Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ပျက်စီးခြင်းအကြောင်းများ

bigbirdMarch 19, 20111min3117

အလိမ္မာနည်းခြင်း။
တရားကိုမုန်းခြင်း။
သူယုတ်သူမိုက်ကို ချစ်လေ့ရှိခြင်း။
ပညာရှိသူတော်ကောင်းကို မချစ်ခင်။
သူယုတ်သူမိုက်တို့၏ တရားစကားကို နှစ်သက်၏။

အအိပ်စုံမက်ခြင်း။
ပွဲလမ်းသဘင် လိုက်စားခြင်း။
ထကြွလုံ့လ မရှိခြင်း။
ပျင်းရိထိုင်းမှိုင်းခြင်း။
အမျက်တံခွန်ထောင်ခြင်း။
အရွယ်လွန်၍ အိုမင်းသော မိဘကို
ကွေ၊းမွေးနိုင်သော အစွမ်းရှိပါလျက်
မပြုစု မကျွေးမွေးခြင်း။
ရဟန်းတော်အရှင်မြတ်များနှင့်
တောင်းစားသူတို့အား
မဟုတ်မမှန်ပြောကြား၍ လိမ်လည်ခြင်း။
ပစ္စည်းဘဏ္ဍာ ချိုချဉ်ရသာ ပေါများပါလျက်
သူတစ်ပါးတို့ကို သတိမရ မဝေငှပဲ
တစ်ကိုယ်တည်း စားသောက်ခြင်း။
အမျိုးမာန် အနွယ်မာန်ဖြင့် ခက်ထန်ခြင်း၊
ပစ္စည်းမာန်ဖြင့် ခက်ထန်ခြင်း၊
မာန်ခက်ထန်၍ မိမိအမျိုးကိုပင် မထေမဲ့မြင်ပြုခြင်း။
မိန်းမလိုက်စားခြင်း၊။
အရက်သောက်သုံးခြင်း၊။
လောင်းကစားကြူးခြင်း။
ကိုယ့်မယားစည်းစိမ်ဖြင့် တင်းတိမ်ခြင်းမရှိဘဲ
ပြည့်တန်ဆာမနှင့် သူတစ်ပါးမယား၌ လိုက်စားလွန်ခြင်း။
အသက်ကြီးမှ တဏှာထ၍
သမီးအရွယ်ကို ဇနီးမယားနှယ် လက်ထပ်ပြီးမှ
စိတ်မချ၍ စားမဝင် အိပ်မပျော် ဖြစ်ရခြင်း။
သောက်စားပျော်ပါးကြူး၍ ပိုက်ထုပ်သိမ်းဆည်းခြင်းမရှိ ဖရိုဖရဲဖြန့်ကြဲတတ်သော မိန်းမကိုသော်၎င်း ယောက်ျား ကိုသော်၎င်း၊ အိမ်၌ဖြစ်စေ တစ်စုံတစ်ခုသော အလုပ်အကိုင်၌ဖြစ်စေ အသင်းအပင်း၌ဖြစ်စေ အကြီးကကဲ ဥက္ကဌ အဖြစ်ခန့်ထားခြင်း။
ဥစ္စာစည်းစိမ် မရှိပါဘဲလျက် အလိုကြီးခြင်း။၊
ဥစ္စာစည်းစိမ် ဂုဏ်သိမ်တန်ခိုး မရှိဘဲလျက်
မင်းအဖြစ်ကို တောင့်တခြင်း။
လောက၌ ဖြူစင်ကောင်းမြတ်၍ ဉာဏ်အမြင်နှင့် ပြည့်စုံသော ပညာရှိသည် ဤပျက်စီးဆုတ်ယုတ်ကြောင်း တရားတို့ကို ကောင်းစွာရှုဆင်ခြင်၍ ရှောင်ရှားနိုင်သော ကြောင့် ယခုဘဝမှာလည်းကြီးပွားချမ်းသာ နောင်ဘဝ မှာလည်း အေးမြချမ်းသာသော နတ်ပြည်လောက၌ ဖြစ် ကြရလေတော့သတည်း။

