တရုတ်တန်းမှာ အလုပ်စမ်းရှာ Chinatown

CHINATOWN-1
တရုတ်တန်း-၁

နယူးယောက်မြို့ကို ရောက်လာကြတဲ့ နိုင်ငံတကာက ရွှေ့ပြောင်းလာသူ လူသစ်များ တရုတ်တန်းမှာ အလုပ်စရှာကြပုံကို ပြီးခဲ့တဲ့အင်္ဂါနေ့ ကထဲက nytimes.com မှာတွေ့လို့အားရင် ဘာသာပြန်ပို့စ်တင်မယ်လို့ စိတ်ကူးရှိပေမဲ့ ကိုယ့်ဒေသလည်းဖြစ် ကိုယ်တိုင်သူတို့လို ဖြတ်သန်းခဲ့တာမို့ ကိုယ့်အာဘော်နဲ့ကိုယ်ရေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ မူရင်းဆောင်းပါးကိုဖတ်ချင်သူများအတွက် ဒီပို့စ်နဲ့တဆက်ထဲ တွဲတင်ထားပါတယ်။ သိပ်တော့အသေးစိတ် မရေးပါဘူး။ အားလုံးနဲ့ဆိုင်တဲ့ကိစ္စမျိုး၊ ပြောသင့်တဲ့ တာမျိုးပဲ ပြောပါ့မယ်။ တချိန်မှာ ကိုယ်က အမေရိကန်သမတလောင်း ဖြစ်ချင်ဖြစ်မှာမို့ အကုန်လုံးထုတ်ပြောလို့ မဖြစ်ဘူးလေ။ သမတဖြစ်ခွင့် မရှိလည်း ဒုတိယသမတပေါ့ဗျာ။ (ပြီးမှသမတကို လူငှားပြီးလုပ်ကြံခိုင်းမယ်။) 😀 ပင်လယ်ရပ်ခြားမှာ ကိုယ့်အား ကိုယ်ကိုး ဘဝကို ဖြတ်သန်းရသူတိုင်းဟာ ဇာတ်လမ်းကိုယ်စီနဲ့ပါ။ ဝမ်းနဲစရာ၊ ခံပြင်းစရာ၊ စိတ်ပျက်စရာ၊ နောက်တော့လည်း ငယ်စဉ်က အချစ်ဟောင်းအကြောင်းလို ရယ်စရာ မောစရာ လွမ်းစရာတွေ ဖြစ်ကုန်ပါတယ်။ ရယ်စရာနောက်မှာ မောစရာဆိုတာ ပါနေမှတော့ ပေးဆပ်မှု အတိုင်းအတာကို တွေးသာကြည့်ကြပါ။

