ချွတ်ခါနီးတိုင်း …စဉ်းစားပါ

မောင်ဆန်းMarch 14, 20111min46819

ပြီးခဲ့တဲ့ စနေနေ့က သူငယ်ချင်းတစ်ယောက်ရဲ့ သားရှင်ပြုရှိတာနဲ့ အဲဒီဘုန်းကြီးကျောင်းကို ရောက်သွားပါတယ် ကျွေးတာလဲစား သူငယ်ချင်းတွေတွေ့ ရှေ့ဖြစ်နောက်ကြောင်းတွေ ပွားနဲ့ ပျော်ဘို့လဲကောင်းပါတယ် အချိန်တန်လို့ ပြန်မယ်လုပ်တော့ သူငယ်ချင်းရဲ့ အမျိုးသမီး ဒုက္ခရောက်ပါတော့တယ် ထုံးစံအတိုင်း ဖိနပ်ပျောက်တာပေါ့ လိုက်ရှာလဲမတွေ့ လူတွေအများကြီး ရှိနေသေးတော့ နောက်ဆုံးတစ်ရံ ကျန်အောင်စောင့်ဘို့ လဲ မလွယ်နဲ့  ဘုန်းကြီးကျောင်းကနေ ခြေဗလာနဲ့ပြန် အနီးဆုံး ဖိနပ်ဆိုင်သွား ကိုယ်ကကားပေါ်ကစောင့် သူ့ကို ကိုယ့်ဖိနပ်ပေး သူပြန်လာမှ လိုတဲ့ခရီးဆက်သွားနဲ့ သူလဲ တော်တော်လေး ဒုက္ခရောက်သွားပါတယ် အဲဒါကြောင့် ဒါလေးကိုတင်ဖြစ်တာပါ ကျွန်တော့် နည်းလေးတွေ မျှဝေပေးချင်လို့ပါ တချို့အတွက်  အသုံးတည့်မယ်ထင်ပါတယ်

ကျွန်တော်အရင်ကတည်းက သုံးလာတဲ့နည်းကတော့ ကာတွန်းစာအုပ်တစ်ခုက ရတာပါ ကျင့်သုံးလာတာလဲ ကြာပါပြီ အဆင်လဲပြေပါတယ် အလှူတစ်ခုရောက်လို့ ဖိနပ်ချွတ်ရတော့မယ် ဆိုရင် ဘယ် နဲ့ ညာ ကို နေရာခွဲပြီး ခပ်လှမ်းလှမ်းမှာ  ချွတ်လိုက်တာပါ  ဖိနပ်အလစ်သုတ်တဲ့ သူဖြစ်ဖြစ် အလွယ်ယူတဲ့သူဖြစ်ဖြစ် လွယ်မှဘဲ ယူတာပါ နည်းနည်း အားထည့်ပြီး ကျန်တဲ့တစ်ဖက် ကိုလိုက်မရှာပါဘူး အခုထိတော့ အဲဒီနည်းနဲ့ ချွတ်လာတာ မပျောက်ဖူးသေးပါဘူး

နောက်တစ်နည်းကတော့ အင်တာနက်ထဲက ပုံကိုတွေ့ပြီး စဉ်းစားမိတာပါ ဖိနပ်ကို သော့ခတ်တဲ့နည်းပါ ပုံမှာပြထားတဲ့ သော့ကတော့ နည်းနည်းကြီးတာပေါ့ သော့သေးသေးလေး ဆောင်ထားပြီး ခတ်ရင် အဆင်ပြေမယ်  ထင်ပါတယ် ဖိနပ်တစ်ရံလုံးပျောက်လို့ စိတ်ဒုက္ခရောက်ရတာထဲ့စာရင် သော့လေးဆောင်ထားရတာ ပိုအဆင်ပြေနိုင်တာပေါ့

ခေါင်းစဉ်ကြည့်ပြီး တခြားချွတ်တာတွေလဲ စဉ်းစားမနေကြနဲ့ဦနော် ….

19 comments

  • davit

    March 14, 2011 at 7:55 am

    တွတ်ပီထဲကလို တောဘွတ်ကြီးတော့စီးမသွားနဲ့ပေါ့ဗျာ………………..

