Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


POLSeptember 28, 20111min2180
1 နှစ်ပေါင်း ၁၀ဝ ကျော်အတွင်း မြန်မာနိုင်ငံ၌ ငလျင်လှုပ်ခတ်မှု အဖြစ်များဆုံးဒေသမှာ ကချင်ပြည်နယ် ဖြစ်ကြောင်း သမိုင်းမှတ်တမ်းများအရ သိရှိရ။ 2 ဧရာဝတီမြစ် အပါအဝင် ဆက်စပ်စီးဝင်နေသော မြစ်ကြောင်းများ၏ သဘာဝပတ်ဝန်းကျင် ဆိုင်ရာ လေ့လာမည်။ 3 အမျိုးသား ပြန်လည်စည်းလုံးရေးနှင့် ပတ်သက်ပြီး နိုင်ငံတော် အစိုးရအနေဖြင့် နည်းလမ်းသုံးခုနှင့် ဆောင်ရွက်နေ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် လည်းပဲ တွေ့ဆုံဆွေးနွေးပြီး ပူးပေါင်းဆောင်ရွက်နိုင်အောင် ဆောင်ရွက်လျက်ရှိ ဟု ဦးကျော်ဆန်း ပြောကြား။ 4 အောင်ဆန်းပင်လုံ စာဖတ်ခန်း ဖွင့်ပွဲ အခမ်းအနား ကျင်းပ။ 5 နိုင်ငံရေးနှင့် ဆက်နွှယ်သည့် ဘာသာရပ်များ လေ့လာရန် လူငယ်များပိုမို စိတ်ဝင်စား။ 6 နိုင်ငံတော် သမ္မတသည် ပြစ်ဒဏ်လွတ်ငြိမ်းခွင့် (Pardon) ပေးပိုင်ခွင့်ရှိသော်လည်း လွတ်ငြိမ်းချမ်းသာခွင့် […]


POLSeptember 25, 20111min1980
ဧရာဝတီမြစ်ဆုံရေးအတွက် နယ်ပယ်အသီးသီးမှပေါင်းဆုံပါဝင်ခဲ့ကြတဲ့ ဟောပြောပွဲတစ်ခုကို (၂၄၊၉၊၂၀၁၁) ရက်နေ့က ရန်ကုန်မြို့ Park Royal Hotel မှာ ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီဟောပြောပွဲကို ထွန်းလွင်ဖောင်ဒေးရှင်း၊ ဂျူးဖောင်ဒေးရှင်း၊ Eco Dev၊ မုံရွေးစာအုပ်တိုက် တို့က ပူးပေါင်းပြုလုပ်တာလို့သိရပါတယ်။ အဲဒီပွဲကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောပညာရှင် ဦးအုန်း ကအဖွင့်အမှာစကားပြောကြားပြီး Eco Dev မှ မန်နေးဂျင်းဒါရိုက်တာ ဦးဝင်းမျိုးသူ၊ ထွန်းလွင်ဖောင်ဒေးရှင်းမှ ဒေါက်တာဦးထွန်းလွင်၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှ ကချင်တိုင်းရင်းသား ဒူဝါဇောင်ဂမ် တို့က ဆွေးနွေးဟောပြောခဲ့ကြပြီး Eleven Media Group မှ CEO ဒေါက်တာသန်းထွဋ်အောင် ကနိဂုံးချုပ် အမှာစကားပြောကြားခဲ့သည်ဟုသိရပါတယ်။ ဟောပြောပွဲကို ရဟန်းသံဃာတော်များ၊ နိုင်ငံရေး၊ စီးပွားရေး၊ စာပေအနုပညာ၊ လူမှုရေး နယ်ပယ်စသည့် နယ်ပယ်အစုံမှ စိတ်ပါဝင်စားစွာတက်ရောက်ခဲ့ကြပါတယ်။ သတင်းနှင့်ဟောပြောချက်အပြည့်အစုံကို www.news-eleven.com […]