အမေရိကားကို မလာခင် နယူးယောက်ကိုသွားတဲ့မြန်မာများ ယောက်ျားဆူရှီ မိန်းမ ကျောက်တန်း လို့ သိသူများက လက်ချာပေးလိုက်ပါတယ်။ အမှန်လဲ ကျားမ မရွေး မြန်မာတွေ ဆူရှီလိပ်ခြင်းနဲ့ မကင်းကြပါဘူး။ လူခံရှိပြီး စက်ရုံပေါတဲ့မြို့တွေကို ရောက်သွားရင်တော့ တမျိုးပေါ့လေ။ နို့မို့လို့ကတော့ စကားမတတ်၊ နယ်မြေ မကျွမ်းဆိုရင်တော့ ဆူရှီဆိုင်ဖွင့်နေသူ မြန်မာများထံမှာ live in နေပြီး ဆူရှီဝင်လိပ်ရပါတယ်။ နယူးရောက်မြို့လို နေရာမျိုးဆိုရင်တော့ အိမ်ခန်းဈေးကြီးလို့ ဆိုင်ရှင်က တာဝန်မယူပါ။ ဆူရှီအလုပ်ကိုတော့ မြန်မာများအချင်းချင်း တော့ကီပစ်ရှာလို့ ရပါတယ်။ မြန်မာတွေအဝင်များရင် အလုပ်ရှားပြီး သာမန်အတိုင်းကတော့ နေရာမရွေးရင် လွယ်ပါတယ်။ စိန်ကျောက်လက်ဝတ်ရတနာ လက်လီ လက်ကားရောင်းဝယ် ထုတ်လုပ်ရာ နယူးယောက်စီးတီး မန်ဟက်တန် ၄ရလမ်းက ကျောက်တန်းလို့ မြန်မာတွေခေါ်တဲ့ Dimond District မှာလုပ်ချင်ရင် ခက်ပါတယ်။ ဆူရှီလို မသိဘဲနဲ့ ဝင်တိုးလို့မလွယ်၊ အဆက်အသွယ်ရှိ၊ လည်လည်ဝယ်ဝယ်ရှိ၊ အင်္ဂုလိစကားကို ပြောရဲဆိုရဲမှ ဖြစ်တာပါ။ နေရာလွတ်ကလဲ သိပ်မများ၊ နယ်ကတက်လာသူ၊ ရောက်ပြီးသားလူတွေကလည်း ရုံးထဲမှာလုပ်ရတဲ့ အလုပ်မျိုး လိုချင်ကြတော့ ကံလိုက်မှ အဆက်အသွယ်ကောင်းမှ ရတတ်ပါတယ်။ ရောက်ခါစလူများ၊ လူခံမရှိသူ များကတော့ တရုတ်တန်း ပြေးရပါတယ်။
မူရင်းစာထဲပါတဲ့အတိုင်း အစကတော့ နည်းလမ်းပေါင်းစုံနဲ့ ဝင်လာကြတဲ့ တရုတ်လူမျိုးများအတွက် အောက်ခြေသိမ်း အလုပ်များကို (စားသောက်ဆိုင်၊ လောင်ဒရီ၊ စတိုးအကူ…) ပွဲခယူရှာပေးတာပါ။ နောက်တော့ လူမျိုးတရာ့တပါးနေတဲ့မြို့ ဖြစ်တာနဲ့အညီ လိုင်းပေါင်းစုံ မထသဖြစ်သွားပါတယ်။ ကျနော်လည်း သူများထက် ပိုထူးပြီး ဂျိုမပါခဲ့တာမို့ ရောက်ခါစဆူရှီလိပ်၊ နောက်တော့ တရုတ်တန်းအေဂျင်စီမှာ အလုပ်ရှာ၊ နေသားကျမှ ပိုကောင်းတဲ့အလုပ် ရှာရပါတယ်။ အလုပ်တွေအများစုက ကျောင်းတဖက်နဲ့လုပ်ဖို့ အဆင်မပြေတာများတယ်။ အလုပ်ရှင် သဘောကျအောင်ပေါင်းပြီး နောက်မကျောင်းချိန်နဲ့ညှိယူပေါ့။ စာထဲမှာပါတဲ့ Tina agency, Winner agency ဆိုတာ ဟိုးအရင်ထဲက ရှိပါတယ်။ နယူးယောက်မြို့မှာနေတဲ့ မြန်မာတွေဆိုရင် မသိသူခပ်ရှားရှားပါ။ အေဂျင်စီသွား၊ ဖောင်ဖြည့်၊ ပိုက်ဆံသွင်း၊ (ကျနော်တို့တုန်းက ၃၅ဒေါ်လာလား မမှတ်မိပါ)၊ ပြေစာလက်ခံနဲ့ ဝှိုက်ဘုတ်ပေါ်မှာရေးထားတဲ့ အလုပ်တွေကို ကိုယ်မှန်းတဲ့လုပ်ခ၊ အလုပ်အမျိုးအစားနဲ့ တိုက်မေးရပါတယ်။ တရုတ်မတွေကလည်း အင်္ဂလိပ် စကားပြောအစစ်မဟုတ်၊ ကိုယ်ကလည်း I go to school by bus လောက်ပဲ တတ်တာဆိုတော့ ခြေဟန်လက်ဟန်နဲ့ ဟုတ်တော့ဟုတ်နေတာပါပဲ။ အဓိက က အဓိကပါပဲလေ။ အိုကေရင် အေဂျင်စီက အလုပ်ရှင်ဆီကိုဖုံးဆက်၊ အလုပ်ရှာသူကို သွားရမဲ့ အချိန်နဲ့လိပ်စာပေးပါတယ်။ ကျန်တာကတော့ အလုပ်ရှင်နဲ့ဘယ်လို အပေးအယူရှိလဲ မသိဘူး။ အလုပ်ရှာသူဖကပဲ ပွဲခယူတာတော့သိတယ်။ ပြဿနာဖြစ်ရင် ဘာတာဝန်မှ ခံပုံမရပါဘူး။ အလုပ်သမားဌာနကလည်း ထိန်းမရတဲ့အတူ မျက်နှာလွှဲနေပုံရပါတယ်။

