Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ပွင့်သောပန်းတိုင်း.. လန်းစေချင်.. (4) by May Aye Oo

padonmarFebruary 24, 20111min3807

ပွင့်သောပန်းတိုင်း.. လန်းစေချင်.. (4)
by May Aye Oo on Friday, September 24, 2010 at 9:35am

ဒီတစ်ခါတော့.. ပထမဦးဆုံး Harmony in Family Program 1/2009 မှာ တွေ့ခဲ့ရတဲ့ သမီးလေး တစ်ယောက် အကြောင်းကို ပြောချင်တာ…

ပထမအကြိမ် Harmony in Family Program ကို ၂၇-ဇွန်လ-၂၀၀၉ မှာ `မြိုင်သီလရှင်သင် ပညာရေး ကျောင်း၊ ရွှေပြည်သာ´ မှာ ဖွင့်ပေးခဲ့တယ်။

အဲဒီ program လေးရဲ့ ရည်ရွယ်ချက်ကတော့၊ မိဘ နဲ့ သားသမီးတွေကြားမှာ.. ရှိနေတဲ့ gab ကွာဟချက်လေး တွေကို ညှိပေး၊ စေ့ပေးပြီး၊ ရင်းနှီးမှု၊နွေးထွေးမှု၊ နဲ့ နားလည်မှုတွေ တည်ဆောက် ပေးချင်တဲ့ စေတနာပါ..

ကျမတို့က ကလေးတွေကိုချည်း educate လုပ်နေလို့ မရဘူး ၊ မိဘတွေကိုလည်း ဆွဲခေါ်မှဖြစ်မယ် လို့ စဉ်းစားမိပြီး ဒီ program ကို စ, လုပ်ကြည့်တာပါ။ လုပ်ကြည့်တော့လဲ အကျိုးရှိတာ တွေ့ရပါတယ်..။

အဲဒီ program ကို တစ်ခါတစ်လေ သူ့ချည်းဘဲ သီးသန့် လုပ်ပေးခဲ့ဖူးသလိုဘဲ.. ယဉ်ကျေးလိမ္မာသင်တန်းနဲ့ တွဲပြီးလုပ်ပေးတာလဲရှိပါတယ်..

အဲဒီ program သီးသန့် လုပ်တဲ့အခါ.. ပထမရက်မှာ မိဘတွေ နဲ့ သားသမီးတွေကို သီးသန့်ခွဲထားပြီး စကားပြော ပါတယ်။ သားသမီးတွေကိုတော့ လူငယ် ဆရာ၊ ဆရာမတွေနဲ့ သင်ပေးပြီး လူကြီးတွေကိုတော့ ကျမ နဲ့အတူ ဆရာဝန်တွေ နဲ့ ဦးဆောင်ပြီး၊.. ဆွေးနွေးပါတယ်…

ကလေးတွေကိုလည်း.. လိမ္မာယဉ်ကျေးဖို့ နဲ့ မိဘတွေရဲ့ အခက်အခဲနဲ့ ငွေရှာရတဲ့ ပင်ပန်းမှုကို သိရှိပြီး မိဘ တွေရဲ့ မေတ္တာ ကို နားလည်ဘို့ သင်ပေးရသလို…

မိဘတွေကိုလည်း.. သားသမီးတွေကို ချစ်ရင်.. အချိန်ပေးဖို့.. နားလည်ပေးဖို့.. မခြောက်ဖို့.. မေတ္တာပေးဖို့ .. စံနမူနာကောင်း ပြနိုင်သူ (role model) ဖြစ်ဖို့.. ပြောတဲ့အခါမှာ.. နူးညံ့သိမ်မွေ့ တဲ့ technique တွေနဲ့ ရှင်းပြရပါတယ်.. အဲဒီအခါမျိုးမှာ.. ဆရာတော်ဦးဇောတိက ရဲ့ `မေတ္တာ တရားတော်´ ၊ ဓမ္မဘေရီဆရာတော်ရဲ့ တရားစာအုပ် ထဲက.. သောတာပန် ဖခင်ကြီးတွေဖြစ်ကြတဲ့ `အနာထပိဏ်သူဌေးကြီး´ နဲ့ `ဗမိ္မသာရမင်းကြီး´ တို့ရဲ့ အကြောင်းတွေကို .. ဆွေးနွေးပေးပြီး.. ´ဘယ်လို မိဘ မျိုးဖြစ်ချင်သလဲ လို့ choice လုပ်ခိုင်းပါတယ်..

