … ဘာမှမလုပ်ပေးနိုင်တော့ပါဘူး ။ ။

17th Feb,11

3 comments

  • Foreign Resident

    February 22, 2011 at 11:15 pm

    Dear e tone,

    In Australia,
    Most of the hospitals do not allow the medical representatives to enter their premises nor meet with their doctors.
    Some of the clinics ask a lots of money to meet with their Doctors,
    even it’s in doctor’s lunch or leisure time.
    Because, they don’t want their doctors to be annoyed by those rep.

    Generally, they need to prepare a good lunch, sample medicines & some presents in retreat room of this clinic & wait for doctors.
    Even that, sometimes none of the doctors come to have their lunch
    nor received their gifts nor listen their advertising.
    The nurse come & easily says “doctors are busy & if you wish to, you can left your things”. That’s all.
    Bcoz, time is precious for doctors than meet with reps.

    In addition, if the medical rep sponsors for conference & dinner,
    this must be very decent & grand dinner ( eg: with lobsters ),
    otherwise no doctors will come & waste their time.

    I heard, one doctor cruelly said to rep that if you treat with take away level dinner then we will not come,
    then, those rep prepared lobster dinner in famous restaurant.

    For your reference,
    Australian Fellow level Doctor salary = minimum 1000 US$ per day.
    Some famous Specialist Doctors got 1000 US$ per hour.

    Finally, it seems Burmese Med Reps are still luckier than Aussies.

    • Foreign Resident

      February 23, 2011 at 3:08 am

      I want to add ( or boast ) one thing more,
      It’s a Myanmar Doctor who said to Medical Rep.

      “” I heard, one doctor cruelly said to rep that if you treat with take away level dinner then we will not come,
      then, those rep prepared lobster dinner in famous restaurant “”

  • eros

    February 23, 2011 at 2:36 am

    etone ရေ marketing လေ၊ အလကားလက်ဆောင်ပေးတာမှမဟုတ်တာ။ အပေါ်က foreign Resident ပြောတာမှန်တယ်။ သူများနိုင်ငံမှာ marketing ဆင်းရတာလွယ်တာ မဟုတ်ဘူး။

Leave a Reply