လွမ်းနေတဲ့သူ
ကန်ပါတ်လမ်းက ရှမ်းကလေးကျွန်လေးကျွန်းမရောက်ခင် အနားမှာ အင်မတန်ကြီးမားပြီး သက်တမ်းရင့်နေတဲ့ လက်ပန်ပင်ကြီးတွေရှိပါတယ်။
အဲဒီလက်ပန်ပင်ကြီးအောက်မှာ လူတစ်ယောက် က လယ်ကွင်းတွေအဆုံးမှာရှိတဲ့စစ်ကိုင်းတောင်ရှိရာ မင်းဝံတောင်ရိုးဘက်ကိုကြည့်နေရင်း
မူံရီနေတဲပါတ်ဝန်းကျင်ကိုငေးမောရင်းဘာတွေများစဥ်းစားပြီးလွမ်းနေသလဲဆိုတာကိုသိချင်လိုက်တာ
12 comments
cherrykoko
March 6, 2011 at 4:36 am
လွမ်းနေတဲ့လူပုံစံတော့မပာုတ်ဘူးနော်..သူ့စိုက်ခင်းတွေကိုလာကြည့်တာဖြစ်မယ်…ရှုခင်းပုံလေကောင်းတယ်..လူပုံပါတာကအမြင်ရှုတ်နေတယ်..
MaMa
March 6, 2011 at 11:21 am
သစ်ပင်ကြည့်တာ အကိုင်းချည်းတွေလိုပဲနော်။ အရိပ်ကတော့ ကောင်းသား။
kopauk mandalay
March 6, 2011 at 12:09 pm
လက်ပံပင်တွေက အပွင့်ပွင့်ပြီဆို အရွက်တွေချွေချထားတော့ အကိုင်းဘဲမြင်ရပါတယ်။
ဒီနေရာလေးကတော့ လက်ပံပင်ကြီးတွေဆက်နေတော့ အရိပ်ရပြီးအေးချမ်းပါတယ်။
ဒီတော့ အတွဲတွေလာချိန်းကြတာများတယ်ဗျ။
ဆူး
March 6, 2011 at 3:15 pm
ပုံထဲက လူက ကောင်မလေး အလာကို မျှော်နေတာများလား။
ဟီးဟီး.. အတွဲ ဆိုလို့ ပြောပါတယ်။
အဲဒီလိုကို ဆူး အမြင်မှာတော့ စိုက်ခင်းအခြေအနေ လာကြည့်ပုံရတယ်။
မိုက်ကယ်ဂျော်နီအောင်ပု
March 6, 2011 at 1:41 pm
ဪ………
လက်စသတ်တော့
ထမင်းဆိုတာ
လယ်ကွက်ထဲလာတာပါလား !!!!!!!
လွန်တာရှိလျှင် ဝန်တာမိပါ
တောင်သူဦးကြီးတို ့ရယ်။
်အညာသား
March 6, 2011 at 4:04 pm
လွမ်းတယ်ဗျာ…. ကန်ပတ်လမ်းရယ်… စစ်ကိုင်းတောင်ရယ်…ရှမ်းကလေးကျွန်းရွာလေးရယ်… တန်းခူးလဆို အဲရွာမှာ ဘုရားပွဲရှိတယ်ဗျ… ကျေးဇူးပါ ကိုပေါက်ရေ… အဝေးရောက်နေတော့ အစ်ကို
တင်ပေးတဲ့ ပုံလေ။တွေ ကြည့်ပြီး အလွမ်းဖြေရတာပေါ့ဗျာ… နောက်လဲတင်ပါအုံး
bigcat
March 6, 2011 at 9:44 pm
လွမ်းနေတာလား၊ လမ်းဘေးသေးပေါက်ဖို့ ပြင်နေတာလား။
Gong Zhu
March 7, 2011 at 2:49 pm
ကိုကိုကြောင်ကြီးကလည်း ပြောတတ်ပါ့နော် …
kopauk mandalay
March 7, 2011 at 3:32 pm
ငါ့တူbigcat ရေ
ရှောက်ရှောက်ပူဘို့ဆိုတာထက် အဲဒီလူက အတွဲချောင်းမလို့နေမှာ။
အဲဒီလက်ပံပင်ခြေရင်းမှာ အတွဲတွေလာချိန်းတတ်တယ်လေ။
bigcat
March 8, 2011 at 1:59 am
ဟုတ်ကဲ့ပါ လေးလေးပေါက်။ တူလေးမှတ်ထားလိုက်ပါတယ်။
ဆူး
March 7, 2011 at 3:52 pm
လေးပေါက်ကြီး ချိန်တဲ့ မြင်ကွင်းထဲ အတွဲတွေ ပါမှာ စိုးလို့ လူကြီး ကာပေးထားတာ ဖြစ်နေအုန်းမယ်။
char too lan
March 8, 2011 at 2:40 am
တို့ရွာတို့မြေ တို့ရွာမြေဝယ်
ဆန်ရေစပါး များလည်းများ၏
များပါလေလည်း တမွဲမွဲနှင့်
ဆင်းရဲခါခါ ကာလကြာလျှင်
ယာဇကာမျိုး တညှိုးညှိုးနှင့်
………….. …………….
သိတော့ဘူး ဆက်ပေးပါအုံး လေးလေးရေ…………..