Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မေးခွန်းမှန်မှ အဖြေမှန်နိုင်သည်

Thu Htet HmuApril 25, 20101min3273

“ မိမိကိုယ်ကို မိမိ ကောင်းစွာစောင့်ရှောက်ခြင်းသည် အခြားတစ်ပါးသောသူကိုလည်း စောင့်ရှောက်သည်မည်၏ ” …. တဲ့ ။ ဒီအဆုံးအမစကား ဟာ ဓမ္မပဒလာ ဗုဒ္ဓ ရဲ့တန်ဖိုးအရှိဆုံးသော စကားပါ။ ကျွန်တော်တို့တတွေ ရှင်သန်နေထိုင်ကြတာဟာ ဗုဒ္ဓ ရဲ့သာသနာတော်အတွင်းမှာပါ။ ဗုဒ္ဓ ရဲ့အဆုံးအမတွေကို ဘယ်လောက်ထိ လိုက်နာကျင့်သုံး စွမ်းဆောင်နိုင်ကြပြီလဲဆိုတဲ့ မေးခွန်းကို မေးကြည့်ကြဖို့ မသင့်ပေဘူးလား။ ဒီတော့ အရင်ဆုံးက မိမိကိုယ်ကို မိမိ စိစစ်ဝေဖန်သုံးသပ်မိပါတယ်၊ ငါကိုယ်တိုင် ဘယ်လောက်ထိအောင် အကောင်းဆုံးဖြစ်တဲ့အခြေအနေအထိ စောင့်ရှောက်ခဲ့ပြီးပြီလဲ … ၊ ဆိုတာကနေပြီး စလာတဲ့အတွေးက သည်ဆောင်းပါးလေးကို ရေးဖြစ်ခဲ့တာပါပဲ။

အကောင်းဆုံး … လောကမှာ အကောင်းဆုံးလို့ သတ်မှတ်ကြတဲ့ စံချိန်စံညွန်း တန်ဖိုးထားမှုပေတံတွေ သူ့နေရာနှင့်သူ အမျိုးမျိုးအထွေထွေ ကွဲပြားခြားနားကြမှာပါ။ ဒီနေရာမှာ ကျွန်တော်ပြောချင်တာက ဗုဒ္ဓ ရဲ့အလိုကျ အကောင်းဆုံး“ စံ” ကိုပါ။ ဘာကို အကောင်းဆုံးလို့ ခေါ်မလဲ၊ ဘယ်လိုစိစစ်ရွေးချယ် ကျင့်ဆောင်မလဲဆိုတာ အရင်ဆုံး ဆုံးဖြတ်ရမယ့်ကိစ္စပါ။ တန်ဖိုးရှိတဲ့အရာကို ရှာဖွေစူးစမ်းရာမှာ … An approach to truth အမှန်တရားကို ချဉ်းကပ်မိဖို့နဲ့ An enbodiment of truth အမှန်တရား ကိန်းဝင်တဲ့ ဉာဏ်ပညာရှိဖို့ လိုအပ်ပါတယ် … ကုသိုလ်၊ အကုသိုလ်ကို ဉာဏ်ပညာရှေ့သွားသော၊ ဉာဏ်ပညာနှင့်ယှဉ်သော ရှာဖွေမှု လိုအပ်ပါတယ်။ ဒီအရာတွေကိုလည်း မြတ်စွာဘုရားက နှစ်ပေါင်းများစွာကတည်းက ပြဆိုညွှန်ကြားပြီးသားပါ။

အခု ကျွန်တော် တင်ပြမှာက ဗုဒ္ဓ ရဲ့ ကာလမသုတ္တန်ကို ဒေါက်တာမင်းတင်မွန် ဘာသာပြန်ဆိုပြီး Dr. Anand Guruge ရေးသားတဲ့ Buddhism in Model Life ထဲကပါ ..

