မြန်မာပြည်မှာ အက်ဆစ်မိုးတွေ ရွာတော့မယ်ဆို ?

မောင်ဆန်းMarch 15, 20111min2448

ဆရာဦးထွန်းလွင်ရဲ ့  (www.tunlwin.com) ကကူးယူဖော်ပြပေးတာပါ

မြန်မာပြည်မှာ အက်ဆစ်မိုးတွေ ရွာတော့မယ်ဆို ?(Posted on 15th March 2011)

ဂျပန်ဆူနာမီရဲ့ နောက်ဆက်တွဲတွေ ဂျပန်နိုင်ငံ၊ Miyagi Prefacture မှာရှိတဲ့ Fukushima Power Plant ရဲ့ ဒုတိယ Radiation Reactor ဟာ မနေ့ည (၁၄-၃-၂၀၁၁)ည က ထပ်ပြီးပေါက်ကွဲ သွားပြန် ပါတယ်။ အခြေအနေတွေကတော့ ထိန်းမနိုင်တော့တဲ့ အခြေအနေဖြစ်ပါတယ်။ ဒါကို အကြောင်းပြုပြီး တိုကျိုမြို့ရဲ့မြောက်ဖက်ဒေသတွေမှာ ရေဒီယိုသတ္တိကြွမှု level တွေ မြင့်တက်လာတာကိုတွေ့ရတယ်လို့ ဒီကနေ့ (၁၅-၃-၂၀၁၁)ရက်နေ့ မနက် အစောကြီးသတင်းတွေမှာ ကြေငြာသွားခဲ့ပါတယ်။ ဒါနဲ့ တစ်ဆက်တည်း မနေ့ညကဘဲ ဂျပန်နိုင်ငံ၊ အနုမြူထိန်းသိမ်းရေးအေဂျင်စီဧဂျင်စီအကြီးအကဲက နိုင်ငံတကာအနုမြူ ဧဂျင်စီအဖွဲ့ IAEA နဲ့ အမေရိကန်ပြည်ထောင်စုတို့ကို ကျွမ်းကျင်မှု အကူအညီ တွေပေးဖို့ တရားဝင် တောင်းဆိုကြောင်း ကြေငြာသွားပြန်ပါတယ်။ ပြဿနာအစ ဒီပြဿနာရဲ့အစကတော့ Nuclear Plant တွေ (၁၁-၃-၂၀၁၁)ရက်နေ့ ညနေပိုင်းက ဖြစ်ပေါ်ခဲ့တဲ့ ရေအောက်မြေငလျင် လှုပ်ရှားမှုကြောင့် ဖြစ်ပေါ်ခဲ့တဲ့ ဆူနာမီရေလှိုှု်င်းတွေ ထိရိုက်တာခံခဲ့ရလို့ Nuclear Plant တွေမှာ တပ်ဆင်ထားတဲ့ cooling system တွေ ချို့ယွင်းသွားရတာက စပါတယ်။ အဲဒီ အအေးခံစံနစ်တွေဟာ Nuclear Plant တွေမှာ သုံးထားတဲ့ အရေးကြီး အစိတ်အပိုင်းတွေဖြစ်ကြတဲ့ လောင်စာအချောင်းတွေ (Fuel Rods) ကို အပူချိန်တွေ တက်မလာရအောင် အအေးပေးတဲ့ စံနစ်တွေဖြစ်ပါတယ်။ Fuel Rod တွေဆိုတာက အရှည်(၄)မီတာ လောက်ရှိကြတဲ့ ရေဒီယိုသတ္တိကြွပစ္စည်းဖြစ်တဲ့ ယူရေနီယမ် (Uranium) သတ္ထုချောင်းတွေ ဖြစ်ပါတယ်။ သူတို့ဟာ အအေးခံမထားရင် အပူချိန် 1100°C လောက်အထိ အပူချိန်မြင့်တက် လာနိုင်ကြပြီး အရည်ပျော်ကျ (melt-down) ဖြစ်သွားနိုင် ပါတယ်။ အဲဒီလိုဆိုရင် ရေဒီယိုသတ္တိကြွ ရောင်ခြည်တွေ (Radioactive Radiations)တွေ အပြင်ကို ပျံ့လွင့်ရောက်ရှိလာနိုင်ကြပါတယ်။ ဖြစ်နို်င်တဲ့အကျိုးဆက်တွေ အဲဒီလို