POLSeptember 12, 20111min79929
ဧရာဝတီကို ကယ်တင်ရန်၊ မြစ်ဆုံဆည် စီမံကိန်းကို ကန့်ကွက်ကြရန် ရည်ရွယ်ချက်ဖြင့် Save The Irrawaddy ဟောပြောပွဲကို ရန်ကုန်မြို့၌ ၂၀၁၁ ခုနှစ် စက်တင်ဘာ ၁ဝ ရက်နေ့က ပြုလုပ်ခဲ့ကြပါတယ်။ ဟောပြောခဲ့တဲ့သူများကတော့ ကိုမြင့်ဇော်(သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ဆောင်သူ)၊ ဒေါက်တာထွန်းလွင်(မိုးလေဝသပညာရှင်)၊ မောင်စိန်ဝင်း ပုတီးကုန်း(စာရေးဆရာ)၊ ကိုတာ (စာရေးဆရာ) တို့ကဟောပြောခဲ့ကြပြီး ဧရာဝတီကိုချစ်သော စိတ်ပါဝင်စားသူ ၅၀ဝ ခန့် တက်ရောက်ခဲ့ကြပါတယ်။ အများစုမှာ လူငယ်များ ဖြစ်ကြပါတယ်။ ဟောပြောချက်များကို www.news-eleven.com မှာကြည့်ရှုနိုင်ပါတယ်။


POLSeptember 12, 20111min2090
ဧရာဝတီမြစ်ကို ကယ်တင်ထိန်းသိမ်းရန် ရည်ရွယ်ပြုလုပ်ခဲ့သည့် ‘Save the Irrawaddy’ ဟော ပြောပွဲကို ရန်ကုန်မြို့၌ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁ဝ ရက်နေ့က ကျင်းပခဲ့ပါတယ်။ မြန်မာပြည်ကိုချစ်သော စာရေးဆရာ၊ ပညာရှင်များ က ဟောပြောဆွေးနွေးခဲ့ကြပါတယ်။ အဲဒီအထဲကမှ အရေးကြီးတဲ့အချက်တစ်ချို့ကိုကောက်နှုတ် တင်ပြလိုက်ပါတယ်။ ဧရာဝတီဆည်နဲ့ ပတ်သက်တဲ့ သဘာဝပတ်ဝန်းကျင် အကျိုးဆက်တွေ ကို လေ့လာထားတဲ့၊ ဧရာဝတီမြစ် အထက်ပိုင်းမှာ ဆည်တွေဆောက်လိုက်တဲ့အခါ ဘာအကျိုးဆက်တွေ ဖြစ်လာမလဲဆိုတာကို မြန်မာနိုင်ငံ အစိုးရရဲ့ ခွင့်ပြုချက်နဲ့ မြန်မာပညာရှင်၊ တရုတ်ပညာရှင်တွေလည်း ပါတယ်။ စာမျက်နှာ ၉၀ဝ ကျော်ရှိတဲ့ လေ့လာချက်စာတမ်း ၁ စောင် ထွက်ခဲ့ပါ တယ်။ ၂၀၀၉ အောက်တိုဘာလမှာ ထွက်ခဲ့ပါတယ်။ အဲဒီက စာလေးတစ်ပိုဒ်ကို ဖတ်ပြချင်တယ်။ ‘မြန်မာ […]


