ရှမ်းရိုးရာ ဟင်းထုတ် easy cook

weiweiMarch 15, 20111min26721

 

ပါဝင်သောပစ္စည်းများ
ဟင်းထုတ်လုပ်ရန် အသင့်အနေအထား

အခုတလော သတ်သတ်လွတ်စားဖြစ်တာများတော့ စားစရာတွေကို ကြံဖန်လုပ်စားရင်း ဒီနေ့ လုပ်စားဖြစ်တာလေးကို မှတ်တမ်းတင်ထားလိုက်ပါတယ်။ ရှမ်းရိုးရာ ဟင်းထုတ်ပါ .. သတ်သတ်လွတ်ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁ဝ နှစ်ကျော်လောက်က ရှမ်းလူမျိုး သူငယ်ချင်းတစ်ယောက် လုပ်ကျွေးဖူးတာကို ပြန်စဉ်းစားပြီး အတတ်နိုင်ဆုံး တူအောင် လုပ်ထားပါတယ်။

ပါဝင်သော ပစ္စည်းများ

ကြက်သွန်မိတ်

ခရမ်းချဉ်သီး

ဂေါ်ဖီထုတ်

ယိုးဒယားမယ် အမှုန့် (သို့) ရှမ်းဆန်အမှုန့်

ဆီ၊ ဆား

ငှက်ပျောဖတ်

ပြုလုပ်ပုံအဆင့်ဆင့်

အနေတော်လှီးဖြတ်ထားသော ကြက်သွန်မိတ်၊ ဂေါ်ဖီနှင့် ခရမ်းချဉ်သီးကို ယိုးဒယားမယ်အမှု့န့် ဆား ဆီသင့်တော်သလိုထည့်ပြီး ရေအနည်းငယ်ထည့်ပြီး နှံ့အောင် မွှေရပါတယ်။ ထို့နောက် အနေတော်ဖြတ်ထားတဲ့ ငှက်ပျောရွက်ထဲမှာ ဂေါ်ဖီရွက်နဲနဲခံပြီး ထည့်ထုတ်ပါတယ်။ ထုတ်ပြီးသားအထုတ်များကို ပေါင်းအိုးဖြင့် နာရီဝက်ခန့် ပေါင်းပြီးပါက စားသုံးနိုင်ပါပြီ။

ဟင်းထုတ်အပေါ်တွင် ကြက်သွန်ဖြူဆီချက် အနဲငယ်ဖြူးပြီး စားပါက အနံ့မွှေးကြိုင်ပြီး အရသာရှိပါတယ်။

မနက်စာအဖြစ်လည်းကောင်း၊ နေ့လည်စာ ညနေစာ ထမင်းလွတ် စားနိုင်ပါတယ်။

လုပ်ရတာလွယ်ပြီး အနံ့အရသာဆန်းလို့ ဝါသနာပါသူများ လုပ်စားနိုင်ရင် တင်ပေးလိုက်ခြင်း ဖြစ်ပါတယ်။

 

21 comments

  • kuroko

    March 16, 2011 at 2:34 am

    ဝေဝေကိုယ်တိုင်တော့မကြိုးစားတော့ဘူး…ပို့စ်မှာ ဝေဝေတင်ပေးထားတာကိုပဲ စားလိုက်ပြီ…ပြီးတော့ ဝေဝေဘလော့ဂ်မှာ Register လုပ်ထားတာ မဝင်ခိုင်းချင်ဘူးလား…မေးလ်ပြန်မပို့ဘူးနော်….

    • ဆူး

      March 16, 2011 at 8:10 am

      မဝင်စေချင်တာ မဟုတ်ပါဘူး ဘာဖြစ်နေတာလည်းတော့ ဆူးတို့လည်း မပြောတတ်ဘူး။
      တနေ့တနေ့ စပန်ကွန်းမန့်တွေ ဝင်လိုက်တာ သောက်သောက်လည်း ဖြစ်နေတယ်။
      စိတ်တောင် ညစ်တယ်။ သိတဲ့လူကို မေးထားတယ်။ ပြင်ပြီးရင်တော့ အဆင်ပြေသွားမယ် ထင်တယ်။

  • bigcat

    March 16, 2011 at 2:49 am

    သာဓုဗျာ သာဓု သာဓု၊ ရွာထဲမှာ သဂျီးအကုသိုလ်တွေလုပ်တိုင်း ကျုပ်တို့ရွာသားတွေပဲ ကုသိုလ်နဲ့ သူ့အတွက် ပြန်ချေပေးနေရတာ… သဂျီးရေ သာဓုလေးပါလေး ခေါ်ပါအုံး အမျှ အမျှ အမျှ…
    ငှက်ပျောဖက်က ဒီမှာရှားတယ် ရလည်းဈေးကြီးမယ်ဗျ။ တခြားအစားထိုး ဘာနဲ့ပေါင်းရင်ကောင်းမလဲ။ ငှက်ပျောရွက်လိုပဲ မွှေးမွှေလေးနဲ့ အိအိလေး ထုပ်တားတာစားချင်တာ အန်တီဝေရေ…