ရေဒီယိုသတ္တိကြွတဲ့ရောင်ခြည်တွေဟာ လူသားတွေအတွက် အန္တရာယ် အလွန်ကြီးပါတယ်။ လူသားတွေကို ထိတွေ့မိရင် မအီမသာဖြစ်ခြင်း(nausea)၊ ဖျားနာခြင်း(fever)၊ ခန္ဒာအစိတ်အပိုင်းများ ထိခိုက်ပျက်စီးခြင်း(organ failure)၊ အသက်သေဆုံးနိုင်ခြင်း(death) စတာတွေကို ဓါတ်ရောင်ခြည်သင့်မှု အတိုင်းအတာ၊ ဓါတ်ရောင်ခြည် လေထုအတွင်း ပျံ့လွင့်မှုအတိုင်းအတာ တွေအပေါ်မူတည်ပြီး ဖြစ်စေနိုင် ပါတယ်။ ဘေးပတ်ဝန်းကျင်ကိုဘယ်လောက်ထိခိုက်စေနိုင်သလည်း အမှန်တော့ ဒီလိုု ဓါတ်ရောင်ခြည်သင့်မှုဖြစ်ရပ်တွေဟာ ဖြစ်ပေါ်ရာဒေသ ပတ်ဝန်းကျင်သာ ဖြစ်စေတတ်တဲ့ဖြစ်စဉ် (localized incidence) တွေသာ ဖြစ်ပါတယ်။ အလွန်ဆုံး ဖြစ်တဲ့နေရာနဲ့ (၁၀၀)ကီလိုမီတာ အကွာအဝေးလောက်သာ အလွန်ဆုံး လောက်ဘဲ ပျံ့နှံ့လေ့ရှိပါတယ်။ အထူးသဖြင့် ဒီနေရာမှာ မိုးလေဝသဖြစ်စဉ်တွေက အလွန်အရေးပါလာပါတယ်။ ဥပမာအနေနဲကပြောရရင် ဖြစ်တဲ့ဒေသမှာ ရာသီဥတုဟာ မိုးရွာလို့ဖြစ်စေ၊ ဆီးနှင်းတွေကျနေလို့ဖြစ်စေ စွတ်စိုနေရင် ဒီဓါတ်ရောင်ခြည်တွေဟာ မိုးပေါက်တွေ၊ ဆီးနှင်းတွေနဲ့အတူ မြေပြင်ကို ကျသွားပြီး မပျံ့နှံ့နိုင်တော့ပါဘူး။ ဒါမှ မဟုတ် ရာသီဥတုက ခြောက်သွေ့နေရင်လည်း တိုက်ခတ်နေတဲ့ လေစီးကြောင်းတွေနဲ့ မျောပါသွားမယ်ဆိုလည်း သွားနိုင်ပါတယ်။ ဥပမာ အတိတ်မှာ ဒီလိုဖြစ်စဉ်တွေ ရှိခဲ့ဘူးပါတယ်။ အိန္ဒိယက Bopal Chernobyl (1984) နျူကလီယာ ဓါတ်ပေါင်းဖို ယိုစိမ့်မှု၊ ရုရှနိုင်ငံက Chernobyl(1986) နဲ့ Sakhalin(2004) ဒေသ နျူကလီယာ ဓါတ်ပေါင်းဖို ယိုစိမ့်မှု ဒါတွေအားလုံးဟာ ပတ်ဝန်းကျင် ဒေသများအထိ ပျံ့နှံ့မှုတွေ မရှိခဲ့ကြပါဘူး။ ဒါကြောင့် ဒီလိုဓါတ်ငွေ့ယိုစိမ့်မှုတွေဟာ အများအားဖြင့် ကိုယ့်ဒေသ တွင်း ဖြစ်ရပ်တွေ (Localised)သာ ဖြစ်ကြပါတယ်။ အနီးဆုံးနိုင်ငံရဲ့သဘောထား။ အခုနျူကလီးယားဓါတ်ရောင်ခြည်ယိုစိမ့်မှုတွေဖြစ်တဲ့ ဂျပန်နိုင်ငံ အရှေ့မြောက် ပိုင်းနဲ့ အနီးဆုံးနိုင်ငံဟာ ရုရှနိုင်ငံဖြစ်ပြီး၊ အနီးဆုံးဒေသဟာ အရှေ့ဖျားဒေသ ဖြစ်ပါတယ်။ ဒီဒေသမှာ ပြည်သူတွေကို ဓါတ်ရောင်ခြည်ပျံ့လွင့်လာနိုင်မှုနဲ့ ပတ်သက်ပြီး နိုးဆော်ချက်(Alert)တော့ လုပ်ထားပါတယ်။ ဒါပေမယ့် ဒီဓါတ်ရောင်ခြည်တွေရဲ့ ထိခိုက်မှုကတော့ နပ်စပ်ဒေသတွေမှာတောင် မပြောပလောက်နိုင်ပါဘူး (minimal) လို့ ခန့်မှန်းထားပါတယ်။ လက်ရှိ ဂျပန်နိုင်ငံမြောက်ပိုင်းရဲ့ ရာသီဥတုအခြေအနေ။ နျူကလီယာဓါတ်ပေါင်းဖို ဓါတ်ရောင်ခြည်တွေယိုစိမ့်နေတဲ့ဒေသမှာ ရာသီဥတုက အေးနေပြီး မိုးတွေ၊နှင်းတွေ နဲ့ လေပြင်းတွေတိုက်နေပါတယ်။ အပူချိန်တွေက ဂဏန်းတစ်လုံးအပူချိန် (single digit temperatures) တွေသာရှိနေပါတယ်။ မိုးတွေလည်း ရွာနေပါတယ်။ အထူးသဖြင့် လေပြင်းတွေတိုက်နေပါတယ်။ တိုက်တဲ့ လေပြင်းတွေက အနောက်လေပြင်းတွေ(westerly winds) တွေပါ။ ဒီတော့ အေးပြီး လေးနေတဲ့ လေထုကြောင့် ရောင်ခြည်တွေဟာ ဘေးကို သိပ်ဝေးဝေး မပျံ့နိုင်ကြပါဘူး။ လေယူရာနဲ့သွားမယ်ဆိုရင်လည်း ဂျပန်နိုင်ငံရဲ့အရှေ့ဖက် ပစိဖိတ်သမုဒ္ဒယာ ရေပြင်ကျယ်ကြီး ရှိရာကိုဘဲ ရွေ့သွားမှာဖြစ်ပါတယ်။ ဒီဖြစ်ရပ်က သင်ခန်းစာနဲ့ အတုယူစရာတွေ ၊ အခုဖြစ်ပေါ်ခဲ့တဲ့ ဂျပန်နိုင်ငံ ဆူနာမီဖြစ်ရပ်ကြီးမှာ သဘာဝဘေးအန္တရာယ် ကာကွယ်စောင့်ရှောက်ရေးနဲ့ ပတ်သက်ပြီး အရေးကြီးတဲ့ သင်ခန်းစာတွေကို တွေ့ရပါ တယ်။ ပထမတစ်ချက်ကတော့ အခုဖြစ်တဲ့ ဒေသတွေမှာ ဆူနာမီ အတွေ့အကြုံမရှိလို့၊ ကြိုတင်အကာအကွယ်မပြုကြလို့ ဒီလိုဖြစ်ရတာလို့ ထင်ရင် အများကြီး မှားပါလိမ့် မယ်။ ကြိုတင်ကာကွယ်တဲ့အနေနဲ့ ကြိုတင်သတိပေးစံနစ်တွေ၊ လေ့ကျင့်မှုတွေ အားလုံး ခေတ်မီတဲ့ နောက်ဆုံးပေါ်နည်းပညာတွေနဲ့ ကြိုကြိုတင်တင် လုပ်ထားခဲ့ကြ ပါတယ်။ (၁၀)မိတာလောက်မြင့်တဲ့ ရေတားနံရံကြီးတွေ(Retarding Walls) တွေကို လည်း ဆောက်လုပ်ထားပါတယ်။ ဒါပေမယ့် တကယ်ဖြစ်တော့ မကာကွယ်နိုင်ခဲ့ပါဘူး။ အကြောင်းကတော့ ဒါတွေကြောင့် ဖြစ်ပါတယ်။ (၁) ရေထိန်းနံရံတွေကို ယခင်ကတွေ့ကြုံဘူးတဲ့ ဆူနာမီရေလှိုှု်းအမြင့်နဲ့သာ တွက်ချက်ဆောက်လုပ်ထားတာ ဖြစ်တဲ့အတွက် အခု အပြင်းဆုံးမြေငလျင်နဲ့ ကြုံတဲ့အခါ မထိန်းနိုင်တော့တာကို တွေ့ရပါတယ်။ (၂) မြေငလျက်ဗဟိုချက်ဟာ ယခင်ကဖြစ်ပေါ်ခဲ့ဘူးတဲ့ မြေငလျင်ဒေသ ထက် ပိုကြီးပြီး ပိုးနီးတဲ့အတွက် ဆူနာမီရေလှိုင်းက အသွာနှုန်းပိုမြန်လာတဲ့အတွက် မြေငလျင်လှုပ်အပြီး (၃)မီနစ်လောက်အတွင်း ရေတွေ စဝင်လာပါတယ်။ (၁၀)မီနစ် လောက်မှာ ရေတွေစတက် လာပါတယ်။ (၃) ရေတွေက အလွန်မြန်ဆန်တဲ့ အသွားနှုန်းနဲ့ ဝင်လာတဲ့အခါ ကမ်းခြေအောက်ခံမြေပြင်ရဲ့ အနေအထားကြောင့် ရုတ်တရက် အမြင့်နှစ်ဆခန့် မြင့်တက်လာပြီး ကမ်းခြေကိုဝင်လာခဲ့တဲ့အတွက် ရေကာနံရံတွေကို ကျော်တက်သွားခဲ့ပါတယ်။ (၄) ဖြစ်ပေါ်ခဲ့တဲ့ ဆုနာမီရေလှိုင်းရဲ့ အထူးခြားဆုံး အချက်ကတော့ အသွားနှုန်း အလွန်မြန်တာ ဖြစ်ပါတယ်။ တစ်နာရီကို ကီလိုမီတာ (၇၀၀) မှ (၁၀၀၀) လောက်အထိ ရှိတယ်လို့ ခန့်မှန်းရပါတယ်။ (၅) အသွားနှုန်းမြန်လေ ရေတိမ်လေ အန္တရာယ်ကြိးလေဖြစ်ပါတယ်။ မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းနဲ့ ရခိုင် ကမ်းရိုးတန်း ကွာသလို ပေါ့ဗျာ။ သဘာဝကာကွယ်စောင့်ရှေက်ရေးနဲ့ ပတ်သက်ပြီး စီမံချက်တွေ ချမှတ်ရာမှာ ယူသင့်တဲ့သင်ခန်းစာကတော့ သဘာဝဘေးကျရောက်တဲ့ဒေသတွေမှာ အခု Nuclear Plant လို ဘေးဥပါဒ်အန္တရာယ်အလွန်ကြီးမားတဲ့ အဆောက်အဦတွေ ရှိနေတာ ဖြစ်ပါတယ်။ ဒီလိုနေရာတွေဟာ အလွန်အန္တရာယ်ကြီးမားလွန်းလို့ ဦးစားပေး ကာကွယ်ရမယ့် နေရာတွေအဖြစ် သတ်မှတ်ထားရပါမယ်။ အလားတူဘဲ လူအများနဲ့ ဆိုင်တဲ့ ဆေးရုံတွေ၊ ကျောင်းတွေ၊ အလုပ်ရုံတွေ ဟာလည်း ဦးစားပေး ကယ်တင်ရမယ့် နေရာတွေ ဖြစ်ပါတယ်။ အတုယူကြရမယ့် ဂျပန်တို့ရဲ့ စံပြစိတ်ဓါတ် အတုယူရမယ့်အရာ၊ လေးစားအားကျရမယ့် အရာလည်းရှိပါသေးတယ်။ ဒါကတော့ ဂျပန်လူမျိုးတွေရဲ့ စည်းကမ်းသေဝပ်မှု၊ လူမျိုးကြီးပီသမှု၊ ယဉ်ကျေး သိမ်မွေ့မှုတွေဘဲ ဖြစ်ပါတယ်။ အခုဖြစ်ရပ်ကြီးလို သဘာဝဘေးကြီးတွေ ကမ္ဘာ အရပ်ရပ်မှာ ဖြစ်ဘူးပါတယ်။ ရက်နည်းကြာလာတဲ့အခါ အစာရေစာမစားရတာ ကြာလာတော့ “ငတ်မရှက်” ဖြစ်လာကြပြီး လုကြ၊ ယက်ကြတွေ ဖြစ်လာကြတာ ချည့်ပါဘဲ။ ဂျပန်မှာတော့ ဒါတွေ ဘာမှ မရှိကြဘူးတဲ့။ အစားအသောက် မစားကြရတာ အချို့ဆို (၃)(၄)ရက်တောင် ရှိနေကြပါပြီတဲ့။ ဒါပေမယ့် အစားအသောက်ဝေငှတဲ့ နေရာတွေ၊ ရောင်းချတဲ့ဆိုင်တွေမှာ လူတွေတန်းစီနေကြတာ အရှည်ကြီးဘဲတဲ့။ နာရီပေါင်းများစွာ တန်းစီစောင့်ကြတယ်။ သည်းခံကြတယ်။ အခြားကလေးတွေ နိုင်ငံခြားသားတွေကိုတောင် သူတို့က သူတို့ဝေစုထဲက အစားအစာတွေကို ပြန်ဝေငှ ပေးနေသေးတယ်တဲ့။ လေးစားစရာကောင်းလိုက်တာဗျာ။ အတုရော မယူသင့် ဘူးလားဗျာ။

