ဒီမိုကရေစီ…ချီးထုပ်

အမေကျော်…ဒွေးတော်လွမ်းတဲခေတ်(၁ရ)နှစ်လောက်ထဲကကုန်ခဲ့ပြီ

ဒွေးတော်တွေလည်းမြန်မြန်ဆုံး….အနောက်မျက်နှာဖုံတွေလည်းခွာကြ

ဘယ်သူကိုမှအားမကျနဲ….

ဒီမိုကရေစီရရင်

ကိုယ့်ဘဝကိုရုန်း……ကိုအကြိုက်ဆုံးတွေလုပ်

ကိုနိုင်ငံကိုယ့်ဘဝ….အသစ်အလှတွေနဲတန်ဆာဆင်ကြ…

ဒါပေမယ့်…

ရိုက်ခတ်လာမယ်စံနစ်သစ်…အကောင်းတွေလည်ဖြစ်ချင်ဖြစ်မယ်

အညစ်တွေလည်ပါချင်ပါမယ်…သေသေချာချာဖယ်ရှား

အကောင်းလေးတွေစစ်ထုတ်….အညစ်တွေကိုလည်းအပြုတ်တိုက်

ခလုတ်တိုက်လဲလို့..ကျန်ခဲ့တဲသူ…အိုင်တီခေတ်ရောက်ရင်

ဘယ်သူ့ကိုမှမညူစူနဲ့……

အဟောင်းစွဲနေတာမဟုတ်ဘူး…ပြောင်းလဲစေချင်နေတာ

အဟောင်းစွဲရင်မြောင်းထဲရောက်မှာငါသိတယ်…

အဲ..ခေတ်သစ်ရောက်ရင်တော့………..

ငါဘာစားစား…ငါဘာဝတ်ဝတ်

ငါဘယ်လောက်သုံးသုံး…မင်းငါကိုမုန်းနေရင်ကျန်ရစ်ခဲ့မယ်

အများနည်းတူရင်ဘောင်တန်းဘို့…မင်းခြေလှမ်းသွက်မှရမယ်

အခုပြောနေရတာက……..

ဟိုနေရာမှာလဲလိုက်ဖွ……ဒီနေရာမှာလဲအစဆွဲ

မျက်လုံးဖြဲပြီးလူတွေကိုကြည့်…..ထော့ကျိုးနဲ့ငတိလည်းမထား

ဗိုက်ကြီးသည်များလည်းမခံနိုင်…..အချက်မပိုင်ရင်လည်းဆွဲဖွ

ဒီဘဲနေရာရချင်နေတာ….

နေရာရချင်အသံကောင်းမဟစ်နဲ….တစ်ကယ့်အဖြစ်မှန်ကိုစဉ်းစား

အတွင်းကအားနဲ့ကူညီသင့်ရင်ကူညီ…လူညီညီနဲမှန်တာလုပ်

မမှန်တာအဟုတ်ရှိရင်ရဲရဲပြော….အတွင်းသဘောကတော့မကောက်ကျစ်နဲ့

သူတို့အရေးလုပ်မယ်ဆို..နှစ်ဘက်မျှတွေး

သူတို့လေးတွေလည်း…ခံစားချက်ရှိမယ်

ဒါပေမယ့်..သူတို့လေးတွေအသုံးချ

အုံအုံးထတော့မှ…….လူလုံးဖျောက်

ဟိုကလေးတွေ…..ကိုင်းပျောက်ကုန်ပြီ

ကိုင်စရာရှာမတွေတော့…….မြေပေါ်ကျ

သူတို့လေးတွေပြန်မထနိုင်ရင်မင်းတာဝန်

မှန်တာပြောတာနဲ့..သွေးထိုးစကား…

နားထောင်တတ်ရင်ကွဲပြားပါတယ်…

တိုက်ခြင်းကိုက်ခြင်းကတော့….သဘာဝရှိတဲ…တိရစာ္ဆန်

အထစ်မှန်မှန်တက်ဘို့ကျိုစား…ဒီအချိန်သွားဖြဲပြလဲ

ကွမ်ဂျိုးမဲနေတာပဲလူမြင်မယ်….

ဟေ့ကောင်ချီးထုပ်ရေ……

မင်းကိုအရေးလုပ်ပြီးသွားဖြဲပြနေကြတာ…မင်းလိုကောင်ကိုဒါပဲကွလို့

ပြောဖို့အရှိန်ယူနေတာကြတာ…..မဟုတ်တာတွေအဟုတ်ရေးပြီး

မင်းအထုပ်ဆွေးထဲက….ဥပဒေစာအုပ်အစုတ်လေးနဲ့

လိုက်အလုပ်မပေးနေနဲ့တော့

မင်းရှာတဲပြသနာသေးသေးလေးနဲ့…….ကိုယ့်သိက္ခာကိုမြောင်းထဲအဆွေးခံတော့မှာလား

စွန့်စားချင်ရင်စစ်ထဲသွား

အနာခံချင်ရင်ကြိုးဝိုင်းတက်

စွန့်လွတ်ချင်ရင်အကုန်လှုု

ပေးဆပ်ခြင်ရင်အကြွေးသာယူပေတော့ကို့လူရေ

နောက်ဆုံးအတွေးမင်းကိုပေးခဲ့မယ်

အကြီးကြီးတွေး……အကြီးကြီးစဉ်စား

အကြီးကြီးလုပ်….

နှမ်းတစိမှုတ်လောက်နဲ့တော့ပွကြီးမလုပ်နဲ…

တော်ကြာ..ဒီမိုကရေစီ..ချီးထုပ်ဖြစ်နေမယ်

 

…….ဘီလူး……….

 

 

 

 

One comment

  • ogre

    March 12, 2011 at 1:29 pm

    မဲမဲမြင်တိုင်းမဟောင်နဲ့…အစိမ်းမြင်တိုင်းမကြောင်နဲ
    အကောင်းမသိသူတွေ..အကြောင်းသိမှရေး

Leave a Reply