Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

နိုင်ငံကျော်….” ကပ်ဖား “…….

ဦး ဂ်စ္March 2, 20111min31719

မိမဆုံးမ၊ ဖမဆုံးမ..မျိုးမစစ်..အဒူ ထွန်းသန့်ကျော် ကို မှတ်ပုံတင်အတု ကိုင်ဆောင်မှု …မ.ထ.သ ဥက္ကဋ္ဌ ၃ နှစ်ဆက်တိုက်တရားမဝင် လာဘ်ထိုးရယူထားမှု ..နေအိမ်ဆောက်အခွန်ရှောင်မှု ..ရဲအောင်လံကားများဖြင့်မှတ်ပုံတင်မရှိသော နိုင်ငံခြားသားများပို့ဆောင်မှု..
အစရှိသည်များအား အထက်အာဏာပိုင်အဖွဲ့ကစစ်ဆေးအရေးယူတော့မည့်
အကြောင်းသတင်းကောင်းတင်ပြအပ်ပါသည်ခင်ဗျား…..
သံတွဲမြို့တွင်မှီတင်းနေထိုင်စားသောက်လျှက်ရှိကြပါသော.အာဏာပိုင်အဖွဲ့
များသည် ၎င်းကပ်ဖားကျော်ကျော်နှင့်ပါတ်သက်၍လက်ရှောင်နေကြပါကြောင်း၊
လာဘ်ငွေရယူထားခြင်း (သို့) ကြောက်ရွံ့ခြင်း (သို့) မည်သို့သောအကြောင်း
ကြောင့်ဆိုသည်ကိုမူ မသိရပါ။
ရွာသားတို့ကိုကြည့်မနေကြပါရန်တောင်းဆိုပါသည်ခင်ဗျား…..
သက်ဆိုင်ရာ ထိရောက်မည့်သတင်းဋ္ဌာနများသို့ပို့ပေးကြပါရန် မေတ္တာရပ်ခံ
ပါသည်။ ကပ်ဖားသတင်းများခဏခဏ တင်နေရသည်ကိုလည်း သည်းခံခွင့်လွှတ်
ပေးပါခင်ဗျား…အရေးယူမည့်သူလဲမရှိ၊ ဂရုတစိုက်စစ်ဆေးပေးမည့်သူလည်းမရှိ၊
ဖြစ်နေပါသောကြောင့် ၎င်းက သူသည် နိုင်ငံကျော်ကြီးဖြစ်ပေသည်ဟုပြောဆို
ဂုဏ်ယူဝင့်ကြွားမာန်တက် လျှက်ရှိနေပါသဖြင့်အခက်တွေ့နေရပါကြောင်း….

19 comments

  • တိုင်းပြည်တွက်စွန် ့စားအမောင်ပြည်ချစ်စစ်သား

    March 2, 2011 at 10:45 am

    ခင်ဗျားတို့မလိုတိုင်းအတော်စွတ်တရွတ်ပြောတတ်တာဘဲအဲ့ဒီစရာကြီးကတိုင်းပြည်တွက်ဘယ်လောက်အလုပ်လုပ်ထားသလဲဆိုတာရောခင်ဗျားတို ့ကောင်းကောင်းသိကြလို ့လားမထင်နဲ့ခင်ဗျားတို့ထင်သလိဖြစ်မယ်လို့

    • etone

      March 4, 2011 at 8:08 am

      အပေါ်ဆုံးမှာ တက်ရေးထားတဲ့ စပရင် အကောင်ရေ အစာဝရင်အေးဆေး အိပ်နေစမ်းပါဟာ ။ တချက်တချက် ထထမအူပါနဲ့ ။

      • Gipsy

        March 4, 2011 at 9:07 am

        ကျေးဇူူးနော်..မအိ….ပိုစ့်လေးတစ်ခု တင်မိတာ ရွာသားတွေဝိုင်းဆူမှာစိုးလို့ မရဲတရဲ တင်နေ
        ရတာပါ……..
        ကျွန်တော်တင်တာ တစ်ကယ့်ဖြစ်ရပ်မှန်ပါဗျာ…….

