ရွာထဲကို လေ့လာရေး ခရီးထွက်ခြင်း

ဆူးMarch 6, 20114min32135

ပင်ကွင်းလေး မျက်စိ သူငယ် နားသူငယ် မဖြစ်ရအောင် ရွာလည် ထွက်ချင် စိတ်ပေါက်ပြီး လောကကြီးကို လေ့လာရေး ခရီးစတင် ထွက်လာခဲ့ပါတယ်။


ဟေ့ကောင် မင်း ဘယ်သွားမလို့လဲ.. ကိုယ့်နယ်မြေ မှာ နေတာတောင် စိတ်မချရတာ မင်း ဘယ်သွားမှာလဲ။


နေပါ့စေ.. အဲကောင်ကို လွတ်ထားလိုက် သူအထိ နာမှ ငါတို့ ပြောတာ သိလိမ့်မယ်။


မင်းသွားမယ် ဆိုတော့ ငါတို့ မတားတော့ပါဘူး။ ပြန်လာရင် မင်းသိခဲ့တာတွေ ငါတို့ကို ပြောပြပေါ့ကွာ.. ငါတို့ကတော့ ဒီကနေ မခွာနိုင်ဘူး။


ငါတို့ သူငယ်ချင်း ဘေးဒုက္ခ မကြုံရပါစေနဲ့။ ခရီးစဉ် ချောချော မောမော ပြန်ရောက်ပါစေ။

ပထမဆုံး ရွာထဲ ဝင်လာတဲ့ အခါ စူးရှတဲ့ အကြည့်တွေ နဲ့ ကြည့်ခြင်းခံရပါတယ်။


မိချောင်းလေးတွေ ကို တွေ့တော့ မေးကြည့်ခဲ့တယ် မင်းတို့ ဘာဖြစ်နေတာလဲ။ ငါတို့ ရွာထဲမှာ like dislike ရွေးချယ်ပွဲမှာ သဂျီးက ငါတို့ ကို အမျိုးတူ အဆင်တူ ဆိုပြီး လက်တစ်ခုတည်းမှာ ပေါင်းချုပ်ထားတာ ခံနေရတာကွ။ မင်းက ငါတို့နဲ့ အမျိုးမတူ အဆင်မတူတော့ သီးခြား လက်မှတ် တခုတော့ ရမှာပါ။ ငါတို့ ဘဝ နဲ့ ငါတို့ ရှိပါစေ။


ငါကတော့ ခပ်အေးအေးဘဲ။ အိမ်မှာ ကြည့်တော့ တခါမဲပေးတယ် ရုံးကို ရောက်တော့ တခါမဲပေးလိုက်တယ် ဟော.. စတိုးဆိုင်မှာ သုံးလို့ရတော့ တခါ ထပ်ပေးလိုက်တယ်။ ငါတို့က အမျိုးတူပေမဲ့ အဆင်မတူဘူးလေ မှတ်ထားကွ.. အဲဒါ မျှတာမှုဆိုတာ ဒါဘဲ။


ဟားဟား.. ငါတို့ကတော့ မျက်စိပိတ်ထားတယ် ဘယ်သူတွေ ဘာဖြစ်ဖြစ် သူငယ်ချင်းတွေ စိတ်တူကိုယ်တူ ပင်တိုင် တူတူ မဲ ပလိုက်တယ်။ အမျိုးတူပေမဲ့ အဆင် မတူတာတွေ ရှိတယ်လေ… မင်း မှတ်ထား ရွာထဲမှာ ဒီလိုဘဲ။ မေတ္တာပို့ရင်တောင် အလွတ်မပေးဘူး ငါတို့ မဲ ပလိုက်တယ်။ မှတ်ကရောကွာ.. မင်းလည်း လျှာ သိပ်ရှည်ရင် မင်း တင်တာတွေ အကုန် မဲ လိုက်မယ်။


ငါတော့ သီးခြား ရပ်တည်နေပေမဲ့ အုပ်စုဖွဲ့ မဲ တတ်တဲ့ မျိုးတူ အဆင်ကွဲ မျိုးမစစ် မုန်းတဲ့ ကောင်တွေ ကြောင့် ငါလည်း စဉ်းစားနေတာ..