ဒုတိယ နေ့မှာတော့ မိဘနဲ့ သားသမီးတွေကို တစ်ခန်းထဲမှာ ပေါင်းပြီးတော့ သားသမီးတွေက သီချင်းတွေ၊ ကဗျာတွေဆိုပြ.. မိဘတွေက အားပေးကြ.. ပြီးတော့ ပြိုင်ပွဲလေးတွေ လုပ်ပေးတာပေါ့.. ပြိုင်ပွဲလေးတွေကလဲ မိဘ နဲ့ သားသမီးတွေကြားမှာ ဘယ်လောက်ထိ နှလုံးသားချင်းနီးကြသလဲဆိုတာကို.. သိနိုင်တဲ့ ပြိုင်ပွဲ၊ ကစားနည်းနဲ့.. အကတောင်ပါလိုက်သေးရှင်..

အားလုံးပျော်ပျော်ပါးပါးနဲ့ တအုံးအုံးရီရတဲ့ ကစားနည်းတွေလဲပါတာပေါ့.. မိဘတွေခမျာလည်း.. ဆုရချင်တဲ့ ကလေးတွေက အတင်းဆွဲခေါ်တာနဲ့ ကို့ယို့ကားယားနဲ့ ကစားရ၊ က, ရပြီး.. ရီကြရတာပေါ့.. ပြီးတော့ ဆုလဲ ပေးတာမို့ ဆုရတော့လည်း ပျော်ကြရပြန်ရောလေ… မိဘတွေ အချင်းချင်းလည်း.. တစ်ယောက် က, တာ.. တစ်ယောက်ကြည့်ပြီး.. ပွဲကျနေကြပြန်ရော…

ပြီးတော့.. သားသမီးတွေကို.. မိဘတွေဆီက.. လိုချင်တာကိုတောင်းကြဟေ့လို့.. `မိုက်ခွက်´ (microphone) လက်ထဲထည့်ပေးလိုက်တော့.. သူတို့လိုချင်တာတွေကို တောင်းကြတော့တာပါဘဲ…

မုန့်ဘိုးတို့၊ အရုပ်တို့ တောင်းတယ်လို့တော့ မထင်လိုက်ကြပါနဲ့…. နော်..

သူတို့ရင်ထဲ နှလုံးသားထဲမှာ ငတ်မွတ်နေတဲ့… ရေဆာသလို ဆာလောင်တဲ့ နှလုံးသားတွေနဲ့ မွတ်သိပ်နေတဲ့ အရာတွေကိုတောင်းကြတာ….

`ကျောင်းစာလုပ်ပြီး မအိပ်ခင်.. မေမေ့ရင်ခွင်ထဲမှာနေပြီး မေမေနဲ့ စကားပြောချင်တယ်…´

`မေမေ့နားကိုလာရင် မေမေက ရှုပ်တယ်.. မလာနဲ့လို့ပြောတယ်.. သားက မေမေ့နားမှာနေချင်လို့ပါ… မေမေ့ကို ဖက်ထားချင်တယ်..နောက်တစ်ခါ .. ဒီလို မောင်းမထုတ်ပါနဲ့နော်..´

`အားတဲ့အချိန်မှာ ဖေဖေနဲ့ ဘောလုံးကန်ချင်တယ်.. ဖေဖေက သားနဲ့ တစ်ခါမှ မဆော့ဘူး….´

`မေမေ့ကိုချစ်တယ်.. မေမေလည်း သမီးကိုချစ်ပါနော်…´

ဆိုတာမျိုးလေးတွေ.. စုံလို့ပေါ့.. တစ်ချို့တောင်းဆိုချက်ကလေးတွေက ရိုးရိုးလေးပေမဲ့ မိဘတွေခမျာ.. မျက်ရည်တောင်လည်ကြရရှာပါတယ်..

