Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ပွင့်သောပန်းတိုင်း.. လန်းစေချင်.. (၃) by May Aye Oo

padonmarFebruary 23, 20111min1930

ပွင့်သောပန်းတိုင်း.. လန်းစေချင်.. (၃)
by May Aye Oo on Thursday, September 23, 2010 at 10:35am

သူကလေးကတော့ မနှစ်က သီတင်းကျွတ်ကျောင်းပိတ်ရက် မြန်မာပြည် အလယ်ပိုင်း မကွေးတိုင်း၊ ပခုက္ကူ ခရိုင် က `မြိုင်´ မြို့ကလေးမှာ ကလေးယဉ်ကျေးလိမ္မာသင်တန်း ဖွင့်တုန်းက တွေ့ခဲ့ရတဲ့ ၆ တန်းကျောင်းသူလေး ပေါ့…

ကျမတို့ ၂၀၀ဝ အဖွဲ့ရဲ့ ကလေးယဉ်ကျေးလိမ္မာသင်တန်း ဆိုရင် ဘယ်မှာဘဲဖွင့်ဖွင့် ကလေးတွေက တအား ပျော်ကြတာ ထုံးစံပါဘဲ.. ယဉ်ကျေးလိမ္မာသင်တန်း ဆိုပေမဲ့ ယဉ်ကျေးလိမ္မာ ဖို့ တရားတော်လာ အကြောင်း အရာ တွေနဲ့ လောကနီတိ သက်သက် တင် မကဘဲ.. ကျန်းမာရေးစစ်ပေးတယ်၊ ကျန်းမာရေး ဟောပြောပွဲတွေ လဲလုပ်ပေးတယ်၊ အထွေထွေ ဗဟုသုတ အကြောင်းလဲပါပြီး .. အဖွဲ့လိုက်ပြိုင်ပွဲတွေ၊ သီချင်းတွေ၊ ကစားနည်း တွေ အပြင်.. ဆရာ၊ ဆရာမ တွေနဲ့ ကလေးတွေလဲ အတူတူက ကြတာမို့.. ဆရာ၊ ဆရာမတွေရော ကလေး တွေ ပါ.. အရမ်းကိုပျော်ကြတာပါ.. ။

သင်တန်းရဲ့ ပထမရက်မှာတော့ . . ကလေးတွေအားလုံး Register လုပ်ပြီးတော့ ဆရာဝန်တွေက ကျန်းမာရေး စစ်ပေးကြပါတယ်..။ အားလုံးပြီးရင် ကျောင်းထိုင်ဆရာတော်ထံမှာ ၅ပါးသီလ ယူ၊ ဩဝါဒခံ ပြီး သင်တန်းကို စ ကြပါတယ်။

သင်တန်းပထမရက်အပြီးမှာဘဲ ကလေးတွေဟာ.. ရဲပြီးသွက်လာပါပြီ.. မနက်ဖြန်မနက် ၈ နာရီ သင်တန်းစ မယ်နော် လို့ မှာလိုက်ရင်.. မိုးလင်း မနက် ၆နာရီခွဲလောက်ကတည်းက ဘုန်းကြီးကျောင်းကို ရောက်လာကြ တယ်လေ..။ သင်တန်းပြီးချိန်ရောက်လို့.. ပြန်တော့လို့ဆိုရင်တောင် ဆက်သင်ပါအုံး လို့ အော်တတ်ကြတာ..။

သင်တန်းဒုတိယနေ့မှာပေါ့..သူကလေးက.. အငိုမျက်နှာနဲ့၊ ပါးပြင်ပေါ်က သနပ်ခါးမှာလဲ မျက်ရည်စီးကြောင်းနဲ့ ရောက်လာတာမို့၊ ဘာဖြစ်တာလဲ လို့ မေးကာရှိသေး၊ သူငယ်ချင်းတွေက ဝိုင်းပြီးတော့..

`ဆရာမ သူ့လက်ညှိုးပြတ်သွားတယ်.. ဆရာမ..´.. တဲ့..