  • weiwei

    March 16, 2011 at 2:54 am

    အရွက်တွေဝယ်ရခက်ရင်တော့ ကြွေပုဂံလုံးထဲထည့်ပြီး ပေါင်းစားလိုက်ရင်လဲဖြစ်မှာပါ …

    သတ်သတ်လွတ် ရှမ်းထမင်းချဉ်လုပ်စားပြီး တင်ပေးအုန်းမယ် … အဲဒါက ပိုလွယ်မယ် ..

  • dream

    March 16, 2011 at 4:23 am

    စားချင်စရာကြီး လုပ်စားကြည့်ဦးမယ်
    ကျေးဇူးပဲ ဝေဝေ 🙂

  • မိုက်ကယ်ဂျော်နီအောင်ပု

    March 16, 2011 at 4:27 am

    တစ်ခါတစ်လေတော့
    တောက်တီးတောက်တဲ့တွေ တွေးတောတတ်တယ်
    လူတွေအကုန်လုံး အသားတွေမစားကြရင်တော့
    ကိုယ်တစ်ယောက်တည်းတွက် ရိက္ခာတွေ ဖူလုံရချည်ရဲ ့လို ့
    လူတွေအကုန်လုံး ဘယ်တော့မှ သက်သတ်လွတ်စားကြမှာပါလိမ့်?????

  • dream

    March 16, 2011 at 5:18 am

    လူတွေအကုန်လုံး သက်သတ်လွတ်စားကြရင်
    အသားရောင်းတဲ့သူလဲရှိမှာ မဟုတ်တော့ဘူး
    အဲဒီအခါကျမှ မိုက်ကယ်ဂျော်နီအောင်ပု ဒူးလေးဆွဲပြီး အမဲလိုက်ထွက်နေရဦးမယ် 😛

    • ဆူး

      March 16, 2011 at 7:32 am

      ဒူးလေး ဆိုမှ တော့.. သားကောင် ပစ်ခါနီး ဒူးတွေ တုန်ပြီး လေးနေတာနဲ့ လွတ်ကုန်တော့မှာဘဲ။ ဟီးဟီး.. 😉

  • antimoe

    March 16, 2011 at 5:27 am

    ေြကြာင်ကြီးရေ..
    အံတီမိုးလဲ..ဂျပန်မှာတုန်းက..အပတ်တိုင်းပေါင်းစားဖြစ်တယ်။
    ကိတ်မုန့်ဖုတ်တဲ့တခါသုံး..အလူမီ..ခွက်လေးတွေနဲ့ နဲနဲစီ ထည့်ပေါင်းတာ။
    ဂျုံနဲနဲနဲ့..minced meat..ကြက်သွန်မိတ်၊ အရွက၊်ဆ၊ီ ..များများ..မာရင်စားမကောင်းပါ။

  • naywoonni

    March 16, 2011 at 7:15 am

    ပေါင်းအိုးဝယ်ဖို့ ပိုက်ပိုက်မရှိဘူး နက်ဖိုးနဲ့ကုန်နေလို့ 😛

  • weiwei

    March 16, 2011 at 7:23 am

    ကျွန်မလဲ ပေါင်းအိုး မရှိလို့ ထမင်းပေါင်းအိုးမှာ ပါတဲ့ ထမင်းနွှေးတဲ့ ဇကာပေါ်ပဲ တင်ပြီး အလွယ်တကူ ပေါင်းလိုက်ပါတယ် … 😛

  • ဆူး

    March 16, 2011 at 7:31 am

    ထမင်းပေါင်းအိုးဝယ်ဖို့ ပိုက်ပိုက် မရှိတဲ့ အဘနီ ရေ.. အိုးပုတ်ဆိုင်က မြေအိုးလေး ၃အိုးလောက် ဝယ်ပြီး အိုးထဲ ထည့်ပြီး ပေါင်းစားလိုက်ပေါ့… သေးသေး ကွေးကွေးနဲ့ အနီးစပ်ဆုံး ရတယ်။ အိုးပုတ် ခွက်ကလေးတွေဆို ဘယ်လောက်မှ ရှိမှာ မဟုတ်ဘူး။ ဆူး ငယ်ငယ်တုန်းကဆို အိုးပုတ်လုပ်တဲ့ ရုံနားသွားရင် ရုံပိုင်တွေက အလကား ထွက်ထွက်ပေးကြလို့ တခါမှ မဝယ်ရဘူး။ အိမ်မှာ သိမ်းထားတာ ခြင်းတောင်းကြီး တလုံး သူများပေးလိုက်တာ မကြာပေးဘူး။ အဘနီ လိုချင်ရင် ပြန်တောင်းပေးမယ်။