The followers of the Buddha were advised not to believe anything without considering it property. In the Kalama Sutta the Buddha gave the following guidelines to a group of young people :-

‘ Do not accept anything based upon mere reports, traditions or hearsay,

Nor upon the authority of religious texts,

Nor upon mere reasons and arguments,

Nor upon one’s own inference,

Nor upon anything which appears to be true,

Nor upon one’s own speculative opinions,

Nor upon another’s seeming ability,

Nor upon the consideration:

This is our Teacher.

ဗုဒ္ဓ မြတ်စွာသည် မည်သည့်အရာကိုအဆို သေသေချာချာ ဆင်ခြင်သုံးသပ်ခြင်းမပြုဘဲ မယုံကြည်ရန် ကာလာမသုတ္တန်၌ …

သတင်းစကားကြားယုံမျှဖြင့်လည်းကောင်း၊ အစဉ်အဆက်စကားမျှဖြင့်လည်းကောင်း (သို့မဟုတ်) ဤသို့ဖြစ်ဖူးသတတ်ဟူသော စကားမျှဖြင့် လည်းကောင်း မည်သည့်အရာကိုမျှ ဟုတ်မှန်သည်ဟု လက်မခံပါနှင့်၊ ဘာသာရေးကျမ်းဂန်များနှင့် ညီညွတ်ပါပေသည်ဟူ၍လည်း လက်မခံပါနှင့်။ အကြောင်းအကျိုးညီညွတ်ရုံမျှဖြင့်၊ ဆွေးနွေးငြင်းခုံရုံမျှဖြင့်လည်း လက်မခံပါနှင့်။ မိမိကိုယ်တိုင် ကောက်ချက်ချပြီးတော့လည်း မယုံပါနှင့်။ မှန်လှပြီဟု ထင်ရကာမျှဖြင့်လည်း လက်မခံပါနှင့်ဦး။ မိမိကိုယ်တိုင် ကြံစည်မှန်းဆ ထင်မြင်ပြီးတော့လည်း မယူပါနှင့်။ အခြားသူတစ်ဦး၏ ထင်မြင်ရသော စွမ်းရည်သတိ္တဖြင့်လည်း လက်မခံပါနှင့်ဦး။ ငါတို့ဆရာဖြစ်ပေသည်ဟု ဆင်ခြင်စဉ်းစားပြီးတော့လည်း လက်မခံပါနှင့်ဦး ….

‘But, when you know for yourselves that certain things are unwholesome and bad: tending to harm yourself or others, reject them

‘And when you know for yourselves that certain things are unwholesome and good: conducive to the spiritual welfare of yourself as well as others, accept and follow them’.

”သို့သော် အချို့သောတရားတို့သည် မကောင်းသော အကုသိုလ်တရားတို့တည်း၊ သင်ကိုယ်တိုင်နှင့် သူတပါးတို့အား ထိခိုက်နစ်နာစေတတ်သော တရားတို့တည်းဟု သင်ကိုယ်တိုင် သိမြင်လာသောအခါ ထိုတရားကို ပယ်ပါလော့။

ထို့နောက် အချို့သောတရားတို့သည် ကောင်းမွန်သော ကုသိုလ်တို့တည်း၊ သင်ကိုယ်တိုင်နှင့် သူတပါးတို့အား စိတ်ပိုင်းဆိုင်ရာ ကောင်းကျိုးချမ်းသာများကို ဖြစ်ထွန်းစေနိုင်၏ဟု သင်ကိုယ်တိုင် သိမြင်လာသောအခါ ထိုတရားတို့ကို လက်ခံ၍လိုက်နာပါလော့ … ”

အကောင်းဆုံးကို ရွေးချယ်ရာ၌ ဗုဒ္ဓ ၏ ထိုကာလမသုတ်သည်ပင် မသွေမဖောက် မှန်ကန်စွာရွေးချယ်နိုင်မည့် စံတရားတစ်ခုဟု ကျွန်တော် ယုံကြည်စွာလက်ခံလာမိသောအခါ မိမိကိုယ်ကို မိမိ မေးခွန်းထုတ်ကြည့်ပါသည်။ “ ငါ ဘယ်လောက် လိုက်နာဆောင်ရွက် ကျင့်ကြံခဲ့ပြီးပြီလဲ ဆိုတဲ့ မေးခွန်းပါပဲ။ ထိုကဲ့သို့ စဉ်းစားမိသောအခါ မိမိမှာရှိနေသည့် မိမိကိုယ်ကို လှည့်စားပြီး အလွယ်လိုက် အကြိုက်ဆောင်တတ်သည့် လူညံ့တို့၏သဘော မာယာ နှင့် သာဌေယျ ကို ကျွန်တော့်ကိုယ်၌ ထင်လင်းစွာ မြင်မိပါသည်။

