ဘုရားရှင် အမဲသား စား မစား
ဘိက္ခုနီ (ရဟန်းမ) တွေ အကြောင်းရေးရင်း
ဥပ္ပလဝဏ်ကို သတိရမိတယ်။
သူက သာဝတ္ထိသူ၊ သူဌေးသမီး။
သူမအသားအရေက ကြာပန်းလိုပဲတဲ့။
(Uppalavanna – meaning ‘she of the lotus-like complexion)
အတော်လှတယ်။
လှလွန်းလို့ တိုင်းပြည်အသီးသီးက ရှင်ဘုရင်တွေ
သရေ (သွားရည်) အတော် ကျခဲ့ကြတယ်။
ဟိုဘုရင်က လိုချင်၊ ဒီဘုရင်ကလိုချင်ဆိုတော့
ဖအေလုပ်တဲ့သူ ဘယ်သူနဲ့ပေးစားရမယ်ဆိုတာ ဆုံးဖြတ်ချက်မချနိုင်လို့
သမီးဖြစ်သူကို ရဟန်းမ (ဘိက္ခုနီ) ဝတ်ခိုင်းလိုက်တယ်။
ရဟန်းမ (ဘိက္ခုနီ) လုပ်ခိုင်းလိုက်တယ်။
ပါရမီဓာတ်ခံရှိသူဆိုတော့ ကောင်းတာကို လုပ်ခိုင်းရင်
ခိုင်းတဲ့အတိုင်း လုပ်တော့တာပဲ။
မြတ်စွာဘုရားထံ ရဟန်းမ တစ်ပါးဖြစ်လာတဲ့ ဥပ္ပလဝဏ်ထေရီ။
(ရဟန်းမကို ထေရီ တတ်ခေါ်ရပြီး ရဟန်းကို ထေရ သို့မဟုတ် မထေရ်တတ်ခေါ်ရတယ်)
နောက်ဆုံး သူ ရဟန္တာမကြီးဖြစ်သွားတယ်။
ဒါတင်လား။ မကပါဘူး။
(ရဟန်းတော်တွေထဲက ရှင်မောဂ္ဂလာန် မထေရ် တန်ခိုးအကြီးဆုံးဖြစ်သလို)
အမျိုးသမီးရဟန်းမထဲမှာဆိုရင် သူဟာ တန်းခိုးအကြီးဆုံးပုဂ္ဂိုလ်ဖြစ်လာတယ်။
မြတ်စွာဘုရားရဲ့ အားအကိုးရဆုံး အမျိုးသမီးတပည့်ကြီးနှစ်ဦးထဲက တစ်ဦးဖြစ်လာတယ်။
သာဝတ္ထိမြို့ဘေး တောထဲက တဲလေးထဲမှာပဲ တရားရှုမှတ်ပွါးများရင်း
သူ့ရဲ့ တစ်နေ့တာ ၂၄ နာရီဆိုတဲ့အချိန်တွေကို ကုန်လွန်စေတယ်။
တောထဲက တဲလေးထဲမှာပဲ သူအနေများတယ်။
သူ့ဘဝကို တောထဲမှာပဲ ဇာတ်မြှုတ်ထားပါတော့တယ်။
လူထူရင် ပြဿနာထူလာတတ်တဲ့အတွက်
ပြဿနာမတွေ့ချင်လို့ လူမထူတဲ့တောအုပ်ကို သူရွေးချင်ခဲ့ဟန်တူပါရဲ့။
ပတ်ဝန်းကျင်ဘက်က ကြည့်ပြန်ရင်လဲ
ရဟန္တာထေရီမကြီး တောအုပ်ထဲမှာ နေနေတော့
ပြဿနာမရှိလောက်ဘူးလို့ ထင်ကောင်းထင်နိုင်ပါတယ်။
ဒါပေမဲ့
လှပတဲ့ဥပ္ပလဝဏ်ကို ငယ်ငယ်ကတည်းက တဖက်သတ် စွဲလန်းခဲ့ အချစ်ကြီးခဲ့တဲ့
သူတစ်ယောက်ရှိနေခဲ့တယ်။ သူဟာ အနေနီးစပ်သူ မောင်ဝမ်းကွဲတော်စပ်သူ။
နာမည်က နန္ဒ တဲ့။
တစ်နေ့
နန္ဒဆိုတဲ့ ဒီသူငယ်
ဥပ္ပလဝဏ် အပြင်သွားခိုက် သူ့တဲထဲ တိတ်တဆိတ်ဝင်သွားပြီး
ခုတင်အောက်မှာ ပုန်းနေတယ်။
ဥပ္ပလဝဏ်လဲ ပြန်ရောက်ရော။ ပွဲကြမ်းပါလေရော။
အဓမ္မပြုကျင့်တော့တာပဲ။
အဓမ္မပြုကျင့်တယ်ဆိုတာ ဗလက္ကာယ လုပ်တာကို ပြောတာ။
ဗလက္ကာယလုပ်တယ်ဆိုတာက မုဒိန်းကျင့်တာတဲ့။
မုဒိန်းဆိုတာကရော ဘာတုန်း။
အဓမ္မပြုကျင်တာကို ပြောတာ။ အဓမ္မပြုကျင့်တယ်ဆိုတာ ..