ဘာကွ.. မင်းက ဘာမျိုးမစစ်လဲ.. တိရိစာ္ဆန်ထိရင် မချိအောင် နာတယ်ကွ.. ငါ့အမျိုးမဟုတ်ပေမဲ့ ငါ့ကို ပြောတယ် မှတ်လို့ နာတာ.. ဟားဟား.. မင်းတို့ မသိပါဘူးကွာ.. ငါ အကြောင်း ငါဘဲ သိတယ်။


အေးပါကွ.. ငါလည်း မင်းလိုပါဘဲ.. ဒါကြောင့် မင်းကို သဘောကျ နှစ်သက်တဲ့ မဲ ကိုပေးလိုက်တယ်လေ။


တို့ကတော့ ဘာဖြစ်ဖြစ် သဂျီး နဲ့ ရွာကို မခွာရက်လို့ ဒီလိုဘဲ တွယ်ကပ်နေတော့မယ်။


မင်းဟာ မင်း တွယ်ချင် တွယ် မတွယ်ချင်နေ.. မင်းလိုကောင်ကို ကြည့်မတာ ကြာပြီ မင်းကို ငါတို့ စောင့်ကြည့်နေတယ်။ မင်း တခုခု မှားလို့ကတော့ တကွေ့မှာ အသေဘဲ လုံးဝ နလန် မထူအောင် နိပ်ကွပ်ပြမယ် မှတ်ထားကွ.. ဟားဟား.. မင်းလောက်ကတော့ အသာလေးဘဲ။


ရွာထဲက ကိစ္စ မပါရဲပါဘူး။ တော်ကြာ ငါ့ကိုပါ မောင်းထုတ်နေရင် ဘယ်လိုလုပ်မလဲ။ ကြောက်တယ် အဝေးကဘဲ မရဲတရဲ ကြည့်တော့မယ်။


ရွာထဲမှာ နေပေမဲ့ အိမ်အပြင်ထွက်ပြီး ရွာလမ်းကို မလျောက်နိုင်ဘူး ကွန်နက်ရှင် ဆိုတဲ့ နတ်ဖမ်းစားထားလို့ ခြေကျုပ်မိနေတယ်။ ကူညီ မှိုင်းမတော်မူပါ။


ဒီကလည်း တူတူဘဲ တက်နေရင်း တန်းလန်းနဲ့ တဝက် တပြတ် ဟိုမရောက် ဒီမရောက် မြင်သာမြင်ရ.. ဘာမှ လုပ်လို့ မရတာလဲ ရှိတယ်ကွ..


ဘယ်လိုဘဲ ဖြစ်ဖြစ် လုံးဝ မထွက်ခွာဘူး။ ခါမချနဲ့နော် ဒါဘဲ ပြောမယ်။


အများကြားမှာ သေးငယ်ပေမဲ့ နေရာ တနေရာတော့ ရသင့်တယ်။


နေရာတနေရာ ရဖို့ လိုင်းကောင်းတုန်းလေး အပြေးအလွား ဝင်လိုက်အုန်းမယ်။


ရွာထဲ ဝင်ကြည့်ပြီး အမေ ကို ခွင့်တိုင်တယ် ရွာထဲမှာ ပူရင် ပူပစေတော့ ရွာထဲမှာဘဲ ပျော်ပျော်နေချင်တယ် နေပါ့ရစေနော်။
သိခဲ့တာတွေ မနည်းဘူးဘဲ။ အသိပညာ တိုးအောင် လေ့လာ သင့်တယ်။ အရှုံးထဲက အမြတ်ရအောင်လုပ်။ လောကကြီးကို တတ်နိုင်သလောက် အကောင်း မြင်နိုင်အောင် ကြိုးစားပါ သားရယ်။

35 comments

  • weiwei

    March 6, 2011 at 5:25 pm

    ပင်ကွင်းလေး သွားလည်တဲ့ ရွာက ဘာရွာလဲ ? လူလဲ မရှိဘူးနော် …

  • ဆူး

    March 6, 2011 at 5:31 pm

    လူရွာကို အလည် သွားရင် ဟင်းအိုးထဲ ရောက်မှာ စိုးလို့..