  • kai

    March 14, 2011 at 8:01 am

    တော်တော်ကောင်းတဲ့ အတွေးအခေါ်ပဲ..။
    ဖိနပ်ဘယ်ညာ နေရာခွဲချွတ်တာကို ပြောတာပါ..။

    ခေါင်းစဉ်ကလည်းအပျံစားပဲ..။
    ဟုတ်ပါတယ်..။
    အတွင်းခံချွတ်တော့မယ်ဆိုလည်း… ၂ခါပြန်လောက်တော့ ပြန်စဉ်းစားသင့်တယ်..။ 🙂

  • white

    March 14, 2011 at 9:07 am

    သူကြီး ရဲ့ အကြံညဏ်အတွက် ကျေးဇူးတင်ပါတယ်
    တချို့ ကိစ္စကြတော့ လဲ စဉ်းစားချိန်ကို မရလိုက်ပါဘူး မသိစိတ်က လုပ်သွားတာပဲ ထင်ပါရဲ့
    အင်း ….သတိ …သတိ

  • naywoonni

    March 14, 2011 at 9:42 am

    အတွင်းခံ ချွတ်တာ ဘာလို့ နှစ်ခါ ပြန်စဉ်းစားရမှာလဲ ကိုခိုင်ရဲ့ ညအိပ်ရင်း ရေချိုးရင်းမှ ဝတ်အိပ်လို့ ဝတိချိုးလို့မှမရတာကို နော့

  • dream

    March 14, 2011 at 10:09 am

    သော့နဲ့ခတ်တာတော့ဟုတ်ပါပြီ
    သော့ပျောက်သွားရင် ဒုက္ခ
    ဒါမှ မဟုတ် သော့ခလောက်ပါ မ သွားရင်ဒုက္ခ
    ဖိနပ်ရော သော့ခလောက်ပါ ပျောက်မယ့်ကိန်းပဲနော်

  • ဆူး

    March 14, 2011 at 1:19 pm

    နောက်ထပ် ကောင်းတဲ့ နည်းတခုကတော့ ပိုက်ဆံ အိတ်ကြီးကြီး ကိုင်.. ပိုက်ဆံတွေ အများကြီး ပါသလိုပေါ့.. လူလည်း ရှိန်တယ်။ ဖိနပ်ချွတ်ပြီး အိတ်ထဲ ကောက်ထဲ့ထားလိုက် ပူစရာ မလိုဘူး ကိုယ်နဲ့ မကွာလည်း ဖြစ်တယ်။
    စီးခါနီးမှ ဖိနပ် ထုတ်ပြီးစီးပေါ့။

    • etone

      March 15, 2011 at 2:25 am

      ဟားဟား …ရယ်ရတယ် ဆူးရေ… အဲ့ဒီအကြံလည်းကောင်းသားပဲ။

    • white

      March 15, 2011 at 2:45 am

      ဒေါ်ဆူးကိုတွေ့ရင် သတိထားကြည့်ရမယ် အိတ်ဖောင်းနေရင် အထဲမှာ ဒေါ်ဆူးဖိနပ်ထည့်ထားပြီ
      အိတ်တော်တော်ဖောင်းနေရင်တော့ နောက်ထပ်ဖိနပ်တစ်ရံပါ ထပ်ထည့်ထားတဲ့သဘောပဲ

  • anewgenerationbone

    March 14, 2011 at 1:41 pm

    ကျွန်တော်ကတော့ ဖိနပ်ချွတ်တဲ့နေရာမှာ အခြေနေမကောင်းရင်တော့
    ကိုယ့်ဖိနပ်ကို ခပ်တည်တည်နဲ ့ခါးကြားထိုးလိုက်တာဘဲ
    ဒါလည် safety first တစ်မျိုးဘဲထင်တယ် 🙂

  • unclegyi1974

    March 14, 2011 at 3:22 pm

    ဘယ်တဖက်ညာတဖက်ခွဲတဲ့နည်းကကြာပါပြီ
    ပုံမှန်တော့အလုပ်ဖြစ်ပါတယ်
    လိုချင်လို့ချောင်းနေတဲ့သူကတော့ယူတာပါပဲ
    မယုံမရှိနဲ့ ကိုယ်တိုင်ခံစားပြီးမှရေးတာပါ
    အကောင်းဆုံးက ဆူးမအကြံပါပဲလို့

