တသိန်းပြည့်ပြီ…

ဦးကောက်March 23, 20112min16412

တစ်သိန်းပြည့်ပြီ

 

 

 

၂၁.၃.၂၀၁၁ (တနင်္လာနေ့) နံနက် (၈းဝ၀) နာရီတွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ဈာပနလမ်းကြောင်းလက်ခံရာ ရုံးခန်းတွင် ဝန်ထမ်းများ၊ အသင်းသူ/သားများ၊ ဝတ်ရွတ်အဖွဲ့၊ ဓါတ်ပုံပညာရှင်များတို့သည် တယ်လီဖုန်းမြည်သံကိုနားစွင့်နေကြသည်။ နံနက် (၉းဝ၀) နာရီအချိန်တွင် မြောက်ဒဂုံမြို့နယ်၊ ၄၉ ရပ်ကွက်၊ ငုဝါမြိုင်(၁)လမ်းနေဦးချစ်ဟန် အသက် (၇၈) နှစ်၏ နာရေးလမ်းကြောင်းအကူအညီတောင်းခံလာခဲ့သည်။ဦးချစ်ဟန် အသက် (၇၈) နှစ်သည် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ နာရေးကူညီမှုပေါင်း (၁) သိန်းတိတိပြည့်သောနာရေးလမ်းကြောင်းပင် ဖြစ်တော့သည်။

 

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဈာပနအဖွဲ့၊ မော်တော်ယာဉ်အဖွဲ့၊ ဓါတ်ပုံပညာရှင်အဖွဲ့တို့သည် မိမိတို့ ထမ်းဆောင်ရမည့် တာဝန်ဝတ္တရားများအတိုင်း လုပ်ဆောင်ကြပြီးသည့်နောက် သုခအာဟာရစားသောက်ဆိုင်တွင် နံနက်စာထမင်းသုံးဆောင်ပြီးမွန်းလွဲ (၁၂းဝ၀) နာရီအချိန်တွင် ကွယ်လွန်သူဦးချစ်ဟန်၏ နေအိမ်သို့ သွားရောက်၍ ကူညီဖေးမမှုများပြုလုပ်ရန် အသင့်အနေအထား ဖြစ်နေသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်) ဘဏ္ဍာရေးမှူး ဒေါ်ရွှေဇီးကွက် ဦးဆောင်၍ အလုပ်အမှုဆောင်၊ အရံအမှုဆောင် အမျိုးသမီးတို့မှ နိဗ္ဗာန်ယာဉ်ပေါ်ရှိ နိုင်ငံခြားမှ လှူဒါန်းထားသည့်အခေါင်းအားနာရေးနေအိမ် ကိုက် (၂၀၀) အကွာအဝေးသို့ သယ်ဆောင်ခဲ့ကြပြီးနေအိမ်အတွင်းသို့ အသင်းသားများမှလက်ဆင့်ကမ်းထပ်မံသယ်ဆောင်ခဲ့ကြသည်။ ကွယ်လွန်သူဦးချစ်ဟန်သည် ငုဝါမြိုင်(၁)လမ်းရှိ တဲအိမ်လေးတွင် ဇနီးနှင့် နှစ်ဦးတည်းသာနေထိုင်ပြီး အဆုတ်ဝေဒနာအား ဇနီးဖြစ်သူမှ ကုသပြုစုပေးနေရသောသူတစ်ဦးဖြစ်သည်။ ဦးချစ်ဟန်၏ ရုပ်အလောင်းအားအခေါင်းထဲသို့ထည့်ပြီးနာရေးနေအိမ်အပြင်တွင် အခေါင်းတင်ဆောင်ရန် စတီးထောင့်ခုံပေါ်သို့ လက်ဆင့်ကမ်း ပြန်လည်သယ်ဆောင်ပြီးအကျႋီအဝတ်အစား၊ ဖိနပ်၊ ပန်း၊ ထမင်းထုတ် ထည့်သွင်းပြီးနောက် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌဦးကျော်သူမှ ကျန်ရစ်သူဇနီးနှင့် မိသားစုတို့ ရက်လည်ဆွမ်းကျွေးရန်အတွက် သင်္ကန်းပရိက္ခရာနှင့် အသင်းသူ/သားတို့၏ ချွေးနဲစာဖြင့် လှူဒါန်းထားသောအလှူငွေ (၃၇၀၀၀၀/-) ကျပ်တို့ ပေးအပ်လှူဒါန်းခဲ့ပါသည်။

ဦးကျော်သူဦးဆောင်၍ နိဗ္ဗာန်ယာဉ်ပေါ်သို့ ကွယ်လွန်သူ၏ ရုပ်အလောင်းအားအလုပ်အမှု ဆောင်၊ အရံအမှုဆောင် အမျိုးသားများတို့မှ သယ်ဆောင်ပြီး ရေဝေးသုဿန်သို့ ပို့ဆောင်မီးသင်္ဂြိုလ် ပေးခဲ့ပါသည်။

 

ယင်းနာရေးကူညီမှု (၁) သိန်းပြည့်အခမ်းအနားတွင် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ နိုင်ငံခြားအခေါင်းဖြင့် မီးသင်္ဂြိုလ်ပေးခြင်း၊ ကွယ်လွန်သူအသက် (၈၀) ကျော်တို့အားကူညီပေးသောအထူးနိဗ္ဗာန်ယာဉ်ဖြင့် ကူညီပေးခြင်း၊ ဝတ်ရွတ်အဖွဲ့ဖြင့် ကုသိုလ်ယူမေတ္တာပို့ အမျှပေးဝေခြင်း၊ ယပ်တောင်၊ ဆပ်ပြာ၊ ရေသန့်ဗူးတို့ နာရေးပို့ဆောင်သူတို့အား ဝေငှပေးခြင်း၊ နာရေးပို့ဆောင်သူတို့ လိုက်ပါစီးနင်းရန်အတွက် BM မော်တော်ယာဉ် (၁၀) စီးကူညီပေးခြင်း၊ ရက်လည်ဆွမ်းကပ်ရန် သင်္ကန်းပရိက္ခရာနှင့် အလှူငွေ (၃၇၀၀၀၀/-) ကျပ် လှူဒါန်းပေးခြင်း၊ အသင်းသူ/သားပေါင်း (၁၀၀) ဦးရေကျော်ဖြင့် ဝိုင်းဝန်းကူညီဖေးမ ပို့ဆောင်ပေးခြင်း၊ ပြင်ပဓါတ်ပုံပညာရှင် (၄၈) ဦးတို့မှ မှတ်တမ်းတင်ဓါတ်ပုံများအားကုသိုလ်ဖြစ်သက်စွန့်ဆံဖျားလာရောက်ရိုက်ကူးပေးခြင်းစသည့် ထူးခြားမှုများနှင့် အတူကွယ်လွန်သူဦးချစ်ဟန်တစ်ယောက်သည်လည်းမိမိ၏ ဘဝကူးပြောင်းသည့် အချိန်ကာလတွင် ဤကဲ့သို့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ စည်ကားသိုက်မြိုက်စွာ လှူဒါန်းကူညီဖေးမသင်္ဂြိုလ် ပေးမည်ဟု ကြိုတင်၍ သိရမည်မဟုတ်ပေ။

 

 

“ကြိုမသိရ၊ ဤငါးဝ”

သက်တမ်းရှည်ရာ၊ ကြိုတင်ကာ၊ သူငါမသိနိုင်။

သေမည့်ရောဂါ၊ ကြိုတင်ကာ၊ သူငါမသိနိုင်။

သေမည့်ချိန်ခါ၊ ကြိုတင်ကာ၊ သူငါမသိနိုင်။

သင်္ချိုင်းနေရာ၊ ကြိုတင်ကာ၊ သူငါမသိနိုင်။

ဂတိလားရာ၊ ကြိုတင်ကာ၊ သူငါမသိနိုင်။

(ကျေးဇူးရှင်မဟာဗောဓိမြိုင်ဆရာတော်)

 

 

facebook ကိုကျော်သူ ဆိုက်မှကူးယူဖော်ပြသည်။

12 comments

  • moethidasoe

    March 23, 2011 at 3:42 am

    သာဓု ခေါ်ပါတယ်
    အယူစွဲနေကြတဲ့ ပြည်သူအများကို အပြုအမူကောင်းတွေ ပြသပေးနေတဲ့ ကိုကျော်သူနဲ့ အဖွဲ့
    ကျန်းမာချမ်းသာစွာနဲ့ ဆက်လက် အကျိုးဆောင်နိုင်ကြပါစေ

  • char too lan

    March 23, 2011 at 6:28 am

    2009 ခုနှစ် တစ်သောင်းပြည့်တုန်းက အဘွားတစ်ယောက်ကိုလဲ သေသေချာချာလုပ်ပေးတယ် အလှူငွေ ၁၀၀၀၀ဝ (မသေချာ) ကိုလဲပြန်လှူပေးတယ် ဒီလောက်တော့မခမ်းနားဘူး သာဓု သာဓု သာဓု ပါဗျာ………..

  • kai

    March 23, 2011 at 8:49 am

    ကြည့်ရတာ… နိုဗယ်ဆုအတွက် ဝိုင်းထောက်ခံပေးဖို့ကောင်းနေပြီ..။
    ကိုကျော်သူတို့မှာ … သတင်းထုတ်ပြန်ရေးဌာနစံနစ်တကျဖွဲ ့ပြီး အင်္ဂလိပ်လို… စာစောင်တွေပါထုတ်သင့်နေပြီ..။
    နိုင်ငံခြား သတင်းဌာနတွေမှာ … သတင်းပါလာအောင်.. အင်္ဂလိပ်လိုသတင်းတွေပို့ပေးသင့်တယ်..။

