Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အာရပ်တော်လှန်ရေးက မွေးဖွားလိုက်တဲ့ မြန်မာလူငယ်များရဲ့ Just Do It လှုပ်ရှားမှု

POLFebruary 25, 20111min62017

တူနီးရှားမှ အစပြုခဲ့တဲ့ အာရပ်တော်လှန်ရေးမှာ ‘ဒိုမီနို အကျိုးသက်ရောက်မှု’ ပုံစံဖြင့် အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိက တစ်နိုင်ငံပြီး တစ်နိုင်ငံ ဇယ်စက်သလို ကူးသွားပြီး အာဏာရှင်တွေ ပြုတ်ကျဖို့ ဖန်တီးလာသည်။

၎င်း ‘ဒိုမီနို အကျိုးသက်ရောက်မှု’ (domino effect) က အာရပ်ကမ္ဘာမှာတင် အပြောင်းအလဲများ ဖြစ်နေတာ မဟုတ်ဘဲ၊ ကမ္ဘာအနှံရှိ အာဏာရှင် နိုင်ငံတွေကိုပါ ‘လိပ်ပြာတောင်ပံ အကျိုးသက်ရောက်မှု’ (butterfly effect) ပုံစံနဲ့ လှိုင်းရိုက်ခတ် လာသည်။

တူနီရှား လိပ်ပြာတစ်ကောင်ရဲ့ အတောင်ပံ တစ်ချက် ခတ်လိုက်မှုက အီဂျစ်၊ ဘာရိန်း၊ လစ်ဗျား စတဲ့နို်င်ငံတွေမှာ ဆိုင်ကလုန်း ဖြစ်သွားစေပြီး၊ ယခု တရုတ်၊ မြန်မာ စတဲ့ အာရှ အာဏာရှင် နိုင်ငံတွေမှာပါ တော်လှန်ရေး ဟာရီကိန်းတွေ တိုက်ဖွန်းတွေ ဖြစ်ဖို့ အကြောင်းဖန်လာနေသည်။ ‘ညောင်ဦးကမ်းပါးပြိုလို့ စမ္ပာယ်နဂို က နွားမ ပေါင်ကျိုး’ ဆိုတဲ့ မဆီမဆိုင် ဖြစ်တတ်မှုတွေကို ရည်ညွှန်းတဲ့ ပျက်လုံးက အာရပ်တော်လှန်ရေးနဲ့ မြန်မာနိုင်ငံ စစ်အာဏာရှင် ပြုတ်ကျရေး အဆက်အစပ် အတွက် လာမှန်နေသည် ဆိုရမည်။

ပြီးခဲ့တဲ့အပတ်အတွင်း မြန်မာလူငယ်များက အီဂျစ်နဲ့ တူနီးရှား တော်လှန်ရေးများကို အားကျပြီး စစ်အာဏာရှစ်စနစ် အဆုံးသတ်ရေးအတွက် Just Do It လှုပ်ရှားမှုကို စတင် ဖော်ဆောင်လာကြသည်။ Just Do It လှုပ်ရှားမှုကို စတင် လုပ်ဆောင်နေသူ တစ်ဦးဖြစ်တဲ့ ရန်ကုန်မှ ကိုရဲနိုင် က Just Do It အဖွဲ့မှာ တစ်ဦးတစ်ယောက်ချင်းကို ကိုယ်စားပြုတာ မဟုတ်ဘဲ မည်သူမဆို Just Do It ဖြစ်နိုင်ကြောင်း မြန်မာနိုင်ငံရဲ့ မည်သည့်နေရာတွင်မဆို စစ်အစိုးရ ဖြုတ်ချရေး Just Do It လှုပ်ရှားမှုများ ရှိနေမည်ဖြစ်ကြောင်း မောက္ခကို ပြောခဲ့သည်။

Just Do It က ပြည်တွင်းတွင် ဒေသအလိုက် လူထု အုံကြွမှုများ အကောင်အထည်ဖော်ဖို့ စတင်လှုပ်ရှားနေပြီး၊ ၎င်းတို့ ဖေ့စ်ဘွတ် စာမျက်နှာကိုလည်း ဖန်တီးထားပြီး http://www.facebook.com/pages/Just-Do-It-against-Military-Dictatorship/194818177209500 အီဂျစ်နဲ့ တူနီရှား စတိုင် တော်လှန်ရေး မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ဖို့ ပြင်ဆင်နေသည်ဟု ဆိုသည်။ Just Do It ဖေ့စ်ဘွတ်စာမျက်နှာကိုလည်း ၂၄ နာရီအတွင်း လူ ၁၀ဝ ကျော် ဝင်ခဲ့သည်။

17 comments

  • ဒီနေရာမှာ တစ်ခုဆွေးနွေးပြချင်ပါတယ်.. ဘာလို့လဲဆိုတော့ အပေါ်မှာရေးထားတာက လူထုအုံကြွမှုကြောင့် အစိုးရတွေ ပြုတ်ကျကုန်တယ်လို့ပဲ သဘောသက်ရောက်နေပါတယ်.. တူနီးရှားက စတင်ခဲ့တဲ့ လူထုတော်လှန်ရေးကြီးတွေအောင်မြင်ခဲ့တာ ဘာကြောင့်လဲဆိုတာ ဖော်ပြဖို့လိုနေပါတယ်.. တူနီးရှားမှာ လူထုတော်လှန်ရေးဖြစ်ခဲ့စဉ်က President က စစ်တပ်ကို အဓိကရုဏ်းဖြိုခွင်းဖို့ အမိန့်ပေးခဲ့ပေမယ့် ကာကွယ်ရေးဦးစီးချုပ်က ငြင်းဆန်ခဲ့တာကြောင့် သူလဲ ဆော်ဒီကိုပြေးပြီး ခုဆို ကိုးမားရောဂါနဲ့ ဘာမှ မသိတော့ပါဘူး..။
    ဒီနောက်မှာ ဂျော်ဒန်
    နောက်တစ်ခု အီဂျစ်။

    အီဂျစ်မှာမူဘာရက်က အမိန့်ပေးလို့ စစ်တပ်က တစ်ရက်ပဲအကြမ်းဖက်နှိမ်နင်းခဲ့ပေမယ့် အနောက်သံတမန်များရဲ့ ဖိအားပေးမှုကြောင့် အီဂျစ်ကာကွယ်ရေးဦးစီးချုပ်က ပြည်သူတွေ လွတ်လပ်စွာ သဘောထားထုတ်ဖော်ပြခွင့်ရှိပါတယ်၊ အကြမ်းဖက်ရင်တော့ နှိမ်နင်းပါမယ်လို့ပြောပြီး ပြည်သူတွေဘက်က ရပ်တည်ခဲ့လို့ ပြည်သူတွေ အောင်ပွဲခံခဲ့ရတာပါ..

