ကမာ္ဘပျက်ဒဏ်ခံ ဇိမ်ခံမြေအောက် ကတုတ်ကျင်းရောင်းအား ၁၀၀၀% မြင့်တက် Banker
ကျုပ်တို့ကမာ္ဘမှာ ကြောက်မက်ဖွယ်ရာ ဂျပန်ငလျင်၊ လူ့အသက် ထောင်ပေါင်းများစွာ ပျက်ဆီးဆုံးရှုံး စေခဲ့သော ဧရာမ ဆူနာမီရေလှိုင်းများ၊ နူကလီးယား ဓာတ်ရောင်ခြည်သင့် အန္တရာယ်၊ လစ်ဗျားနိုင်ငံက သွေးထွက်သံယို မငြိမ်မသက်များ စတဲ့ ကြောက်မက်ဖွယ် အနိဌာရုံများနဲ့ လတ်တလော ပြည့်နှက်နေတယ် ရွာသားအပေါင်းတို့။
ကမာ္ဘပျက်စီးမဲ့ဘေးကနေ ခိုလှုံဖို့ မြေအောက်ကတုပ်ကျင်းတွေ ရောင်းချတဲ့ အမေရိကန်ကုမ္မဏီများရဲ့ ရောင်းအား ၂၀% ကနေ ၁၀၀၀% အထိတရှိန်ထိုး တက်သွားပါတယ်။ ဒေါ်လာနှစ်သိန်းကနေ ဒေါ်လာသန်း၂ဝ တန်နေရာများ ရောင်းချတဲ့ ကုမ္မဏီတခုဆိုရင် အရှေ့အလယ်ပိုင်းဒေသ လူထုအုံကြွမှုများနဲ့ ဂျပန်ငလျင်ကြောင့် လူစိတ်ဝင်စားမှု ပိုမိုရရှိပြီး အရောင်း၇၀% မြင့်တက်သွားပါတယ်။ သာမန်အားဖြင့် တနှစ်၄နေရာ ရောင်းရရင် ၁၂နေရာ ကြိုတင်မှာကြားမှု ရှိပါတယ်။ ဘေးအန္တရာယ်ဖြစ်တိုင်း ရောင်းအားမိုးပေါ် ထောင်တက်သွားတယ်လို့ ကုမ္မဏီပိုင်ရှင်တဦးက ဆိုပါတယ်။
အလွယ်ရွှေ့ပြောင်းသယ်ယူနိုင်တဲ့နေရာ၊ ဗုံးခိုကျင်းနဲ့ မြေအောက်ကတုပ်ကျင်းတွေကို ရောင်းချတဲ့ UndergroundBombShelter.com ကို ဆက်သွယ်စုံးစမ်းတာတွေဟာ ဂျပန်ဆူနာမီငလျင်ဖြစ်ကထဲက ၄၀၀% ဖောင်းပွမြင့်တက်လာပါတယ်။ အခုအချိန်အထိ နူကလီးယား၊ ဇီဝပိုးမွှားနဲ့ ဓါဓုလက်နက် အန္တရာယ်တွေကနေ ခိုလှုံရာ ၉၅၀ဝနေရာ စံချိန်တင် ရောင်းချရပြီးပါပြီ။ လွန်ခဲ့တဲ့အပတ်က ကယ်လီဖိုးနီးယားမှာ တလကိုတနေရာပဲ ရောင်းရတာကနေ တပတ်ကိုလေးနေရာအထိ ရောင်းနေရပါတယ်။
အခြားကုမ္မဏီတခုကလည်း ဆက်သွယ်စုံစမ်းမှုတွေဟာ ငလျင်ဖြစ်ကထဲက ၂၀%မြင့်တက်သွားတယ်။ အထူးသဖြင့် ၂၀၁၂ခုနှစ် ကမာ္ဘပျက်ကိန်း၊ ရေဒီယိုဓာတ်သတိ္တကြွမှု ကာကွယ်တဲ့ရွက်ဖျင်တဲများ၊ နူကလီးယား၊ ဇီဝ ပိုးမွှားနဲ့ ဓာဓုအဆိပ်များကို သန့်စင်ပေးတဲ့ အကာအကွယ်များ ဖြစ်ပါတယ်တဲ့။
ကမာ္ဘကြီးနောက်ဆုံးနေ့အတွက် လူနှစ်ရာဆန့် ကတုတ်ကျင်းများဆောက်ပြီး အခန်းများရောင်းချတဲ့ ကုမ္မဏီတခုက လျောက်လွှာထောင်ပေါင်းများစွာကို ဂျပန်ငလျင်ဖြစ်ကထဲက ရရှိထားပြီး လွန်ခဲ့တဲ့အပတ်မှာ ကြိုတင်မှာကြားမှုများ ၁၀၀၀% မြင့်တက်သွားပါတယ်။ လူတွေဟာ ထိတ်လန့်စိုးရိမ်မှုတွေကို ငွေကြေးနဲ့ ထောက်ကန်ကြတာပါ။ အခန်းကြိုတင်မှာကြားရင် အနည်းဆုံး ဒေါ်လာ၅၀၀ဝ စရံငွေသွင်းဖို့ လိုအပ်ပါတယ်။
