Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မိမိကိုယ်ကို သန့်ရှင်းပါ…

meengelayMarch 15, 20111min2069

လူသားတို့သည် များသောအားဖြင့် ရုပ်ပိုင်းဆိုင်ရာ မိမိခန္ဓာကိုယ် သန့်ရှင်းရေးကို နေ့စဉ်လိုလို ပြုလုပ်နေကြသော်လည်း စိတ်ပိုင်းဆိုင်ရာ သန့်ရှင်းဖို့ရန်အတွက်တော့ မေ့လျော့နေသလို မပြုလုပ်ချင်သလို ဖြစ်နေကြပေသည်။ တကယ်တော့ ရုပ်ပိုင်းဆိုင်ရာ မည်မျှပင် သန့်ရှင်းနေစေကာမှု စိတ်ပိုင်းဆိုင်ရာ ညစ်ပတ်နေပါက အသုံးမကျ လူရာမဝင်သော လူတစ်ယောက်သာ ဖြစ်ပေသည်။ များသောအားဖြင့် လူသားတို့သည် ရုပ်ပိုင်းဆိုင်ရာ သန့်ရှင်းပြီး လူကြည့်ကောင်းအောင် အဖိုးတန်ရတနာပစ္စည်း အဝတ်အစားများ ပြုလုပ်ထားလျှင် လူရာဝင် အဆင့်တန်းမှီသော လူတစ်ယောက်ဟု ထင်မှတ်နေကြပေသည်။

ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာရော နှစ်မျိုးလုံး တိုးတက် လှပသန့်ရှင်းအောင် ပြုလုပ်နိုင်လျှင်တော့ လူရာအဝင်ဆုံးသော လူတစ်ယောက်ပင် ဖြစ်ပါသည်။ တကယ်လို့ မိမိက (၂)ခုလုံးစလုံး သန့်ရှင်းအောင် မလုပ်နိုင်လျှင် အဓိကအကျဆုံးဖြစ်သည့် စိတ်ပိုင်းဆိုင်ရာကို အလေးထား၍ သန့်ရှင်းပေးရပါမည်။

စိတ်ပိုင်းဆိုင်ရာ တိုးတက်သန့်ရှင်းအောင် သီလစောင့်ထိန်းခြင်း ပြုလုပ်ပေးရပါမည်။ အနည်းဆုံး ငါးပါးသီလစောင့်ထိန်းကာ မိမိနေ့စဉ် ရုပ်ပိုင်းဆိုင်ရာ သန့်ရှင်းသကဲ့သို့ စိတ်ပိုင်းဆိုင်ရာကိုလည်း နေ့စဉ်သန့်ရှင်းအောင် ပြုလုပ်ပေးသင့်ပါသည်။ သီလဆောက်တည်သောအခါ၌လည်း မိမိတက်နိုင်သည့်နေ့ရက်များတွင် ဆောက်တည်နိုင်ပါသည်။ ရှစ်ရက် လပြည့် လကွယ်နေ့များမှာ ဥပုသ်သီလ မဆောက်တည်နိုင်လျှင် မိမိအားသည့်ရက်များ၌ ရှစ်ပါးသီလဥပုသ်ကို တစ်ပါတ် တစ်ရက်တော့ စောင့်ထိန်းသင့်ပါသည်။

အဘယ့်ကြောင့်ဆိုသော် ငါးပါးသီလသည် လူသားမှန်လျှင် စောင့်ထိန်း လိုက်နာရမည့် လူ့ကျင့်ဝတ်ဖြစ်၍ စောင့်ထိန်းလိုက်နာရပေမည်။ ရှစ်ပါးသီလကိုမှု လူသားတို့သန္တာန်တွင် နေ့စဉ်နဲ့အမျှ ကိလေသာအညစ်အကြေးများ ငြိကပ်နေ၍ ထိုကိလေသာများကို တစ်ပါတ်တစ်ရက်တော့ သန့်ရှင်းပေးသင့်ပါသည်။

