ဘုရင့်ပုဆိုး တိမ်မီးခိုး
ပုံပြင်လေး တပုဒ်ပါ ကြားဖူးတဲ့သူလဲ ပါမယ် မကြားဖူးတဲ့သူလဲပါမယ်။ ကြားဖူးတဲ့သူက နာဖူးထပ်မံပေါ့နော။
ဟိုးရှေးရှေးတုန်းကပေါ့
တိုင်းပြည်တပြည်က ဘုရင်ကြီးတပါးဟာ အဝတ်ဆို အလွန်နှစ်သက်သတဲ့။ ကောင်းမွန်တဲ့ အဝတ်အစား၊ ခေတ်ပေါ် အဝတ်အစား၊ ဘရမ်းဒက်၊ ဈေးကြီးကြီး၊ နောက်ဆုံးပေါ် နိုင်ငံခြားဖြစ် အကုန်ကြိုက်သတဲ့။ တိုင်းပြည်ရဲ့ ဘဏ္ဍာငွေ တော်တော်များများဟာလဲ ဘုရင်ကြီး အဝတ်ဖိုးနဲ့တင် ထက်ဝက်လောက်ကုန်သတဲ့။ သက်ဦးဆံပိုင်ဘုရင်ဆို တော့လဲ အားလုံးကကြောက်ရတာပေါ့။ ဘယ်သူမှ ဘုရင်ကြီးကို မပြောရဲဘူး။ သွားပြောလို့ သဘောမတွေ့ရင် အသက်တောင် ဆုံးရှုံးရမှာဆိုတော့ ဘယ်သူမှ ဘုရင်ရဲ့ စိတ်အငြိုအငြင် မခံဘူး။
ဒါနဲ့ တနေ့မှာ လူလိမ်သုံးယောက်ဘုရင်ကြီးရဲ့နိုင်ငံတော်ထဲရောက်လာတယ်၊ တခြားတိုင်းပြည်က အဝတ်အထည် ကုန်သည်၊ ယက္ကန်းသည်တွေလို့ သူတို့ကိုယ်တိုင်သတင်းလွှင့်ထားတယ်။ သူတို့အဝတ်အထည်ကလဲ ဘယ်မှာမှ မပေါ်သေးတဲ့ အဝတ်၊ ဘယ်တုန်းကမှလဲ မကြားဘူး မတွေ့ဘူးသေးတဲ့ အဝတ်ဆိုတော့ ဘုရင်ကြီးက စိတ်ဝင်စားတာပေါ့။ ဒီအဝတ်ကလည်း ရိုးရိုး အဝတ်မဟုတ်ဘူးလေ။ သူ့ဂုဏ်သတ္တိက ဒီအဝတ်ကို ကိုယ်ကျင့်တရားကောင်းတဲ့သူ၊ သိက္ခာသမာဓိ ရှိတဲ့သူ၊ ဘုရင့်အပေါ်သစ္စာစောင့်သိတဲ့သူ၊ လာဘ်မစားတဲ့သူစတဲ့ သူတော်ကောင်းတွေမှ မြင်ရတာ။
ဘုရင်ကြီးက စိတ်ဝင်စားလွန