ကမာ္ဘမြေရဲ့ လှုပ်ရှားပြောင်းလဲမှု၊ ဆူနာမီပင်လယ်ရေလှိုင်းများ ဖြစ်စေတဲ့ ငလျင်ဘေး၊ နူကလီးယား ရောင်ခြည်သင့်မှုနဲ့ ကျန်းမာရေးပြဿနာများ ဖြစ်စေတဲ့ နူကလီးယားဓာတ်သတ္တု အရည်ပျော်ကျခြင်း တို့ကို လူတွေဟာ ထိတ်လန့်နေကြပါတယ်။ ဘယ်အချိန်မှာ ဒီပြဿနာတွေ ပြီးဆုံးသွားမလဲ၊ ကျနော်မသိပါဘူး။ စီးပွားရေးလောက တခုလုံးရော ပြိုကျပျက်စီးသွားမလား။ တကဲ့စီးပွားရေးလောက ပြိုကွဲပျက်စီးသွားရင် လူဦးရေရဲ့ ၉၀% ပျက်သုန်းမဲ့ ကပ်ဘေးနဲ့ ရင်ဆိုင်ရမှာပါ။
နောက်ဆုံးအကြိမ် လူအများ အစုလိုက်အပြုံလိုက် မြေအောက်ကတုတ်ကျင်းတွေ ဝယ်ယူမှုဟာ Y2K ပြဿနာ မတိုင်ခင်ကပါ။ ငလျင်၊ မုန်တိုင်း၊ ကမာ္ဘအနှံ့ကပ်ဘေးများနဲ့ အထူးသဖြင့် အရှေ့အလယ်ပိုင်းဒေသနဲ့ ဆက်နွယ်နေတဲ့ ဘေးအန္တရယ်များနဲ့ ပတ်သက်နေတဲ့ ကမာ္ဘပျက်ဟောကိန်းကို သန်းပေါင်းများစွာသော လူတွေ ယုံကြည်နေတယ်လို့ ပညာရှင်ပါမောက္ခတဦးက ပြောလိုက်ပါတယ်။
သဂျီးကတော့
ပြောတာပဲ
ဘာမှမဖြစ်ဘူးတဲ့…
အလောင်းအစား
လုပ်မလား
ဆယ်လေးတလေးတဲ့…
အဝယ်စာရင်းထဲ
သူပဲကဲ
ဟိုးအောက်အနက်ဆုံးတဲ့…
http://money.cnn.com/video/news/2011/03/22/n_vivos_bunker_business.cnnmoney/
Sales of luxe doomsday bunkers up 1,000%
By Blake Ellis, staff reporter March 23, 2011
NEW YORK (CNNMoney) — A devastating earthquake strikes Japan. A massive tsunami kills thousands. Fears of a nuclear meltdown run rampant. Bloodshed and violence escalate in Libya.
And U.S. companies selling doomsday bunkers are seeing sales skyrocket anywhere from 20% to 1,000%.
Northwest Shelter Systems, which offers shelters ranging in price from $200,000 to $20 million, has seen sales surge 70% since the uprisings in the Middle East, with the Japanese earthquake only spurring further interest. In hard numbers, that’s 12 shelters already booked when the company normally sells four shelters per year.
“Sales have gone through the roof, to the point where we are having trouble keeping up,” said Northwest Shelter Systems owner Kevin Thompson.