  • Gipsy

    March 2, 2011 at 2:42 pm

    ဟုတ်ပါ့ဗျာ..ခင်ဗျားပြောတာလက်ခံပါရဲ့………….ကျုပ်ကလေသံအကြားနဲ့ဖမ်းတရားနာတယ်လို့များ
    ထင်နေပါသလား……မဟုတ်ဘူးနော်……………..သူလား တိုင်းပြည်အတွက်လုပ်ပါပေ့ဗျာ…………..
    မ.ထ.သ ရံပုံငွေတော်တာ်များများကို ယာမကာဝိုင်းတွေနဲ့ပျော်ပွဲရွင်ပွဲတွေဖန်တီးလုပ်ယူပြီး………..
    (တိုင်းပြည်အတွက်) သုံးခဲ့ပါတယ်……..ဋ္ဌာနဆိုင်ရာအရာရှိဘယ်သူလာလာ..ကားလေးနဲ့ သွားမယ်
    ဖားယားပြီးကားနဲ့တင်ခေါ်မယ်..စည်းရုံးသိမ်းသွင်းတယ်ပေါ့ဗျာ….လူကြီးဆိုတာတွေကလဲ အလိုလို
    သွေးနထင်ရောက်နေသူတွေဆိုတော့ ပွဲကပြီးပြီပေါ့….ပီးတာနဲ့ သူဖြစ်ချင်တာတွေ ဖြစ်အောင်လုပ်
    တော့တာပါဘဲ……ခင်ဗျားပြောတဲ့ (တိုင်းပြည်အတွက်) ဆိုတာကြီးအတွက်..ရဲကိုပေါင်း၊သူနဲ့မသင့်
    တဲ့သူကိုရသလိုပုဒ်မပုဒ်ထီးတွေနဲ့ ဖမ်းခိုင်း……..လ.ဝ.က မှုးနဲ့ပေါင်း၊ ဗီစာကိုလာဘ်ငွေများမှသွား
    စေခိုင်း( သူ့လက်မှတ်ပါမှခွင့်ပြုခိုင်း)…၊ ..အဲဒီ လ.ဝ.ကမှုးအရူးကလဲ.ဘာကြောင့်မသိ.သူပြော
    သလိုလုပ်တော့တာပါဘဲ……..ဒါတွေဟာ သတင်းပို့တဲ့အချက်အလက်ကိုပြန်စုံစမ်းပြီးမှ တင်ပေး
    လိုက်ရတာပါ……ကျုပ်ဆို အဲဒီ ကပ်ဖား ကိုသိဘို့ဝေးစွ…မြင်ဖူးသေးဘူး…ရမ်းသမ်းဝင်မပြော
    စေချင်ပါ………….ဒါပါဘဲ…..

  • mmk

    March 2, 2011 at 3:51 pm

    ပြောမယ်ဆိုရင်လဲ အကြောင်းအရာကိုတိတိကျကျခိုင်ခိုင်မာမာပြောနိုင်ရင်ပိုကောင်းလိမ့်သူငယ်ချင်း
    ဟိုမရောက်ဒီမရောက် ကိုယ်ပြောချင်တာလောက်ပဲ ကွက်ပြောမယ်ဆိုရင် တကယ်သိတဲ့လူတွေကလက်ခံမှာမဟုတ်ဘူး
    သူငယ်ချင်းပြောတဲ့အထဲမှာ နိုင်ငံခြားသားဆိုတာကို နားမလည်ဘူး ဒီနိုင်ငံမှာမွေးတဲ့လူကိုပြောတာလား တခြားနိုင်ငံမှာမွေးတဲ့လူကိုပြောတာလား
    သူငယ်ချင်း အမြင်ကျဉ်းနေသေးတယ်
    ကမ္ဘာကြီးကိုလှမ်းကြည့်လိုက်အုံး 21 ရာစုကိုရောက်နေပြီ
    သူငယ်ချင်းအယူဆတွေက အတိတ်မှာကျန်လခဲ့ပြီ
    ဒီနိုင်ငံတိုးတက်ချင်ရင် အဲဒီစကားမျိုးမသုံးသင့်ဘူး