    ခု ဘာရိန်းမှာကျတော့ အဲလိုမဟုတ်ပါဘူး၊ တရုတ်မှာလည်း ထိုနည်းလည်းကောင်းပါပဲ

    ဆိုတော့ကာ… အဓိက ကျနေတာ စစ်တပ်ပါ၊ ပိုပြီးတိတိကျကျပြောရရင် Commander ဖြစ်တဲ့ ကာကွယ်ရေးဦးစီးချုပ်ပါ.. စစ်သားဆိုသည်မှာ အမိန့်ကို ဦးလည်မသုန်ထမ်းရွက်ရသောသူများဖြစ်ပါတယ်.. နိုင်ငံတကာမှ တပ်မတော်တိုင်းရပ်တည်နေနိုင်ခြင်းသည်လည်း တစ်သွေး၊ တစ်သံ၊ တစ်မိန့် စနစ်ကို အတိအကျ လိုက်နာနေခြင်းကြောင့်ဖြစ်ပါတယ်..။

    ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ကာကွယ်ရေးဦးစီးချုပ်နှင့် နိုင်ငံတော် President တစ်ဦးတည်းဖြစ်နေခြင်းကြောင့် အောင်မြင်ရန် အလားအလာမမြင်ပါ.. ဗိုလ်ချုပ်ကဲ့သို့ နိုင်ငံရေးပရိယာယ်ကြွယ်ဝစွာနဲ့ ပြည်သူနှင့်ရော တည်ဆဲအစိုးရကြားမှာပါ ကူးလူးဆက်ဆံနိုင်ပြီး ကိုယ်ကျိုးမဖက် အမျိုးသားအကျိုးစီးပွားတိုးတက်ရေးသက်သက် ဆောင်ရွက်နိုင်မယ့်သူ တစ်ဦးရှိပါလေမှ သွေးမြေမကျ ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းနိုင်မယ်ထင်ပါတယ်..

    ခုချိန်တိုင်အောင်တော့ ကျွန်တော့်အမြင်မှာဖြင့် ဗိုလ်ချုပ်ကဲ့သို့သောလူစား ဘယ်နှစ်ယောက်များ ရှိပါသလဲလို့ တွေးမိနေပါတယ်…

  • မိုက်ကယ်ဂျော်နီအောင်ပု

    February 25, 2011 at 5:21 pm

    ဝေးးး
    သူများလုပ်တိုင်း လိုက်မလုပ်နဲ ့
    ငြိမ်ငြိမ်နေကြဆိုပြီး
    မသိမသာ လမ်းကြောင်းများပြောင်းပြစ်သလား
    ဒါဆို ဘယ်လိုလေးတော့ ဖြစ်သင့်ပါတယ်ဆိုပြီး
    နည်းနည်းပါးပါးဖောလ်ပြလေ
    ဒီလေသံမျိုးတွေက
    ဟိုရွေးကောက်ပွဲတွေတုန်းကလို
    ရွေးကောက်ပွဲကို အထမြောက်သွားစေမယ့်
    မဲ့ထည့်လဲ သူတို ့ဘဲရမှာ
    မထည့်လဲ သူတို ့ဘဲရမှာဆိုပြီး မလိမ့်တပတ်နဲ ့
    လူတွေ မဲရုံကို သပိတ်မမှောက်အောင် ပြောတဲ့လေသံမျိုးဖြစ်နေတယ်ဝေး

  • ဘယ်လိုလုပ်ရမယ်ဆိုတာ ဖော်ပြနိုင်လောက်အောင်၊ ပြည်သူတွေကို လမ်းညွှန်ပြသနိုင်လောက်အောင် ကျွန်တော်ဟာ အရည်အချင်းပြည့်ဝနေတဲ့ ခေါင်းဆောင်တစ်ယောက်လဲမဟုတ်ပါဘူး.. အပြောလွယ်ပါတယ်.. အလုပ်ခက်တာပါ.. ဒီနေရာမှာ ကျွန်တော်ကိုယ်တိုင်ကလဲ ပြည်သူတစ်ယောက်ဖြစ်နေတဲ့အတွက် ပြည်သူတစ်ယောက်ရဲ့ ရင်ဖွင့်စကားလေးတွေ နည်းနည်းပြောတာပေါ့.. မြန်မာပြည်မှာ ယခုလက်ရှိသူများနိုင်ငံတွေမှာ ဖြစ်ပျက်နေတဲ့ တော်လှန်ရေးတွေထက်စောပြီး အကြိမ်ရေများပြားတဲ့ သမိုင်းမှတ်တမ်းတွေရှိပါတယ်.. ဒီတော့ အပြောင်းအလဲကိုလိုလားတဲ့ မြန်မာပြည်သူတွေရဲ့အပိုင်းက တာဝန်ကျေပြီလို့ထင်ပါတယ်.. ဒီလိုအခွင့်အရေးတွေရလာတဲ့အချိန်တွေမှာ ဘယ်နိုင်ငံရေးသမားတွေကများ ရှေ့တန်းထွက်ပြီး ထိရောက်တဲ့ပြောင်းလဲမှုတွေရှိလာဖို့ လုပ်ဆောင်ခဲ့ဖူးပါသလဲ? ပြည်သူတွေသာ ရှေ့ကနေရင်ဆိုင်ခိုင်းလို့ ကြွေလွင့်သွားခဲ့ရတဲ့သူတွေ ဘယ်လောက်များလဲဆိုတာ စဉ်းစားကြည့်ပါဦး။ ဒါကြောင့် ကျွန်တော်က ဗိုလ်ချုပ်ကို တမ်းတတာပါ။ ခုနောက်ဆုံး ရွေးကောက်ပွဲမှာတင် နိုင်ငံရေး အကွဲအပြဲတွေ သိသာပါတယ်။ US မှာ လစ်ဘရယ်နဲ့ ဒီမိုကရက် ပါတီ(၂)ခုပဲရှိပါတယ်.. ဒါက သူတို့တွေမှာ အယူမျိုးစုံကွဲနေပေမယ့် ပါတီမျိုးစုံခွဲထွက်နေခြင်းမရှိတာကိုပြတာပါ။ ကျွန်တော်ဟာ ဘယ်ဘက်ကိုမှ မယိမ်းပါဘူး.. ကိုယ်ပိုင်ယုံကြည်ချက်၊ ခံယူချက်နဲ့ ဝင်ဆွေးနွေးတာပါ။ အပေါ်က Post မှာ သတင်းအနေနဲ့ ဖော်ပြတယ်ဆိုရင် ကျွန်တော်ထောက်ပြခဲ့တဲ့ ချွင်းချက်တွေပါ ထည့်သွင်းဖော်ပြမှ သတင်းအဖြစ် သတ်မှတ်လို့ရမှာပါ။ ခုတိုင်းပဲ ရေးထားတာဆိုရင်တော့ လူထုအုံကြွမှုသက်သက်သာ ဖြစ်စေရန် ရည်ရွယ်ပြီး ရှေ့ဆက်မည့်လမ်းစဉ်မရှိ၊ ပြည်သူတွေလိုတဲ့ ပန်းတိုင်ကို ဘယ်လိုရောက်အောင်သွားမယ်ဆိုတဲ့ နည်းဗျူဟာမရှိဘဲ ရှေးရှေးအစဉ်အလာအတိုင်း ပြည်သူတွေရဲ့သွေး မြေကျရုံကလွဲပြီး ဘာများထူးလာနိုင်ပါ့မလဲ..