(တချို့ ဗမာစကား ရှင်းလို့မရ)
ထားပါတော့ ။
ရဟန္တာထေရီမကြီးဆိုတော့ အားမမျှလို့သာ ဖြစ်သွားတယ်။
ဒီကိစ္စမှာ ဖီလင်မလာ၊ သာယာမှု ဘယ်ရှိပါ့မလဲ။
မုဒိန်းကျင့်တဲ့သူငယ်ကတော့ မြေမျိုပြီး အဝီစိငရဲကျသွားတယ်လို့ စာပေမှာ ဆိုပါတယ်။
ဥပ္ပလဝဏ်နဲ့ပတ်သက်လို့ မှတ်မိနေတဲ့ နောက်အဖြစ်အပျက်တစ်ခုက
နွားသူခိုးတွေ နွားခိုးလာပြီး ဥပ္ပလဝဏ်ထေရီမ တရားအားထုတ်နေတဲ့ တောထဲရောက်လာတယ်။ အမဲဖျက်ကျတယ်။ ခုတ်ကျ၊ ထစ်ကျ၊ ဝေစုခွဲကျတယ်ပေါ့။
နွားသူခိုးခေါင်းဆောင်က
(ကျောမလုံလို့ ဟိုဟိုဒီဒီကြည့်လိုက်တော့)
အေးအေးချမ်းချမ်း တည်တည်ငြိမ်ငြိမ်နဲ့
တရားရှုမှတ်နေတဲ့ ဥပ္ပလဝဏ်ထေရီမကို တွေ့သွားတယ်။
သေချာစူးစိုက်ကြည့်ပြီး သဘောကျသွားတယ်။
ဒီနေရာမှာ သဘောကျတယ်ဆိုတာ အထက်ကဖော်ပြခဲ့တဲ့
သူ့မောင်ဝမ်းကွဲ နန္ဒဆိုတဲ့သူငယ် သဘောကျနည်းမျိုး သဘောကျသွားတာမဟုတ်ဘူး။
ကြည်ညိုသွားတာ။ စေတနာသဒ္ဓါတရားတွေ နွားသူခိုးကြီး ရင်မှာ ပေါက်ဖွားသွားတာ။
ပဋ္ဌာန်းဒေသနာတော်အရ
မကောင်းတဲ့အကုသိုလ်လုပ်ငန်းလုပ်ရင်း ကောင်းတဲ့ကုသိုလ်ကို
အထောက်အပံ့ပြုသွားတဲ့ သဘောလားတော့ မသိဘူး။
နွားသူခိုးခေါင်းဆောင်ကြီး ဘာလုပ်တယ်မှတ်လဲ။
သစ်ရွက်ကြီးကြီးတစ်ရွက်ကို အနီးနားက သစ်ပင်က ခူးတယ်။
နွားသား (အမဲသား) တစ်ခါချက်လောက် ထုတ်တယ်။
ခြေဖော့ဖော့ နင်းသွားကာ မျက်စိမှိတ် တရားရှုတ်မှတ်နေတဲ့ ဥပ္ပလဝဏ်ထေရီမ ရှေ့မှာ
အမဲသားထုတ်ကို ချထားခဲ့တယ်။ လှူဒါန်းခဲ့တယ်ပေါ့။
ဥပ္ပလဝဏ်ထေရီမ တရားရှုမှတ်ပြီး မျက်စိဖွင့်ကြည့်လိုက်တော့
အမဲသားထုတ်ကို တွေ့တယ်။
အကောင်းလေးများ (စား) ရရင်
ကိုယ်မြတ်နိုး (ကြည်ညို) တဲ့သူကို သတိရတတ်တယ်ဆိုတဲ့ နိယာမအတိုင်း
အမဲသားထုတ်ရတဲ့ ဥပ္ပလဝဏ်ထေရီမ သူမြတ်နိုးကြည်ညိုတဲ့
သူ့ဆရာ မြတ်စွာဘုရားကို သတိရမိတယ်။
သူ့စိတ်က မြတ်စွာဘုရားထံ တမ်းရောက်သွားတယ်။
ဒါနဲ့ နောက်နေ့မနက်မှာ အကျအန ချက်ပြီး မြတ်စွာဘုရားထံ သွားလှူတယ်။
သူကျောင်းရောက်တဲ့အချိန် မြတ်စွာဘုရား အပြင်ကြွနေခိုက် သွားကြုံတယ်။