  • bigcat

    March 6, 2011 at 9:34 pm

    အဲဒါနေပြည်တော်ဗျ၊ လူတွေနေတဲ့မြို့ကနေ ခွဲထွက်ပြီး တိရစာ္ဆန်တွေအတွက် ရွာထောင်ပေးထားတာ။

  • ကိုငြိမ်းချမ်း

    March 6, 2011 at 10:57 pm

    အချိတ် အစောင်းလေးတွေပြောချင်တာတောင် တိရစ္ဆာန်လေးတွေရဲ ့ပုံနဲ ့ဖတ်သူ စိတ်ဝင်စားအောင်လုပ်တတ်လွန်းပါ့ ဒေါ်ဆူးရယ်…

  • shweminthar

    March 7, 2011 at 12:38 am

    အရှုံး ထဲက အမြတ်ရအောင် လဲလုပ်မယ်၊ လောကကြီးကို တတ်နိုင်သလောက် အကောင်းြ်မင်နိုင်အောင် လဲ သား ကြိုးစားပါ့မယ် မေမေ။

  • zippo

    March 7, 2011 at 5:49 am

    အနော့်ကိုလဲ ခါမချပါနဲ့ ဂျ…။
    နေရာတစ်ခုလဲပေးပါဂျ……။
    သူကြီးနဲ့ဒီရွာ ခွါချင်ဘူးဂျ….။

  • white

    March 7, 2011 at 5:50 am

    ပင်ဂွင်းလေး ရောက်ခဲ့တဲ့ ရွာလေးက လက်တွေ့ဆန်တဲ့ရွာလေးတစ်ခုပါ ကျောင်းဆရာရှိမယ်၊သူခိုးရှိမယ်၊ငမူးရှိမယ်၊ရဲရှိမယ်၊ဘုန်ကြီးရှိမယ်၊သူဂျီးရှိမယ်၊လူကောင်းရှိမယ်၊လူဆိုးရှိမယ် ဒါတွေကိုက တကယ့်ရွာနဲ့တူတဲ့ ရွာလေးတစ်ရွာဖြစ်နေတာပါ တရွာလုံး လူကောင်းကြီးဆိုလဲ ပျင်းစရာကောင်းနေမှာပါ လက်တွေ့မှာလည်းမဖြစ်နိုင်ပါဘူး လူကောင်းတွေများပြီး လူဆိုးတွေနဲရင်တော့အကောင်းဆုံးပေါ့

    ဘုရားဖြစ်ဘို့ အထောက်အကူပြုတဲ့သူတွေထဲမှာ လူကောင်းတွေချည်းပဲမဟုတ်ပါဘူး ဒေဝဒတ် လိုလူမျိုးတွေလည်းပါပါတယ်

    • မိထက်

      March 7, 2011 at 3:00 pm

      natthamee ပြောတာ မကြိုက်ကြဘူး ထင်တယ်။
      ဒီဆိုက်က လူတွေက ဘယ်လို လူတွေလဲ။ ကျပ်မပြည့်သူတွေ စုနေကြပုံရတယ်။
      ပြီးတော့ လိုက် လုပ်ချင်ရင် မရဘူး။
      ဒစ်စလိုက် လုပ်ချင်ရင် ရပုံရတယ်။
      ရှူးရှူးနဲ့ ပန်းမှ.. ဒီမီး ငြိမ်းမယ် ထင်တယ်။

  • thanmyint84

    March 7, 2011 at 9:31 am

    စိတ်ပြေလက်ပျောက် ရွာထဲ အလည်ထွက်မိပါတယ် ..
    စိတ်ပျက်ရတာ တစ်ခုဘဲ အဖတ်တင်တယ်…
    မခံချင်စရာ မသတီစရာ တွေများနေပါလားရှင့်…
    မမဆူးရေ မလျှော့နဲ့နော်..

  • Gipsy

    March 7, 2011 at 9:38 am

    အားပေးမြဲအားပေးလျှက်ပါ မဆူူးရေ……။
    မှန်တယ်ထင်တဲ့အရာတွေဟာ မှန်နေတတ်ပါတယ်….။
    အားတင်းထားပါဗျာ…။

  • manawphyulay

    March 7, 2011 at 12:47 pm

    ဆူးက အရင်ထဲက တော်ပြီးသားလေ…………….. ခုမှ တော်တာမဟုတ်ဘူး သိသေးဘူးလား။

  • ဆူး

    March 7, 2011 at 2:51 pm

    ရွာလည်ထွက်ပြီးရင် ရေနွေးကြမ်း လေး သောက်သွားပါအုန်း ရွာထဲက ရေနွေးအိုးကြီး ဆူနေလို့။ မီးက သဂျီး မွှေးထားပြီးတော့ ရေနဲ့ အိုးကတော့ ဒစ်စလိုက် သမားတွေ တည်ထားတာ.. ရွာသားတွေ လက်ဖက်ခြောက် ခပ်ပြီး ဝိုင်းသောက်လိုက်ကြရအောင်။