    ဒီနေရာမှာ ကိုမိုက်ကယ်ဂျော်နီအောင်ပုကို ပြန်လည်မေးခွန်းထုတ်ခဲ့ချင်ပါတယ်…
    ပြည်သူတွေက သူတို့တာဝန်ကို ကျေအောင်လုပ်ကြမယ်ဆိုရင် ကိုအောင်ပုတို့ ဘာများ ပြည်သူအတွက်၊ နိုင်ငံနဲ့ လူမျိုးအကျိုးအတွက် ဘယ်အခန်းကနေများ ဝင်ရောက်ဆောင်ရွက်မယ်လို့ စဉ်းစား၊ အစီအစဉ်ချထားပါသလဲ?

    (အမေးရှိလို့ ကျွန်တော်ပြန်အဖြေပေးခဲ့တာပါ)

    • Foreign Resident

      February 26, 2011 at 12:32 am

      ” ပြည်သူတွေက သူတို့တာဝန်ကို ကျေအောင်လုပ်ကြမယ်ဆိုရင် ”
      Burmese People ????? I don’t think so,
      I don’t want to say they all are coward,
      but …..

  • MTY

    February 25, 2011 at 10:49 pm

    POL ကိုထောက်ခံတယ်ဗျာ…လုံးဝဘဲ…

  • မိုက်ကယ်ဂျော်နီအောင်ပု

    February 26, 2011 at 3:33 am

    တကယ်တမ်းပြောနေကြတဲ့
    ပြည်သူတွက်တို ့တိုင်းပြည်တွက်တို ့ဆိုတဲ့စကားတွေကိုပြောနေကတည်းကိုက
    ကြီးကျယ်သွားပြီ မြင့်သွားပြီ
    ပြည်သူတိုင်း သိဘို ့လိုမယ်
    သိတဲ့အတွက် လုပ်ဘို ့လိုမယ်
    သိလို ့လုပ်တဲ့အလုပ်မှာ ပြည့်စုံခြင်းဆိုတာရှိလာမယ်
    ဒါဘဲ
    လွယ်လွယ်လေးဘဲ
    လူတိုင်းလူတိုင်းမှာ ဒါဟာမတရားမှုဆိုတာသိနေကြပြီ
    ဒီတွက် အခြေအနေပေးရင် လုပ်သင့်တာကိုလုပ်ရမှာဘဲ
    ပြောကြစတမ်းဆို ဒီလိုဘဲနေကြရတော့မလား
    ဒီလိုဘဲငြိမ်နေကြမလား
    ငါ့သျှင်ရည်ညွှန်းနေတဲ့
    မကြမီအစိုးရသစ်ကြီးလာတော့မယ် အစီအစဉ်တိုင်းသွားဆိုပြီးတော့လမ်းလွှဲနေသလား
    ဒီအစီစဉ်ကြီးကို ဘယ်သူကများ ထောက်ခံနေသလဲ
    လောလောဆယ် တစ်ယောက်ခြောက်သိန်းပေးပြီး သုံးရက်နားထားတာတွေကိုရော
    သတင်းတွေမှာ သိရှိပြီးပြီလား
    ပြောရရင်အများကြီးဘဲနော်
    ငါ့သျှင်အနေနဲ ့ပြည်သူထည်းကပြည်သူတစ်ယောက်အနေနဲ ့
    မိမိရဲ ့ထင်မြင်ယူဆချက်ကို သဘောရိုးနဲ ့ဝေဖန်ပိုင်းခြားတယ်ဆိုရင်တော့
    အလျှင်းမရှိလှပါဘူး
    အားတော့နာတယ်
    ကိုယ့်ထင်မြင်ယူဆချက်က
    ဦးတည်ချက်တစ်ခုကို လုံးလုံးလမ်းလွှဲပြစ်လိုက်ဘို ့ဦးတည်နေတယ်ဆိုတော့ကာ။

  • unclegyi1974

    February 26, 2011 at 3:46 am

    pol ကနှပ်ကြောင်းပေးလိုက်တာလား သတင်းပေးလိုက်တာလားမသိပါဖူး
    ကိုလူနဲ့ကိုပုပြောတာလည်းသူ့ဘက်နဲ့သူမှန်တာပါပဲ
    ကျွန်တော့်အမြင်က
    လူထုကသူတို့ဆန္ဒဖော်ပြပါပြီတဲ့
    အစကအဟုတ်ပဲနောက်မှအချောင်သမားများပြီး
    ပွဲပျက်ပျက်သွားတာလို့မြင်ပါတယ်
    နောက်လမ်းကြောင်းမှန်ပေါ်ရောက်အောင်ဆွဲတင်
    ပေးမယ့်သူလည်းလိုပါတယ်
    စစ်တပ်ရဲ့အခန်းကလည်းအရေးကြီးတာအမှန်ပါပဲ
    ဦးနေဝင်းလက်ထက်ကစလို့အခုအခြေအနေထိ
    လူထုအားစမ်းပွဲအကြိမ်ကြိမ်ပြီးပါပြီ
    ပြည်သူ့စစ်သားကပြည်သူဘက်ကမရှိသမျှ
    သွေးထွက်နည်းတဲ့ဒီမိုကရေစီမဖြစ်နိုင်ပါဖူး