  • gyinkalay

    March 14, 2011 at 6:03 pm

    အလှူ အိမ်သွားရင် ဖိနပ်အစုတ်သာစီးသွားတော့…

  • bigcat

    March 15, 2011 at 3:46 am

    ဟားဟားဟား… ဘုန်းကြီးကျောင်း အလှူတခုမှာ ဖိနပ်အခိုးခံရတဲ့လူတယောက်ကို တွေ့ဖူးတယ်။ စိတ်ဆိုးမာန်ဆိုးနဲ့ ပြောနေတာ ဒီရောက်နေတာတောင် သောက်ကျင့်တွေက မပြင်နိုင်ဘူးတဲ့…
    ကျနော်အဖေနဲ့တခါ ပက်ပ်စီဦးသိန်းထွန်းအလှူကို လိုက်သွားဖူးတယ်။ အဖေက ဖိနပ်အစုတ်ဝတ်ခဲ့ဖို့ ပြောတယ်၊ သူလည်းပဲ အစုတ်ဝတ်တယ်။ ဟိုရောက်တော့ စနစ်တကျ ဖိနပ်လက်ခံသိမ်းပေးတဲ့ ကောင်တာနဲ့ဆိုတော့ ဖိနပ်အစုတ်ဝတ်သွားတဲ့ ကျနော်တို့သားအဖ အရှက်ကွဲတာပေါ့။
    တခါလည်းဌာနဆိုင်ရာ အလှူတခုမှာ လာစားတဲ့ဝန်ကြီးဖိနပ်ကို ခိုးသွားလို့တဲ့။ မနဲတောင်းပန်၊ ဖိနပ်တရံအမြန်ရှာပေးလိုက်ရသတဲ့။

  • search123

    March 21, 2011 at 10:25 am

    တစ်ကယ်ဆို် ဒီလိုအလေ့အထက ပျောက်ကွယ်သင့်ပါပြီ။ဒါပေမဲ့လည်း…….

  • လင်းဝေကျော်

    March 21, 2011 at 10:45 am

    တစ်နေ့ကပဲ တွေးမိသေးတယ်။ ဖိနပ်ချွတ်ရတဲ့အလေ့အထ။
    မြန်မာမှာက နေရာတော်တော်များများ ဖိနပ်ချွတ်ရတယ်။
    ဖိနပ်ချွတ်ဝင်ရတဲ့ ရုံးဆိုမသွားချင်ဘူး။ ဘာကြောင်မှန်းမသိ အများနဲ့ဆိုင်တဲ့နေရာကို ဖိနပ်ချွတ်ခိုင်းတယ်လို့။

  • Yin Nyine Nway

    March 21, 2011 at 11:56 am

    စီးခိုင်းတာလား သိမ်းခိုင်းတာလား
    ကြည့်ရပုံ သူခိုးများလို့ထင်တယ်

  • ဆူး

    March 21, 2011 at 1:33 pm

    ဖိနပ်ဆိုတာ လူတစ်ယောက်ရဲ့ အောက်ဆုံးမှာ ဝတ်ဆင်ရတဲ့ အရာ.. အဲလို အရာကို လိုက်ခိုးတဲ့ လူက ဘယ်လောက် နိမ့်ကျလိမ့်မလဲ.. ရိုးရိုးလေး သာတွေးကြည့်ပေတော့။

    • kai

      March 21, 2011 at 5:34 pm

      ဆူးမမပြောတာနဲ့.. ဖိနပ်အဟောင်းရေဝင်သွားလို့.. ဖိနပ်အသစ်ဝယ်မလို့ဟာကို.. စဉ်းစားနေရပြီ..။ 🙂

    • bigcat

      March 22, 2011 at 1:02 am

      ဒါဆို ဖိနပ်အောက်က ကတ္တရာလမ်းဆောက်၊ ပလက်ဖောင်းခင်းတဲ့ ဆောက်လုပ်ရး အင်ဂျင်နီယာတွေကြတော့ ဘယ်လိုလုပ်မလဲ။ သူတို့လိုဖြစ်အောင် ဆယ်တန်းကို အမှတ်ကောင်းကောင်းနဲ့အောင်ပြီး ခြောက်နှစ်တောင် စာသင်ရသတဲ့။ တော်တော် ကုသိုလ်ကံနုံတဲ့ကောင်တွေ…..အန်တီဆူးပြောတာ…

  • MaMa

    March 22, 2011 at 2:19 am

    အလှုမှာ ဖိနပ်ပျောက်တော့ ဧည့်သည်မှာလည်း စိတ်ညစ်ရ။ အလှု့ရှင်ကလည်း အားနာရမို့ အခု အလှုတစ်ချို့မှာ အလှုလာတဲ့ ဧည့်သည်တွေ ဖိနပ်ကို အလှု့ရှင်က တာဝန်ခံပြီး သိမ်းပေးတာတွေ လုပ်ခြင်းဖြင့် ဖြေရှင်းနေကြပါပြီ။

Leave a Reply