`မေမေက တစ်နေ့လုံးအလုပ်လုပ်ထားရတော့မောလို့ပါ သမီးလေးရယ်..´

`အေးပါ သားရယ်.. ဖေဖေ သားနဲ့ဘောလုံးကန်ပါ့မယ်.. ဒါပေမယ့် နေ့တိုင်းတော့ မကန်ဘူးနော်..´

ကျမကလည်း ကြားဝင်ပြီးညှိပေးရပါတယ်..

`ဟုတ်တာပေါ့သားရေ.. ဖေဖေက အလုပ်လုပ်ရတော့ မောသေးတာပေါ့၊ တစ်ပါတ်မှာ.. ၁ ခါ.. ဒါမှမဟုတ် ၂ခါ .. ok တယ်မဟုတ်လား..´

အဲဒီရွှေပြည်သာ မှာတော့ ကလေးတွေကို မေးရင်းနဲ့ .. သမီးလေးတစ်ယောက် အလှည့်ရောက်တော့…

`သမီးလေးအိမ်က ဘယ်သူနဲ့လာသလဲ..´.. `အော်.. သမီးက ဖေဖေ နဲ့လာတာကိုး..´

`ကဲ.. ဖေဖေ့ဆီက.. ဘာလိုချင်လဲတောင်းလိုက်ပါအုံး..´ ဆိုတော့..သူ့အဖေမျက်နှာကိုမကြည့်ဘဲ ခပ်တင်းတင်းဖြေပါတယ်..

`ဖေဖေ့ဆီက.. ဘာမှ မလိုချင်ဘူး ဆရာမ´

တင်းပြီးဖြေနေပေမဲ့ ကလေးဆိုတော့ ဟန်ဆောင်ပြီး ကြာကြာ ဘယ်တင်းထားနိုင်ပါ့မလဲ။ ကျမလဲ ဒီပြဿနာက သိပ်တော့ မသေးဘူးလို့ အကဲခတ်မိပါတယ်..။ အဲဒီအချိန်မှာ ကလေးအဖေက

`သူတို့က ဘာလိုချင်မှာလဲဆရာမရယ်.. ပိုက်ဆံပေါ့.. မုန့်ဘိုးပေါ့.. ´ လို့ ဝင်ပြောပါတယ်..

ဒါပေမဲ့ကျမက ပြုံးပြုံး လေးဘဲ…

`သမီးက.. ဖေဖေ့အချစ်တွေကိုရော မလိုချင်ဘူးလား..´ လို့မေးလိုက်တဲ့အခါ.. သမီးလေးမျက်ရည်တွေ ဝဲလာပါပြီ.. ကျမလဲ ကလေးကို ရင်ခွင်ထဲမှာ ဖက်ထားရင်း ခပ်တိုးတိုးလေးမေးလိုက်တဲ့ အခါမှာ..