`ဟယ်.. ဒါဆိုရင်.. ဆရာဝန်တွေကိုပြရမှာပေါ့..´ ဆိုပြီး.. ကျမတို့ရဲ့ Volunteer ဆရာဝန်မလေးတွေက လက်ညှိုးလေးမှာပတ်ထားတဲ့ အဝတ်စ ကိုဖြည်ကြည့်လိုက်တော့မှ.. လား.. လား.. လက်ညှိုးလေးက ပထမအဆစ်မှာ ခပ်စွေစွေစောင်းပြီး တိတိရိရိ ပြတ်နေတာကိုး..။

ဒီနေ့မနက် နွားစာ စဉ်းရင်းနဲ့ လက်ညှိုးထိပ်ကလေးပါသွားတာကိုး..။ အမေလုပ်တဲ့သူက လက်ညှိုးကို အဝတ်စတစ်ခုနဲ့ပတ်ပေးပြီး အိမ်မှာဘဲနေ.. သင်တန်းမသွားနဲ့တဲ့..၊ ဒါပေမဲ့ ကလေးမလေးက သင်တန်းကို သွားချင်လှချည်ရဲ့လို့ ပေးမသွား မချင်း ငိုနေလို့၊ ပြောမရလဲ သွားဟယ်ဆိုပြီး လွှတ်လိုက်တာတဲ့..။

`လက်ညှိုးပြတ်လေးကော..´ ဆိုတော့ လွှင့်ပစ်လိုက်ပြီတဲ့..။

ဒါနဲ့ ကျမတို့ရဲ့ volunteer ဆရာဝန်မလေးတွေကလဲ အစ်မရေ.. ဒီအတိုင်းထားရင် ပိုးဝင်သွားလိမ့်မယ်..၊ ထိပ်ကိုပြန်ချုပ်မှ ဖြစ်မှာ ဆိုတော့ မြိုင်မှာ တိုက်နယ်ဆေးရုံရှိတာမို့ ဆရာဝန်မလေးတွေက ဆေးရုံကိုသွား ပို့ကြတယ်။ သင်တန်းကလဲရှိနေသေးတော့ လူခွဲပြီးထိန်းထားရတာပေါ့..၊ အဲဒီတုန်းက သင်တန်းသား ၁၅ဝ ကျော်လက်ခံထားတယ်လေ..။

ထမင်းစားချိန်ရောက်တော့.. ထမင်းမစားနိုင်ဘဲ ဆေးရုံကိုပြေးကြည့်ကြတယ်..၊

သူ့ရွာက မြို့နဲ့ (စက်ဘီးနဲ့) တစ်နာရီကျော်သွားရတယ်။ သူ့အဖေလဲ သွားခေါ်ခိုင်းထားလို့ရောက်နေပြီ။ အမေလုပ်တဲ့သူကလဲ နို့စို့ကလေးအငယ်လေးနဲ့မို့၊ နောက်ကျမှ ရောက်လာနိုင်တယ်လေ..။ လက်ညှိုးပြတ်ကလေးကို ရွာအထိ ပြန်ပြီး သွားကောက်ခဲ့ပေမဲ့.. ပြန်ဆက်လို့ မရတော့ပါဘူး။ မနက် ၅ နာရီ လောက်၊ လင်းအားကြီးက ဖြစ်တာ.. ပြန်သွားကောက်ပြီး ဆေးရုံရောက်လာတော့ မနက် ၁ဝ နာရီလောက် ရှိသွားပြီမို့ အသုံးမဝင်တော့ပါဘူး။ ခွဲခန်းမှာ မေ့ဆေးပေးပြီးပြန်ချုပ်ရမှာမို့ ဆရာဝန်ကြီးက ကလေးအဖေကို လိုအပ်တဲ့ဆေးတွေ ဝယ်ခိုင်းပြီး၊ ခွဲမယ့် ကုန်ကျစားရိတ်.. ၃ သောင်းရှာထားပါ ဆိုလို့ ဆင်းရဲတွင်းနက်ရှာတဲ့ အဖေခမျာမှာ မျက်နှာငယ်နဲ့ပေါ့။

