မိုက်ကယ်ဂျော်နီအောင်ပု နှင့် တဘက် တစ်ထည်၏ သံသရာ

တစ်နေ ့တုန်းကပေါ့
ဂရေးရောင် 18 x 48 လက္မဆိုက် တဘက်တစ်ထည်ကို ငွေအနည်းငယ်ပေး၍ ဝယ်လာခဲ့လေရဲ ့ ကုန်တိုက်ကြီးအထည်းကနေ
အသစ် တဘက်ကလေးကိုကြည့်ပြီးကြည်နူးလိုက်သေးတယ်
ပြီး….လက်နှစ်ဖက်ဖြင့်ဆုပ်ကိုင်လို ့မွှေးကြူလိုက်သေးတယ်
အသစ်ကလေး တဘက်အသစ်ကလေး
ကြိုးတန်းလေးတစ်ချောင်းပေါ်မှာ လွှာထားလိုက်တယ်
မနက်မိုးလင်း ကိုးနာရီလောက်အိပ်ယာကထ
ရေချိုးပြီးတော့ တဘက်အသစ်ကလေးနဲ ့
မျက်နှာကိုသုတ်တယ်
နောက် ခေါင်းကို သုတ်တယ်
နောက် ကိုယ်ကိုသုတ်တယ်
နောက် ဂျိုင်းကြား ဂွကြား ကြားမှန်သမျှကိုသုတ်တယ်
နောက် ဖင်ကိုသုတ်တယ် 🙂 🙂
နောက် ခြေထောက်တွေကိုသုတ်တယ်
ပြီးပြီ
ကိစ္စပြီးတော့
ကြိုးတန်းလေးမှာ ပြန်လွှားထားလိုက်တယ်
ညကိုးနာရီလောက် ရေချိုးတယ်
ရေချိုးပြီးတော့ တဘက်အသစ်ကလေးနဲ ့
မျက်နှာကိုသုတ်တယ်
နောက် ခေါင်းကို သုတ်တယ်
နောက် ကိုယ်ကိုသုတ်တယ်
နောက် ဂျိုင်းကြား ဂွကြား ကြားမှန်သမျှကိုသုတ်တယ်
နောက် ဖင်ကိုသုတ်တယ် 🙂 🙂
နောက် ခြေထောက်တွေကိုသုတ်တယ်
ပြီးပြီ
ကိစ္စပြီးတော့
ကြိုးတန်းလေးမှာ ပြန်လွှားထားလိုက်တယ်
ဒီလိုနဲ ့နောက်တစ်နေ ့မနက် ရေချိုးတယ်
ရေချိုးပြီးတော့ တဘက်အသစ်ကလေးနဲ ့
မျက်နှာကိုသုတ်တယ်
နောက် ခေါင်းကို သုတ်တယ်
နောက် ကိုယ်ကိုသုတ်တယ်
နောက် ဂျိုင်းကြား ဂွကြား ကြားမှန်သမျှကိုသုတ်တယ်
နောက် ဖင်ကိုသုတ်တယ် 🙂 🙂
နောက် ခြေထောက်တွေကိုသုတ်တယ်
ပြီးပြီ
ကိစ္စပြီးတော့
ကြိုးတန်းလေးမှာ ပြန်လွှားထားလိုက်တယ်
နောက်..ည..ရေချိုးတယ်
အဲ့လိုဘဲ
မနက်ရေချိုးတယ်
အဲ့သည်လိုပြန်ပါဘဲ

18 comments

  • kopauk mandalay

    March 3, 2011 at 3:12 pm

    ကိုကိုပုရဲ့တဘက်
    စစချင်းကတော့အသစ်စက်စက်
    နေ့စဉ်ရက်ဆက်သုံး
    မလျှော်ဘဲသုံး
    ဒီအတိုင်းသုံး
    နေ့တိုင်းသုံး
    လေလှမ်းပြီးသုံး
    မလျှော်ဘဲသုံး
    ဒီအတိုင်းသုံး
    နေ့စဉ်သုံး………သုံး……..သုံး…………………………….ရင်းနဲ့
    သွားပေါ့တဘက်ဟောင်း
    အသွင်ပြောင်းလိုက်မယ်
    တစ်ခြမ်းကလက်နှီးစုတ်
    တစ်ခြမ်းကခြေသုတ်ဘို့

  • ဆူး

    March 3, 2011 at 3:16 pm

    လက် နှီး နဲ့ ခြေ သုတ် မ ဖြစ် ခင်..
    အရင်ဆုံး အနံတွေ လှိုင်လှိုင် ထွက်လာ လိမ့်မယ် မလျှော်ဘဲ ထားရင်.. ရေစိုကြီး တန်းမှာ ဒီတိုင်းတင်ထားတာ နေမထိဘူး ဆို အနံ ကောင်းမယ် မထင်ဘူး။
    ဘကြီးပု အိမ်သူက မလျှော်ပေးဘူးလား။

  • kopauk mandalay

    March 3, 2011 at 3:44 pm

    အရေးထဲမှ ကြော်ငြာချင်နေသူကိုမှ စပွန်ဆာသွားပေးသလိုဖြစ်နေပြန်ပြီ။
    အုပ်ထိန်းသူမဲ့နေလို့ ရှာနေတယ်ပြောသံကြားဘူးတာဘဲ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    March 3, 2011 at 3:48 pm

    အခု
    အော်ငိုလိုက်မယ်
    အားငယ်နေတယ်ကွယ်

  • ယောလေး

    March 3, 2011 at 3:57 pm

    အီးး ဘယ်လိုတွေးရပါ့မလိမ့် ပတ်ချာလည်နေတာပဲ…ဟားဟားး
    မိုက်ကယ်ဂျီး တဘက်ပြောမှ ချစ်သူပေးတဲ တဘက်လေး ဘယ်ချောင်ထိုးထားပါလိမ့်…:)))))

  • nigimi77

    March 3, 2011 at 6:39 pm

    Reduce Recycle Reuse.