7 comments

  • naywoonni

    March 20, 2011 at 10:44 am

    ငှက်ကြီးတို့ ငါ့စောင်းပြောနေပြီ လစ်မှ…………

  • ဆူး

    March 20, 2011 at 2:34 pm

    ကိုငှက်ကြီးရေ.. ပိုစ်နဲ့တော့ မဆိုင်ဘူး။
    ဘုရားပုံတင်ရင် သင်္ကန်းကို လုံခြုံစွာ ဝတ်ရုံထားတဲ့ ဘုရားဆင်းတုပုံမျိုး တင်ရင် ပိုကောင်းလေမလားလို့။
    ကန်တော့ပါရဲ့.. နို့သီးခေါင်းပေါ်နေတဲ့ ဘုရားပုံတွေက မဟာယန တွေ တီထွင်ပြီး ကိုးကွယ်ကြတဲ့ ပုံမျိုး ဖြစ်ပြီး ထေရဝါဒ ဘုရားစစ်စစ်က အဲလို တခု ထွက် ၂ခု ထွက် မဖြစ်ဘူး။ အနီးစပ်ဆုံး ထေရဝါဒ ရဟန်းများ သင်္ကန်းရုံပုံကိုသာ လေ့လာကြည့်ရင် ဘုရား သင်္ကန်းရုံတဲ့ ပုံစံကို သိနိုင်မယ် ထင်ပါတယ်။
    ဘုရားကိုသာ စိတ်နဲ့ ဘုရားလို့ မှန်းပြီး ကိုးကွယ်နေယုံနဲ့ ကုသိုလ်ကတော့ ရပါတယ်။

    • bigbird

      March 20, 2011 at 2:44 pm

      အင်း.သတိမထားမိလို့အန်တီဆူးရေ..နောက်ခါသတိထားပါ့မယ်။ဒါပေမယ့်-
      အဲ့ဒီလောက်ကြီးလဲ အယူမသည်းသင့်ဘူးလာလို့။ဘုရားရဲ့ဂုဏ်တော်တွေကို
      ကြည်ညိုနေရင်ပြီးတာပဲမဟုတ်လား။ပုံတော်က အရေးမကြီးဘူးထင်ပါတယ်နော်။

  • ဆူး

    March 20, 2011 at 3:53 pm

    အယူသည်းလို့ ပြောတာ မဟုတ်ပါဘူး။ သတိထားလေ့လာ မိတာလေးတွေကို ဗဟုသုတ အနေနဲ့ ထုတ်ပြီး ပြောခြင်းဖြစ်ပါသည်။ အယူဝါဒ လွမ်းမိုးမှု အနေနဲ့ သတိထားမိအောင် ပုံ အကြောင်း သိတာလေး ပြောပြတာပါ။ ဘုရားကို ဘုရားလို့ဘဲ သဘောထား ကန်တော့ပါတယ်။
    ဒါနဲ့ စကားမစပ် ယိုးဒယား က ထုတဲ့ ဘုရားတွေက ခေါင်းတော်မှာ စေတီပုံတွေ ပါကြတယ်။ အဲဒီ အစက ဗေဒင် ဆရာတွေက စတယ်လို့ ပြောတာ ကြားဘူးတယ်။ ဘုရားဆိုတာ လူသား စင်စစ် ဖြစ်တဲ့ အတွက် ခေါင်း ချွန်ထွက်မနေပါဘူး။

  • Gong Zhu

    March 20, 2011 at 4:58 pm

    ပစ္စည်းဘဏ္ဍာ ချိုချဉ်ရသာ ပေါများပါလျက်
    သူတစ်ပါးတို့ကို သတိမရ မဝေငှပဲ
    တစ်ကိုယ်တည်း စားသောက်ခြင်း။ … အဲ့ဒါတွေ့လို့ သတိရလို့ပါ ဘာမှ မဆိုင်ပါဘူး … သီလရှင်ဝတ်တော့ တရားစခန်း ၁ဝ ရက်ဝင်ပါတယ် … အဲ့ဒီမှာ စုစုပေါင် း အဖွါးအိုတွေရယ် အသက် ၅ဝ ကျော်တွေများပါတယ် ယောက်22ယောက်ရှိတယ် … သမီးက အငယ်ဆုံးပေါ့ … အဲ့ဒီမှာ နေ့လည်ဆို ပူတင်းပေါင်မုန့် ရက်တိုင်းလိုလိုကျွေးဖြစ်တယ် … ညဆို သကြားလုံး ကျွေးလိုက် အအေးတိုက်လိုက် နေ့တိုင်းပဲ ကိုယ်တောင်မစားဘူး .. သကြားလုံးဆို တစ်လုံးမှ မစားလိုက်ရဘူး ကျွေးတာ … အဲ့ဒါကို အခန်းမျက်စောင်းထိုး နှစ်ခန်းက မိန်းမကြီးနှစ်ယောက်က အသက် ၆ဝ နဲ့ ၅ဝ ကျော်ပါပြီ … တရားမမှတ်ပဲ အရေးမပါတာတွေလုပ်နေတယ်ဆိုပြီး အတင်းလိုက်ပြောတယ် … သူတို့လည်း အချိန်ပြည့်မှတ်နေကြတာမဟုတ်ဘူး စကားထိုင်ပြောကြတာပါပဲ … သူတို့ကဘာတွေ မကျေမနပ်ဖြစ်တာလဲ မသိဘူး ယောဂီထိန်းတွေကိုပါသွားတိုင်သေးတာ … ပြောချင်တာကတော့ တရားစခန်းဝင်ပြီး မေတ်တာ မပွါးပဲ ဝမ်းတွင်းပုပ်တဲ့သူတွေ တွေ့ဖူးတယ်လို့ပြောတာပါ …