  • မိထက်

    March 7, 2011 at 2:55 pm

    ရေနွေးကြမ်းသောက်ပြီးလို့ ပေါက်တဲ့ ရှူးရှူး တွေစုပြီး အဲဒီ မီးကို ငြိမ်းလိုက်ရမလား။

  • unclegyi1974

    March 7, 2011 at 3:52 pm

    ရွာကိုရောက်လိုက်မရောက်လိုက်နဲ့ရွာကလူတွေ
    ဘာတွေဖြစ်နေကြတယ်ဆိုတာကိုကောင်းကောင်း
    ကိုမသိတော့ဖူး
    သိသလောက်ဆိုရင်စောင်းအချိတ်ကလေးတွေ
    ရှိနေကြတာကသေချာတယ်
    ဘာကစလို့ဘယ်လိုဖြစ်မှန်တော့မသိဖူး
    အကျိုးအကြောင်းကလေးလုပ်ပါအုန်း ဆူးမရေ

    • ဆူး

      March 7, 2011 at 4:02 pm

      အကြောင်းတွေက စုံနေတာဘဲ။ အကျယ် အကျယ် သိပ်တော့ မလုပ်ချင်လို့ ပြန်မစ ချင်တော့ဘူး။ ဂေဇတ်မှာ Register လုပ်ထားတဲ့ အီးမေး ကို သုံးလား အပ်လိုက်မယ်

  • unclegyi1974

    March 7, 2011 at 4:10 pm

    သုံးပါတယ် ဆူးမရေ

  • zippo

    March 7, 2011 at 5:49 pm

    ဟုတ်ဖူူးထင်ပါတယ်ဂျ……….။
    ဒစ်စလိုက်သမားတွေဟာ.သည်းခံစိတ်ကြီးမားသူတွေဖြစ်မယ်ဂျ…။
    ဒစ်စလိုက်သမားတွေဟာ.မေတ္တာတရားကြီးမားသူတွေထင်တယ်ဂျ…။
    အရာရာကိုအောင်နိုင်သူတွေလို့ ထင်နေပုံရပါတယ်ဂျ…။
    ( ဇစ်ပိုလေးအမြင်မှာတော့..သူတို့ရဲ့အောင်မြင်ခြင်းဆိုသည်မှာ ဒစ်စလိုက်လုပ်ရန်သက်သက်
    သာလျှင်ဖြစ်ပါကြောင်း)

  • nigimi77

    March 7, 2011 at 8:31 pm

    တင်ပြပုံ တကယ်ကောင်းပါတယ်။

  • meelay

    March 8, 2011 at 4:50 am

    တော်တော်စိတ်ကူးကောင်းတဲ့ ဆူး ……… 🙂

  • etone

    March 8, 2011 at 7:47 am

    ပင်ကွင်းလေးခမျာ မူးသွားရှာပြီနော် … ။
    ဒါနဲ့ ရွာထဲဝင်တုန်း လင်းတရော ဆိတ်တာ ခံရသေးလား ။ လင်းတအုပ်တွေ အတော်ဆိုးနေတယ်ကြားတယ် ။ အပုပ်ပဲစားတဲ့ လင်းတတွေ အခု ငတ်နေတော့ အသားမြင်တိုင်း လိုက်ဆိတ်တော့တာ ။ ကျီးကန်းအုပ်ကတော့ သဂျီး ကလေးတွေ လောက်လေးခွစာမိလို့ အတုန်းအရုန်းပဲတဲ့ … ။ ယုန်လေးတွေ မျောက်လေးတွေကတော့ အထုတ်ပြင်နေတယ်ပြောရှာတယ် ။

  • အာဖျံ ကွီး

    March 8, 2011 at 8:02 am

    ဟားဟားဟား .. မဆူးကတော့ .. လက်စွမ်းက တစ်စက်မှမလျော့သေးဘူး။
    ဒီမယ်မဆူး .. မှန်တယ်ထင်ရင်ဆက်လုပ် .. ဒါပဲ။ …