  • zippo

    March 2, 2011 at 4:15 pm

    ဟုတ်ပါတယ် အကိုကြီးတို့ ၃ ဦးစလုံးဆွေးနွေးတာအားလုံး ကောင်းတယ်လို့ယူဆမိပါတယ်
    ကိုဂျစ် က ခံစားချက်နဲ့သတင်းတင်တယ် ၊ ကိုုုစစ်သား အကိုက ထေ့တယ်၊ကို mmk ကဆွဲချတယ်
    ဟုတ်ပါပြီ- -ကိုဂျစ်ကအကူအညီတောင်းတယ်——-
    ကိုစစ်သားက မကူညီမဲ့အပြင် ဝါးတားတားလုပ်တယ်——-
    နောက်တစ်ယောက်က စေတနာပါသလိုမျိုးလေးနဲ့ နိုင်ငံနဲ့ချီနှိုုင်းပြောတယ်—-နေပါအုံး—ခင်ဗျားက–
    (နိုင်ငံတိုးတက်ချင်ရင်အဲဒီစကားမျိုးမသုံးသင့်ဘူး) ပြောပြနိုင်ရလောက်အောင် ခင်ဗျားကဘာတွေလုပ်ခဲ့ပီးလို့
    ဘာတွေများတိုးတက်ခဲ့ပါသလဲဗျာ ပြောပြပေးပါဆရာကြီး အားလုံးသိရအောင်ပါနော——–

  • thanmyint84

    March 2, 2011 at 4:39 pm

    ကျေးဇူးပြု၍ မငြင်းကြပါနဲ့ရှင်….လှေကားအတက်ရယ်အဆင်းရယ်တွေမှာ ခုန်ကျော်ခွ ပီးအတက်အဆင်း
    မလုပ်ကြစေလိုပါနော်…………..တစ်ထစ်ချင်းဆင်းတာတက်တာဘဲကောင်းမယ်ထင်လို့ပါ………………..
    စကားအကြီးကြီးတွေပြောနေရုံနဲ့ ဘာတစ်မှဖြစ်လာမှာမဟုတ်လို့ပါ……………………………………………..
    က်ိုယ့်အိမ် .ကိုယ့်လမ်း..ကိုယ့်ရပ်ကွက်.ကိုယ့်မြို့ တိုးတက်လာအောင်အရင်လုပ်ဖို့လိုပါမယ်………………..
    ခုပြောနေတာကကိုယ့်မြို့လေးအတွက်ပါရှင့်………..သတင်းလေးပြန့်သွားစေချင်ရုံလေးသက်သက်ပါ…..စာဖတ်ရသူတွေအနေနဲ့ရပ်ကြည့်ဝေဖန်သဘောမျိုးပါ…ကာယကံရှင်တွေအတွက်ကတော့.အရေးကြီး
    နေလို့ပါရှင်…………ကူညီပေးပါနော်…………………………………………………………………………….

  • Gipsy

    March 2, 2011 at 4:49 pm

    အား…….ဟုတ်ကဲ့ဗျ…………မှတ်သားနာယူပါ့မယ်………….နောက်သတိထားပါမယ်……………………
    ခက်တာက ကျွန်တော်ကစာရေးဆရာမဟုတ်ဘူး…………..ပုဂ္ဂိုလ်ရေးအရမုန်တီးမှုလဲမရှိပါဘူးဗျာ……
    မှားတာလေးများရှိရင်ခွင့်လွှတ်ပေးကြပါ………..ဒါပေမဲ့ တင်စရာလေးတွေကိုတော့ ဆက်ပီးတင်နေချင်
    ပါသေးတယ်..တဖြည်းဖြည်းရေးတတ်လာအောင်ဆင်ခြင်ပါ့မယ်….

  • nigimi77

    March 2, 2011 at 8:23 pm

    နေပါဦး။ ကျုပ်က ဒီရွာမှာ မွေးလာတာမကြာသေးတော့ သိပ်မသိဘူး။
    ဒီရွာထဲမှာ ဟစ်တိုင် တက်တာနဲ ့ ပြသာနာက အဆင်ပြေရောလား??
    တကယ် မသိလို ့နော်။
    မြင်တာကတော့ ဘုန်းကြီးရူးနဲ ့ လှေလူးနဲ ့ပဲ။ အရင်ဆုံး နိုင်ငံသားဖြစ်ရဲ ့နဲ ့ ဧည့်စာရင်းတိုင်နေရတာလေး
    အရင် ဖြေရှင်းပေးပါဦး။