  • nigimi77

    February 26, 2011 at 7:57 am

    ဟေ့ ဟို အပေါ်က လူတွေ ။ ခင်ဗျားတို ့ အားလုံးမှားတယ်။ ကျုပ်မှန်တယ်ဗျ ။ 🙂

    သတ္တိရှိပြီး (မြှောက်ပေးရင်) ဂေါင်းမကောင်းတဲ့ ပြည်သူတွေကို

    ဂေါင်းကောင်းပြီး (မွေးထား) ဆောက်ကျင့်မကောင်းတဲ့ အစိုးရက အုပ်ချုပ်နေတာ။

    အဲဒါကို ဟိုတလောက မဟုတ်မဟတ် လှည်းတန်းမှာ လှုပ်ရှားသွားပါတယ် ဆိုတဲ့ NIKE (Just Do It)

    အဖွဲ ့က Face Book မှာ ပေါ်ပျူလာ ဖြစ်နေတယ်ပေါ့။ လှုပ်ရှားတယ် ဆိုတဲ့ တဲ့ အကောင်က ရဲနိုင်တဲ့လား။

    ဟို ကကြီးက ရန်နိုင်ထွန်းဆိုတဲ့ အကောင်ကလဲ အရူးလက်မှတ်ရတဲ့နောက် သောက်စီးပွားပဲ ရှာနေတယ်။

    ကဗျာလေးရေးလိုက် ရှောပုတ်လိုက်နဲ ့။ အိုက်လို ကောင်တွေကများ နဲ ့ အော်…ဟုတ်လား…ဟုတ်မှာပေါ့လေ…

    ဆိုပြီး ယုတ္တိ ယုတ္တာ ရှိမရှိ အခြေခံကြကြ တွေးတော ဆင်ခြင်မှု ကို ခေါင်းထဲမှာ မရှိတဲ့ ပြည်သူတွေနဲ ့တော့။

    အီဂျစ်နဲ့ တူနီရှား Style တော်လှန်ရေး မြန်မာနိုင်ငံမှာ ဖြစ်လာမှာ မဟုတ်ဘူး ..။

    Doggy Style နဲ ့ပဲ လှုပ်လိုက်တိုင်း ခံနေရမှာ။

  • kai

    February 26, 2011 at 8:43 am

    အာဖရိကမြောက်ပိုင်းနဲ့ အရှေ ့အလယ်ပိုင်းရဲ့ … အုံကြွမှုတွေက ..အကျိုးအကြောင်းနဲ့ဖြစ်နေတယ်လို့ထင်ပါတယ်.။
    အချက်တချို ့ချရေးကြည့်ရရင်…

    – လွန်ခဲ့တဲ့ ၁နှစ်ခွဲ၂နှစ်လောက်..အိုဘားမားက ..အီဂျစ်-ကိုင်ရိုမိန့်ခွန်းပြောထားပြီး ဆွပေးခဲ့တာရယ်..။
    – ဝိကီလိခ်က .. အမေရိကား-အစ္စလမ်မစ်နိုင်ငံကအာဏာရှင်တချို ့တွေ ဆက်ဆံမှု… အရှေ့အလယ်ပိုင်းအတွင်းရေးတွေဖွင့်ချပြနေတာရယ်..။
    – မွတ်ဆလင်လူဦးရေက .. ဆယ်စုနှစ်တိုင်း၂ဆ..၂ဆခုန်တက်လာပြီး .. နောင်၁ဝစုနှစ်တခု၂ခုလောက်ဆို..ကမ္ဘာ့လူဦးရေ ၄ပုံတပုံရောက်မှာရယ်..။
    – ရေနံစွမ်းအင် သုံးစွဲတာကို … စွမ်းသလောက်လျှော့ချနေပြီး ..ကိုယ်ပိုင်ထွက်တဲ့စွမ်းအင်နဲ့သာရပ်တည်နိုင်ဖို့ကြိုးစားလာတဲ့.. အမေရိကားနဲ့..အနောက်နိုင်ငံကြီးတွေရယ်..။
    စသဖြင့်ပေါ့..။

    အခုဖြစ်နေတဲ့ နိုင်ငံတိုင်းက ..အစ္စလမ်မစ်နိုင်ငံတွေဖြစ်ပြီး… အာဏာရှင်အုပ်ချုပ်ကြနေလို့… အာဏာရှင်တွေဟာလည်း.. ဥရောပနဲ့..အမေရိကားအထောက်အပံ့..အကူအညီရထားတဲ့ နိုင်ငံတွေများတယ်ဆိုတာတော့ .. သတိပြုမိစရာပါ..။

    ဆိုတော့… မြန်မာပြည်နဲ့တော့ လှမ်းနေတယ်ပြောရမှာပါပဲ..။ အချိန်မကျသေးဘူးထင်ပါတယ်..။
    မသကာ တခုခုဖြစ်လာရင်လည်း..နိုင်ငံတကာ စိတ်ဝင်စားမှု .. ရောက်လာဦးမယ်မထင်သေးပါ..။

    ထူးဆန်းတာတခုက… အာဏာရှင်တိုင်း..တကျောင်းတည်းထွက်လို့ ဆိုရလောက်အောင်… လုပ်ပုံကိုင်ပုံတွေ တယ်…တူကြတာပါပဲ..။ ဘယ်ကျောင်းများထွက်ကြပါလိမ့်နော..။
    သေသေချာချာကို ..စောင့်ကြည့်ပြီး … လေ့လာကြဖို့ကောင်းတယ်ထင်မိပါတယ်..။
    ဒါဆို… မြန်မာတွေ ဘာလုပ်ရမလဲ..ဘာလုပ်သင့်သလဲ.. ပေါ်လာမှာပေါ့..။

    အခုလောလောဆယ်..ကျုပ်ကတော့.. နေပြည်တော်က .. သမ္မတသစ်ကြီး ကျမ်းကျိန်.. ပြီးတော့.. လွတ်ငြိမ်းချမ်းသာခွင့်အမိန် ့ထုတ်တာ စောင့်လိုက်ပါဦင်္းမယ်..။
    လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်မဲ့သူထက်..လောလောဆယ်.. ဆွဲတဲ့သူပိုများသွားလို့… လူထုကြီးဒုက္ခမတွေ့မိပါစေလို့တော့ … ဆုတောင်းမိပါရဲ့..