မိန်းကလေးများ ဦးခေါင်း၌ရှိသော ဆံပင်များသည် အစလျှော်ခါစရက်တွင် ဆံပင်များသန့်ရှင်း၍ ပေါ့ပါးကာ နေလို့ကောင်းသော်လည်း တစ်ပါတ်ခန့်ကြာသောအခါ မြူမှုန်းအစရှိသော ညစ်ပေမှုများ ဖြစ်လာသောကြောင့် ခေါင်းလေးလံထိုင်မှိုင်းမှုများ ဖြစ်လာကာ ဦးနှောက်များပင် မလန်းဆန်းတော့ပါ။

ထို့အတူ စိတ်ပိုင်းဆိုင်ရာ ကိလေသာများသည် လူသားတို့သန္တာန်၌နေ့စဉ် ထူထပ်ညစ်ပေနေသောကြောင့် တစ်ပါတ်တစ်ရက် ရှစ်ပါးသီလဥပုသ် စောင့်ထိန်းကာ စိတ်သန့်ရှင်းမှု ပြုလုပ်ပေးသင့်ပါသည်။ ရှစ်ပါးသီလစောင့်ထိန်းသောအခါ ညစာတစ်ရက်မစား၍ ခန္ဓာကိုယ်အစားအိမ် အနားပေးသောကြောင့် အစာအိမ်သန့်ရှင်းပေးခြင်းဖြစ်၍ ကျန်းမာရေးလည်း ညီညွတ်ပေသည်။ ထို့နောက် မေထုန်ကိစ္စစသော ကိလေသာစိတ်များ မိမိသန္တာမှာမရှိ၍ စိတ်ပိုင်းဆိုင်ရာ သန့်ရှင်းမှုများဖြစ်ကာ ဦးနှောက်များ ကြည်လင်လန်းဆန်းနေပေမည်။

ထို့ပြင် သီလဆောက်တည်သောအခါ မိမိသည် ဘုန်းကြီးကျောင်းသို့သွားပြီး သီလယူရန် အခွင့်မသာပါက မိမိအိမ်၌ရှိသော ဘုရားစင်ရှေ့၌ သီလဆောက်တည်၍ ရပါသည်။ သီလဆောက်တည်သောအခါ၌လည်း မိမိသည် ပါဠိဘာသာမရပါက မိမိတတ်သိနားလည်သည့် မြန်မာစကားဖြင့် ရွတ်ဆို၍ သီလဆောက်တည်နိုင်ပေသည်။

နိဂုံးချုပ်အနေဖြင့် ပြောချင်သည်မှာ လူသားတို့သည် ရုပ်ပိုင်းဆိုင်ရာ သန့်ရှင်းတောက်ပြောင်ပြီး တန်ဖိုးကြီးမားသော အဝတ်ပစ္စည်းများဖြင့် တန်ဆာဆင်ထားလျှင် လူရာဝင်သည်ဟု ထင်မြင်နေကြသောကြောင့် ရုပ်ပိုင်းဆိုင်ရာကိုပဲ အဓိကထား၍ ပြုလုပ်နေကြပေသည်။ တကယ်တော့ စိတ်ပိုင်းဆိုင်ရာ သန့်ရှင်းမှုသည်သာ လူရာဝင်သောကြောင့် စိတ်ကိုသာလျှင် အဓိကထား၍ သန့်ရှင်းပေးရန် အထူးလိုအပ်ပေသည်။ စိတ်ရောကိုယ်ပါ သန့်ရှင်းနိုင်လျှင်တော့ လူရာအဝင်ဆုံးသော လူသားတစ်ယောက်ဖြစ်၍ လူရာအဝင်ဆုံးလူသားများဖြစ်အောင် ပြုလုပ်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ရပါပေသည်။