  • naywoonni

    March 3, 2011 at 5:14 am

    ခက်ပါတယ်..။ မြန်မာစာ တောင်သတ်ပုံမှန်အောင် မရိုက် …။ စကားပြောသလိုရိုက်သွားတာတောင်လေးလုံးမကွဲနဲ့..။ ပြောကြစမ်းပါဦး တိုင်းပြည် အတွက်အလုပ်လုပ်တယ်ဆိုတဲ့သူ..။။ ရုပ်ရှင်ထဲမှာလား? ဝတ္ထု ထဲ မှာလား? လက်တွေ့မှာတော့ ညာဝါးနေတဲ့သူတွေ ချည့်ပဲတွေ့နေရလို့…….။

  • Gipsy

    March 3, 2011 at 9:19 am

    ပြောပါ့မယ်…ဟစ်တိုင်တက်လို့ အဆင်ပြေဘူးတာတစ်ကယ်ရှိခဲ့ပါတယ်…………….
    ခုလဲ အဆင်ပြေမလားလို့ပါ…..ခင်ဗျားတို့ တစ်ယောက်ယောက်တော့..သံတွဲ ငပလီ ရောက်
    ဘူးကြမှာပါ…ဒီမြို့လေးက ကျဉ်းပါတယ်..လုပ်ငန်းရှင်ဘယ်သူ့မေးမေး အဖြေရမှာပါ…
    အရှင်းဆုံး အရိုးသားဆုံး ပြောပြတာပါ ….

  • i love this

    March 3, 2011 at 5:01 pm

    အင်း ခက်လိုက်တာ ဘယ်နေရာကို သတင်းပေးရမလဲ မသိလို့ ခက်နေတယ် ၊ လုပ်ပေးနိုင်ရင်ပို့ပေးလိုက်ပါ
    M G မှာ ကျွန်တော်က ခုမှလေ့လာသူတစ်ယောက်ပါ၊ ကပ်ဖားသတင်းတွေဖတ်ဘူးပါတယ်၊ ကျွန်တော်ကတော့
    အရေးအသားတွေဘာတွေ သတိမထားမိတာအမှန်ပါ၊ ဖြစ်စဉ်လေးတစ်ခုကို လေးလေးနက်နက် ဖတ်ကြည့်
    လိုက်တဲ့သဘောပါ၊
    ပြောချင်တာတစ်ခုတော့ရှိနေပါတယ်၊ မကူညီချင်ရင် ကျော်သွားပေးပါ။ ကူညီချင်တဲ့မိတ်ဆွေများကူကြပါ။
    တစ်ခုထပ်ပီးရှိပြန်ပါတယ်။ မကူရင်နေ မနှောင့်ယှက်ကြပါနဲ့လို့ မေတ္တာရပ်ပါတယ်ဗျာ။

  • Oo

    March 4, 2011 at 5:35 am

    အော် ရပ်ကျော်ရွာကျော်နိုင်ငံကျော်ကြီး သတင်းကလာပြန်ပြီ။ သူကလဲ သက်ဆိုးရှည်ပါ့ဗျာ။ ဒီမှာတင်လို့ ဘာမှ မဖြစ်ဘူးဆိုတာကတော့ သေခြာပါတယ်။ ဘာလို့ လဲဆိုတော့ MG က အစိုးရမှမဟုတ်တာ။ အခုသူလုပ်နေတာတွေ ကို ဖြေရှင်းနိုင်မှာက အစိုးရပဲရှိတာကိုး။ တစ်ကယ်တမ်း အခုအအစိုးရသစ် အနေနဲ့ ဟစ်တိုင်တစ်ခုလုပ်သင့်တယ်ဗျ။ ဒါမှ ဒီလိုကောင်တွေ အောက်ခြေအုပ်ချုပ်ရေး တွေ ကိုလဒ်ထိုးပြီး မဟုတ်တာ မလုပ်နှိုင်မှဗျ။ တစ်ကယ်တမ်း မြန်မာပြည်မှာ ဒီလိုကပ်ဖားတွေ ဘယ်နှစ်ယောက်များရှိနေပြီလဲ မသိဘူး။ ကျူပင်ခုပ်ကျူငုတ်တောင် မထားသင့်ဘူး။ အမြန်ဆုံးရှင်းသင့်တယ်ဗျ။ အစိုးရက မဖြေရှင်း ပေးသေးရင်တောင် ကျွန်တော်တို့က ဒီလိုကောင်တွေ ကို အပြတ်အသတ် ဖယ်ရှားသင့်တယ်။ ကျွန်တော်တို့ လုပ်နိုင်တဲ့ အပိုင်းတွေ အများကြီးပါ။ ဒီလိုကောင်တွေကို လူ့ အသိုင်းအဝိုင်းက ရှောင်ဖယ်ပြီး အပေါင်းအသင်းမလုပ်ပဲနေတာမျိုးတွေအပါအဝင်။ မတရားသဖြင့် ငွေရှာနေတဲ့သူတွေ ရဲ့ စီးပွားရေးလုပ်ငန်းတွေ ရပ်ဆိုင်းသွားအောင် သူတို့ စီးပွားရေးလုပ်ငန်းတွေ ကိုအသုံးမပြုတာမျိုးတွေ စသည်ဖြင့်ပေါ့။ အများညီရင် ဤ တောင် ကျွဲ ဖြစ်သေးတာပဲလေ။ အများ စုပေါင်းပြီး တိုက်ခိုင်ရင် အကုန်ဖြစ်ပါတယ်ဗျ။ တစ်ကယ်တမ်း ညီညွတ်ကြဖို့ သာလိုတာပါ။ အကုန်လုံးက ကူညီပြီး တိုက်ခိုက်ကြမယ်ဆိုရင် ကြာကြာခံနိုင်မှာမဟုတ်ပါဘူးဗျ။