  • မိုက်ကယ်ဂျော်နီအောင်ပု

    February 26, 2011 at 11:14 am

    ကိုယ်ကျိုးနည်းအောင်ကောင်းတဲ့ကော်မန် ့
    နောင်လာမယ့်
    အစိုးရလက်ထက်ကြရင်
    ရန်ကုန်မှာ သတင်းစာတိုက်ဖွင့်လို ့ရမှာတော့သေခြာသွားပြီဟေ့

  • kai

    February 26, 2011 at 11:08 pm

    အောက်ကစာက ..အခုတင်.အီးမေးလ်နဲ့ရတာလေးပါ..။
    ဗဟုသုတရစေဖို့.. တင်ပေးလိုက်တာဖြစ်ပါကြောင်းနဲ့..ရေးသူ (ဦး)ဘိုဘိုကျော်ငြိမ်း အာဘော်သာဖြစ်ပါကြောင်း..။
    ===============
    လစ်ဗျားကိုလေ့လာသင့်တယ်

    ယနေ့အာရပ်နိုင်ငံမှာ …. ဖြစ်နေတာတွေကို …. ဗမာစိုးရက … အသေးစိပ်လေ့လာနေမှာ

    သေခြာတယ် …. အထူးသဖြင့် … လစ်ဗျား…ကိုအသေးစိပ်..လေ့လာသင့်တယ် … တခြားနိုင်ငံတွေမှာ …. ဖြစ်တာနဲ့ …. စိတ်တွေ “ထ“ ပြီး ဖြစ်စေသတည်းလို့.. စိတ်ကူးယဉ် လို့…. မရဖူး …. အတိုက်ခံက …. အစီစဉ် …. နဲ့…ပြင်ဆင်မှုမရှိခဲ့ဖူး … စစ်တပ်က …. ငွေကုန်ခံပြီး… စီစဉ်ပြင်ဆင်ခဲ့တယ် …..

    စစ်တပ်မှာ ….. command and control ဟာရေးအကြီးဆုံးပဲ…. ဒါကြောင့် ၈၈၈၈ တုန်းက ဦးနေဝင်း ဟာသူ့တပ်ကို စစ်တန်းလျားကိုပြန်ခေါ်သွားပြီး …. အပြင်လူထုနဲ့ ..မထိတွေ့ အောင် … ထိန်းသိမ်းထားခဲ့တယ် …. အစိုးရကို လုံးဝလွှတ်ပေးလိုက်တယ်…. ရုပ်နဲ့နာမ် .. ခွဲထုတ်လိုက်သလို …. အစိုးရအာဏါကို လက်လွှတ်လိုက်ပြီး …. တကယ့်အာဏါရဲ့ ..အရင်းခံ..ဖြစ်တဲ့ …. စစ်တပ်ကိုပိုင်..အောင်ကိုင်ထားနိုင်ခဲ့တယ် .. ပြီးမှ chaos ကိုဖန်ထီးပြီး … ခေါင်းဖြတ်တာတွေ ..ဖြစ်လာတော့မှ …. Chaos ကို ကြောင်းပြပြီး ..စစ်တပ်ကို ..အာဏါ ပြန်သိမ်းခိုင်းတာပဲ …. တချို့ က … ထောက်လှမ်းရေးက… မြှောက်ပေးလို့ပြောမယ် .ဘယ်လို ဖြစ်စေ…. ဂလဲ့စား … ခြေလိုတဲ့စိတ်တွေ …လွှမ်းမိုးလာရင် …. လက်လွန်နိုင်တာပဲ ….

    ဖြစ်ခဲ့ရင် …. ထောင်ချောက်ထဲတန်းဝင်သွားမှာပဲ ….

    အီဂျစ်မှာလည်း … ဒီပုံကစားသွားတာပဲ … အထိက ..ထူးခြားတာက … အီဂျစ်စစ်တပ်က ..အစကတည်းက ..မပစ်ပါဖူးလို့…ကြေငြာထားတယ် …. တကယ်တန်း ..မူပါရတ် ထွက်ပေးလိုက်တော့ … စစ်တပ်က ပဲ… ကယ်တင်ရှင်လုပ်ပြီိး .. အာဏါပြန်ယူ..လိုက်တာပဲ… (အချိန်) ဆွဲကစားမှာပဲ …. တူနီးရှားလည်း..ထို့နည်းအတူတူပါပဲ….

    လစ်ဗျားက .. ကဒါဖီ..ကတော့..တကယ့်လူမိုက် …. အာဏါရူးစစ်စစ်ပဲ …. ဒါကြောင့် ..မဆင်မခြင် ….ပစ်ရုံမက … လေယဉ်တွေကို ..သုံးပြီး … လက်နက်မဲ့ ..ပြည်သူတွေကို … စက်သေနပ်နဲ့ပစ် ..ဗုံးကြဲခိုင်းတာပေါ့…..

    ဘယ်စစ်တပ်မဆို … ကိုယ့်ပြည်သူတွေကိုပစ်ရတယ်..ဆိုတာလွယ်တဲ့ ..အလုပ်မဟုတ်ပါဖူး … စည်းကျော်သွားရင် …သေနပ်ပြောင်းဟာ … မိမိဖက် …လှည့်လာတာပဲ… ကြာကြာပြစ်.. လို့လဲမရဖူး…..လစ်ဗျားက..နမူနာပြလိုက်တာပဲ …..

    လစ်ဗျားမြို့တော် …. ကလူတွေကို …ချီးချူးဖို့…ကောင်းတယ် ..ပစ်မယ်မှန်းသိရဲ့နဲ့… ချီတက်ရဲတယ် …. နောက်ဆုံး…တပ်..တပ်..ချင်း..တိုက်ရမှာပဲ …… ဇတ်ကမပြီးသေးဖူး.. နောက်ဆုံး … ရက်စက်လွန်းလို့… နေတိုးက ..ဝင်ချင်ဝင်ရနိုင်တယ် … Bosnia မှာလိုပေါ့..

