ကလေးတုန်းကလို

ကျနော် သူငယ်ချင်းတို့ကို ပြောပြချင်တဲ့ အကြောင်းအရာ လေးတစ်ခုရှိတယ်။
အဲဒါဘာလဲ ဆိုတော့ ကျနော် တို့ရဲ့ အချစ် အကြောင်း
ငယ်ငယ် လေးထဲက သင်ယူ လာကြတဲ့ အချစ် အကြောင်း
ကလေးဘဝကစပြီး လူကြီးမိဘ တွေ အဖိုးအဖွားတွေ ဦးဦးဒေါ်ဒေါ် တွေ အားလုံးက ချစ်တက်အောင်သင်ပေးကြပါတယ။်
ဖေဖေ ကိုချစ် လား၊ မေမေ ကိုချစ် လား၊ ဖိုးဖိုးကိုချစ်လား၊ ဖွားဖွားကို ချစ်လား၊ ဦးဦး ကို ချစ်လား၊ တီတီ ကို ချစ်လား ဆိုပြီး မေးလေ့ရှိပါတယ်။
ဒါပြင် ခင်မင်ရင်းနှီးတဲ့ ဦးလေး တချို့ ဆိုရင် သူတို့ အပြင်သွားရင်ခေါ်သွားပါတယ် ပြီးတော့ ချောတဲ့ ကောင်မလေးတွေ ကို ချစ်တယ်လို့ ပြော ခိုင်းပါတယ်။ ကလေးဆိုတော့ ပြောလိုက်တာဘဲ။ အဆင်ပြေပါတယ်။
တခါ သင်္ကြန်မှာ ဦးလေးက ကျနော်ကို သူတို့ အဖွဲ့ နဲ့လည်ဖို့ ခေါ်သွားပါတယ်။ ဦးလေးက လဲ ကျနော်ကို သူ့ကားပေါ်က ကောင်မလေးတွေအားလုံးကို ချစ်တယ် လို့ပြောခိုင်းပါတယ်။ ကျနော် လဲ တစ်ယောက်မကျန် အားလုံးကို ချစ်တယ်လို့ လိုက်ပြောပါတယ်။ အဲတော့ အားလုံးက ကျနော်ကို ဝိုင်းနမ်းတာပေါ့
ငယ်တုန်းက ချစ်တယ်လိုကပြောလိုက်ရင် ကောင်းမလေးတွေ သဘောကျ လို့ ပြုံးသွားတာဘဲ။
အဖိုးတွေ အဖွားတွေ ဆိုရင် သူတို့ အချစ် ခံ ချင်လိုက်ကြတာ ၊ သူတို့ကို ချစ်တယ် လို့ ပြော လိုက်ရင် ကျေနပ်လို့ သဘောတွေကျလို့ နေပါတယ်။
ဒါကို သိတဲ့ကျနော် က အဖိုးတွေ အဖွားတွေကို စိတ်ဆိုးတဲ့ အခါကျရင် အဖိုးကို မချစ်တော့ဘူး ၊ အဖွားကို မချစ်တော့ဘူး ဆိုပြီး လုပ်ခဲ့ပါသေးတယ်။
တစ်ခုခုလောက်ပူဆာချင်ရင်တော့ အဖိုးကို အရမ်းချစ်တာ အဖွားကို အရမ်းချစ်တာ။ ဆိုပြီးကပ်ချွဲ လိုက်တာဘဲ။
မှတ်မိသေးပါတယ် ငယ်ငယ်တုန်းက ပါဝါရိမ်းဂျား ခွေကြည့်ချင်ရင် အဖိုးကို ပူဆာမှရတာပါ။
အဲလိုအချိန်ဆိုရင် အဖိုးကို အရမ်းချစ်ပြရပါတယ်။
ငယ်ငယ်တုန်းက ချစ်တယ်လို့ ပြောလိုက်ရင် အပြောခံရသူတိုင်းကျေနပ်ကြပါတယ်။ သဘောကျကြတယ်။ ပူဆာတာ ပေးတယ်။ ပြန်ပြီးချစ်ကြတယ်။ အဲတုန်းက ချစ်တယ် ဆိုတာ တော်တော်တန်ဖိုးရှိပါတယ်။
အသက်တွေ ကြီးလာတဲ့ အခါမှာ တဖြည်းဖြည်း နဲ့ ချစ်တတ်တဲ့ စိတ် က နည်းနည်းလာပါတယ်။
မိသားစုသံယောဇဉ်က လွဲ လို့ သူများကို ချစ်ဖို့ ဆိုတာ တော်တော် ခက်ခဲ တဲ့အရာ ဖြစ်လာပါတယ်။
ဘာကြောင့်လဲ မသိ၊ ရှက်တက်လာလို့လား
ငယ်ငယ်တုန်းကလို ချစ်တက်ဖို့ ဆိုတာ အလွန်ခဲယဉ်း နေပါပြီ။
ငယ်ငယ်တုန်းက လို ချစ်တယ် လို့ ပြော လိုက်ရင် အပြော ခံရတဲ့သူ က ကျေနပ်ပြီး သဘော တွေကျ နေဦးမယ် ၊ပြန်ချစ်မယ် ၊ ပူဆာ တာပေးနေဦးမယ် ဆိုရင် ….

5 comments

  • bigcat

    March 23, 2011 at 2:17 am

    ကြောင်ကြီးကိုတော့လာမခြစ်နဲ့ ပြန်ကုတ်မှာနော်….

  • Gong Zhu

    March 23, 2011 at 6:43 am

    ပူဆာချင်ရင် ချစ်တယ်လို့ အရင်ပြောရမှာပေါ့နော် … နောက်နေ့မှ တစ်အိမ်လုံးကို စမ်းကြည့်ဦးမယ် … ကိုရွှေမင်းသား သင်ပေးတာလို့ပြောလိုက်မယ် …

  • shweminthar

    March 23, 2011 at 11:44 pm

    အဆင်ပြေရင် ဉာဏ်ပူဇော် ခ လေး မမေ့နဲ့ နော်…..

  • ဆူး

    March 26, 2011 at 5:33 pm

    ဆက်မရေးထားပါလား အသက်ကြီးလာတာနဲ့ အမျှ ချစ်တယ်လို့ ကောင်မလေးတွေ တွေ့ကရာ လိုက်ပြောရင် ပါးရိုက်ခံရတာတို့ ဘာတို့လေ.. ချစ်တယ်လို့ လူတကာ လိုက်မပြောအပ်ဘူးဆိုတာ တဖြည်းဖြည်း သိလာတဲ့ အကြောင်းလေး ဘာလေး.. ဟီးဟီး..

  • zaw min

    March 27, 2011 at 1:23 pm

    ငယ်စဉ်ကအချစ်သည်ဖြူစင်သော မေတ္တာအချစ် အေးမြပါသည်၊ ကြီးမှချစ်သောအချစ်သည် ကိလေသာတဏှာ တို့ပူးပေါင်းပါဝင်သော အပူချစ်။
    ကိုထီးရဲ့ ပျောက်ဆုံးနေသောနိဗ္ဗန်ဘုံ ဆိုတဲ့သီချင်းလေးကိုသတိရမိပါတယ်။

Leave a Reply