    လာကြည့်ကြစမ်းပါ ငပလီကို။ ဒီကောင့်အကြောင်း ဘယ်သူ့ မေးမေးသိတယ်။ မှန်မမှန် လာစစ်ကြည့် ကြပါဗျ။

  • thanmyint84

    March 4, 2011 at 7:22 am

    သိနေတာလေးတစ်ခု ပြောချင်ပါတယ် ၊
    မ.ထ.သ ဥက္ကဋ္ဌ တစ်ယောက်ရဲ့ ရာထူးဟာ ၂ နှစ်ပြည့်ရင် သက်တမ်းကုန်ဆုံး
    ပြီဖြစ်လို့ နောက် ဥက္ကဋ္ဌ သစ်တစ်ယောက်ကို ရွေးကောက်တင်မြှောက်ကြရမယ့်
    စည်းကမ်းချက်ရှိခဲ့ပြီးဖြစ်ပါတယ် ၊ ခုတော့ ကပ်ဖား က ၎င်းစည်းကမ်းကိုဖေါက်
    ဖျက်ပြီး အားလုံးသိကြပြီး ဖြစ်တဲ့ ရာထူး ၊ အရှိန်အဝါ ၊အာဏာ တို့ကိုအသုံးချ
    ရယူ၍ တရားမဝင် ၃ နှစ်ဆက်တိုက်ဥက္ကဋ္ဌရာထူးကို အရှက်မဲ့စွာ သက်တမ်း
    တိုးလိုက်ကြောင်း သိရပါတယ်ရှင့်၊
    ဥက္ကဋ္ဌ ရာထူးပြန်လည်ရယူ နိုင်အောင် အခွင့်အရေးပေးခဲ့ကြပါသော အာ
    ဏာပိုင်များကို မည်သို့ စည်းရုံးသိမ်းသွင်းခဲ့သည်ကိုတော့မသိရသေးပါ၊
    ခုလိုတင်ပြနေရခြင်းသည် တရားသဖြင့်ဖြစ်စေရအောင်ရည်ရွယ်ခြင်းဖြစ်ပါ
    သည်ရှင့် ၊ ကျွန်မလဲ ဒီထက်ပိုပြီး ပြည့်စုံတဲ့အကူအညီမျိုး မတောင်း
    တတ်တော့ပါဘူးရှင် ။
    ဖြစ်ချင်တာတစ်ခုဘဲရွေးပါတော့မယ်နော် ၊ ဒီသတင်းကို DVB ၊ RFA၊ BBC
    ရေဒီယို သတင်းတွေမှာ နားထောင်ခွင့်ရရုံ နဲ့ ရင်ထဲမှာရှိနေတဲ့ ခံစားချက်
    တွေကို ဖြေဖျောက်လိုက်ပါတော့မယ်ရှင် ။