ဘုန်းကြီးတစ်ပါးနဲ့တွေ့တယ်။ ဘုန်းကြီးနာမည်က ဥဒါယီ။
ဥဒါယီ ဆိုတာ (ပွင့်ပွင့်လင်းလင်းပြောရရင် နှာကိစ္စမှာ) နာမည်ကြီး။
ဆိုတော့ ဥပ္ပလဝဏ်ကိုတွေ့တာနဲ့ ဥပ္ပလဝဏ်ဝတ်ထားတဲ့
ခါးက သင်္ကန်းကို ဇွတ်အလှူခံတယ်။
ဥပ္ပလဝဏ်မောင်ဝမ်းကွဲ အာနန္ဒလိုတော့ မကြမ်းဘူး။
ခါးကသင်္ကန်းကို အလှူခံရခြင်းရည်ရွယ်ချက်က သင်္ကန်းကို လိုချင်လို့မဟုတ်ဘူး။
ထားပါတော့။
ပြောချင်တာက
မြတ်စွာဘုရား ဥပ္ပလဝဏ်လှူခဲ့တဲ့ အမဲသားကို
စားတဲ့အကြောင်း၊ မစားတဲ့အကြောင်း ဇာတ်လမ်းထဲမှာ မပါပေမဲ့
အမျိုးသမီးတပည့်တွေထဲမှာ တန်ခိုးအရာမှာ အကြီးဆုံးဖြစ်တဲ့
ရဟန္တာမကြီးလဲဖြစ်တဲ့ ဥပ္ပလဝဏ်ထေရီမကြီးဟာ
အကယ်၍သာ မြတ်စွာဘုရား (နွားသား) အမဲသားမစားဘူးဆိုရင်
နွားသူခိုးတွေဆီက ရတဲ့ (နွားသား) အမဲသားကို
လှူဘို့ စိတ်ကူးပေါ်ပေါက်နိုင်စရာ အကြောင်းမရှိပါဘူး။
ဒီဇာတ်လမ်း ဒီအဖြစ်အပျက်အရ
မြတ်စွာဘုရား (နွားသား) အမဲသားစားတယ်လို့ မှတ်ယူရမှာပါ။
မှန်ပါတယ်။
မြတ်စွာဘုရားက သူ့ရဲ့ တပည့်သာဝက ရဟန်းတွေကို
ဟိုဟာမစားနဲ့။ ဒီဟာစား၊ အသီးအနှံနဲ့ အရွက်ပဲစား၊ အသားငါး မစားနဲ့လို့ လုံးဝ မပြောခဲ့ပါဘူး။
ရဟန်းဆိုတာ ဆွမ်းခံစားရတာ၊ လှူတာစားရတာဆိုတော့
ဟိုဟာမစားချင်ဘူး၊ ဒီဟာမစားချင်ဘူးလို့ ဂျီးများပိုင်ခွင့် မရှိပါဘူး။
အရွက်လှူတော့ အရွက်စားလိုက်ရတာပဲ။ အသားလှူတော့ အသားစားလိုက်ရတာပဲ။
ဒါ့ကြောင့် ဗုဒ္ဓဘာသာ ဗုဒ္ဓဝါဒကို ကောက်ချက်ချမယ်ဆိုရင်
အသီးအနှံ အရွက်တွေချည်း စားရမဲ့ဝါဒလဲ မဟုတ်ဘူး။
အသားငါးချည်းစားရမဲ့ဝါဒလဲ မဟုတ်ပါဘူး။
အသီးအနှံနဲ့ အရွက်ကိုသာ စားရမယ်ဆိုရင် လှူမဲ့ တန်းမဲ့သူတွေ အသီးအနှံ အရွက်ကို
တကူးတက စီမံပေးရမှာဖြစ်လို့ သူတို့ကို ဒုက္ခပေးရာရောက်ပါတယ်။
အသားကိုပဲ စားရမယ်ဆိုရင်လဲ ထို့အတူပါပဲ။
ဒီတော့ ရှိတာစား၊ ရတာစား၊ လှူတာစားတာ
မြတ်စွာဘုရားဝါဒပါ။
အဲ၊ ဒါပေမဲ့
ကြက်တစ်ကောင်ကို ကိုယ့်အတွက်ရည်ရွယ်ပြီး ကိုယ်စားဘို့
ကိုယ့်ရှေ့မှာသတ်ကာ ကိုယ့်ကို ဧည့်ခံ ပြုစု ကျွေးမွေး လှူဒါန်းတာမျိုးကိုတော့
မစားရဘူးလို့ မြတ်စွာဘုရားက ပြောခဲ့ဘူးပါတယ်။