9 comments

  • ဆူး

    March 15, 2011 at 2:39 pm

    ကောင်းပါ၏
    ဥပုတ်တော့ မစောင့်နိုင်သေးတာ အမှန်ပါဘဲ။
    ၅ပါးသီလ ကိုတော့ ၁ဝနှစ်ကျော်လောက်ကတည်းက သတိနဲ့ ထိန်းပြိး နေလာတာ.. ခြင် တွေ ပိုးကောင်တွေက အစ သတိလက်လွတ် မသတ်မိအောင်နေဖို့ ကြိုးစားခဲ့တယ်။

  • Gong Zhu

    March 15, 2011 at 3:07 pm

    မမဆူးနဲ့ သမီးနဲ့တူတူပဲ … ညာတော့မပြောဘူး စိတ်ချ သွားကြဲတတ်တယ် . သွားကြိုးတတ်တယ် … ပါးစပ်နံတတ်တယ်တဲ့ ။။။

  • kai

    March 15, 2011 at 4:51 pm

    ကမ္ဘာ့လူဦးရေ သန်း ၆၀၀ဝ ကျော်မှာ မြန်မာတပြည်လုံးမှ သန်း ၆ဝ ပဲရှိတာ..။
    မြန်မာတွေ .. သီလစောင့်သူတွေ.. မစောင့်သူတွေ.. ကမာ္ဘတန်းမှာ … ဘယ်နေရာမှာရောက်နေသလဲ.. မျက်စိတွေဖွင့်ကြည့်ကြဖို့ပဲ…။

    (အမှန်တကယ်)လူရာအဝင်ဆုံးသော လူသားတစ်ယောက်ဖြစ်၍ (အမှန်တကယ်)လူရာအဝင်ဆုံးလူသားများဖြစ်အောင် (အမှန်တကယ်) ပြုလုပ်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ရပါပေသည်။ 🙂


    သွားကြဲတာက .. အစာတွေသွားကြားညပ်တာကို သွားကြားထိုးတံနဲ့ ထိုးတာတို့.. မေးရိုးပုံမကျတာတို့.. စတာတွေကြောင့်ပါ..။
    ပါးစပ်နံတာကလည်း.. အစာကြွင်းတွေ ကျန်နေလို့ပါ..။
    ိုဆိုတော့..
    သွားကြဲရင်.. သံကြိုးစည်းပြီး ပြန်စေ့လို့ရပါတယ်..။ ပုလဲလေးတွေလို … ညီနေအောင် ပြန်လုပ်လို့ရတယ.်..။
    ကြုံတုံးပြောရရင်.. သံကြိုးလို မမြင်ရပဲ.. ပြန်စေ့နည်းတွေတောင်ပေါ်နေပြီ..။
    http://www.invisalign.com/Pages/default.aspx

    ပါးစပ်နံရင်လည်း… ပါးစပ်ဆေးတဲ့ ပလုပ်ကျင်းဆေးတွေရှိပါတယ်..။
    ပုံမှန်သွားတိုက်ပေါ့နော..။

  • bigcat

    March 16, 2011 at 2:06 am

    မှန်ပါတယ်။ သီလလုံမှ စိတ်စင်ကြယ်ပါတယ်။ စိတ်စင်ကြယ်မှ စိတ်တည်ငြိမ်မှုရပါတယ်။ စိတ်တည်ငြိမ်မှ အာရုံစူးစိုက်မှုကောင်းပြီး ကိုယ့်လုပ်ငန်းအောင်မြင်ပါတယ်။ သီလမရှိသူများ ဘာပြုလို့ အောင်မြင်ကြသလဲဆိုရင် သူတို့ပြုခဲ့တဲ့ကံကြောင့်ပေါ့ဗျာ။ ကိုယ်ကသူတို့လိုကံမရှိရင်၊ ရှိလည်းတနပ်စားမကြံချင်ရင် ရထားတဲ့ကံကိုဆက်မွေးရမှာပါ။
    သဂျီးပြောသလို စိတ်ပိုင်းဆိုင်ရာ အောင်မြင်မှုကို ရုပ်ပိုင်းပြုပြင်မှုနဲ့ လိုက်တုလို့ရနိုင်ပါတယ်။ ဒါပေမဲ့ အတုဟာအတုပါပဲ။ စိန်ရွှေရတနာ အစစ်ကို ဘယ်လောက်ပဲ လိုက်တုတု အစစ်လို တန်ဖိုးမရပါဘူး။ ပင်ကိုယ်မွေးရာပါအလှနဲ့ ခွဲစိတ်ပြုပြင်တဲ့အလှ အပေါ်ယံကြော ဘယ်လောက်တူတူ ကာယကံရှင်များ မွေးတဲ့ခလေးမှာ လိမ်လို့မရပါဘူး။ အခြားသာဓကတွေ အများကြီးရှိပါသေးတယ်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    March 16, 2011 at 4:23 am