`ဖေဖေ့ဆီက ဘာမှလဲ မလိုချင်ဘူး.. ဖေဖေချစ်ဖို့လဲ မလိုဘူး.. မေမေချစ်ရင်ရပြီ.. ´ လို့ပြောပြီးတဲ့အခါမှာတော့ ကျမရဲ့ရင်ခွင်ထဲမှာ ငိုရှာပါပြီ.. `ဖေဖေက အရက်သောက်တယ်.. မေမေ့ကိုရိုက်တယ်.. အလုပ်လဲမလုပ်ဘူး ..။ မေမေက ဈေးရောင်းရတယ်.. ပြန်လာရင်ဖေဖေက ပိုက်ဆံတောင်းတယ်.. အရက်သွားသောက်ပြီးမူးလာရင် မေမေ့ကိုရိုက်တယ်.. ဖေဖေ့ကိုမချစ်ဘူး…´ဆိုပြီး ငိုရှာပါတယ်.. ကျမက.. `သမီးက.. ဖေဖေ့ကို အရက်မသောက်ပါနဲ့လို့ မပြောဘူးလား´.. လို့မေးတော့.. ပြောပါတယ်.. တဲ့ ဒါပေမဲ့ ဖေဖေက နင်နဲ့မဆိုင်ဘူး ကလေးက ကလေးလိုနေ.. လူကြီးအလုပ်ကို ဘာမှလာမပြောနဲ့လို့ပြောပါတယ်.. တဲ့..။

ကျမတို့နှစ်ယောက်က ခပ်တိုးတိုးပြောကြတာမို့ တစ်ခြားကလေးတွေနဲ့ တစ်ခြားမိဘတွေ မကြားကြပါဘူး..

အဲဒီနောက်.. ကျမက.. ကလေးမလေးရဲ့ အဖေကို..

`ကဲ.. ဒါဆိုရင်.. ဖေဖေကြီး က.. ဒီသမီးလေး လိုချင်တာကို ပေးမှာလား´ လို့မေးလိုက်တော့.. အဖေလုပ်သူ က.. `မုန့်ဘိုး လား..´ လို့ပြန်မေးပါတယ်.. ။ ဒါနဲ့ ကျမက..

`သမီးလေးလိုချင်တာ.. ဘာလဲဆိုတာ..ဖွင့်မပြောပေမဲ့.. ဖေဖေ အသိဆုံးနေမှာပါ.. ´ လို့ ပြုံးပြုံး လေး ပြောလိုက် တဲ့အခါမှာ.. သူငိုင်သွားပါတော့တယ်..။ ပြီးတော့မှ…

`ဒါတော့ ကျနော်ကတိ မပေးနိုင်ဘူး´ လို့ပြောပါတယ်..

`ဘာဖြစ်လို့လဲ.. ဟင်.. သမီးလေးကို.. ချစ်တယ် ဆိုတာ.. ဒီအစီအစဉ်ကို.. လိုက်လာတာကိုကြည့်ပြီး.. ကျမ သိပါတယ်.. ´

[ဒီ အစီအစဉ်က ကလေးချည်းဘဲလာရင် လက်မခံပါဘူး၊ ကလေး + မိ (သို့မဟုတ်) ဘ၊ ပါလာမှ တက်ခွင့်ရှိ တာပါ]

`ဆရာမရှေ့မှာရော.. ဒီကလူတွေ အားလုံးရှေ့မှာ..ပြောပြီးရင်.. ကျနော် ဂတိတည်မှ ဖြစ်မှာ .. ဒါကြောင့် ကျနော် ပေးပါ့မယ်လို့ မပြောနိုင်ဘူး.. ဒါပေမဲ့.. ကြိုးစားပါ့မယ်. ဆရာမ..´

အဲဒီနေ့က.. တိုက်ဆိုင်စွာဘဲ.. ဆရာ၊ဆရာမတွေ သင်တန်းမှာ ကပြဖို့ ကြိုတင်တိုက်ထားတဲ့ ပြဇတ်တိုကလေး ကလဲ.. အရက်သမားမိသားစု သရုပ်ဖော်.. ပညာပေးလေးဖြစ်နေတယ်..

သူတို့ သားအဖ လဲ activity တစ်ခုမှာ.. ဆုရသွားသေးတယ်..

အဲဒီအကြောင်းအရာလေးက.. ရင်ထဲမှာ မှတ်မှတ်ရရလေး ရှိသွားပေမယ့်.. ကျမလဲ တစ်ခြားအလုပ်တွေနဲ့ မေ့မေ့ပျောက်ပျောက် ပြန်ဖြစ်သွားပါတယ်..