မယာဆိုတာ ကိုယ့်မှာ အပြစ်ရှိလျှက် မရှိဟန်ဆောင်တာ … ၊ သာဌေယျ က … မရှိဂုဏ်ကို ရှိဟန်ဆောင်တာ … ဒီတရား နှစ်ပါးဟာ အကုသိုလ်စေတသိတ် ၁၄ ပါးမှာ လောဘစေတသိတ်ထဲမှာ ပါပါတယ်။ မိမိကိုယ်ကို မိမိအကောင်းဆုံးဖြစ်အောင် စောင့်ရှောက်ရာမှာ  ဒီမာယာဆိုတဲ့လောဘစိတ်တွေ ဘယ်လောက်အသုံးချပြီး မိမိကိုယ်ကိုရော တခြားသူကိုကော ထိခိုက်နစ်နာစေခဲ့ပြီးပြီလဲ။

သာဌေယျတွေကကော ဘယ်လောက် တောင်လိုပုံပြီး နေခဲ့ပြီလဲ။ ကျွန်တော်တို့ ဗုဒ္ဓ ရဲ့အဆုံးအမကို လိုက်နာကျင့်ကြံပြီး မိမိကိုယ်တိုင်ကိုရော၊ မိမိပတ်ဝန်းကျင်ကိုရော ဘယ်လောက်ထိ ကောင်းကျိုးပြုခဲ့ကြပြီးပြီလဲဆိုတာ အသေအချာ မေးဖို့ ကောင်းပါပြီ …။ လူ့ဘောင်အဖွဲ့အစည်းတစ်ခု တည်ဆောက်ရာမှာ ဒီတရားတွေကို ကျင့်ကြံလိုက်နာခဲ့ရင် ဘယ်အတိုင်းအတာထိ ဖွံ့ဖြိုးကောင်းမွန်လာနိုင်မလဲဆိုတာ စဉ်းစားချင့်ချိန်သင့်ပြီး ပြင်ဆင်သင့်ပြီလို့ တွေးမိပါတယ်။ ကျွန်တော်တို့ကသာ ဗုဒ္ဓ ဘာသာ၊  ဗုဒ္ဓ အဆုံးအမမှာ တည်သူတွေလို့ မလိုရာမှာ လက်မထောင် ဝင့်ကြွားချင်ကြပြီး တကယ့်တကယ်တမ်းကြတော့ ဗုဒ္ဓ နဲ့ဝေးသူ၊ ဗုဒ္ဓ ကို အသရေ ဖျက်သူတွေများတဲ့နေရာမှာ နေရကြသလို သိခြင်းမှာ ဆင်းရဲခဲ့ကြရတာပါ။ ဥပမာလေးတစ်ခု ပြောချင်ပါတယ်။ စင်္ကာပူကိုတည်ထောင်ခဲ့သူ လီကွမ်းယုကလည်း ကျွန်တော် တင်ပြခဲ့တဲ့ ဓမ္မပဒလာ မိမိကိုယ်ကို မိမိကောင်းစွာစောင့်ရှောက်ခြင်းသည် အခြားတပါးသောသူကိုလည်း ကောင်းစွာစောင့်ရှောက်ခြင်း မည်၏ဆိုတဲ့ အယူအဆကို အခြေခံပြီး စင်္ကာပူကို တည်ထောင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သူပြောတာက တရုတ်ပညာရှိတစ်ဦးရဲ့ အဆိုအမိန့်လို့ ဆိုပါတယ်။ သဘောတရားခြင်းကတော့ အတူတူပါပဲ။ သူက သူ့ကိုယ်သူ အရင်ဆုံး အကောင်းဆုံးဖြစ်အောင် စောင့်ရှောက်ပြီးမှ တစ်ဆင့်ခြင်း မြှင့်တင်သွားတာပါတဲ့ …။