  • zippo

    March 5, 2011 at 8:08 am

    ဒုူဂျီး ခင်ဂျား မက်လုံးကြီးပြူးပီး ချည်းဘဲ ကြည့်မနေပါနဲ့ဂျ ။။။။။။။။။။။။။
    ဒဒင်းလေးဒေလဲကူညီပီး ထည့်ပေးပါအုံးဂျ။။။။။။။။။။။။။။။။။။။။။။။။။။။။။။
    အနော် က အလုပ်တတ်လို့ပါဂျ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
    ဘယ်ဂလို ကျောမှ ကူညီ မလဲဂျ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
    ကိုကို မမ ဦးလေး ဒေါ်ဒေါ် တို့လဲ ကူညီကြပါဂျ။။။။။။။။။။။။။။။။။။။။။။။ ။။
    မြို့သူမြို့သားအားလုံးကျေးဇူးတင်ကြမှသေချာပါသဂျ။။။။။။။။။။။။။။။။။။။

  • kai

    March 5, 2011 at 8:41 am

    ဒုတ်ခွပဲ..
    ကျုပ်ကလည်း သူ့မသိ..။ သူကလည်းကျုပ်မသိနဲ့..။ ဘာအထောက်အထားခိုင်ခိုင်လုံလုံမှ မရှိတဲ့ ဒီလိုစာကို ဘယ်သူက ဘယ်လိုမျိုးအရေးယူမလဲ ကျုပ်လည်းမသိ..။ 🙂

    မသကာ ..
    မှတ်ပုံတင်အတုကတော့ ဒီလိုလေးပါ..။
    မ.ထ.သ ဥက္ကဋ္ဌ ၃ နှစ်ဆက်တိုက်လုပ်တာက ..ဒီနေ့ကနေ..ဒီနေ့အထိ..ဒီလို..။
    ရဲအောင်လံကားများဖြင့်မှတ်ပုံတင်မရှိသော နိုင်ငံခြားသားများပို့ဆောင်နေပုံက ဒီပုံ..စသဖြင့်လုပ်မှ .. ဆက်လုပ်လို့ရပေမပေါ့..။
    အခုဟာက.. ပစ်စာလိုဖြစ်နေတယ်.။

    အဲ..
    တကယ်ကို မြိုနေလူထု ခံရခက်နေတယ်ဆိုရင်.. ဘောင်အတွင်းက လုပ်ထုံးလုပ်နည်းက .. အဲဒီနယ်က ရွေးတင်ထားတဲ့လွှတ်တော်အမတ်ဆီ ခံရသူတွေကိုယ်တိုင် လူတွေ့သွားပြော..စာတင်ရတာပဲ…။
    မိတ္တူကို … အဲဒီပြည်နယ်က လွှတ်တော်အမတ်မင်းဆီလည်း ပေးရတယ်..။
    ဆက်လုပ်မလုပ်.. သူတို့အလုပ်ဖြစ်သွားလိမ့်မယ်..။