ဒီလိုမျိုး ရည်ရွယ်ချက်နဲ့ သတ်တာကို တစ်ဦးဦးကပြောလို့ ကြားသိရရင်လဲ မစားပါနဲ့တဲ့။
ဒီလိုမျိုးအသားမျိုးများဖြစ်နေမလားလို့ သံသယရှိနေရင်တောင်
မစားပါနဲ့လို့ မြတ်စွာဘုရားက ပြောခဲ့ပါတယ်။
ဗုဒ္ဓဘာသာစာပေမှာ ရွံစရာကောင်းတဲ့ ခွေးသား၊ မြွေသားလို အသားမျိုးနဲ့
အသားကြီးများ စာရင်းဝင်တဲ့ ဆင်သား။ မြင်းသား၊ ကျားသား စတဲ့ အသားကြီး ၁ဝ မျိုးကို
ရဟန်းတော်များ လုံးဝ မစားရဘူးလို့ တွေ့ရပါတယ်။
အမဲသား (နွားသား) ကတော့ အသားကြီး (၁၀) မျိုး စာရင်းထဲ မပါပါဘူး။
23 comments
kai
March 14, 2011 at 7:52 am
အင်မတန်အကျိုးများတဲ့စာစုပါအရှင်ဘုရား..။
– ရဟန္တာဆိုတာ တန်ခိုးရှင်မဟုတ်ဖူးဆိုတာလည်း ပေါ်လွင်ပါတယ်ဘုရား။
– ဘုရားရှင်ရဲ့ အသက်-အသားနဲ့ပါတ်သက်တဲ့ အယူအဆလည်း ပေါ်လွင်ပါတယ်ဘုရား.။
ashinindaka
March 14, 2011 at 8:28 am
ဒကာခိုင်ရေ၊ ဒကာခိုင့် comment အတွက် ကျေးဇူး။
koyinmaung
March 14, 2011 at 8:24 am
အင်မတန်မှ ဗဟုသုတရ ရပါတယ်ဘုရား ဆက်လက်ရေးတော်မူပါဘုရား……
ashinindaka
March 14, 2011 at 8:29 am
ကျေးဇူးပါ။ ဆက်လက်ရေးပါမည်။
sanminn
March 14, 2011 at 8:25 am
ဟုတ်ပါတယ်။ မသဲမကွဲဖြစ်နေတဲ့အရာတစ်ခု သိခွင့်ရလိုက်တာပါ။ တကယ်ကို အကျိုးများပါတယ်။
ဆူး
March 14, 2011 at 12:14 pm
ဆရာတော် ဆူး ဘုန်းကြီး တပါးကို လျှောက်ဘူးတာလေး ပြန်ပြီး ရေးချင်ပါတယ်။
ရွံ့စရာ ကောင်းတဲ့ အသား ၁ဝမျိုး ဆိုလို့ ဆူး မေးခဲ့ဘူးပါတယ် ဘာလို့ မစားခိုင်းတာလဲ အကြောင်းမရှိဘဲ ဘုရားက ဒီလိုတော့ လုပ်မှာ မဟုတ်ဘူးလို့ မေးတော့။ ဆူး မေးတဲ့ ဆရာတော်က ရဟန်းများ မစားခိုင်းတာ အဓိက တောထဲမှာ အားထုတ်တဲ့ ရဟန်းများ အလွန်သိသာပါတယ်လို့ ဆိုပါတယ်။
မြေအောင်းသားများ အနံ အလွန်ပြင်းတဲ့ အတွက် တောထဲမှာ တပါးထဲ သီတင်းသုံးရင် မြေအောင်းသား စားထားတဲ့ ကိုယ်တော် ရဲ့ ကိုယ်နံသ သိသိသာသာ ထွက်နေပြီ တောကောင်များ လွယ်လွယ်ကူကူ ဒုက္ခပေးနိုင်တာမျိုး အသား ၁ဝမျိုး က စားရင် ကိုယ်သင်းအနံမှာ အသားရဲ့ အနံတွေ ပါနေတတ်တဲ့ အတွက် မစားခိုင်းတာလို့ မိန့်ဘူးတာ ကြားသိခဲ့ရဘူးပါတယ် ဘုရား။