ဒါပေမဲ့ နောက်တစ်လလောက်မှာ.. စာအုပ်တွေလှူဘို့.. ရွှေပြည်သာ၊ မြိုင် ကျောင်း ကိုရောက်တော့.. အဲဒီသမီးလေးက တတိယတန်းစာသင်ခန်း ထဲကနေ သူ့ဆရာမကို ခွင့်တောင်းထွက်လာပြီး.. ကျမကို လာနုတ်ဆက် ပါတယ်..။ သူရဲ့အတန်းပိုင် ဆရာမက..

´ကြွားချင်နေတာ.. ဆရာမရေ.. သူသိပ်ပျော်နေတာ..´ လို့ပြောပါတယ်..

`ဟုတ်လား သမီး´.. ဆိုတော့…

`ဖေဖေက အိမ်ရောက်တော့ မေမေ့ကို ပြောတယ်.. အဲဒီသင်တန်းလေးက.. အရမ်းကောင်းတယ်.. အဲဒီဆရာမ ကလည်း.. သိပ်စကားပြောတတ်တာဘဲ.. ငါကွာ.. ဆရာမ နာမည်တောင်မမေး လိုက်မိဘူး…´`ငါလဲ.. အရက် ဖြတ် တော့မယ်ကွာ´ လို့ပြောတာနဲ့.. .. မေကြီးက ဖေကြီးကို မယုံလို့.. မန္တလေးကျောင်းပို့ပြီး ဘုန်းကြီးဝတ်ခိုင်း တာ.. ဆရာတော်ကြီးကလဲ.. မယုံလို့.. တစ်လ တရားထိုင်ရမယ်.. နေနိုင်တယ်ဆိုမှ.. ရဟန်းဝတ်ပေးမယ်လို့ ပြောပါတယ်.. ဖေကြီးတော့ မန ္တလေးကျောင်းမှာ ကျန်နေခဲ့တယ်..မေကြီးလဲ အရမ်းပျော်နေတယ်.. သမီးလဲအရမ်း ပျော်တာဘဲ.. လို့.. ကြည်လင်နေတဲ့ အပြုံးမျက်နှာလေး နဲ့ အားရပါးရ ပြောသွားပါတယ်..

တခြားမိဘတွေကလဲ ပြန်တွေ့ကြတဲ့အခါ.. တစ်ချို့ feedback လေးတွေ ပေးပါတယ်..

`ဆရာမရယ်.. ကျမတို့လဲ ကိုယ့်အလုပ်.. ကိုယ့် ဗာဟီရ နဲ့ ရှုပ်နေတာ.. သားသမီးတွေနဲ့ ကွာဟသလို ဖြစ် နေတာ.. ဒီသင်တန်းလေး တက်လိုက်တော့.. သားအမိတွေကြား နွေးထွေးမှုတွေ ပိုရသွားပြီး.. အိမ်မှာ ပိုပျော်စရာကောင်းလာတယ်.. ´ တဲ့..

ပီတိဖြစ်ရတာပေါ့ရှင်..

ဘာဘဲပြောပြော.. ကိုယ့်ရဲ့အားထုတ်မှုမှာ.. တစ်ယောက်ယောက်.. (သို့မဟုတ်) တစ်ခုခု.. အကျိုးရှိသွားတယ် ဆိုရင်… အတိုင်းထက်.. အလွန်ပေါ့ရှင်….

ကလေးတွေမေတ္တာ မငတ်ကြပါစေနဲ့.. ..

ဒီ Notes လေးကို ဖတ်မိတဲ့ မိဘများလည်း ပိုပြီးနွေးထွေးတဲ့.. မေတ္တာတွေနဲ့.. သား၊ သမီးတွေရဲ့ နှလုံးသားလေး တွေကို.. လုံခြုံမှု အပြည့်အဝ ပေးနိုင်ကြပါစေ… လို့.. ..

(မေတ္တာ ခြုံမှ လုံတယ် မဟုတ်လားရှင်…)

အခက်အခဲရှိတဲ့ ကလေးတိုင်းကို ကူညီနိုင်ချင်ပါတယ်.. ..