တရုတ်တန်း-၂

အလုပ်ရှင်ဆီရောက်ရင် အင်တာဗျူးဝင်ပေါ့။ တခေါက်နှစ်ခေါက်လောက်နဲ့အဆင်ပြေတာ များပါတယ်။ သိပ်ခက်တဲ့ အလုပ်တွေမှ မဟုတ်တာလေ။ လုပ်ဖူးရင် လုပ်တတ်ရင် ရပါတယ်။ မရှိလည်း ရွှီးပေါ့။ မုသားမပါ လင်္ကာမချောဆိုတာ အဲဒီမှာသုံးတာပါ။ အတွေ့အကြုံမရှိလည်း စားပွဲထိုးအလုပ်ကို ခပ်တည်တည်နဲ့လျောက်၊ တပတ်လောက်နေတော့ပြုတ်၊ နောက်တဆိုင်ထပ်သွား၊ ထပ်ပြုတ်၊ နောက်ဆုံးဆိုင်ကြတော့ လုပ်ရင်းပြုတ်ရင်း ပြုတ်ရင်းလုပ်ရင်းနဲ့ တကယ်စားပွဲထိုး ဖြစ်သွားပါတယ်။ မဟုတ်ရဲသူကတော့ ပန်းကန်ဆေး၊ delivery man, စာပွဲထိုးအကူ bus boy ဘဝတွေနဲ့ အောက်ခြေရဲ့ အောက်ဆုံးက စပေါ့။ ဘတ်စ်ဘွိုင်ဆိုလို ရောက်ခါစက အူကြောင်ကြောင် အဖြစ်လေးတခုကို သတိရမိတယ်။ တနေ့အလုပ်သွားရှာတော့ လမ်းမှာဘော့စ်စတွန်တို့ ဖီလန်ဒါးဖီးယားတို့ကိုသွားတဲ့ တရုတ်ဘတ်စ်ကားကြီးတွေကို တွေ့ပါတယ်။ လမ်းမပေါ်ကားတွေရပ်၊ ဘေးမှာ စားပွဲခင်းပြီး လက်မှတ်ချက်ခြင်း ရောင်းတာပါ။ အခုတော့ ပေးမလုပ်တော့ဘူးထင်တယ်။ အေဂျင်စီရောက်တော့ ဘတ်စ်ဘွိုင်ဆိုတဲ့ အလုပ်ကိုတွေ့တော့ ဘတ်စ်ကားပေါ်လိုက်တဲ့ စပယ်ယာလို အလုပ်မျိုးထင်တာပါ။ နောက်မှ စားသောက်ဆိုင်မှာ စားပွဲထိုးခိုင်းတာလုပ်ရတဲ့ ပန်းကန်းချ ပန်းကန်သိမ်းလုပ်ရသူ မှန်းသိပါတယ်။ မသိခင်တော့ ဘယ့်နှယ် ဘတ်စ်ကားပေါ်လိုက်ရတဲ့ ဘတ်စ်ဘွိုင်၊ ဘတ်စ်ဂဲလ်အလုပ်တွေကို အေဂျင်စီတိုင်းမှာတွေ့တယ်၊ ဘတ်စ်ကားအမြဲစီးရတာ ကြာရှည်မလုပ်နိုင်ကြဘူးလို့ ထင်ခဲ့တာပါ။
အလုပ်မရရင် အေဂျင်စီပြန်သွား၊ နောက်တခုတောင်း၊ မရရင်စောင့်။ အင်တာဗျူး တခါသွားပြီးတိုင်း ကိုယ်ပေးထားတဲ့ ပိုက်ဆံထဲက ငါးဒေါ်လာဖြတ်ပါတယ်။ အလုပ်တခုမှမရပဲ ပိုက်ဆံကုန်သွားတယ်ဆိုတာ ဖြစ်ခဲပါတယ်။ ဖြစ်တတ်တာ တပတ်ကျော်ပြီးမှ အလုပ်ပြုတ်ရင် သတ်မှတ်ထားတဲ့ အချိန်ထက်ကျော်သွားလို့ ပွဲခအသစ် ပြန်သွင်းရတာပါ။ စာထဲပါသလို တရုတ်အေဂျင်စီတွေက အခြားလူမျိုး အေးဂျင့်တွေထက်ဈေး တဝက်ကျော်လောက်သက်သာ၊ အာရှသားချင်းလည်းဖြစ်တာမို့ မြန်မာနဲ့ အေးရှန်းအများစုက သူတို့ဆီပဲ သွားပါတယ်။ လူရည်လည်သွားရင်တော့ ကိုရီးယားအေဂျင်စီများရှိပြီး ပွဲခကြေး ဒေါ်လာတရာကျော်လောက် ရှိတတ်ပါတယ်။ တရုတ်အေဂျင်စီတွေထက်သာပြီး အလုပ်ရှင်တွေက လူလည်းရွေးပါတယ်။ မူရင်းစာထဲမှာ တိဘက်နဲ့ မြန်မာလူမျိုး အလုပ်ရှာသူတွေအကြောင်း ရေးထားလို့ တရုတ်အေးဂျင့်များသတိပြုမိ၊ ဖောက်သည် အလုပ်ရှင်များ ကြိုက်တတ်တဲ့ လူမျိုးတွေလို့ ကြံဖန်ဂုဏ်ယူကြပါ။ သေချာတာတော့ မြန်မာ ဘားမားဆို သူတို့ သိပါတယ်။ သူတို့ရုံးခန်းနံရံတွေမှာ အလုပ်ရှာသူ လူမျိုးပေါင်းစုံရဲ့ ငွေစက္ကူတွေကို အလှပြကပ်ထားပါတယ်။
Winner အေဂျင်စီဆိုရင် မြန်မာများ မိန်မိန့်လို့သိကြပါတယ်။ ညီအမတွေဖွင့်တာပါ။ အခုတော့ အကုန်လုံးလင်ရလို့ သူတို့သားသမီးတွေတောင် ကိုယ့်ကိုကိုင်ပေါက်နိုင်တဲ့ အရွယ်တွေ ဖြစ်လောက်ပါပြီ၊ ကိုယ်ရှာတုန်းကတော့ အဆောက်ဦးတခုရဲ့ မြေအောက်ထပ် ရုံးခန်းလေးတွေရှိတဲ့ နေရာမှာပါ။ အပေါင်ဆိုင်လို သံစကာအပြင်ကနေ သူတို့ညီအမတွေနဲ့ ဆက်သွယ်ရပါတယ်။ အဲဒီအချိန်က ညီမလုပ်သူ ယောက်ျားမရသေး ထင်ပါတယ်။ လာသူအများစုကလည်း အမျိုးသားတွေ၊ အလုပ်မပေါ်သေးရင် ကောင်တာအပြင်ဖက်မှာ ရုံးစုရုံးစု ဟေးလားဝါးလားနဲ့ဆိုတော့ မိန်မိန့်တို့လည်း အကြည့်ခံရတာ ရိုးနေပါပြီ။ နှုတ်ခမ်းနီဆိုးမပျက်၊ မိတ်ကပ်ရိုက် မပျက်ပါဘူး။ တချို့လည်း ပွဲခပိုက်ဆံ မပေးသေးဘဲ မိန်မိန်ဆီပြေးလိုက် တီနာဆီပြေးလိုက် အခြားပြေးလိုက်နဲ့ စိတ်ကြိုက်မတွေ့မချင်း ဟိုဖက်ဒီဖက်လှည့် ရှာပါတယ်။ အလုပ်ကောင်းရချင်ရင် အေဂျင်စီရုံးခန်း ဖွင့်စအချိန် သွားပါ။ မဟုတ်ရင် တက်လာတဲ့ အကောင်းတွေကို စောစောရောက်သူများ ဦးသွားပြီး နောက်ကျသူများက အကျန်များကို ရလေ့ရှိပါတယ်။
