လာမည့် ဧပြီလ ၁ ရက်နေ့ မှစတင်၍ ထိုင်းနိုင်ငံက အလည်အပတ် ဗီဇာကြေး ပြန်လည်ကောက်ခံမည်

ဦးကောက်March 23, 20111min1171

ထိုင်းနိုင်ငံသို့ အလည်အပတ် ဗီဇာကြေး ကင်းလွတ်ခွင့်အစီအစဉ်မှာ ၂၀၁၁ ခုနှစ် မတ်လ ၃၁ ရက်နေ့ တွင် ကုန်ဆုံးမည်ဖြစ်သောကြောင့် လာမည့် ဧပြီလ ၁ ရက်နေ့မှ စတင် ၍ ထိုင်းနိုင်ငံသို့ အလည်အပတ်သွား ရောက်ပါက ဗီဇာကြေးများကို ပြန်လည်ကောက်ခံ သွားမည်ဖြစ်ကြောင်း ထိုင်းသံရုံး၏ကြေညာချက်အရ သိရှိရသည်။

ထိုင်းနိုင်ငံသို့ အလည်အပတ် ဗီဇာကြေးအဖြစ်(တစ်ဦး/တစ်ကြိမ်လျှင်) ၃၅ ဒေါ်လာဖြစ်ပြီး ထိုင်း အလည်အပတ်ဗီဇာ၏ သက်တမ်းမှာ ဗီဇာလျှောက်ထားသည့်နေ့မှစ၍ ၃ လအတွင်းဖြစ်ကြောင်း သိရှိရသည်။ ထိုင်းနိုင်ငံတွင်နေထိုင်ခွင့်အား ထိုင်း လူဝင်မှုကြီးကြပ်ရေးမှ သတ်မှတ် ပေးမည်ဖြစ်ပြီး ယေဘုယျအားဖြင့် ဗီဇာတစ်ကြိမ် ဝင်ရောက်လျှင် ရက် ၃ဝ ခန့်ရရှိမည်ဖြစ်ကြောင်း ထိုင်းသံရုံး၏ ကြေညာချက်တွင် ပါရှိသည်။

ထိုင်းနိုင်ငံအလည်အပတ်ဗီဇာ လျှောက်ထားသူများအနေဖြင့် လေယာဉ်လက်မှတ် (အသွား/အပြန်)ကို ပူးတွဲတင်ပြရမည်ဖြစ်ပြီး ဗီဇာလျှောက်ထားသူများ အနေဖြင့် ဗီဇာကိစ္စနှင့် ပတ်သက်၍မသိရှိပါက သက်ဆိုင်ရာ ဗီဇာဌာနမှ တာဝန်ရှိသူများကိုထံ မေးမြန်းစုံစမ်းရန်၊ စာရွက်စာတမ်း အတုအပများ ပြုလုပ်၍ ဗီဇာလျှောက်ထားကြောင်း သံရုံးမှသိရှိပါက ဗီဇာအားပယ်ဖျက်မည်ဖြစ်ပြီး ထိုင်းနိုင်ငံ သို့ဝင်ရောက်ခြင်းမှ ရပ်စဲသွားမည်ဖြစ်ကြောင်း ထိုင်းသံရုံး၏အသိပေး ကြေညာချက်အရ သိရှိရသည်။

ထိုင်းနိုင်ငံသို့ အလည်အပတ် ဗီဇာကြေးအား ပြီးခဲ့သည့် ၂၀၁ဝ ခုနှစ်မေလ ၁၁ ရက်နေ့မှ စတင်၍ ကင်းလွတ်ခွင့်ပေးခဲ့ပြီး ဗီဇာကြေး ကင်းလွတ်ခွင့်မှာ ၂၀၁၁ ခုနှစ်မတ် လ ၃၁ ရက်နေ့အထိ အကျုံးဝင်သည်ဟု သိရှိရသည်။

ELEVEN MEDIA GROUP မှ ကူးယူဖော်ပြသည်။

One comment

  • ဆူး

    March 26, 2011 at 4:28 pm

    သင်္ကြန်အချိန်အခါ မြန်မာတွေ အလည်အပတ် ခရီးထွက်တဲ့ ရာသီ.. ဗီဇာကြေး ပြန်ကောက်မှ ပိုက်ဆံရမှာလေ.. ထိုင်းကတော့ ရှယ် ပိုက်ဆံ ရတာ.. တခါဝင်ရင် ဈေးတမျိုး အခါခါ ဝင်နိုင် ထွက်ထိုင်ဖို့ဆိုရင် ဈေးတမျိုး.. ဝင်ငွေ အရမ်းကောင်းတယ်။

Leave a Reply