    လောကသဘာဝထဲမှာ ဖြစ်သင့်တာတွေကတော့ တူညီစွာ ဖြစ်လာမယ်လို ့ပြောဘို ့
    တော်တော်ခက်ပါလိမ့်မယ်
    မြတ်စွာဘုရားရှင်လည်း သူကိုယ်တိုင်သိခဲ့တဲ့တရားတွေကို ဝေနေယျတွေကို ဟောကြားတော်မူခဲ့တာဘဲဗျ
    ဒါပေမယ့် ဘာတတ်နိုင်လို ့တုန်းနော
    ဆရာတော်တစ်ပါးဟောတာကို အမှတ်ရမိပါတယ်
    ပြောမရ ဟောမရတော့လည်း တစ်ကိုယ်တည်း ဆိတ်ငြိမ်ရာ အရပ်ကို ချဉ်းကပ်တာဘဲဂလား
    စိတ်ကောက်လို ့ဟုတ်ဘူးလေ သူမှလက်မခံနိုင်တာ
    ဆိုတော့ကာ
    ပြုနေတာက သူ မလိုစိတ်နဲ ့ပျက်နေတာက ကိုယ်ဆိုတဲ့သဘောကိုလည်းသတိချပ်ကြရပါမယ်
    ဒီတိုင်းပြစ်ထားလို ့ရောယုတ္တိရှိလားလို ့ပြန်သုံးသပ်တဲ့အခါ တစ်မျိုးသွားပြန်မှာပါ
    ဒီတော့ကာ
    စေ့စပ်လို ့ရသလောက် ညှိနှိုင်းပေါင်းသင်းရပေမဘဲလေနော

  • dream

    March 16, 2011 at 4:31 am

    တင်ထားတဲ့ post က နက်နဲသလို
    ဆွေးနွေးထားတာတွေကလည်း အဓိပါယ်ရှိလှပါတယ်
    ဒီလို post မျိုးတွေ အများကြီး ဖတ်ချင်ပါသေးတယ်

  • meelay

    March 16, 2011 at 4:48 am

    အဓိက က ကိုယ့်ရဲ့ စိတ်ပေါ်မှာပဲ မူတည်ပါတယ် …

  • Shwe Tike Soe

    March 16, 2011 at 4:51 am

    မြန်မာတွေအားလုံးလိုက်လုပ်နိုင်ရင်ကောင်းတာပေါ့ အားလုံးမပြောပါနဲ. ကျွန်တော် ကိုယ်တိုင် လိုက်လုပ်နိုင်အောင်ကြိုးစားနေပါတယ်.. ငါးပါးသီလတော့ စောင့်ပါတယ်.. ၈ပါးတော့ မစောင့်ဖြစ်ဘူးဗျ..
    ငါးပါးသီလ ။ ရှစ်ပါးသီလ မစောင့်ရင်တောင် ကိုယ်ချင်းစားတရားလေး လက်ကိုင်ထားရင် အားလုံးအတွက် ကောင်းမယ်ဗျ..

Leave a Reply