    စကားမစပ် .. ကွီးလဲ အမ မှန်တယ်လို.ပဲသတ်မှတ်တာ။

  • kopauk mandalay

    March 9, 2011 at 4:22 pm

    သူကြီးမရှိတော့ ရွာဆူ
    အမြည်းမရှိတော့ အာပူ တဲ့ ကြားဘူးတာ။
    အခုသူကြီးလဲရှိပါ့။
    ဒါပေမယ့်ရွာကတော့ နည်းနည်းလေးဆူနေတယ်။
    အမြည်းရှိမရှိတော့ မသိဘူး။
    ရွာကတော့နည်းနည်းလေးပူနေတယ်။
    ပြီးခဲ့တဲ့လတွေတုံးက မျုးိဆိုရင်သိပ်ကောင်းမယ်။
    တစ်ယောက်နဲ့တစ်ယောက် စကြ (မြင်လဲမမြင်ဘူးဘူး ဂျီတော့မှာလဲ မသိဘူးဘူးနော်)
    ပုံပြင်တွေကို ရွာထဲကလူတွေနာမယ်တတ်ပြီးဟာသာမြောက်အောင် ရေးကြ။
    ပျော်စရာကြီးပါဗျာ။
    ကော်မင်းတွေပေးပြီး အချိတ်အဆက်မိမိနဲ့စကြ ဟာသတွေလုပ်ကြ။
    ကျွန်တော်က သီချင်းကြိုက်တော့ သီချင်းစာသားလေးပဲရေးလိုက်ပါမယ့် ။
    သွားလေသူဘိုထီးဆိုထားတာပါ။
    “အရင်တစ်ခါနေလာခဲ့တဲ့ဘဝကို ပြန်နေချင်သေးတယ်…………………………တဲ့။”
    နောက်တပုဒ်
    အသက်ရှည်ရှည်ခင်ခင်မင်မင် လက်ရေတပြင်တည်း ရှေးကထက် ပိုချစ်ကြရအောင်ဗျာ……………………………..

    • etone

      March 10, 2011 at 2:05 am

      ရွာဆူမှာပေါ့ ဘယ်တုန်းက ရောက်လာတဲ့ မျိုးမစစ်တွေ ဝင်လာလည်းမှ မသိတာ …။ ဘာမှမဟုတ်ပဲ တကြောင်းထဲ သရော်သလိုလိုရေးတဲ့စာတွေတောင် like လုပ်တယ်…။ အားပေးပါတယ် ဘာညာဆိုရင် dislike လုပ်တယ် …..။ ကိုယ့်ဘက်က ပြန်လုပ်ချင်တာတောင် disable ဖြစ်နေတယ် … ။ အရင်က ရုံးရောက်တာနဲ့ ဘာမှ မလုပ်ပဲ အရင် ဖွင့်ဖြစ်တဲ့ ဂေဇက် ကို အခု နေ့ဝက်လောက်မှ ဖွင့်ဖြစ်တယ် ။

      • အင်းးးးးးးးးးးးးးးးးးးးးးးးးးး

        ဒီအဆိုအရဆို ကျွန်တော်ကလည်း လူသစ်တစ်ယောက်ဖြစ်တဲ့အတွက် မျိုးမစစ်တစ်ကောင် ဖြစ်နေပါပေါ့လား.. စိတ်မကောင်းဘူးဗျာ.. ဒီစကားကို နည်းနည်းတော့ ဆိုလိုရင်းပြောင်းသင့်တယ်ထင်ပါ့.. မပြောင်းလိုတော့လဲ နေပါတော့ .. မျိုးမစစ်ပဲပေါ့

      • king

        May 21, 2011 at 6:53 am

        အဲဗျာ
        ဒီစကားတွေက နောက်မှ ဝင်လာတဲ့ ကျွန်တော်တို့ကို ထိခိုက်စေတာအမှန်ပါပဲဗျာ
        ကျွန်တော်တို့ကို ဝမ်းနည်းစေတယ်
        ဒီစကားတစ်ခွန်းနဲ့တင် ပျော်ရွှင်နေတဲ့စိတ်တွေကို ရိုက်ချိုးခံရသလိုပါပဲဗျာ
        စိတ်မကောင်းမိတာအမှန်ပါပဲ
        ကျွန်တော်က လူနောက်ကလေးတစ်ယောက်ပါ ဒါပေမယ့် အစွန်းနှစ်ဖက်တော့ ကင်းပါတယ်ဗျ

    • char too lan

      March 10, 2011 at 8:20 am

      သူကြီးမရှိတော့ ရွာဆူ
      အမြည်းမရှိတော့ အာပူ ဆိုသလို…
      ဘုန်းတန်ခိုးရှိတဲ့ အသင်လူလဲ
      ရည်းစားမရှိရင် ကြူသာကြူ 😉