ကူညီကြတဲ့ volunteer သားတွေ၊ သမီးတွေ နဲ့ အလှူရှင်တွေကိုလည်း..ကျေးဇူးအထူးပါ.. ..

ထပ်လဲ.. တတ်နိုင်သရွေ့ကူညီကြပါအုံး… ..

တောင်းခံသူတိုင်းကို. . ကူညီနှိင်သောသူ.. ဖြစ်ချင်ပါတယ်… ..

ပွင့်တဲ့ပန်းကလေးများအားလုံးကို.. လန်းဆန်းစေချင်တဲ့..

ရင်မှ မေတ္တာ များစွာဖြင့်…

မေအေးဦး

2000GROUP

2000.donation.group@gmail.com

GIVE THE WORLD THE BEST YOU HAVE!

I LEARN TO GIVE NOT BECAUSE I HAVE MANY, BUT BECAUSE I KNOW THE FEELING OF NOTHING.

IF I CANNOT BE A BRICK, I WISH TO BE A PIECE OF SAND TO HEAL THE WORLD.

7 comments

  • bigcat

    February 24, 2011 at 6:11 am

    keep going ဗျို့…

  • white

    February 24, 2011 at 7:45 am

    ဒီစာစုလေးတွေကို Forward လုပ်လို့ရရင်ကောင်းမှာပဲ

  • white

    February 24, 2011 at 7:50 am

    ဒီစာစုလေးတွေကို Forward လုပ်လို့ရရင် ကောင်းမှာပဲ

  • white

    February 24, 2011 at 7:54 am

    ဒီစာစုလေးတွေကို Forward လုပ်လို့ရရင်ကောင်းမှာပဲ

  • male

    February 24, 2011 at 12:35 pm

    စေတနာအပြည့်နဲ့ Organizer ရော Coordinator တွေကိုပါ ဂုဏ်ပြုပါတယ်..တိုင်းပြည်ရဲ့အနာဂါတ်ပာာ ကလေးလေးတွေပေါ်မှာမူတည်ပါတယ်..ကလေးလေးတွေရဲ့အနာဂါတ်ပာာ သူတို့ကျင်လည်ရာပတ်ဝန်းကျင်နဲ့ ကြီးပြီးခဲ့ရာ မိသားစု အသိုင်းအဝို်င်း ရဲ့အခြေအနေပေါ်မှာ အများကြီး မှီတည်နေတာပါ…လက်ရှိတိုင်းသူပြည်သားတွေရဲ့အဓိကလိုအပ်ချက်ပာာ စိတ်ဓါတ်စွမ်းအား ပါ…ဒီလိုအပ်ချက်ကို အနာဂါတ်ရဲ့ ရင်သွေးငယ် ကလေးတွေကို ပဲ အားထားပြီးပြုပြင်ပြောင်းလဲပေးရမှာမို့ ဒီလိုအစီအစဉ်လေးတွေအများကြီးလိုအပ်ပါတယ်…

  • padonmar

    February 24, 2011 at 12:46 pm

    အားပေးကြသူတွေကို ကျေးဇူဒတင်ပါတယ်၊2000 group ရဲ့ လှုပ်ရှားမှုလေးတွေ ဆက်တင်ပေးသွားပါမယ်။
    စိတ်ဝင်စားတဲ့ volunteer တွေကိုလဲ ဖိတ်ခေါ်ပါတယ်၊

  • padonmar

    February 26, 2011 at 11:05 pm

    white ရေ ။ပွင့်သောပန်းတိုင်း.. လန်းစေချင်..၁၁ လည်း ဖတ်ကြည့်ပေးပါ၊ အားလုံးကို forward ပေးလုပ်ထားပါတယ်။
    2000 group e-mail လေး တော့ ထည့်ပေးရင် ပိုကောင်းတာပေါ့နော်၊

Leave a Reply