မြန်မာပြည်မှာ အက်ဆစ်မိုးတွေရွာမယ်ဆို ?

ဒါကတော့ ကျွန်တော့်အလုပ် ဖြစ်လာပြီ။ သာဂိတို့နိုင်ငံကတော့ အရေးဆို လုပ်ချလိုက်ပြန်ပြီ။ ဓါတ်ရောင်ခြည်ယိုစိမ့်မှုကြောင့် အက်ဆစ်မိုးမရွာနိုင်ပါဘူး။ ဓါတ်ရောင်ခြည်တွေဟာ ရေငွေ့တွေနဲ့ထိရင် အက်ဆစ် ဖြစ်လာအောင် ဓါတ်ပြုနိုင် ကြတဲ့ပစ္စည်းတွေလည်း မဟုတ်ကြပါဘူး။ မိုးရေတွေနဲ့အတူ ရောပါသွားနိုင်ကြ ေပေမယ့် အက်ဆစ်မိုး မဖြစ်စေနိုင်ပါဘူး။ အရေးအကြီးဆုံးကတော့ အဲဒီယိုစိမ့် ထွက်လာကြတဲ့ ဓါတ်ရောင်ခြည်တွေဟာ မြန်မာနိုင်ငံဖက်ကို ရောက်ရှိလာကြဖို့ သယ်ဆောင်ပေးမယ့် ပို့ဆောင်ရေး ယာဉ်(ဖြစ်စဉ်)တွေ မရှိတာပါဘဲ။ အေးဆေးပါဗျာ။ သူတို့ကို သယ်ဆောင်ပေးမယ့် လေတွေကလည်း လောလောဆယ်မှာ အနောက်လေ တွေလေဗျာ။ နောက်ပိုင်း လာမယ့်လေတွေကလည်း အနောက်တောင်မုတ်သုံ လေတွေလေဗျာ။ လေကြောင်း မသင့်ပါဘုူးဗျာ။ တကယ်တော့ ကျွန်တော်တို့ လုပ်ရမှာက ဘေးအန္တရာယ် ကြုံတွေ့နေကြရတဲ့ ဂျပန်ပြည်သူတွေကို ကိုယ်ချင်းစာကြဖို့၊ လူသားချင်း စာနာထောက်ထားကြဖို့၊ အားပေးနှစ်သိမ့်ကြဖို့၊ တတ်နိုင်တဲ့အကူအညီတွေ ဝိုင်းဝန်းပေးကြဖို့ ကသာ အရေးကြီးဆုံး မဟုတ်ဘူးလားဗျာ။