    ကဒါဖီ..က..မြို့တော်မှာ … သူ့ခံတပ်ကို..ထားတော့ …. အံတုလာတဲ့ပြည်သူစီက .. ရှောင်ရခက်တယ် ….. ဗိုလ်ချုပ်သန်းရွှေ့က ….. ၈၈၈၈ ကိုကောင်းကောင်း.. လေ့လာပြီး … လူထုနဲ့စစ်တပ်ကို ..ခွဲထုတ်လိုက်တယ် ….နေပြည်တော်ကို ..စစ်တပ်မြို့တော်..လုပ်လိုက်.. တော့ …အရေးအခင်းထပ်ဖြစ်ရင် …. လူထုက စစ်ဌါနချုပ် ကိုဝင်သိမ်းမဲ့ … အန္တရာယ် က ဝေးသွားတယ် … အမေရိကန်ရေတပ်လည်း .. လွယ်လွယ်ဝင်မကူနိုင်ဖူး …. တရုတ်ကမမြင် ရတဲ့.. ခံတပ်တခုပဲ ….. command and control မပျက်သ၍ … စစ်တပ်ကို … အမိန့်ပေး.. ခိုင်းနိုင်တယ် ….

    ဗိုလ်ချုပ်သန်းရွှေ က သူ့အစီအစဉ်နဲ့ သူအကွက်ချ … လုပ်နေချိန်မှာ … ပြည်ပရောက် … အတိုက်ခံတွေက … ဘာလုပ်ကြသလဲ? .. ဗေးဒင်ရူးကြီး … ယတြာချေတယ်..ဆိုပြီး … ထင်ကြေးနဲ့ … ဝိုင်းဆဲကြရုံကလွဲလို့ … ဘယ်သူ … ဗျူဟာ..ဖက်ကကြည့်ကြသလဲ?

    ဗိုလ်ချုပ်သန်းရွှေ..တယောက်တော့ ..ပြုံးနေမှာ..မြင်ယောင်သေးတယ် ….

    အာရပ်နိုင်ငံတွေ..ရဲ့..ဖြစ်စဉ်တွေကို .. အသေးစိပ် ..လေ့လာနေမှာ ..သေခြာတယ် ….

    တရုပ်အထိ တောင် …. ရိုက်ခပ်လာတယ်..မဟုတ်လား?

    ကျနော် … ဒီလို … ဗျူဟာ အရကြည့်ပြီး … စစ်ဗိုလ်..မဟုတ်တာကြောင့် …. ကျနော်.. ဂျပန်ရောက်တုန်း က …. တိုင်းရင်သားစစ်ဗိုလ်ဟောင်း..တယောက်ကို..မေးဖူးတယ် …. ကျနော်..မျက်စိ..ပွင့်ခဲ့ရတယ် … ဒါပေမဲ့ … တရုတ်ကို..အတုခိုးပြီး … လှိုင်ခေါင်းတွေ ..ဆောက်ထားတာ..မသိရသေးဖူး…

    နိုင်ငံတိုင်းဟာ … ကိုယ့်နိုင်ငံ ..ရဲ့ …. ရာဇဝင် …ယဉ်ကျေးမှု..အတိုင်း… ကိုင်တွယ်ရတာပဲ …

    ကိုယ်လူမျိုးအကြောင်း..ကိုယ်သိရမယ် …. သိ သူက အောင်ပွဲ..ခံတာပဲ…

    စစ်တပ်ဆိုတာ … အမြဲ..ရန်သူကိုရင်ဆိုင်ဖို့ ..ပြင်ဆင်ရတယ် .. အစီအစဉ်..ရှိတယ် ….

    ဗျူဟာကို ကြည့်နိုင်ကြပါစေ ….

    ရာဇဝင် နဲ့..ဖြစ်ရပ် တွေကို ..လေ့လာတယ်..ဆိုတာ ..သင်္ခန်းစာ ..ယူနိုင်ဖို့ပဲ …..

    ကြည့်တတ်..မြင်တတ်ရင် ..(၂)ဖက်စလုံး..အတွက် ..သင်္ခန်းစယူစရာတွေ အများကြီးပါ …

    ဘိုကျော်ငြိမ်း

  • ကျွန်တော့်အမြင်နဲ့ထပ်တူနီးပါးတူပါတယ်..
    “ဗျူဟာ” လိုပါတယ်.. သုံးသပ်ပြသွားတာ အသက်အရွယ်၊ အတွေ့အကြုံအရဖြစ်မယ်ထင်ပါတယ်
    အချက်အလက် ပိုမိုပြည့်စုံပါတယ်.. ထပ်မံ ဆွေးနွေးကြရင် ဗဟုသုတတိုးလာမယ်လို့ မျှော်လင့်ပါတယ်

  • ချစ်စ/ဆ ရာ

    February 27, 2011 at 5:59 am

    လေးခိုင်ပြောတာကို လုံးဝထောက်ခံပါတယ်ခင်ဗျ
    တစ်ကယ်ဆိုရင် တပ်မတော်ရဲ ့ဗိုလ်ချုပ်မှုးကြီးဟာဆိုရင်
    သူမတူအောင် နှလုံးရည်နှင့်ပြည့်စုံသူတစ်ယောက်သာလျှင်ဖြစ်ပါတယ်ခင်ဗျ
    သူ ့ရဲ ့နှလုံးရည်နှင့်ပြည့်စုံခြင်းကြောင့်သည်သာလျှင်
    ယနေ ့မြန်မာနိုင်ငံတော်ရယ်လို ့ ကမ္ဘာမှာရပ်တည်နေနိုင်တာမဟုတ်ပါလားခင်ဗျ
    ဒီမိုကရေစီနိုင်ငံတော်ကြီးဆိုတာ နေ ့ချင်းညချင်းတည်ဆောက်လို ့
    ဘယ်လိုမှ မရနိုင်ပါဘူး
    တစ်ဆင့်ခြင်းမှန်မှန်သွားရပါမယ်ခင်ဗျ
    ဒါကြောင့်မို ့ကျွန်တော်တို ့ဟာဆိုရင်
    နောင်လာမယ့်ပြည်သူ ့အစိုးရအဖွဲ ့စည်းများရဲ ့
    လမ်းညွှန်မှုအောက်မှာ
    ပြည်သူများအနှေင့်
    ကျရာတာဝန်များကို တက်တက်ကြွကြွ
    ပါဝင်ဆင်နွှဲကြရမှာ မဟုတ်ပါလားခင်ဗျား။

  • kai

    February 27, 2011 at 9:53 am

    “အရှေ့အလယ်ပိုင်းနဲ့ အာဖရိက မြောက်ပိုင်းမှာ လူထုဆန္ဒပြမှုတွေကို မြန်မာနိုင်ငံက လူထုတွေကလည်း နီးနီးကပ်ကပ် စောင့်ကြည့်နေကြတယ်”
    ဒေါ်အောင်ဆန်းစုကြည်က မလေးရှားသတင်းထောက် တွေကို တယ်လီဖုံးနဲ့ ပြောတာဖြစ်ပါတယ်။
    ====