  • တညင်သား

    May 20, 2011 at 3:45 pm

    တိရစာ္ဆန် တွေ တော်တော်များတာပဲနော် ..ဘယ်ရွာက ဆာဖာရီ လဲဟင်…….:D

  • Ko Ko Aung

    May 20, 2011 at 4:56 pm

    ပုံကလေးတွေကသိပ်လှတာပဲ။ အသက်ဝင်တယ်နော်။
    ကြွက်ပေါက်ကလေး လေးကောင်အိပ်နေတာ ချစ်စရာအကောင်းဆုံးပဲ။
    အဲဒီပုံလေးကူးထားချင်ရင် ကူးခွင့်ရောပေးမလား ?
    (ကျွန်တော်ကတော့ ကိုယ့်အာရုံနဲ့ကိုယ်ပဲ)

    • ဆူး

      May 20, 2011 at 4:58 pm

      ကူးလို့ရပါတယ် ဂူဂဲက baby animal ဆိုပြီး ရှာထားတဲ့ ပုံတွေပါ။
      ပိုစ်ကလည်း ယူနိုင်သလို ကိုယ်တိုင်လည်း ရှာယူနိုင်ပါတယ်။

  • ဆူး

    May 21, 2011 at 1:42 pm

    ရှုံးနိမ့်နဲ့ မောင်ကင်း
    နောက်မှ ရောက်လာတဲ့ လူကို မျိုးမစစ်လို့ ပြောတာ မဟုတ်ပါဘူး။ ဒီပိုစ်က ပိုစ်တင်တဲ့ အချိန်အခါမှာ ဖြစ်တဲ့ ပြသနာ တစုံတရာကြောင့်သာ ဒီလို ပြောနေကြတာပါ။
    အခြေအနေအချိန်အခါ မသိပဲ ရမ်းမထင်ကြပါနဲ့။ ကိစ္စကလည်း ပြီးသွားပါပြီ။ အဟောင်းတွေ အသစ် မဖြစ်ရအောင် ဖတ်ပြီး အတိတ်က ဒီလို ရှိဘူးတယ်သာ သဘောထားပြီး မှတ်ထားလိုက်ပါ။

    • king

      May 21, 2011 at 1:55 pm

      ဟီးးးးးးးးးးးးးးး ဟီးးးးးးးးးးးးးးးးးးးးးးးးးးးးး
      ခံရတဲ့သူကတော့ ငိုချင်းကတော့ ရှည်လျှက်ပေါ့
      ဘာပဲပြောပြော စိတ်မကောင်း ဖြစ်မိသွားတာလေးကို သိအောင် ရေးတင်ပေးလိုက်တာပါ
      ရွာထဲက လူတွေကို ချစ်တယ် အားလုံးကိုချစ်တယ်
      ဘာပဲပြောပြော ခွင့်လွှတ်တယ်ဆိုတာထက် ပိုပြီးတော့လေးနက်တဲ့ စကားလေးများရှိရင် ပြောပြချင် သေးပါတယ်
      အဲဒီလောက်ကို ရွာအပေါ်မှာ သံယောဇဉ်ရှိသူပါဗျ
      ( ^ _ * )

    • Gipsy

      May 21, 2011 at 6:07 pm

      အား ဟုတ်ကဲ့ဗျ ..ခပ်ကြောင်ကြောင်ငနဲတွေရှိတာ တော့ အမှန်ပါ…..
      ဘယ်လိုသဘောနဲ့ဘယ်လိုလုပ်နေကြမှန်း မသိတော့ဘူးဗျ….
      လုပ်ချင်တာသာ လုပ်ကြပါတော့ဗျို့…..

  • padonmar

    April 15, 2015 at 12:26 pm

    တူးဆွသွားပါတယ်။
    ကိုနိုက အဲဒီတုံးက အဖြူရောင် အဆင့်ပဲ ရှိသေးတယ်။

  • မြစပဲရိုး

    April 15, 2015 at 1:17 pm

    အခုတော့
    ဆူချင်ဆူပါစေ ဆူး ရယ်။
    ဆူဆူ ပူပူ နဲ့ စည် နေတာ က ပိုပြီး ကောင်း ပါတယ်။
    အချိန်ရရင် ပြန်လာပါဦး။
    လာတွေ့ဖို့ မှန်းခဲ့ပေမဲ့ မရောက်ခဲ့တာမို့ ဒီတစ်ခါ မဆုံခဲ့တာ စိတ်မကောင်းဘူး။

Leave a Reply