ashinindaka
March 14, 2011 at 1:49 pm
ဟုတ်ပါတယ်။ တိုက်ခိုက်တတ်တဲ့ ကျားစတဲ့သတ္တဝါလိုမျိုးအကောင်တွေရဲ့ အသားကို စားတဲ့သူကို စားတဲ့သူရဲ့ ကိုယ်အနံ့မှတဆင့် ကျားတွေသိရှိကာ ရန်မူတတ်လေ့ရှိတယ်တဲ့။ ခွေးသားစားတဲ့သူ ရွာထဲသွားရင် ခွေးတွေက ဝိုင်းဟောင်လေ့ရှိသတဲ့။ ကြားဘူးတာ။ ဒကာမဆူး ခွေးသားစားပြီး ရွာထဲသွားကြည့်ပါလား။ ဟုတ်မဟုတ်သိရအောင်။ 🙂
တညင်သား
March 14, 2011 at 2:13 pm
မှတ်သားနာယူထားပါတယ် ဘုရာ့
ဆူး
March 14, 2011 at 2:14 pm
ဒကာမ ဆူး ခွေးသား အထူး တလည် စားပြီး ရွာထဲ သွားစရာ မလိုပါဘူး။
ကိုရီးယား တယောက်ကို အလည်ခေါ်ပြီး ရွာထဲ လမ်းလျောက်ခိုင်းလိုက်ရင် သိပါလိမ့်မယ်။ ဒကာမ ဆူး စားလည်း စားနေကျ မဟုတ်တဲ့ အတွက် တသက်မှာ ၅ခါလောက်ထက်တော့ ပိုစားနိုင်မယ် မထင်ဘူး။ စားနေကျ သမားနဲ့ စမ်းမှ သိနိုင်မည် ထင်ပါ၏
လင်းငယ်
March 14, 2011 at 10:50 pm
တပည့်တော်လည်း အသားစားပါတယ်။ ဒါပေမယ့် ကိုယ်စားချင်လို့ သူများအသက်သေရမယ်ဆိုတဲ့ အသားကိုတော့ တပည့်တော် မစားပါဘူး။ ဒါက ပိုပြီး ငရဲကြီးတယ်လို့ ကြားဖူးပါတယ်။ နောက်ပြီ တပည့်တော် တစ်ခု မေးချင်ပါတယ်။ အလှူတစ်ခု ဒါမှမဟုတ် အထိမ်းအမှတ်နေ့ တစ်ခုခုမှာ ဘုန်းတော်ကြီးတွေကို ကပ်ဖို့ဆိုပြီး တိရစာန်တွေကို သတ်တာ တွေ့မိတိုင်း တပည့်တော် စိတ်မကောင်းပါဘူး။ ဒါကြောင့် အဲဒါနဲ့ ပက်သက်ပြီ ပို့စ် တစ်ခုခုလောက် ရေးစေချင်ပါတယ် ။ မှန်တာ ပြောရရင် တပည့်တော့ အလှူ၊ ဒါမှမဟုတ် မင်္ဂလာဆောင်ကျရင်တော့ တပည့်တော့ သတ်သတ်လွတ် ဒါမှမဟုတ် သအလိုလို သေတဲ့ တိရစာန် အသားကို သာ တပည့်တော် ကပ်ဖို့ ဆုံးဖြတ်ထားပါတယ်။ ဒါက သင့်တော်ပါ့မလား။
ashinindaka
March 15, 2011 at 12:25 am