ကျမတို့က လိုအပ်တဲ့ဆေးတွေလဲဝယ်ပြီးတော့၊ ကလေးအဖေကို.. ဘာမှစိတ်မပူပါနဲ့၊ ကုန်ကျသမျှ စားရိတ်ကို ကျမတို့ဘဲ ကျခံပါ့မယ်.. လို့ ပြောထားရတယ်..။ ဒါပေမဲ့ ခွဲခန်းထဲက ထွက်လာတော့ ဆရာဝန်ကြီးက.. ကျမတို့ ကို.. ကုန်ကျစားရိတ်.. တစ်သောင်းခုနှစ်ထောင် ဘဲ ပေးပါ တဲ့၊ သူ့အတွက်မယူတော့ပါဘူး တဲ့၊ ဆရာဝန်တွေလဲ ပါလို့ အလကား ချုပ်ပေးလိုက်ပါတယ်တဲ့။ ကျမတို့လဲ ကုန်ကျစားရိတ်ငွေရှင်းခဲ့ပြီး၊ ဘုန်းကြီးကျောင်းကို ပြန်လာ ခဲ့ကြပါတယ်။

သင်တန်းကို ဘုန်းတော်ကြီးကျောင်းမှာ လုပ်တာဖြစ်ပြီး၊ အခမဲ့ဆေးခန်းကိုလဲ တစ်နေကုန်ဖွင့်ထားပေးပါတယ်။ ကုသမှုရော၊ လိုအပ်တဲ့ဆေးပါ.. ဒါနပြုတာပါ။

သင်တန်းက ၄ နာရီမှာပြီးတော့ ဆရာ၊ ဆရာမတွေ အမြန်ရေချိုး၊ အဆာပြေ တစ်ခုလောက်စားပြီးတာနဲ့ ရွာတွေ ကို ထွေလာဂျီနဲ့ ဆင်းကြပါတယ်။ ရွာလုံးကျွတ် လူစုလိုက်တော့ ဘု၊ စု၊ ခရု က စပြီးတော့အဘိုး၊ အဘွားတွေ အထိ၊ လာကြပါတယ်။ ကလေးတွေကိုအရင်.. ကဗျာလေးတွေသင်ပြီး၊ ပုံပြင်လေးတွေ ပြောပြပါတယ်။ ပြီးတော့ တကိုယ်ရည် သန့်ရှင်းရေး၊ အာဟာရ အကြောင်းလေးတွေ ပြောပါတယ်။ နောက်တော့.. မုန့်တွေ၊ စာအုပ်၊ ခဲတံ၊ စတာတွေကို ဝေပါတယ်။

ပြီးတော့.. လူကြီးတွေ အတွက် health talk ပေါ့။ ပါတ်ဝန်းကျင်သန့်ရှင်းရေး ကစပြီး family planning အထိ ပေါ့။ ပင်ပန်းသလောက်.. ပျော်စရာကောင်းတာတော့အမှန်ပါဘဲ။ တစ်ည ကို တစ်ရွာဆင်းပေးတာ ၄ ည၊ ၄ ရွာ ရောက်ခဲ့တယ်။ နောက်ဆုံးညမှာတော့ ဘုန်းကြီးကျောင်းမှာဘဲ.. နယ်ခံတွေနဲ့ ဆွေးနွေးပွဲလေးပေါ့..။

ကလေးမလေးက ဆေးရုံမှာ တစ်ည အိပ်ပြီးမှ ဆင်းရတာ။ သင်တန်းဆင်းတဲ့နေ့ဆိုရင် ကလေးတွေ အတွက် နိဗ္ဗာန်ဈေး (ပိုက်ဆံမပေးဘဲ အလကား) ရောင်းပေးနေကျမို့၊ ကလေးမလေးအတွက်ပါ၊ လက်ဆောင်လေးတွေ ဖယ်ထားပေးကြတယ်..။ သင်တန်းနောက်ဆုံးရက်မှာဆေးရုံအဆင်းညနေဘက် ဝင်လာလို့၊ လက်ဆောင်လေး တွေ ပေးလိုက်သေးတယ်။

မိန်းကလေးမို့ လက်ညှိုးပြတ်ကလေးနဲ့ ကြီးလာရင် ရှက်ရှာမှာလား.. နော်..