အေဂျင်စီမှာ ရှိတဲ့အလုပ်များက အခွန်ရှောင်လို့ရတဲ့ cash နဲ့ပေးပါတယ်။ ဒီတော့ အလုပ်လုပ်ခွင့် ရှိရှိမရှိရှိ ပြသနာမရှိပါဘူး။ ကိုယ်လုပ်တတ် လုပ်ချင်ဖို့ပဲ လိုပါတယ်။ အခုတော့ ဘတ်ဂျက်လိုငွေပြနေတဲ့ မြို့တော်အစိုးရက ကြပ်မတ်လာတာမို့ စားသောက်ဆိုင်အတော်များများမှာ အလုပ်လုပ်ခွင့်မရှိရင် လုပ်လုပ်မရ။ အခွန်မဆောင်ဘဲ နေလို့မရလို့ ပြောသံကြားပါတယ်။ အခြားလုပ်ငန်းလေးများကတော့ ငွေသားနဲ့ပေးဆဲမို့ စာရွက်မရှိသူများလည်း လုပ်နေကြဆဲပါ။ ပြောရရင်တော့ အစုံပါပဲ။ တခါတော့ ရှောင်လင်ဘုန်းကြီးဝတ်စုံနဲ့ တရုတ်ကိုရင်လေးတပါး အလုပ်လာရှာတယ်။ အချိန်ပိုင်းလုပ်ချင်လို့တဲ့၊ အေဂျင်စီကလူတွေလဲ စိတ်အတော် ညစ်သွားပုံရတယ်။ လက်ရှိအလုပ်အကိုင် အဆင်ပြေနေသူများထဲမှာ သူတို့လက်ထွက်တွေ အများအပြားပါ။ ဒါကြောင့် မိုင်တထောင်ခရီးကို ခြေလှမ်းတလှမ်းကစရသလို အိမ်၊ကား၊ အလုပ်ကောင်းတခုနဲ့ မိသားစုတို့ဆိုတဲ့ American Dream ကိုမက်နိုင်ဖို့ တရုတ်တန်းကနေ မျှော်လင့်ချက်သစ်ဘဝခရီးကို ဖြတ်သန်းသူများအားလုံးကို ရည်မှန်းချက် ဆန္ဒကိုယ်စီပြည့်ပါစေလို့ ဆုတောင်းရင်း ဒီနေရာကနေ ဦးညွှတ်ဂုဏ်ပြု လိုက်ပါတယ်။
Many Immigrants’ Job Search Starts in Chinatown
Wendy Wong owns Sincere Employment Agency. She keeps a notebook with contacts for Latinos under the heading “Amigos.”
To find a modern version of that, look to the back wall of a windowless room in a Chinatown employment agency. There, a collage of currency from every corner of the globe — Eritrea, Iran, Mexico — showcases the origins of those who come to this tiny office on Doyers Street looking for work.
Their options are listed on a cluttered dry-erase board: A liquor store helper in Maryland. A cashier in Westchester County. A fast-food cook in Connecticut. The only details are an area code, a monthly salary and the work shift.
The office, Tina Employment Agency, is one of two dozen bare-bones job bureaus clustered around the Manhattan Bridge that charge $30 to $80 for a perch on the economy’s bottom rung.
Many of the clients are new immigrants. Their homelands span the globe, reflecting the diversity of New York’s immigrant ranks and Chinatown’s emergence as a launching pad for them all, not just the Chinese.
On recent afternoons, the line of nervous applicants waiting to talk to Tina Chan, the agency’s gruff manager, included Tibetans, Nepalis, Indonesians and Salvadorans. Communication can be a challenge.