    ကောင်းတယ် ကိုအောင်ပု။

    ဒါနဲ ့ စကားမစပ်…….

    ခင်ဗျား သောက်သုံးမကျတာကြောင့် ကျုပ် ရေးတဲ့ Comment က နာဇီလက်သစ်
    မရဲ ့ ဖျက်ပစ်ခြင်းကို ခံရတယ်။

    • etone

      March 4, 2011 at 10:06 am

      နာဇီ လက်သစ်မ ရေ … ဆော်နေပြီဟ …

  • မိုက်ကယ်ဂျော်နီအောင်ပု

    March 3, 2011 at 6:44 pm

    🙂 🙂 🙂

  • Shwe Tike Soe

    March 4, 2011 at 2:34 am

    အော် တဘက်တစ်ထည် ကိုယ်တစ်ခုနဲ.
    ကိုပု တို. သံသရာလည်
    အပြန်တစ်ရာ မယ်သုတ်ပါလို. ရွှေထုပ်တဲ့ မြပဝါ…

  • bigcat

    March 4, 2011 at 2:44 am

    အတွင်းခံတွေကိုရော အဲသည်လိုပဲ ဝတ်သလား။ နှားခေါင်းပိတ်ပြီးမေးလိုက်သည်။

  • san

    March 4, 2011 at 3:30 am

    ဘယ်လိုရည်ရွယ်ချက်နဲ ့ရေးထားတာလည်းဆိုတာ သိချင်ပါတယ်။

  • naywoonni

    March 4, 2011 at 8:56 am

    ဘယ်လိုရည်ရွယ်တာလည်းဆိုတော့ သူ့ခင်မျာ ထိမ်းကါပ်မဲ့သူ မရှိဘူး ။ အဝတ်လျှော်ပေးမဲ့သူမရှိဘူးပြောချင်တာနေမှာပါ။ ကလေးထိန်း ရှာနေတာလားမသိဘူး

  • kai

    March 4, 2011 at 9:07 am

    ဂေါတမ ဘုရားလက်ထက်ကတော့ … ဦးနှောက်သိပ်မကောင်းတဲ့ ရဟန်းတပါးလည်း.. အဲဒီလို သဘက်တထည်နဲ့ ရဟန္တာဖြစ်သွားဖူးတယ်တဲ့..။
    သုတ်ထား..ချေထား..။

  • good

    March 4, 2011 at 9:32 am

    ” ဦးနှောက်သိပ်မကောင်းတဲ့ ရဟန်းတပါးလည်း.. အဲဒီလို သဘက်တထည်နဲ့ ရဟန္တာဖြစ်သွားဖူးတယ်တဲ့ ”

    အဲဒီ ဇာတ်တော် ကို မသိသေးလို့ ပို့(စ်) ရေးပေးပါလား။
    connection အဆင်ပြေလို့ MG page ကို ဝင် လို့ ရတဲ့ အခါ ဖတ်ရတာပေါ့။

  • R Ga

    March 4, 2011 at 11:44 am

    သွားပွတ်တို့ဘာတို့လည်း အောင်ပုကြီးအဲဒီလိုသုံးနေရင်တော့ ဒုက္ခပဲ..။
    မနက်အိပ်ရာထတယ် သွားတိုက်တယ်။ ပြီးတော့ လက်သဲတွေတိုက်တယ်။ နောက် ကျောက်ကုန်း တိုက် ဂွကြားမကျန်ချေးချွတ်တဲ့အနေနဲ့တိုက် ။ နောက် ခြေထောက်တိုက်။ ပန်းဆေးရင်ပြောင်အောင် တိုက်..။ တိုက် တိုက်တိုက် ..။

  • char too lan

    March 5, 2011 at 7:08 am

    ဝေါ့!! ဒစ္စနေးးးးးးးးးးးးးးးး 😀 😛

    အဘပု 😀 😀 😀 အားကြီးပျော်ဒယ်နဲ့တူဒယ်ဂျာ……………..

  • ကိုငြိမ်းချမ်း

    March 5, 2011 at 7:41 am

    သူ ့ပုဆိုးသံသရာလည်းဆက်ရေးလိမ့်မယ်၊
    ညလမ်းဘေးပလက်ဖောင်းမှာ ခင်းအိပ်
    ညလယ် ချမ်းလာရင ်ခေါင်းမြီးခြုံ
    မနက် မျက်နှာသုတ်
    ထမင်းစားပြီး လက်သုတ်
    ရေချိုးပြီး ရေစင်အောင်သုတ်ပြီး
    ခါးမှာပြန်ဝတ်

  • dream

    March 7, 2011 at 9:28 am

    ဘကြီးပုက ညစ်ပတ်တယ်ဆိုပေမယ့်
    တစ်နေ့ရေနှစ်ခါတော့ ချိုးသားပဲ

Leave a Reply