    “မြန်မာပြည်သူလူထုက ၁၉၈၈ ခုနှစ်မှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်တွေနဲ့ ယှဉ်ကြည့်ကြရာမှာ တူနီးရှားနဲ့ အီဂျစ်မှာ စစ်တပ်က သူတို့ ပြည်သူတွေအပေါ် ပစ်ခတ်ခဲ့ခြင်း မပြုတဲ့ အချက်ကို သတိထားမိကြသလို လစ်ဗျားနိုင်ငံမှာတော့ အခြေအနေက အဲဒီလို မဟုတ်ဘူး ဆိုတာကိုလည်း သတိထားမိကြပါတယ်။ တူနီးရှားနဲ့ အီဂျစ်နိုင်ငံထက်စာရင် လစ်ဗျားမှာ အခြေအနေက ပိုရှုပ်ထွေး၊ ပိုဆိုးဝါးတာကို မြင်ရပါတယ်။ အထူးသဖြင့် အီဂျစ်နိုင်ငံမှာ အာဏာရှင်ကို ဖြုတ်ချနိုင်ခဲ့တဲ့အတွက် လူတွေက သိပ်ကို သဘောကျပြီး စိတ်ဝင်တစားနဲ့ အခြေအနေတွေကို စောင့်ကြည့်နေကြတာ ဖြစ်ပါတယ်။”
    “သိတဲ့အတိုင်းပါပဲ၊ မြန်မာနိုင်ငံမှာလည်း ပြည်သူလူထုက ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။ အဲဒီ ဆန္ဒပြမှုတွေ အတွင်းမှာ စစ်တပ်က ပြည်သူလူထုကို ပစ်ခတ်ခဲ့ပါတယ်။ ဒါဟာ အဓိက ကွာခြားချက်ပဲလို့ ကျမ ထင်ပါတယ်။ လစ်ဗျားနိုင်ငံက အခြေအနေကတော့ စစ်တပ်ကိုယ်တိုင်က အခြေအနေကို ဘယ်လိုကိုင်တွယ် ဖြေရှင်းရမလဲ ဆိုတာနဲ့ ပတ်သက်ပြီး စိတ်ဝမ်းကွဲနေကြပုံ ရပါတယ်။ မြန်မာနိုင်ငံမှာတော့ စစ်တပ်ရဲ့ မူဝါဒ ပေါ်လစီတွေနဲ့ ပတ်သက်ပြီး သိသာထင်ရှားတဲ့ စိတ်ဝမ်းကွဲမှုတွေ မရှိဘူးလို့ ကျမ ယူဆပါတယ်။”
    ဒေါ်အောင်ဆန်းစုကြည် ဗီအိုအေနဲ့တွေ့ဆုံခန်းမှာ ပြောတာဖြစ်ပါတယ်။
    ===
    “အီဂျစ်တပ်ကတော့ ပြည်သူလူထုကို ပြန်ပြီး တိုက်တာမတိုက်တာ ရှိတဲ့အတွက် ပြောင်းလဲသွားတဲ့ ပုံစံက Hosni Mubarak ထွက်သွားရတယ်။ ဒါပေမယ့် လစ်ဗျားကျတော့ ဒီလိုမဟုတ်ဘူး။ ဂဒါဖီကျတော့ အပြင်းအထန် နှိပ်ကွပ်နှိမ်နင်းပြီးတော့ ဒီနေ့အထိ သွေးထွက်သံယို ပြဿနာတွေ ဖြစ်နေတာ တွေ့ရတယ်ပေါ့။ အဲဒီနှစ်ခုအပေါ်မှာ အမြဲတမ်း အခြေအနေကို မပြတ် စောင့်ကြည့်နေတယ်ဆိုတဲ့ သဘောကို ပြောသွားတာပဲ”
    “ပြည်သူလူထုဆန္ဒနဲ့ ပတ်သက်ပြီး အေးအေးချမ်းချမ်းဖြစ်အောင် ပြတယ်ဆိုရင် တပ်ဟာ ပြည်သူလူထုကို လက်နက်နဲ့ နှိပ်ကွပ်တာ မလုပ်သင့်ဘူးပေါ့။ အီဂျစ်က အဲဒီလို လုပ်သွားတဲ့အတွက် ပြောင်းလဲသွားတယ်။ ဂဒါဖီ ကျတော့ သူ့တပ်ကို ခံပြီး ရက်ရက်စက်စက် နှိပ်ကွပ်တဲ့အတွက် ဒီအခြေအနေ နှစ်ရပ်ကို မျက်ခြေမပြတ် သုံးသပ်ကြည့်ရှုနေမယ်လို့ အဲဒီလိုပြောသွားတယ်လို့ နားလည်ပါတယ်”
    NLD ဒု-ဥက္ကဋ္ဌ ဦးတင်ဦးကလည်း ဒေါ်အောင်ဆန်းစုကြည် ဖြေကြားခဲ့တာကို RFA ကို ပြန်ရှင်းပြတာဖြစ်ပါတယ်..။