POLMay 18, 20111min50712
မေတ္တာရှင် – ငါ ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ကို တရားဟောကြွတော့ ဆစ်ဒနီက ဗုဒ္ဓဘာသာ လူငယ်တွေက မြန်မာတစ်မျိုးသားလုံး သိသင့်တဲ့ မေးခွန်းတစ်ခု မေးတယ်။ အဲဒီမေးခွန်းက – မြန်မာတွေဟာ အမြင့်မြတ်ဆုံးဖြစ်တဲ့ ဗုဒ္ဓဘာသာကိုလည်း ကိုးကွယ်ခွင့်ရတယ်။ ဒါနကုသိုလ်လည်း အများကြီးပြုကြတယ်။ အဲဒီနှစ်ချက်ကို ထောက်ကြည့်ရင် မြန်မာတွေဟာ ကမာ္ဘမှာ အချမ်းသာဆုံး ဖြစ်သင့်တယ်။ ဒါပေမယ့် ထင်သလောက် မချမ်းသာဘူး။ အဲဒါ ဘယ်အကြောင်းတွေကြောင့်လဲ တဲ့။ သန်း – ဟာ သိပ်ကောင်းတဲ့ မေးခွန်းပဲ ဘုရား။ ဆရာတော်က ဘယ်လိုဖြေလိုက်လဲ ဘုရား။ မေတ္တာရှင် – အကျဉ်းချုပ် ဖြေလိုက်တာက မြန်မာတွေဟာ ဗုဒ္ဓစကားကို နားမထောင်ကြလို့ ဆင်းရဲနေကြတာလို့ ဖြေလိုက်တယ်။ သန်း – အဲဒီလောက် ကျဉ်းလွန်းအားကြီးတော့လည်း […]


POLMarch 8, 20111min1882
ယခုတကြိမ်တွင် ၁၅ မိနစ် အနှိပ်ခန်းများသို့ မသွားဘဲ ပြည့်တန်ဆာတဦးကို ကျွန်ုပ်၏ အခန်းသို့ ခေါ်လာလျှင် ကောင်းမည်ဟု တွေးမိသည်။ ထိုသို့ ခေါ်ဆောင်နိုင်ရန် ရန်ကုန်မြို့တနေရာသို့ သွားရောက်ရာ တကိုယ်တော် လှုပ်ရှားသူ ပြည့်တန်ဆာတို့ကို အခန့်သင့် တွေ့လေ၏။ သူတို့ထဲမှ တဦးကို ချည်းကပ်လိုက်သည်။ သူ့အမည်မှာ လုံးကြီးပေါက်လှ ဟူ၏။ ဦးစွာ ဈေးစကား ပြောသည်က ကွမ်းတယာညက်ခန့် ကြာသွားသည်။ ိုကျွန်ုပ်။ ။ မှန်တာပြောရင် ချမ်းသာပါစေကွာ၊ ငါ့မှာ ငွေအခက်အခဲ တကယ် ဖြစ်နေလို့ပါ။ ထပ်ပြီး လျှော့ပါအုံး။ လုံးကြီးပေါက်လှ။ ။ ကဲပါ၊ ဟုတ်ပါပြီ။ ဒီဈေးနဲ့ပဲ လိုက်ပါ့မယ်။ ဈေးဦးမပေါက်တာ ၂ ရက် ရှိပြီမို့ လျှော့ပေးလိုက်တာနော်။ ကျွန်။ ။ ဪ […]


POLMarch 8, 20111min2325
ပြည့်တန်ဆာတဦးနှင့် တွေ့ဆုံခြင်း (အပိုင်း ၁) အသက် ၂ဝ ကျော် အရွယ် ရှိသော၊ တချက်တချက် နှစ်လိုဖွယ် ပြုံးပြတတ်သော၊ ညဉ့်ငှက် ဆိုသော်လည်း နေ့ဘက်တွင် လှုပ်ရှားသော၊ ရွက်ကြမ်းရေကျို အနေအထားထက် အနည်းငယ်ပိုသည့် ရူပါကို ပိုင်ဆိုင်သော၊ သံချပ်နှင့်ဆင်တူသည့် ဟစ်ပ်ဟော့ပ်သီချင်း၊ ပီကေ၊ ဝက်သားတုတ်ထိုးတို့ကို ကြိုက်တတ်သော ပြည့်တန်ဆာတဦးနှင့် ကျွန်ုပ် တွေ့ကြလေသည်။ နေရာက ရန်ကုန်မြို့လယ်တနေရာရှိ အနှိပ်ခန်းတခုတွင် ဖြစ်သည်။ အနှိပ်ခန်းတွင် လုပ်ကိုင်နေသော်လည်း သူက နှိပ်တတ်ပုံမပေါ်။ ကိစ္စမရှိ။ စားသုံးသူတို့က အနှိပ်ခံရန် ဤနေရာသို့ လာခြင်း မဟုတ်။ အီစီကလီ၊ အယုအယ၊ ဟိုဒင်းဟိုဟာ တို့အတွက် လာခြင်း ဖြစ်သည်။ သူက နှုတ်ခမ်းနီ ထူထူ၊ မိတ်ကပ် ခပ်ပါးပါး လိမ်းထားသည်။ […]