ဆရာ၊ ဆရာမတွေက ဝိုင်းပြီး မေတ္တာပေးကြလို့နဲ့ တူရဲ့ ၊ မျက်နှာလေးကတော့ လန်းရှာပါတယ်။ ကျန်းမာရေး ဗဟုသုတ နည်းပါးကြလို့ လက်ညှိုးပြတ်ကလေးကို ပြန်ဆက်ရကောင်းမှန်း မသိကြရှာဘူး .. ၊ ဒီအတိုင်း .. အဝတ်ကလေး ပတ်ထားတာ.. ပိုးဝင်နိုင်မှန်းလဲ မသိကြဘူး.. ။

လာမယ့် သီတင်းကျွတ် ကျောင်းပိတ်ရက် (နောက်လပေါ့) မှာ .. မြိုင်မှာ.. သင်တန်းဖွင့်အုံးမှာ..။ သူကလေး လာတက်အုံးမယ် ထင်ပါရဲ့။

ကျမတို့ရဲ့ သင်တန်းတွေမှာလဲ တစ်ခါတစ်လေ.. ကျောင်း ဓမ္မာရုံကကျဉ်းတော့၊ ကလေးတွေကို အရေ အတွက် ကန့်သတ်ပြီးလက်ခံရတာ..။ မနှစ်ကလဲ တက်ချင်ပေမဲ့၊ မတက်လိုက်ရတဲ့ကလေးတွေရှိတယ်.. လေ.။ အခန်းကျယ်ရင် ကျယ်သလို၊ ကလေး ၄၀၀၊ ၅၀ဝ လက်ခံပေးနိုင်ပေမယ့်၊ အခန်းကျဉ်းရင်တော့လဲ၊ ကျန်းမာရေး အရ.. ရော၊ သင်ကြားမှု ထိရောက်ရေးအတွက်ပါ.. လူဦးရေ ကန့်သတ်ရတာပေါ့လေ..။

မနှစ်က ၂၀၀၉ October မှာ ၅တန်း၊ ၆တန်း၊ ရတန်း ကလေးတွေ သင်တန်း လက်ခံမယ် ဆိုတော့၊ `ကျောင်းမနေရတဲ့ ကလေးတွေ အတွက်ကော..´ လို့ အမေးခံရတယ်..။

သူတို့ဆီမှာ အများစုက ၄ တန်း ပြီးတာနဲ့ ကျောင်းထွက်ပြီး၊ အုတ်ဖုတ်၊ ပဲနုတ် လုပ်ကြတာဘဲတဲ့။ ဒါကြောင့် ဒီနှစ်တော့ သင်တန်းကို.. ကျောင်းနေ ကလေးအတွက် တစ်သုတ်၊ ကျောင်းမနေတော့တဲ့ ကလေးတွေအတွက် တစ်သုတ်၊ လုပ်ပေးမယ်လို့ ပြောထားလိုက် ပါပြီ..။

ဒီတစ်ခါတော့ သမီးငယ်လေးရဲ့ ပုံကိုထည့်ပေးလိုက်တယ်နော်…

ကလေးတိုင်းကို ကူညီနိုင်ချင်ပါတယ်.. ..

ကူညီကြတဲ့ အလှူရှင်တွေကိုလည်း..ကျေးဇူးအထူးပါ.. ..

ထပ်လဲ.. တတ်နိုင်သရွေ့ကူညီကြပါအုံး… ..

တောင်းခံသူတိုင်းကို. . ကူညီနှိင်သောသူ.. ဖြစ်ချင်ပါတယ်… ..

ပွင့်တဲ့ပန်းကလေးများအားလုံးကို.. လန်းဆန်းစေချင်တဲ့..

ရင်မှ မေတ္တာ များစွာဖြင့်…

မေအေးဦး

2000GROUP

2000.donation.group@gmail.com

GIVE THE WORLD THE BEST YOU HAVE!

I LEARN TO GIVE NOT BECAUSE I HAVE MANY, BUT BECAUSE I KNOW THE FEELING OF NOTHING.

IF I CANNOT BE A BRICK, I WISH TO BE A PIECE OF SAND TO HEAL THE WORLD.