ကျွန်တော်တို့ခမျာမှာတော့ “ယောက်မ” များလိုပါပဲ။ ဟင်းအိုးကြီးကို မွှေမွှေနေရတာနဲ့ပဲ အရသာမဲ့စွာ မသိသားဆိုးဝါးစွာ အောက်တကာ့အောက်ဆုံးကို ရောက်ခဲ့ရပါပြီ …။ ကျွန်တော်တို့ သူတပါးမကောင်းတာတွေကို လက်ညှိုးထိုး ကဲ့ရဲ့နေမယ့်အစား ဗုဒ္ဓ ရဲ့အဆုံးအမကို မိမိကိုယ်တိုင် မိမိစိတ်မှာ ကိန်းဖို့ ကာလာမသုတ္တန်လာ စံချိန်စံညွှန်းနဲ့ ကြိုးစားတည်ဆောက်ခဲ့မယ်ဆိုရင် ….

ကိုယ် ကိုယ်တိုင်လည်း ကောင်းလာမှာပါ၊ ကိုယ့်မိသားစုလည်း ကောင်းလာမှာပါ၊ ကိုယ့်ရပ်ရွာလေးလည်း ကောင်းလာမှာပါ၊ ကိုယ့်မြို့ ကိုယ့်တိုင်းလည်း ကောင်းလာမှာပါ။ နောက်ပြီး ကိုယ့်တိုင်းပြည်ကြီးလဲ တကယ့်ကို ကောင်းလာပါလိမ့်မယ်လို့ ယုံကြည်ပါတယ်။

ဘာသာတရားကို ကိုးကွယ်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ခြင်းနှင့် မိမိကိုယ်မိမိ ကယ်တင်ခြင်းတို့အတွက် အသုံးပြုနိုင်ရမယ်လို့ ယုံကြည်မိတာက တစ်ကြောင်း၊ ဗုဒ္ဓ ဘာသာသည် လူသားတို့၏ လွတ်လပ်မှုနှင့် တိုးတက်မှုကို အစဉ်အမြဲ အထောက်အကူပြုပြီး အသိပညာတိုးတက်မှုနှင့် ဘဝနယ်ပယ်အသီးသီး၏ လူသားလွတ်လပ်မှုကို ကိုယ်စားပြုထားတယ်လို့ ယုံကြည် ကြည်ညိုစိတ်နှင့် ကျွန်တော် လေ့လာထိတွေ့သိရှိနားလည်သလောက် တင်ပြရခြင်း ဖြစ်ပါတယ်။

ဆိုရင် … ကိုယ်တိုင်မေးမယ့် မေးခွန်းတွေ မှန်ပါမှ ကျွန်တော်တို့ ဖြေရမယ့် အဖြေတွေ မှန်နိုင်မယ် မဟုတ်လား ။

3 comments

  • susunosuki

    April 26, 2010 at 4:32 pm

    ကာလာမသုတ်ကတော့
    ဗုဒ္ဓဘာသာမှာရှိတဲ့ ထူးထူးခြားခြား
    တခြားဘာသာဝင် တွေတောင်အာရုံစိုက်ရတဲ့ သုတ်တော်ပါပဲ

  • kopauk mandalay

    April 27, 2010 at 5:54 am

    သူများကိုကောင်းကောင်းနေပါလို.အကြံပေးဘို.အတွက်
    ကိုယ်တိုင်က ကောင်းအောင် အရင်နေဘို.လိုအပ်တယ်ဆိုတာ
    လုံးဝမငြင်းနိုင်သောအမှန်တရားလေးပါ။

  • etone

    June 23, 2010 at 10:05 am

    kopauk mandalay ပြောတာလက်ခံတယ် ။ ကိုယ့်ကိုယ်ကိုကောင်းအောင်နေတာမျိုးပဲဖြစ်သင့်တယ် ။

Leave a Reply