အခုဘဲ ဂျပန်နိုင်ငံကို ကယ်ဆယ်ရေး အကူအညီ တွေပေးဖို့ ကမ်းလှမ်းထားတဲ့ နိုင်ငံပေါင်း မနေ့က စာရင်းအတို်င်းဆို (၉၁)နိုင်ငံ ရှိနေ ပါပြီ။

8 comments

  • kai

    March 15, 2011 at 8:34 am

    အခုထိ သတင်းတွေတောက်လျှောက်လိုက်ဖတ်နေတဲ့ … အရတော့ ..အဲဒီအက်စစ်မိုးဆိုတာ … အာရွှီးဖြစ်ပါတယ်..။
    အောက်မှာ ..တွီတာက သတင်းတွေတင်ပေးထားပါတယ်..။

    ဂျပန်မှာတောင် နူစက်ရုံနဲ့မိုင်းတော်တော်နီးတဲ့ တိုကျိုတောင် ဒီသတိပေးချက်မရှိပါဘူး..။
    နောက်ပြီး ..အက်စစ်မိုးနဲ့..နူကလီးယားနဲ့ တိုက်ရိုက်ဆိုင်တယ်လည်း မထင်မိပါ..။
    ညူကလီးယားက..ရေဒီယိုသတိ္တကြွတာဖြစ်ပြီး..မမြင်ရတဲ့..ရောင်ခြည်ပါ..။ နီးစပ်တာပြောရရင်.. အရိုးတွေဖောက်မြင်ဖို့..အိပ်စ်ရေးရိုက်တာမျိုးပါပဲ..။
    ဓါတ်ကြွတာများလွန်းရင်.. လူအရေးပြားတွေ..အရိုးထဲထိလောင်ပြီး .. သေမှာပါ..။
    ကုစရာဆေးလည်း မရှိပါ..။

    No ‘acid rain’ threat
    Submitted by shaza on Tuesday, March 15th, 2011

    Minister quashes rumours of fallout from Japan’a nuclear plant disaster
    NURUL HUDA JAMALUDDIN
    Tuesday, March 15th, 2011 12:01:00
    SUBANG: Do not listen to rumours circulated in text messages about acid rain hitting our shores.

    That is the message from Energy, Green Technology and Water Minister Datuk Seri Peter Chin Fah Kui.

    “The public should not listen to rumours about this acid rain because of Japan’s Fukushima Daiichi nuclear plants radiation,” he said after officiating at the 2nd Asia Pacific Regional Water Conference (APRWC) this morning.

    Chin said there was no confirmation from the International Atomic Energy Agency (IAEA) and government authorities on radiation spread or acid rain due to the Japanese nuclear plant crisis.

    “There’s no shred of evidence the radiation could spread to this region.”

    He also reiterated the misconception the government would proceed with building two nuclear plants.

    “The matter is being finalised as we are still studying whether to build nuclear plants by 2021.

    “The government always look into possibility of enhancing our renewable energy capabilities.”

    Chin was responding to the call by MCA president Datuk Seri Chua Soi Lek and DAP yesterday for the government to review plans for nuclear plants in the next few years.

    His message puts to rest many people’s unease over text and chain emails yesterday claiming Malaysia is facing possible health hazards caused by acid rain from tsunamistrucked Japan.

    The messages, alleged to have originated from a news flash over the British Broadcasting Corporation (BBC), warned the people to take precaution from rain with radioactive particles.

    They circulated all over the country quickly following a series of explosions at the Fukushima nuclear power reactors.

    The messages read: “Japan Government confirms radiation leak at Fukushima nuclear plants. Asian countries should take necessary precautions. Remain indoors first 24 hours. Close doors and windows. Swab neck skin with Betadine where thyroid area is, radiation hits thyroid first. Take extra precaution, radiation may hit Philippines starting at 4pm 2day. Please send to your loved ones.”
    Besides creating a buzz in the blogosphere, they flooded social networking sites like Twitter and Facebook.