အလှူဒါနလုပ်တဲ့အခါ သူတပါးကို မထိခိုက်တဲ့အလှူဒါနမျိုး လုပ်ရပါမယ်။ ကြက်သတ်ပြီး ကြက်သားချက် လှူတာမျိုးတော့ လုံးဝကို မဖြစ်သင့်ပါဘူး။ အလှူဒါနလုပ်တဲ့အခါ သတ်သတ်လွတ်ကိုပဲ ကပ်မယ်၊ အသားငါးကိုပဲကပ်မယ်လို့ကို စိတ်ထားမထားနဲ့။ အဆင်ပြေသလိုသာလုပ်။ လင်းငယ်က မင်္ဂလာဆောင်ကျရင် ဆွမ်းကပ်ဖို့ စဉ်းစားနေတာဆိုတော့ ဘယ်တော့ မင်္ဂလာဆောင်မှာတုန်းဟ၊ လုပ်ပါအုံး။ ကပ်မဲ့ဟင်းတွေကို Email နဲ့ Attached လုပ်ပီး ပို့လိုက်ပါအုံး။
kai
March 15, 2011 at 6:49 am
@လင်းငယ် –
မင်္ဂလာဆောင်ကျရင် ဆွမ်းကပ်ရင်.. အသားနဲ့ငါးနဲ့..တတ်နိုင်ရင် လော့ဘ်စတာ ကျောက်ပုဇွန်တွေနဲ့ပါကပ်ပါဗျာ..။
ငရဲကြီးမှာကြောက်ရင်.. သူကြီးလွှဲချလိုက်ပေါ့..။
သူသတ်ခိုင်းတာ..သူလုပ်ခိုင်းတာဆိုပြီးတော့…။ အဲဒီ ငရဲ..သူကြီးခံပေးပါမယ်..။
ဘုန်းကြီးတွေကိုတော့ ..သက်သတ်လွတ်နဲ့ ဆွမ်းမကပ်စေချင်ပါဘူး..။ 🙂
ashinindaka
March 15, 2011 at 7:54 am
ဒကာလင်းငယ်က သတိုးသမီး မတွေ့သေးဘူးထင်ပါတယ်။ ဒကာခိုင်ရေ၊ အောင်ပုတို့၊ ဘုန်းဘုန်းတို့က စားဖို့ ဟန်ပြင်နေကြပြီ။ မုန့်ဆီကြော်က ဘယ်မှာမှန်း မသိသေးဘူး။ ဘာတဲ့၊ ဆက်စမ်းပါအုံး။ စနေနေ့က မင်္ဂလာဆွမ်းစားပင့်လို့ ချီးမြှင့်လိုက်တဲ့တရားလေး ကြုံတုံး ရေးတင်လိုက်ပီဗျာ။
bigcat
March 15, 2011 at 3:19 am
ဒီမေးခွန်းကို အရှင်ဘုရားဆိုက်မှာပဲ မေးခဲ့ဖူးပါတယ်။ ပြန်မကြည့်ဖြစ်လို့ ဖြေပြီးသားဖြစ်သွားရင်လည်း ထပ်မေးပါရစေ။ ဥပ္ပလဝဏ်ထေရီမက ရှင်မဟာမောဂ္ဂလာန်လို တန်ခိုးမှာဧတဂဂ်ရပြီး လူယုတ်မာရဲ့ ရန်ကိုကျော်လွှားဖို့ မကြိုးစားဘူးလား။ ရှင်မဟာမောဂ္ဂလာန်ကတော့ နောက်ဆုံးအကြိမ်ထိ လူသတ်သမားများရန်ကနေ အဘိညာဉ်တန်ခိုးနဲ့ ရှောင်တိမ်းခဲ့ပြီး မိဘသတ်ခဲ့တဲ့ ဝဋ်ကြွေးကိုဆပ်ရမှာမို့ မတတ်သာတဲ့ အဆုံးမှာ အသတ်ခံလိုက်ပါတယ်။ မေးရတာ သဂျီးမေးခွန်းလိုမျိုးအတွက် ဖြေရှင်းချက်မပါလို့ပါ။ တဆက်ထဲမေးချင်တာ ရဟန်းတော်များ စပါးလုံးတထောက်မျှ ကျူးလွန်မိရင် အရေးကြီးတဲ့အာပတ် သင့်တယ်လို့မှတ်ဖူးပါတယ်။ ရဟန်းဘဝတောင်ဆုံးတယ်ဆိုလား။ အခုရဟနာ္တထေရီမြတ်ကြတော့ ဘယ်လိုပညတ်မလဲ။ ပရမတ်နယ်ထဲရောက်သွားပြီမိုလို့ ချွင်းချက်ဖြစ်သလား။