  • Gong Zhu

    March 16, 2011 at 7:47 am

    ကျေးဇုူးအများကြီးတင်ပါတယ် … အရမ်းကြိုက်တယ် … အောက်လမ်းမှာရောင်းတယ်လေ … တစ်ထုပ် ၇၀ဝ နည်းနည်းလေးပဲပါတယ် … ကိုယ့်ဘာသာလုပ်တော့များများစားလို့ရတာပေါ့ … ဒါပေမယ့် မကောင်းရင်မစားရဘူး လွှင့်ပစ်လိုက်ရမှာ … မြင်ယောင်နေတယ် …

  • onlinezz

    March 16, 2011 at 8:14 am

    ဟင်းထုတ်အရမ်းစားကောင်းတယ်။ခုလိုပြောပြတော့လည်း လွယ်လွယ်လေး ။ လုပ်ကြည့်အုန်းမယ် … 🙂

  • kai

    March 16, 2011 at 8:18 am

    ရန်ကုန်က ..အကောင်းဆုံးမုန့်ဟင်းခါးဆိုင် စာရင်းလေး ရေးပေးကြပါလားခင်ဗျ…။
    ကိုယ်ကြိုက်တာလေး.. ၃-၄ဆိုင်လောက်ချရေးပေးပါနော..။

    ယူအက်စ်ကို လည်လည်ဖိတ်ချင်လို့ပါ..။
    ဟင်းထုတ်ဆိုင်ကတော့ ..စာရင်းရပြီးသားပါ..။
    အမှတ်တရရှမ်းဆိုင်ဆိုလား..။ အောင်ဆန်းကွင်းက…

    • antimoe

      March 16, 2011 at 10:50 am

      သူကြီးရေ..
      အိမ်နားမှာ မြောင်းမြဒေါ်ချိုရှိတယ်။
      တလောကမှတီတွင်ထားတာ..ငါးအစို..မုန့်ဟင်းခါးထုပ်။
      တကယ့်မုန့်ဟင်းခါးအရသာ။
      သိပ်ကြာကြာတော့ မခံဘူး..ဆိုပဲ။

  • ဆူး

    March 16, 2011 at 8:59 am

    မုန့်ဟင်းခါး ကောင်းကောင်း ချက်နည်း မေးပြီး ကိုယ့်ဟာကိုသာ ချက်လိုက်ပါတော့လား။
    ဆိုင်တွေ တဆိုင်မှ စားကောင်းဘူး ကြိုက်လို့ ထပ်သွားစားရင် လက်ရာ မမှန်ဘူး။
    အကောင်းဆုံးက အလှူချက်ဘဲ။ ဟီးဟီး.. အလကားလည်း စားရတယ်။ ဟင်းရည်လည်း ပြစ်တယ်။ အလှူရှင် စေတနာ ကောင်းသလောက် ငါးများများ ထည့်ချက်တော့ ကောင်းမှ ကောင်းဘဲ။ မယုံရင် ကိုယ့်ဟာကို ချက်ကြည့်.. မုန့်ဖတ်ခြောက် အိတ်စပို့ လုပ်ပေးမယ်။

  • weiwei

    March 16, 2011 at 10:59 am

    ရန်ကုန်မှာ မုန့်ဟင်းခါးစားရတာ ဈေးကြီးသလောက် အရသာမကောင်းဘူး …
    အိမ်မှာအလွယ်တကူချက်စားတာကမှ ပိုစားကောင်းသေးတယ် …
    နောက်တစ်ခါ ချက်ဖြစ်ရင် မှတ်တမ်းတင်ထားပြီး ပို့စ်တင်ပေးမယ် …

  • ဆူး

    March 16, 2011 at 1:48 pm

    မဝေ ချက်တာ ကြည့်ပြီး ကြိုက်ရင် အင်ဗိုက်မယ် နော်။
    အိုးလေး မပြီး လာခဲ့ ဆူး အိမ်ကို… ဟီးဟီး..

  • Gong Zhu

    March 16, 2011 at 5:24 pm

    လုပ်ပြိီးရင် သမီးကိုလည်း ကျွေးဦးနော် … မမဝေဝေ ရှမ်းချက် ချက်တတ်လား … သမီးတို့နားမှာရောင်းတဲ့ ကြက်သားရှမ်းချက် အရမ်းစားလို့ကောင်းတယ် … ဘယ်လိုချက်တာလဲ သိရင် သင်ပေးပါဦးနော် … ဆရာတင်ပါတယ် …

Leave a Reply