    One of the several versions of the message, posted by a Facebook user, read: “A nuclear power plant in Fukushima, Japan, exploded at 4.30am today. If it rains tomorrow or later, don’t go outside. If you are outside, be sure that you have rain protectors. It’s acid rain. Don’t let it touch you. You may burn your skin, lose your hair or have cancer. Please pass, stay safe and remind everyone you know.”

    Twitter user @aveevee posted: “Is it true if the Fukushima nuclear plant explodes, a chance of having acid rain in Asia Pacific would come?”

    Another user, @kozymazy, asked: “Can anyone send me link that confirmed news about the acid rain, BBC news confirmed second explosion on Fukushima nuke (nuclear) plant, but not the rain.”

    Some were sceptical about rumours. @CChiars asked: “How accurate is the ‘Fukushima-plantexploded-don’t-go-under-the-rain-or-get-cancer’ thing? It’s bugging me. I don’t believe it much though.”

    Another user, @Myura, said: “Shouldn’t easy believing and forwarding news — unknown source through bb (BlackBerry) message re: acid rain related to #fukushima power plant exploded.”

    The rumours also circulated in neighbouring countries, such as the Philippines.

    However, the Philippine news agency quashed the rumours, saying “the possibility of nuclear rain is far from happening in the country”.

    Department of Science and Technology secretary Mario Montejo confirmed the messages were a hoax. He said he believed the leak in Fukushima was small and would not affect the Philippines.

    The Malaysian Atomic Energy Licensing Board (AELB) also dismissed the rumours. The board’s website posted information from its National Radiological Emergency Response Centre headquarters, saying the recorded reading of radiation level from its environmental radiation monitoring system at Senai Station in Johor from Jan 1 to yesterday was less than 0.2 uSv per hour (the limit for radiation level under the Atomic Energy Licensing Act 1984 is 0.5 uSv per hour).

    The Malay Mail received several phone calls from readers asking about the possible health threat and environmental hazards as cited in the messages.

  • white

    March 15, 2011 at 8:41 am

    အက်ဆစ်မိုးရွာမယ်ဆိုတဲ့ စိုးရိမ်စရာသတင်း ကျ ခဏလေးနဲ့ ပြန့်ပါတယ် (ကျွန်တော့်အမ တစ်ယောက်ကိုယ်တိုင် တနိုင်ငံလုံးက အမျိုးတွေ လိုက်ဖုံးဆက်တာပါ)
    ဒါမျိုး အကျိုးအကြောင်းနဲ့ မဖြစ်နိုင်ပါဘူး လို့ ရှင်းပြထားတာမျိုးကျ ပြန့်နှံ့မှုနှေးပါတယ်
    ရွာသားတွေ များများနဲ့ မြန်မြန်ဖြန့်ပေးပါ

  • etone

    March 15, 2011 at 8:59 am

    မနေ့က ကတည်းက အဲ့ဒီသတင်း ဂျီတော့မှာရတယ် မယုံလို့ ဘယ်သူ့ကိုမှ ဆက်မဖြန့်ဘူး ။ မားသားကြီးကတောင် မနက်က ဖုန်းလှမ်းဆက်ပြီး အပြင်မထွက်နဲ့ အက်စစ်မိုးရွာမယ် ဆိုပြီး သတိပေးနေသေးတယ် ။ ဘယ်သူ ကြပ်လိုက်မှန်းမသိပါဘူး ။ ဘာလို့ အာရွှီးမှန်းသိလဲဆိုတော့ … ရေးထားတဲ့ စာကြောင်းနဲ့ ပုံစံတူ ရှေ့ဆုံးက ဖြစ်တဲ့ နေရာကွဲတဲ့ စာကြောင်းမျိုး ဟိုးတလောက မီးတောင် ကြီး ပေါက်ပြီး ပြာတွေ လွင့်တုန်းက တခါ ရခဲ့ဖူးတာကြောင့်ပါ ။ နောက်တစ်ခုက ဦးထွန်းလွင် ဝက်ဖ်ဆိုက်မှာလည်း ဟေ့ာ ဖြစ်တဲ့ ဒီအကြောင်း ရှင်း ထားတာ ဖတ်ပြီးသွားလို့ပါ ။