(ပဋ္ဌာန်းဒေသနာတော်အရ မကောင်းတဲ့ အကုသိုလ်လုပ်ငန်းလုပ်ရင်း ကောင်းတဲ့ကုသိုလ်ကို
အထောက်အပံ့ပြုသွားတဲ့ သဘောလားတော့ မသိဘူး။) ဆိုတဲ့အရှင်ဘုရားရဲ့ စာပုဒ်လေးကို နှစ်သက်ပါတယ်။ တချို့က ဒုစရိုက်နဲ့ သုစရိုက်၊ ကုသိုလ်နဲ့အကုသိုလ် ဆက်စပ်မှုကို နားမလည်ပဲ အကုသိုလ်ဆိုရင် အမြဲတမ်းအကုသိုလ်ပဲဖြစ်တယ်၊ ကုသိုလ်ဖြစ်ခွင့်မရှိလို တရားသေစွဲပြီး အချို့သော ဆရာတော်များရဲ့ စိတ်ထားတတ်ဖို့ ပြောဆိုချက်ကိုတောင် ကလန်ကဆန်လုပ်တတ်ကြလို့ပါ။
ashinindaka
March 15, 2011 at 4:15 am
အင်း။ ဥပ္ပလဝဏ် ရှောင်ပြေးလို့ မရဘူးထင်ပါရဲ့။ အာပတ်ဆိုတာက သာယာတဲ့စိတ်ဖြစ်မှ အာပတ်သင့်တာ။ ဘုရားရှင်လက်ထက်တုန်းက ရဟန်းတစ်ပါး တောထဲမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတုန်း ထင်းခွေသမတစ်ယောက်က စော်ကားသွားတယ်။ ဒီသတင်း ဘုရားရှင်ထံ ရောက်သွားတော့ ရဟန်းကို သာယာသလားလို့ မေးတယ်။ မသာယာဘူးလို့ ပြန်လျှောက်တော့ အာပတ်မသင့်ဘူးလို့ ဘုရားရှင်ကိုယ်တိုင် ဆုံးဖြတ်ပေးဘူးတယ်။
မိုက်ကယ်ဂျော်နီအောင်ပု
March 15, 2011 at 7:48 am
ဘုန်းဘုန်းကို ကြက်သားလှူတော့
ကိုယ်လည်းကြက်သားစားရမှာသေခြာတယ်
ဘာဖြစ်လို ့လဲဆိုတော့ ဘုန်းဘုန်းက အကုန်လုံးကုန်အောင်စားမှာ မဟုတ်ဘူး
အောင်ပုတို ့ငယ်ငယ်တုန်းက ဘုန်းဘုန်းတွေအိမ်ကို လာတော်မူရင် တော်တော်သဘောကျတယ်
ဘုန်းဘုန်းတွေလည်း တရားဟောပြီးလို ့ပြန်တော်မူတာနဲ ့ကျန်တဲ့ဟင်းကောင်းကောင်းတွေကို စားရလို ့လေ
ashinindaka
March 15, 2011 at 7:56 am
ကိုအောင်ပုကတော့ လုပ်ချလိုက်ပြန်ဘီ။ ဒီဘုန်းကြီးပင့်လို့ကတော့ မှားမယ်။ အကုန်စားတာနော်။ မကုန်ရင် ကျောင်းထည့်ယူသွားတာ။ ဘာမှတ်တုန်း။ 🙂
cobra
March 15, 2011 at 8:04 am
ဘုရား…ဘုရား..
ဘုန်းဘုန်းရယ်ကိုယ်တိုင်တော့မသယ်သွားပါနဲ့
လိုက်ပို့ပေးပါ့မယ်.. 🙂
naywoonni
March 15, 2011 at 9:58 am
ဘိက္ခုနီ သာသနာ က ဘယ်အချိန်တုန်းက ဘယ်လိုကွယ်ပျောက်သွားတယ်ဆိုတာလေး ဟောပြပေးပါဦးဘုရား ။ တပြည့်တော်တို့ အဲဒိ ကွင်းဆက်ကို လွတ်နေသေးလို့ ……….
