အရက်နာကျသင်္ကြန်

မြန်မာသင်္ကြန်…..တစ်ခါပြန်နှစ်ဆန်းတော့မယ်

ဒီနှစ်လည်း…ဟိုလွန်ခဲ့တဲ့နှစ်လိုပဲ………

………………………………………

စင်ပေါ်မှာရေရွဲ……ရင်သားပြဲပြဲအင်္ကျီနဲ့မမတို့

သူတိုဟာပြုတ်ကျမတတ်….ခါလှုပ်လို့ဒန့်ကြတော့မယ်

စင်အောက်ကကိုကိုအပြဲတို့လည်း….ကျားလေးဆွဲပြီးကကြ(ကျား=အရက်)

အရက်နံတွေလည်းရမယ်….

အုပ်ဖွဲ့ကာလမ်းလျှောက်..အမှီးအမှောက်မတည့်တဲ့ဆံပင်ပုံစံ

တစ်ခြမ်းဝါ…တစ်ခြမ်းမဲနဲ့….သူတို့အဖွဲ့တွေလည်းကဲမယ်

ကားထဲကမမတို့ကို…..လက်အလိုသူတို့လိုက်

အရမ်းနှိုက်မယ့်ကောင်တွေလည်း…ရေစိုလို့ရွဲတဲ့အင်္ကျီစကိုသူတို့မကြည့်ကြတော့မယ်

ရေပက်ခံကားတွေထဲ..စုံတွဲတွေလည်းဖျစ်ညစ်

သူတို့ကိုယ်မှာလက်ရာတွေနဲဖြစ်တော့မယ်

စင်အောက်ထဲနဲ့..စင်တွေနောက်

မရှက်မကြောက်မရှိစုံတွဲ….သူတို့လည်းပွဲကြမ်း

အခြင်းခြင်းလက်သရမ်းကြတော့မယ်….

လမ်းကျယ်နဲ့..လမ်းသွယ်….ရပ်ကွက်တွေထဲမှာလည်း

အရက်ကွဲပြီးလမ်းလျှောက်…အမြီးအမှောက်မတည့်ဘဲ

အော်ချင်တာအော်….လမ်းပေါ်တွေ့သမျှအကုန်ဆဲ

သူတို့လည်းကဲမယ်….

အုန်းလက်နဲဆောက်တဲ့..တဲထဲ…

ကလေးတွေကဲပြီးကကြ….တိုက်မိလို့ရန်ဖြစ်ကြရင်

မိဘတွေပါ..ထချကြတယ်..

နောက်ဆုံးမှာတော့…..

ပေါ်တင်ကြီးနဲ..တိတ်တိတ်ရောင်း

လေးရက်ထဲနဲ့…စီးပွာရေးကောင်းတဲ့

အရက်ရောင်းတဲ့သူအပေါင်းချမ်းသာ

သင်္ကြန်မှာချမ်းတာပျောက်ဘို့…ဝယ်သောက်တဲအကိုအမ

အရက်နာကျကျန်ရစ်…တစ်ကယ်စိတ်ညစ်ဖို့ကောင်းတဲသင်္ကြန်

ဒီဟန်တွေပျောက်ပျောက်မပျောက်ပျောက်….စင်အောက်မှာဗုံးမပေါက်ရင်

ဒီနှစ်လဲ…..တစ်ခေါက်လောက်ကဲအုံးမယ်…..

 

 

 

4 comments

  • zawthulay

    March 19, 2011 at 10:31 am

    အရက်နာကျသင်္ကြန်ဆိုတာဟုတ်ပ … သင်္ကြန်ပြီးကျတာနဲ့အကုန်လုံးဆေးရုံရောက်တဲ့သူရောက်.. အိမ်မှာလဲနေတဲ့သူကလဲနေ..ရည်းစားနဲ့ကွဲကြပြဲကြနဲ့.. ရေပတ်တဲ့သင်္ကြန်လို့တောင်မပြောဘဲနဲ့ အရက်နဲ့ပက်တဲ့သင်္ကြန်လို့တောင်ပြောရမလားပဲ..

  • OQ23

    March 19, 2011 at 1:00 pm

    သင်္ကြန်ကတော့ပြောမနေပါနဲ့တကယ်ကိုကဲနေတာလူငယ်လူကြီး
    မကျန်ပေါ့။ဗုံးပေါက်တာမှနဲသေးလူငယ်တွေတော်တော်ဆိုးတယ်။
    မြင်နေတွေ့နေရတာ၊ကြားနေရတာတွေပေါ့။သင်္ကြန်ကတော့
    မြင်ကွင်းအဆိုးဆုံးပဲ၊သိအောင်ပြောရရင်အပြင်မှာမဖော်ရသမျှ
    သင်္ကြန်မှစုပြီးဖော်နေတာတွေပေါ့။

  • Gong Zhu

    March 20, 2011 at 5:10 pm

    ကဲကဲကဲ ဒီနှစ်သင်္ကြန် မဏာပ် ထိုင်ကြမှာလား … ဘာလုပ်ကြမှာလဲ …

  • nigimi77

    March 21, 2011 at 10:58 am

    ဟိန္ဒူ ဝါဒက ဆင်းသက်လာတဲ့ ဗြဟ္မာ့ဦးခေါင်း ခေါင်းဆေးပွဲဆိုရင်လဲ ဒို ့တွေက ဒို ့ မြန်မာ့ရိုးရာ သင်္ကြန်တဲ့…..။။
    တရုပ်ရိုးရာ နှစ်ကူးဆိုလဲ ဒို ့မြန်မာတွေ ပေါက်ဖော်ယောင်ဆောင်ရတာလဲ အမော…။
    ကရင်နှစ်ကူး ဆိုလဲ ပါးစပ်ဖျားမယ် နတ်စားမယ် ဝက်သားတွယ်မယ်ပေါ့….။
    မွတ်ဆလင် အိဒ်ဆိုရင်လဲ ကျောင်းတုန်းက ဆိုရင် သူငယ်ချင်းတွေက အားလုံး မွတ်ဆလင်တွေလို ့ ဆွေမျိုးစပ်ပေါ့…။
    ခရစ်စမတ်ဆိုရင်တော့ ဒို ့မြန်မာတွေ ခရစ်ယာန် ဘာသာဝင်တွေရဲ ့တောထဲမှာ ဂစ်တာလေး တစ်ကိုင်ကိုင်နဲ ့ အာမင် လို ့ အော်ကြပေါ့….။

    အရောင်ပြောင်းလို ့ရတာ တိရိစ္ဆာန်မှာ ပုတ်သင်၊ လူမျိုးမှာ မြန်မာ ထင်ပါ့။

    အုတ် ရောရော ကျောက်ရောရော ဟိုယိမ်းယိမ်း ဒီယိမ်းယိမ်း အယူတိမ်းတဲ့ ဒို ့မြန်မာ နတ်စိမ်းတွေ…။

    နေစမ်းပါဗျာ… ကျုပ်ဟာကျုပ် ဂူထဲမှာပဲ ရှောပုတ်ပြီး တရားအားထုတ်လိုက်ဦးမယ်။

    အိုဘဲ့ ငါ့ရှင် မူးရင်မူးတယ်မှတ်။

Leave a Reply