  • Gipsy

    March 5, 2011 at 11:11 am

    လေးစားပါတယ်သူကြီးခင်ဗျား…comment လေးဝင်ရေးပေး လို့ အထူးကျေးဇူးတင်ပါရစေ။……
    ပွင့်ပွင့်လင်းလင်း ပြောရရင်..လက်ရှိအမတ်မင်းတွေကိုယ်တိုင်ကလဲ..ပလီပလာ ကပ်ဖားယပ်ဖား လုပ်ထားခြင်း
    ခံရနေနိုင်ပါတယ်ခင်ဗျ.. အမတ်မင်းတွေလဲ သူ့အကြောင်းအနည်းအကျဉ်းသိကြပုံရပါတယ်..
    တင်ပြဘို့လဲ မြို့လူထုများလဲစဉ်းစားကြည့်ကြပါသေးတယ်ဗျ….မြို့ကအရမ်းငယ်နေတော့ ဥပမာဗျာ…
    စက်ဘီးနဲ့ဆိုင်ကယ် တိုက်မိတာလေးတစ်ခုဆိုပါစို့..နေ့မဆုံးခင်အားလုံးလိုလို သိနေကြ ပီလေ…….
    ဒီတော့ဗျာ…အထက်ကိုအသိပေးဘို့ လက်မှတ်လိုက်ထိုးဘို့ ကြောက်နေကြတာပေါ့…
    မြို့တစ်မြို့ရယ်လို့သတ်မှတ်ပေမဲ့..နယ်မြို့သေးသေးလေးပါ…… တောသူတောင်သား၊လယ်ယာ
    ကိုင်းကျွန်း လက်လုပ်လက်စားလူတန်းစားအများစုနေထိုင်ကြတာပါ….လုပ်ငန်းတွေအနှောင့်အယှက်
    အပေးခံရမှာကြောက်ရွံ့နေကြပါတယ်ခင်ဗျ….
    သူနဲ့အပေးအယူမတည့်တဲ့သူဆိုရင်နည်းအမျိုးမျိုးနဲ့ဒုက္ခပေးတော့တာပါဘဲဗျာ….
    ထောက်လှမ်းရေးခေတ် လက်ထက်က ခုထိ သူ့စနက်ကြောင့် အဖမ်းခံရသူတွေ၊ ထောင်ထဲရောက်သွားသူ
    တွေ၊ စိတ်ဆင်းရဲတဲ့ဝေဒနာခံစားရပြီးသေဆုံးခဲ့ရတဲ့သူတွေတစ်ကယ်ရှိခဲ့ပါရဲ့ဗျာ….
    ” ကပ်ဖား ” ဆိုတဲ့လူညစ်ါ်၊ လူယုတ်မာကလဲ လည်သဗျာ…ရဲချုပ်ကြီးကအစ တိုင်းမှုးကြီးတွေအထိ၊ အရာရှိ
    ကြီးကြီးမှန်သမျှ သူငယ်ချင်း၊ဆွေမျိုး၊ ညီအစ်ကို စသည်ဖြင့်တော်စပ်ပါကြောင်း တစ်မြို့လုံးပတ်ပြီး ပြောဆို
    ကြွားဝါတော့တာပါဘဲဗျာ….မြ်ို့လူထုကလဲ ကြောက်ရပြီပေါ့…သူတို့ကိုထားပါတော့..သူ့ရဲ့အယောင်ဆောင်
    ကြွေးကျော်သံကြောင့် မြို့ကအာဏာပိုင်လူကြီးတွေလဲ ..့ရွံ့ကြောက်ဖြစ်နေကြမယ်ထင်မိပါတယ်…
    ဂေါက်လဲရိုက်တယ်ဆိုတော့ဗျာ..သိတဲ့အတို်င်းအဟုတ်မှတ်အထင်ကြီးကြပြီပေါ့…
    လုပ်ရမှာက တစ်ကယ်ခက်နေလို့ပါ သူကြီးရာ…
    ဒီသတင်းဋ္ဌာနကိုလဲ တစ်ကယ်အားကိုးမိတာအမှန်ပါ..အားကိုးရကျိုးလဲနပ်ပါတယ်….
    ဒီမြို့မှာတာဝန်ကျ နေခဲ့တဲ့ အရာရှိဆိုး (ဋ္ဌာနမတူ) ၃ ဦး ချက်ခြင်းဆိုသလို ပြောင်းရွှေ့ခြင်းခံရသည်အထိ
    အရေးယူခြင်းခံလိုက်ကြရလို့ပါ…
    အားကိုးပါရစေ သူကြီူးရာ..အထက်ကညီမလေးပြောသလို ဒီဗွီဘီ၊ ဘီအိုအေ၊ ဘီဘီစီ၊ သတင်းတွေမှာပါသွား
    ရင်အဆင်ပြေမယ်လို့ထင်မိပါတယ်…မှတ်ပုံတင်ကိစ္စ ကိုလဲတိတိကျကျ သိထားပါတယ်. စာလဲရှည်နေပါပြီ၊
    သိရမှဖြစ်မယ်ဆိုရင် တင်ပြပေးပါမယ်..
    သတင်းလေးတွေမှာပါသွားရအောင် သူကြီးတတ်နိုင်ပါတယ်ဗျာ…
    အားကိုးပါရစေ သူကြီးမင်းခင်ဗျာ……………….။