ashinindaka
March 15, 2011 at 11:18 am
http://myanmargazette.net/43174/economic-news-international-news-news-industry-people-in-the-news-us-news-news
ဒီမှာ ထိုက်သင့်သလောက် ရေးပြီးဖြစ်ပါကြောင်း။
nigimi77
March 15, 2011 at 2:43 pm
“ဘုရားရှင်လက်ထက်တုန်းက ရဟန်းတစ်ပါး တောထဲမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတုန်း ထင်းခွေသမတစ်ယောက်က စော်ကားသွားတယ်။ ဒီသတင်း ဘုရားရှင်ထံ ရောက်သွားတော့ ရဟန်းကို သာယာသလားလို့ မေးတယ်။ မသာယာဘူးလို့ ပြန်လျှောက်တော့ အာပတ်မသင့်ဘူးလို့ ဘုရားရှင်ကိုယ်တိုင် ဆုံးဖြတ်ပေးဘူးတယ်။”………
တပည့်တော် လူသားဆန်ဆန်ပဲ ရေးပါမယ် ဘုရား…။ စော်ကားခံရတယ် ဆိုတဲ့ အဆိုပါ ရဟန်းဟာ အမျိုးသား၊ စော်ကားသွားတယ် ဆိုတဲ့ ထင်းခွေသမက အမျိုးသမီး။
ရိုင်းရင် ခွင့်လွတ်ပါ။
ယောကျာင်္း တန်ဆာဟာ စိတ်မလာပဲ မထကြွပါဘူး။ အမျိုးသမီးဖြစ်တဲ့ ထင်းခွေသမက အပေါ်မှ အတင်းကာရော တက်ခွတာတောင်မှ စိတ်လာမှ (ဝါ) ယောကျာင်္း တန်ဆာ ထကြွမှ ဆက်ဆံလို ့( အစော်ကားခံ) လို ့ရတာပါ။
သဘောကတော့ သာယာလို ့ ဆက်ဆံလို ့ရတာပါ။ မိန်းမဆိုတာမျိုးက မသာယာလဲ အခေါင်း တန်ဆာဖြစ်လို ့ အစော်ကားခံရတယ်ဆိုတာမျိုးက
ယုတ္တိကျပါတယ် ဘုရား။ အမျိုးသမီးများဟာ သာယာသည် ဖြစ်စေ မသာယာသည် ဖြစ်စေ ဆန် ့ကျင်ဖက် လိင်က စော်ကားမယ်ဆိုရင် ရနေပါတယ်။
Confession လို ့ပဲ ခေါ်မလား။ အဲဒီ အကြောင်းအရာဟာ အလွန်ကို လက်မခံနိုင်စရာ အကြောင်းအရာပါ။
ashinindaka
March 15, 2011 at 2:49 pm
အင်း၊ ထင်မယ်ဆိုလဲ ထင်ချင်စရာပဲ။ အထမြောက်တယ် မမြောက်ဘူးဆိုတာ စာထဲမှာတော့ တိတိကျကျ မပါဘူး။ Eract ဖြစ်မှ ဖြစ်တယ်ဆိုတာတော့ ကလေးက အစသိပါတယ်။ ရဟန်းက ဘယ်လိုရဟန်းမျိုးလဲ ဆိုတာလဲ တိတိပပ မပါပါဘူး။ အတော်တော့ ရှုတ်ထွေးတဲ့ ကိစ္စပါ။
bigcat
March 17, 2011 at 3:43 am
erection ဖြစ်ရခြင်းမှာ လေ၊ ဆီး၊ စိတ်ဆန္ဒနဲ့ နောက်တခုမေ့နေတယ် လေးမျိုးကြောင့်လို့ မှတ်သားဖူးပါတယ်။ ရဟန်းကလည်း ကိလေသာကြောင့်မဟုတ်ဘဲ သဘာဝကြောင့် erection ဖြစ်နေတုန်း အိပ်ပျော်နေစဉ် အစော်ကားခံလိုက်ရရင် အထမမြောက်လို့ ထင်ပါတယ်။ သဘာဝကြောင့်ဖြစ်ရတဲ့ သွေးလေလှုပ်ရှားမှုမျိုးကို မည်သူမှတားဆီးလို့ မရကောင်းပါ။ ရဟနာ္တများလည်း ဓာတ်လေးပါးကြောင့်ဖြစ်တဲ့ အထိအတွေ့အာရုံကို သိရှိကြပြီး အဲဒီအပေါ်မှာသာ စွဲလန်းမှုတဏှာကို ပယ်စွန့်ကြပါတယ်။