  • ကျွန်တော်ထင်တာက ယခုJD အဖွဲ့လုပ်တာမှန်တယ် ထင်ပါတယ်။ ဒီအချိန်မှ မလုပ်ရင် ဘယ်အချိန်လုပ်မလဲ။ လူထုအုံကြွတာကိုတော့ ပုံစံတစ်မျိုးနဲ့ လုပ်ကြည့်စေချင်ပါတယ်။ အသက်တွေစွန့်ရလှပါပြီ။ ဒီတော့ အသက်မစွန့်ရတဲ့နည်း၊ သူတို့ကို ကလိနိုင်တဲ့နည်းမျိုး၊ ကျွန်တော်စဉ်းစားမိတာက မင်ဒဲလားနည်းမျိုးပါ။ မင်ဒဲလားက အိမ်ထဲကအိမ်ပြင် မထွက် ၃ရက်၊ ဆိုတာမျိုးကို လုပ်ခိုင်းခဲ့တာပါ။ လူတွေအားလုံး အိမ်ထဲကအိမ်ပြင်မထွက် ၃ရက် ဆိုတာမျိုးကျတော့ ဘယ်စစ်တပ်ကမှ အိမ်ထဲဝင်ပစ်လို့မရဘူး။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲကိုပဲကြည့်ပါ။ အခြေခံဥပဒေကျတော့ လူစေ့တက်စေ့ မဲသွားထည့်ကြပြီး ရွေးကောက်ပွဲလည်းကျရော မဲမထည့်တဲ့လူက အလွန်တရာ များလှတာ၊ ဒီအစိုးရရှက်ပြီး လဲသေဖို့တောင် ကောင်းတယ်။ ဒီလိုမျိုး ကလိနေနိုင်ဖို့လိုပါတယ်။ အမြဲတမ်းခေါင်းငုံ့ခံမယ့်အစား ကလိနိုင်ဖို့ လိုပါတယ်။
    ဒုတိယတစ်ချက်က propaganda ကိစ္စပါ။ သူတို့အကြောင်းကို လိုရင်းတိုရှင်း ဓာတ်ပုံသက်သေ အခိုင်အမာနဲ့ လက်ကမ်းစာရွက် ၂ရွက်၃ရွက်စာလောက် လုပ်ပေးနိုင်ရမယ်။ လူတွေက ဘယ်လိုကိစ္စမျိုးကို ခံပြင်းသလဲ သိဖို့လိုတယ်။ မှူးကြီးဘယ်လောက်ချမ်းသာသလဲဆိုတာထက် မြေးလေး လိမ္မာယဉ်ကျေးပုံကို ရေးပြနိုင်ရင် လူတွေပိုစိတ်ဝင်စားတယ်။ လူတွေကို မျက်စေ့ဖွင့်ပေးရမယ်။ လူတွေက သိတော့သိတယ်။ ဒါပေမယ့် ဝါးတားတား ဖြစ်နေကြလို့ သေချာအောင်ပြောနိုင်ရမယ်။ အင်တာနက်ဆိုင်ထိုင်တဲ့လူ နည်းပါတယ်။ ကလောင်စွမ်းကို အထင်မသေးပါနဲ့။ propaganda သိပ်အရေး ကြီးတယ်။
    ဦးခင်ညွန့်အကြောင်း ဗီဒီယိုရိုက်ပြလိုက်တော့ လူတွေက ဘယ်လိုထင်သွားတယ် မှတ်လဲ။ ဒါ သူတို့တမင်လုပ်တာ။ လူတွေက ပိုတောင် ရှိန်သွားကြတယ်။ သူတို့က အဲဒါမျိုး အမြဲတော်တယ်။ လူထုထဲကို သတင်းစိမ့် သွင်းတာကို ရှုထောင့်တစ်မျိုးကနေ ဖြစ်အောင်လုပ်တာ။ ကျွန်တော် ဆက်မပြောတတ်တော့ဘူး။

  • မိုက်ကယ်ဂျော်နီအောင်ပု

    February 28, 2011 at 2:04 am

    အပေါ်ကကိုယ်တော် ပြောတာကို နည်းနည်းလေးဖြည့်စွက်ပေးမယ်
    ဗမာပြည်ထဲက လက်လုပ်လက်စား လူတွေကို
    ကုန်ရောင်းကုန်ဝယ် သဌေးတွေက အင်တာနက်တွေကနေ မြှောက်ပေး
    သူတို ့ဆူပူလို ့စစ်တပ်က သေနတ်နဲ ့ပစ်တာကို ကိုယ်နေတဲ့တိုက်အိမ်အပေါ်ထပ်ကနေ ဗီဒီယိုတွေနဲ ့ရိုက်ပြီး
    ကမ္ဘာကို ပြ
    အဲ့ခါကြရင် နိုင်ငံခြားကဆရာကြီးတွေက ဇိမ်ခံပြီးကြည့်မယ်
    ရိုက်ပြီးပြတဲ့လူတွေကလည်း
    ဒါ စွန် ့စားပြီးရိုက်ထားတာ ဂုဏ်ထူးဆောင်လက်မှတ်တွေရ
    မြို ့ပြမှာနေတဲ့ ရဲ၊ ဘာဝန်ထမ်း၊ ညာဝန်ထမ်းတွေ စောက်ကျိုးနည်းအောင်
    ခိုးစိုးလုယက်စားသောက်နေကြတာကို ဆိုင်တဲ့ကောင်တွေနဲ ့ပေါင်းပြီး
    ဝိုင်းခိုးလိမ်စားကြီးပွားနေကြတာကို မသိခြင်ယောင်စောင်ပြီး
    လစာနှစ်ပဲ တစ်ပြားဘဲရလို ့ရသလို ရှာဖွေစားသောက်နေရတဲ့
    အခြေခံတပ်မတော်သားတွေကို ပြည်သူနဲ ့သဟဇာတဖြစ်အောင်ဘာမှ နားမလည်ပေးဘဲ
    ခွေးတွေနွားတွေလို ့စွတ်ပြော
    ခင်ဗျားပြောသလိုဆူပူမှုတွေကိုလုပ်ရင်
    ကျုပ်တို ့အမေတွေ သူများအမေလင်တွေနဲ ့ဖင်ခံပေါင်းထားတဲ့
    စီးပွားရေးတွေပျက်ကုန်မှာပေါ့ဟ
    ခင်ဗျားပြောတဲ့အစီစဉ်ကို လုံးဝလက်မခံဘူး
    မသကာ ချချင်ရင်လည်းချကြ
    ခင်ဗျားတို ့သေ
    ပွဲပြီးရင်
    ကျုပ်တို ့က ဆရာကြီးတွေ
    နိုင်ငံခြားကနေပြန်လာပြီး
    ဆရာကြီးတွေလာပြန်လုပ်မယ်။
    ဒီတော့ပွဲကမပြီးသေးဘူး
    တိုင်းရင်းသားတွေက စိတ်နာပြီး
    ခေတ်သစ်ကွန်မြူနစ်ဝါဒကိုတီထွင်ပြီး
    မြို ့ပြနေတဲ့လူတွေရဲ ့ခေါင်းတွေကို
    ထင်းခုတ်ဓားတွေနဲ ့ဂွပ်ဂွပ်မြည်အောင်လိုက်ခုတ်
    ဟေးးးးးးးးး
    ပျော်စရာဂျီး
    ဒက်ဂလောက်
    ဒက်ဂလောက်

  • nigimi77

    March 1, 2011 at 6:03 pm

    ကိုရင် အောင်ပု။ ကိုရင် တော်တော် ဟုတ်လာပြီ။

Leave a Reply