  • bigbird

    March 23, 2011 at 9:24 am

    သာဓု.သာဓု.သာဓု။
    ကိုကျော်သူနှင့်အဖွဲ့သားအားလုံး အများပြည်သူအကျိုး ဆထက်တပိုး ပို၍ထမ်း
    ဆောင်နိုင်ပါစေဗျား။

  • antimoe

    March 23, 2011 at 3:30 pm

    သေသောသူသည် သုဿာန်သို့ သက်သက်သာသာ သွားသင့်သည်။
    နယ်ကနေရန်ကုန်မှာ..ဆေးလာကုကြတဲ့..ဆွေမျိုးမိတ်ဆွေတွေရဲ့ နောက်ဆုံးခရီးက..အင်မတန်…ချောမော၊သက်သာ၊လှပစွာ..ပြီးဆုံးသွားတယ်။
    အတိုင်းမသိ..ကျေးဇူးကြီးလှပါပေ့။
    ကိုကျော်(သူ)ကို ကောင်းကင်က.. ကောင်းကောင်း..ကြိုကြ(မည်)။

    • bigcat

      March 24, 2011 at 2:37 am

      ကိုကြောင်ကြီးက ကိုကျော်(သူ)ကို ကြက်ကင်ကြီးကျွေးကာ ကောင်းကင်က ကောင်းကောင်းကြိုကြောင်း ကုန်းကျူ (Gong Zhu)ကို ကျန်ကျောင်းကကြိုက်ကြောင်း

  • ဆူး

    March 26, 2011 at 5:14 pm

    လူတိုင်း မလုပ်နိုင်တဲ့ အလုပ်ကို စေတနာ ပါပါ လုပ်နေကြတာ တကယ်ချီးကျူးစရာပါဘဲ။
    ၁သိန်းပြည့်ပြီ ဆိုတော့ သေသွားတဲ့ လူတွေကို အဆင်ပြေအောင် လုပ်ပေးလိုက်တာ မနည်းဘူးနော်။
    ဦးကျော်သူလည်း တရားစစ် တရားမှန် လမ်းကြောင်းအမှန်ကို အမြန်ရှာတွေ့ပါစေ။

  • ငှက်ကြီး

    March 27, 2011 at 5:36 am

    လမ်းကြောင်းအမှန်ကိုအမြန်ရှာတွေပါစေဆိုတော့…
    အခု..ကိုကျော်သူက လမ်းကြောင်းမှားနေတယ်လို့ဆိုလိုတာလားအန်တီဆူးရေ..

  • zaw min

    March 27, 2011 at 5:38 am

    ဒီတစ်သိန်းမှာငါမပါပေမယ့်၊တစ်နေ့နေ့တော့ ငါတို့အလှည့်လဲရောက်လာတော့မယ်။ကျေးဇူးရှင်မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးရဲ့ ကြိုမသိရ၊ဤငါးဝ ဆိုတဲ့လင်္ကာလေးအတိုင်း သတိနဲ့အမြဲ သံဝေဂ ရစေပါတယ်။
    သာဓုခေါ်နေမဲ့အစား ကျွန်တော်တို့လည်း မိမိတို့တတ်နိုင်သည့်ဘက်မှဝိုင်းဝန်းကူညီကြမယ်ဆိုရင်ပိုပြီးတော့ အဓိပ္ပါယ်ရှိလာမယ်လို့ထင်မိပါတယ်။

  • ငှက်ကြီး

    March 27, 2011 at 5:49 am

    မှန်ပါတယ်ခင်ဗျာ..အားလုံးတက်နိုင်တဲ့ဘက်က ဝိုင်းဝန်းကူညီကြပါ။
    ကျွန်တော်လဲ အခွင့်အရေးပေးရင် လူကိုယ်တိုင်သွားရောက်လုပ်အားပေးဖို့ဆုံးဖြတ်ထားပါတယ်။
    တစ်နေ့မဖြစ်ဖြစ်အောင်သွားမှာပါ။သန္တိဌါန် ချထားပြီးပါပြီး။

  • မိုက်ကယ်ဂျော်နီအောင်ပု

    March 27, 2011 at 6:03 am

    တစ်မျိုးပြန်တွေးကြည့်လိုက်တော့လည်း
    လူတစ်သိန်း သေသွားပြီပေါ့ဗျာ
    ကိုယ်လည်းတစ်နေ ့သေဦးမှာပါလား
    မသေခင်
    မသေဆေးရှာဦးမှ
    ဒက်ဂလောက်
    ဒက်ဂလောက်

  • zaw min

    March 27, 2011 at 12:21 pm

    ကိုခိုင်ပြောသလို ဦးကျော်သူတို့အဖွဲ့ကို သတင်းနဲ့ပြန်ကြားရေး သေသေချာချာဖွဲ့ဖို့ မပြောနဲ့ အခုတောင် န.အ.ဖ က မျက်စီစပါးမွှေးတော်တော်စူးနေတာ။ယခုကြံ့ ဖွတ် ကလည်းနာရေးကူညီမူအသင်းထောင်နေပီလေ။

Leave a Reply