  • i love this

    March 8, 2011 at 4:16 am

    သတင်းဆိုးတစ်ပုဒ်ဖေါ်ပြပါမည် ၊ နိုင်ငံကျော် ကပ်ဖား နှင့် ခရိုင် လ.ဝ.က မှုး တို့နှစ်ဦး ညှိုနှိုင်းပေါင်းစပ်၍
    သံတွဲမြို့နယ်အတွင်းရှိ ကားဂိတ်များသို့ မူဆလင်ဘာသာဝင်များ ကားမစီးရ၊ ခရီးသွားလာခွင့်မရှိစေရ ဟု
    သဘောသက်ရောက်သည့်အမိန့်စာထုတ်ပြန်လိုက်ကြောင်းသိရှိရပါသည်၊ ၎င်းအမိန့်စာတွင်မူဆလင်ဘာသာဝင်များကို သံသယရှိသူများအဖြစ်သတ်မှတ် ထားပြီး ခရီးသည်တင်ကား
    များဖြင့်ပို့ဆောင်သည်ဖြစ်စေ ကုန်ကားများဖြင့်ပို့ဆောင်သည်ဖြစ်စေ တွေ့ရှိပါက ဥပဒေ နှင့်အညီ အရေး
    ယူခံရမည့်အပြင်အဆိုပါယဉ်အား သက်ဆိုင်ရာယဉ်လိုင်းမှထုတ်ပယ်မည် ဟုပါရှိပါသည်၊
    ယ္ခုတင်ပြသည့်အကြောင်းအရာမှာ ဘာသာရေးကိစ္စ မဟုတ်ပါကြောင်း ပြောပြလိုပါသည်၊ ဆိုလိုချင်သည်
    မှာ နိုင်ငံကျော်ကပ်ဖား ၏ မင်းမဲ့စရိုက်လုပ်ဆောင်မှုများအတွက် တားဆီးပေးမည့်သူများ ဤ လောက၌ မရှိ
    တော့ပြီ ဟုထင်မိပါသည်၊ မြို့တွင်တောင်းရမ်းစားသောက်နေထိုင်ကြသော အာဏာပိုင် အမည်ရ လူကြီးမင်း
    များမှာ မျက်မမြင် နားမကြားလူတန်းစားမျိုး သာလျှင်ဖြစ်ကြသည်ဟု ထင်မိပါသည်၊
    ၎င်းးလူကြီးမင်းများမှာ ဘယ်သူသေသေ ငတေမာလျှင်ပြီးရော ဆိုသည့်ခံယူချက်ဖြင့် နေထိုင်ကြသူများဖြစ်
    သည်ဟု ထင်မိပါသည်၊
    နိုင်ငံကျော်ကပ်ဖား မှပေးသည့်လာဘ်ငွေ တံစိုးလက်ဆောင် များကိုရယူကာ မျက်စိပိတ် နားပိတ် ၍ နေကြ
    သည်ဟု ထင်မိပါသည်၊
    နိဂုံးချုပ်ပြောရသော် ယ္ခု နိုင်ငံကျော် ဇတ်လိုက်ကြီး ကပ်ဖား ၏ ဆိုးရွားသောလုပ်ရပ်များကိုတားဆီးနိုင်ခြင်း
    မရှိသော သေးငယ်သည့်အမှုလေးကိုပင်လျှင်အဆင်ပြေအောင်မလုပ်နိုင်ခြင်းအပေါ်တွင် စဉ်းစားဆင်ခြင်မိ
    သည်မှာ………….ကျွန်တော်တို့သည် နိုင်ငံတော်ကောင်းကျိုး လုပ်ဆောင်ရန်အတွက်……………………..
    များစွာရင်လေးမိပါတော့သည်ခင်ဗျား…။

  • zippo

    March 8, 2011 at 4:37 am

    အေးဗျ…။
    ကြားရတာနားဝ မသက်သာလိုက်တာ…။
    လူတွေ ဘာလုပ်နေကြတာတုန်း…။
    ပိုဆိုးလာပါပကော တခုခုလုပ်ကြလေဗျ…။
    ခင်ဗျားတို့ လုပ်နိုင်တာ ဘာတစ်ခုမှ မရှိဘူးလား…။
    ဘာကိုမျှော်ပြီး ဘာကိုစောင့်နေကြတာလဲဗျ…။
    တောင်စွယ်နေကွယ်ချိန် အသေခံဘို့ စောင့်နေကြတယ်ထင်ပါ့…။
    တစ်ခုခု လုပ်ကြရမဲ့ အချိန် ရောက်နေပါပြီ သံတွဲသားတို့…။

Leave a Reply