POLFebruary 25, 20111min61817
တူနီးရှားမှ အစပြုခဲ့တဲ့ အာရပ်တော်လှန်ရေးမှာ ‘ဒိုမီနို အကျိုးသက်ရောက်မှု’ ပုံစံဖြင့် အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိက တစ်နိုင်ငံပြီး တစ်နိုင်ငံ ဇယ်စက်သလို ကူးသွားပြီး အာဏာရှင်တွေ ပြုတ်ကျဖို့ ဖန်တီးလာသည်။ ၎င်း ‘ဒိုမီနို အကျိုးသက်ရောက်မှု’ (domino effect) က အာရပ်ကမ္ဘာမှာတင် အပြောင်းအလဲများ ဖြစ်နေတာ မဟုတ်ဘဲ၊ ကမ္ဘာအနှံရှိ အာဏာရှင် နိုင်ငံတွေကိုပါ ‘လိပ်ပြာတောင်ပံ အကျိုးသက်ရောက်မှု’ (butterfly effect) ပုံစံနဲ့ လှိုင်းရိုက်ခတ် လာသည်။ တူနီရှား လိပ်ပြာတစ်ကောင်ရဲ့ အတောင်ပံ တစ်ချက် ခတ်လိုက်မှုက အီဂျစ်၊ ဘာရိန်း၊ လစ်ဗျား စတဲ့နို်င်ငံတွေမှာ ဆိုင်ကလုန်း ဖြစ်သွားစေပြီး၊ ယခု တရုတ်၊ မြန်မာ စတဲ့ အာရှ အာဏာရှင် နိုင်ငံတွေမှာပါ တော်လှန်ရေး ဟာရီကိန်းတွေ […]


POLFebruary 14, 20111min1720
ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း မင်း၏သားငယ်၊ မင့်သက်လှယ်ကို အဘယ်တရား ဟောမည်နည်း။ ဆန်း၏ သတ္တိ ဆန်း၏သမာဓိ၊ ဆန်း၏ပညာ ဟောစရာကား၊ အလွန်များ၏ မင့်သားအရွယ်၊ သက်နှစ်ဆယ်တွင် လူငယ်အောင်ဆန်း၊ သူ့အစွမ်းကို ပန်းကောင်းတစ်ပွင့်၊ ပန်ဆင်တင့်သို့ မင့်သား သိစေချင်လှ၏။ သူ့အစွမ်းကား၊ အခြားမဟုတ် အအုပ်ချုပ်ခံ၊ မျိုးခြားဒဏ်မှ၊ မြန်မာလွတ်လမ်း၊ ခရီးကြမ်းဝယ် ဗန်းပြအလှ၊ ပကာသနကို ပြာကျလောင်မြိုက်၊ သူမီးတိုက်၏။ ခေတ်လိုက်ခါညီ၊ ခေတ်မီပညာ ကြုံရာဘဝ၊ မုတလုံလောက်၊ ခံမြို့ဆောက်၏ ထိုနောက်တဆင့်၊ မိုးထိလွင့်အောင် ရိုးကျင့် မြင့်ကြံ၊ သူ့အလံတည့် ပျံတလူလူ၊ သူ ထူခဲ့ကြောင်း၊ ခေါင်းဆောင်သဘော မင့်သားချောကို ပြောလိုက်ပါဘိ ဟောပါဘိ။ ။ ဆရာဇော်ဂျီ။