“I speak a little Chinese, she speaks a little English,” Armando Torres, a Mexican cook, said in Spanish. “Mexicans, Guatemalans, everyone comes here.”
Lately, business has not been good for Ms. Chan, or the job-seekers. Employers are offering little work, leaving potential clients to bide their time in the cramped office while the staff members sit at desks, waiting for businesses to call.
“There used to be four phones ringing all the time,” Ms. Chan said.
Chinatown has long had a dense infrastructure to help new immigrants find their footing. Without leaving East Broadway, a fisherman fresh from a Chinese village could get a job washing dishes in Arlington, Va.; Poughkeepsie, N.Y.; or Flushing, Queens. He could also find a bus to take him there, and an apartment to share with six other men from his hometown. And while waiting for all that to be arranged, he could visit a doctor, consult a lawyer, take in a bootleg movie and slurp a lunch of noodle soup.
The Chinatown buses are the most visible link in the network. They originally ferried workers to menial jobs up and down the East Coast, but were discovered in recent years by non-Chinese customers, who adopted them as cheap alternatives to Greyhound.
The employment agencies may be undergoing a similar shift.
“The Chinatown infrastructure, which has been set up to be part of a whole migration industry for Chinese coming into the country, has begun to be accessed by other immigrant groups looking for a way into the low-wage labor market,” said Kenneth J. Guest, an anthropologist at Baruch College who has studied Chinatown. “It’s an entry point.”
Many of the agencies cater mainly to recent immigrants from the Fuzhou region of southeastern China. But the Tina agency is one of a handful that has begun to attract more people from other nations who are in a hurry to find low-skilled work. “It’s not enough to pay the rent if it’s only Chinese,” Ms. Chan said. “The doors are open.” She forms relationships with some of her clients, many of whom are repeat customers. If they travel back home or abroad, some bring her currency to add to her wall.
At the Sincere Employment Agency a few blocks away, Wendy Wong, the owner, keeps contacts for Latino job-hunters in a special section of a college-ruled notebook, under the heading “Amigos.”
The Tina agency charges workers $40 for a job placement, a lower-end price in Chinatown but roughly a third of what Latino agencies on Roosevelt Avenue in Queens charge. Employment agencies are not responsible for verifying the working papers or legal status of their clients, according to the State Department of Labor.