  • ဆူး

    March 20, 2011 at 5:08 pm

    မဆူး တရာစခန်း ဝင်တုန်းက ယောဂီ လုပ်ပြီး စိတ်ကသိကအောင် ဖြစ်ရတာ ရှိသေးတယ်။ ထမင်းစားတာ အမှတ်နဲ့ စားနေတာ အသက်က အငယ်ဆုံး ဆိုပေမဲ့ တရားဝင်တဲ့ နေရာမှာ တန်းတူဘဲဟာကို အသက်ကြီးတဲ့လူ တယောက် ထမင်းကုန်ခါနီးတိုင်း မျက်စပြစ်ပြနေတယ်.. ထမင်းအိုးလေး ကမ်းပေးဖို့.. အိမ်ကို လာတဲ့ ဧည့်သည် ဧည့်ခံနေတာမှ မဟုတ်တာ။ အဲဒီလို ကိုယ်တိုင် အမှတ်မရှိ သူများ အမှတ်ပျက်အောင် လုပ်တဲ့ အဒေါ်ကြီးတွေ လည်း တွေ့ဘူးတယ်။

  • maungmoenyo

    March 20, 2011 at 11:59 pm

    ငယ်စဉ်သာမကကြီးမှမိုက်တဲ့ “ကြီးမိုက်”ကြီးတွေလဲကြုံးဘူးပါရဲ့။ ငယ်တုံးမိုက်တာမို့ခွင့်လွှတ်နိုင်ပေမဲ့၊ ကြီးတဲ့သူကျတော့ပြောရခက်သားကလား။ ရိပ်သာ၊ တရားစခမ်းစတဲ့ တရားနဲ့မွေ့လျော်သင့်တဲ့အရပ်မှာတရားဘာသာကိုအဓိကထားရမဲ့အစား၊ အတင်းအဖျင်းများနဲ့ “ရိပ်သာ” ဆယ်ထပ်သာမက အထပ်ပေါင်းများစွာပြန်တွေရဲ့ သိမ်ဖျင်းတဲ့ လုပ်ရပ်တွေဟာ နေရာအနှံ့ပါဘဲ။ မြန်မာနိုင်ငံမှာမို့ထားတော့၊ ပြည်ပနိုင်ငံတွေမှာတောင်၊ ဂုဏ်တုဂုဏ်ပြိုင်၊ အတင်းအဖျင်းပြောတဲ့ကိစ္စတွေက နိုင်ငံတကာမှာတောင်ပြန့်နှံ့နေပါပြီ။ ဗုဒ္ဓအယူဝါဒပြန်နှံ့ရမဲ့အစား၊ သားသမီးချင်း၊ သူတပါးပျက်စီးရာကိုမြိန်ရေရှက်ရေအရသာခံပြောရ၊ ဂုဏ်ခြင်းပြိုင်ကြတဲ့ “ပြိုင်” စံရှားသာသနာကတော့ထွန်းကားနေတာအမှန်ပါ။
    ဗုဒ္ဓရဲ့နက်နဲလှတဲ့အဘိဓမ္မာကိုဆွေးနွေးအမြင်ဖလှယ်ကြ၊ ဗယုသုတ ဖလှယ်စရာတွေများစွာရှိပေမဲ့လဲ၊ ဒီကိစ္စတွေထက်၊ ပြောခဲ့တဲ့ ပြိုင်စံရှားကိစ္စတွေက ပိုဦးစားပေးနေရတော့၊ ကုသိုလ်တပဲ ငရဲတပိဿာနဲ့ တရားစခမ်းကအိမ်ပြန်ကြတာများပါတယ်။ ဒါပေမဲ့အံ့ဩစရာကောင်းတာက အဲ့ဒီပုဂ္ဂိုလ်အထီးအမအပေါင်းတို့ကပဲ၊ လူကြားထဲမှာ သူတို့ကဘဲဘုးရားရိပ်တရားရိပ်နဲ့အနီးဆုံးဖြစ်သယောင်ယောင်နဲ့ ကျန်အရိယာစစ်တွေကိုတောင်လက်ညှိုးထိုးပြီး ဘုန်းကြီးကျောင်းသွားကြဘို့၊ ရိပ်သာဝင်ကြဘို့အပြစ်တင်ဖို့နေကြတာတွေ လုပ်နေကြတာမယုံနိုင်လောက်စရာပါဘဲ။

Leave a Reply