  • shwepyithu

    March 15, 2011 at 9:09 am

    အခုလိုရှင်းပြပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ မဖြစ်နို်င်ဘူးလို့ သိပေမဲ့ အဲဒီလို သေချာမရှင်းပြတတ်ဘူး။ လာလာပြောနေကြလို့။ နောက်တစ်ခေါက်ပြန်ဖတ်ပြီး မှတ်ထားလိုက်ဦးမယ်။

  • char too lan

    March 15, 2011 at 9:13 am

    ကူးပီးဝေလိုက်တယ်ဗျို ့ ခုလဲ မေလ်းဝင်လာတယ် ၁၂နာရီအတွင်းမုန်တိုင်းဝင်မယ်တဲ့ ဂျီတော့ထဲလဲ အဲ့ဒီသတင်းဝင်ဝင်လာတယ် ဟုတ်မဟုတ် လုပ်ပါအုံး ??? ရန်ကုန်ကရာသီဥတုကတော့
    – မနေ့ကနေ အခုထိ ညနေ ၅နာရီခွဲလောက် ရောက်နေတဲ့အတိုင်းပဲ နေမတွေရဘူးမိုးနဲနဲရွာပီး လေအေးတွေစိမ့်နေတယ်
    – မနေ့ညနေ ၅းဝဝ – ၆းဝဝ လောက်က ပတ်ဝန်းကျင်မှာ နှင်းတွေကျသလို မှုန်မှိုုင်းနေတယ်
    တခြားထူးခြားတာတွေ ့ရင် ပြောကြပါအုံးနော် …..အခုလိုအချိန်မှာ အဆက်အသွယ်တွေ မပြတ်ချင်ဘူးဗျာ…

  • Shwe Tike Soe

    March 15, 2011 at 9:56 am

    အင်းသတိဆိုတာတော့ ပိုတယ်မရှိဘူးပေါ့ဗျာ..
    ဘယ်လိုပဲဖြစ်ဖြစ် သတင်းတွေ ရေးပေးကြတဲ့သူတွေကို ကျေးဇူးတင်ပါတယ်..
    ဒီသတင်းကိုလည်း ပြောပြပေးပါမယ်..
    အခုအချိန်မှာတော့ မလိုအပ်ရင် ဘယ်မှမထွက်ပဲ ကိုယ်အိမ်ကိုနေရမှာပေါ့ အလုပ်ကတော့ သွားရမယ်လေ
    အလုပ်မသွားရင် မန်မန် လစ်သွားမှာပေါ့.. နော်..
    အိမ်မှာ အစားအစာလေးတွေ ဝယ်ထားကြပေါ့ဗျာ…

  • naywoonni

    March 15, 2011 at 10:03 am

    ဂျီတော့ ထဲဝင်ဝင်လာတဲ့ မက်ဆေ့တွေက မဟုတ်တာတွေ ရွှီးတာတွေများတယ်။ အွန်လိုင်းပေါ်ရောက်လာခါစကတော့ အဟုတ်လား တစ်ကယ်လားပေါ့။ နောက်တော့ ရိုးသွားပါပြီ။ ချက်ဝှစ်တ် ကိုဖွင့်ပြီးတောင် ဒလိဒ် လုပ်ထားလိုက်တယ်။ နောက်ပြန်တွေ့ရင် ဇဝေဇဝါ ဖြစ်နေမှာစိုးလို့……….

  • ဆူး

    March 15, 2011 at 1:59 pm

    အက်ဆစ် မိုး ကိစ္စကလည်း မနေ့ညက သူငယ်ချင်းက သူဖုန်းထဲကိုပါ သတင်းတွေ ဝင်ပြီး သတိထားဖို့ စာဝင်တယ်တဲ့။
    အက်ဆစ် မိုးဘဲ ဖြစ်ဖြစ် ဘာမိုးဘဲ ဖြစ်ဖြစ် ထီးပါတော့ မိုးမစိုတော့ဘူးပေါ့။

Leave a Reply