Most non-Chinese customers said they had learned of the Chinatown agencies through word of mouth. A 17-year-old Mexican immigrant named Jesús who was looking for a job said the Chinese colleagues he met while working in a restaurant kitchen had told him about the Chinatown offices.
Hispanic job seekers at Sincere Employment Agency. Most non-Chinese customers said they had learned of the Chinatown agencies through word of mouth.
While he spoke, a group of six Guatemalans and Mexicans turned onto Doyers Street, a narrow block lined with barbershops. They were all heading for the Tina agency.
Mr. Torres, 33, who has been seeking work for three months, said Latinos faced a disadvantage trying to navigate Chinatown and work in Chinese-owned restaurants. He said managers sometimes spoke only Chinese and favored Chinese employees. “The work they don’t want to do, they give to us,” he said. “It’s not fair.”
While waiting for a job to turn up, he and other Mexican immigrants traded stories in the hallway. A job in a Japanese restaurant, Mr. Torres said, was better than one in a Chinese restaurant — less work, slower pace, same pay. A younger man nodded in agreement.
In a basement a few doors from Tina is Winner Employment Agency, an office popular with immigrants from across Asia. Pastel-colored maps of the United States cover one wall, and a board in the back lists two categories of jobs — “live in” (Boston gift shop, Virginia fast-food counter) and “live out” (Queens laundromat helper, Brooklyn sandwich shop helper).
The other afternoon, two men from Myanmar stood at the counter. Khin Meung, 39, a stocky man with a wide smile who has been working in an upstate Japanese restaurant since 1997, was trying to help Aung Khant, whom he had met in a grocery store in Queens. Mr. Khant arrived in New York three months ago and has picked up only a few words of English.
Mr. Khant, 37, wants to work indoors — he does not know the city well enough to be a deliveryman, he said. He worked briefly as a dishwasher but found the 12-hour shifts, with no dinner break, too grueling.
The agency employees were not sympathetic. “If I’m new and I don’t speak English, I would do whatever job, but he’s picky,” shouted the woman behind the counter. “No job!”
The Burmese men slipped out the door, defeated. Mr. Khant looked at the floor.
They both plan to go to school — Mr. Khant for English, Mr. Meung for cooking.
“Some day, if we’re lucky, we’ll work at a high-class restaurant,” Mr. Meung said. “I hope so.”
A version of this article appeared in print on February 23, 2011, on page A19 of the New York edition.

5 comments

  • မိုက်ကယ်ဂျော်နီအောင်ပု

    February 26, 2011 at 6:54 am

    အာဝုသော
    ငါ့ရှင် ကိုယ်ကြောင်ကြီး
    မနောက်နဲ ့
    မနောက်နဲ ့
    ဘာမှ မတွေ ့ရဘူး

    • bigcat

      February 26, 2011 at 7:46 am

      ချောတီးဗျို့ ပုံထည့်တာ မပီပြင်လို့ စာတွေပါမပေါ်သွားတာ တောင်ပန်းပါတယ်။

  • naywoonni

    February 26, 2011 at 8:38 am

    အလုပ်တစ်ခုကို ရဖို့မရဖို့က မသေချာဘူး။ ပွဲစားက စားလိုက်ပြီပေါ့။ ဒါရှိသင့်သလား ဖြစ်သင့်သလား ဒီတစ်ညစဉ်းစားကြည့်ဦးမယ် နောက်နေ့မှဆက်ပြောမယ်နော် 😛

  • kai

    February 26, 2011 at 11:37 pm

    ပွဲစားဆိုတာ ရှိသင့်တယ်ထင်တာပဲ..။
    တကယ်လည်းရှိလည်းရှိနေတာပဲ..။ အကျိုးတော်တော်ဆောင်ဆိုတာတွေပေါ့..။

    မြန်မာစကားလုံးမှာ ..ပွဲစားက ရှေးကတော့ ..ပွဲစားကြီး ဆိုတာမျိုးက… အထက်တန်းစားထဲမှာပါတယ်..။
    နောက်တော့..ဒီခေတ်မှာ ပွဲစားဆိုတာ.. နှိမ်တဲ့သဘော သက်ရောက်နေတယ်ထင်မိပါတယ်..။
    ဆိုတော့..
    ကိုနေ အလုပ်ရှာရင်..ပွဲစားနဲ့ရှာကြည့်. သက်သာပြီး…လွယ်မှန်းသိလိမ့်မယ်..။

  • ချစ်စ/ဆ ရာ

    February 27, 2011 at 6:22 am

    မြန်မာပြည်မှာလည်း အလုပ်အကိုင်တွေအရမ်းပေါလာတော့မှာပါ
    တစ်ကယ်လို ့သာ
    အတိုက်အခံတွေအနေနှင့်
    စီးပွားရေးပိတ်ဆို ့ထားတာတွေကို
    ဖွင့်လှစ်ပေးဘို ့
    ပါဝင်ပူးပေါင်းဆောင်ရွက်ကြမယ်ဆိုရင်တော့
    များမကြမီ ဗမာကွလို ့ကမ္ဘာမှာ မော်ကြွားလာနိုင်တော့မှာဖြစ်ပါကြောင်း။

Leave a Reply