UndergroundBombShelter.com, which sells portable shelters, bomb shelters and underground bunkers, has seen inquiries soar 400% since the Japanese earthquake. So far sales of its $9,500 nuclear biological chemical shelter tents are at an all-time high — with four sold in California last week, compared to about one a month normally.
Hardened Structures said inquiries have shot up about 20% since the earthquake — particularly for its apocalyptic 2012 shelters, radiation-protection tents, and nuclear, biological and chemical (NBC) air filters.
Vivos, a company that sells rooms in 200-person doomsday bunkers, has received thousands of applications since the massive earthquake in Japan, with reservations spiking nearly 1,000% last week. And people are backing their fear with cash: A reservation requires a minimum deposit of $5,000.
“People are afraid of the earth-changing events and ripple effects of the earthquake, which led to tsunamis, the nuclear meltdown, and which will lead to radiation and health concerns,” said Vivos CEO Robert Vicino. “Where it ends, I don’t know. Does it lead to economic collapse? A true economic collapse would lead to anarchy, which could lead to 90% of the population being killed off.”
The last time people flocked to purchase bunkers in such droves was right before the Y2K scare, according to Stephen O’Leary, an associate professor at University of Southern California and an expert on apocalyptic thinking.
“Tens of millions of people believe in a literal apocalypse, which involves earthquakes, storms, disasters of global proportions and especially disasters related to the Middle East,” O’Leary said.
10 comments
dream
March 24, 2011 at 2:33 am
စရံတောင် ဒေါ်လာ၅၀၀ဝ ဆိုတော့ အိပ်မက်အတွက်တော့ အိပ်မက်တစ်ခုသာ 🙁
phantom
March 24, 2011 at 3:06 am
ကမ္ဘာ ပျက်မပျက်တော့ မသိဘူး လုပ်စားတတ်တဲ့သူတွေကတော့ ရှယ်ပဲ ပိုက်ဆံတွေ အိတ်ထဲ သဲ့ယူနေယုံပဲ
search123
March 24, 2011 at 3:15 am
အဲဒီ မြေအောက်ကတုပ်ကျင်းတွေက ငလျင်ကြီးလှုပ်ရင် ဘာမှမဖြစ်ပဲနေပါ့မလား။
onlinezz
March 24, 2011 at 3:47 am
ကဲ သေခါမှ သေရောပဲ . ဘယ်လောက်ပြင်ထားထား မြေအောက်တော့ မနေချင်ပေါင်
ashinariya
March 24, 2011 at 4:08 am
ပျက်ချိန်တန်ရင် ပျက်မှာပဲ၊ သေချိန်တန်ရင် သေရမှာပဲ။
ကြောက်တတ်ရင် နှစ်ခါသေတယ်တဲ့။
Gong Zhu
March 24, 2011 at 7:43 am
ဟုတ်သည်ဖြစ်စေ မဟုတ်ဘူးဖြစ်စေ ပြေးဝယ်လိုက်ချင်တယ် ပိုက်ဆံရှိရင်ပေါ့ …
char too lan
March 24, 2011 at 7:55 am
Wall-E cartoon ထဲကလိုဖြစ်လာလိမ့်မယ် 🙂
bigcat
March 25, 2011 at 12:39 am
ချာတူးတို့ဖက်မှာ ငလျင်လှုပ်တယ်ကြားတယ်။ ကြီးကြီးမားမား ပျက်ဆီးတာတော့ မကြားမိသေးဘူး။ ချာတူးနဲ့ မိသားစု ဘေးရန်ကင်းကွာ ကျန်းမာချမ်းသာကြပါစေလို့ ဆုတောင်းပေးပါတယ်။
zaw min
March 24, 2011 at 8:51 am
လူဆိုတာ သေမျိုးပါပဲ။သေနေ့စေ့ရင်တော့မြေကြီးထဲဝင်နေလဲသေမှာပါပဲ၊အာကာသထဲသွားနေလဲသေမှာပါပဲ။ကမာ္ဘပျက်မှာတွေးကြောက်နေရင်တော့ တစ်တစ်တူးလို ခြေထောက်နှစ်ချောင်းမိုးပေါ်သာထောင်အိပ်နေလိုက်တော့။
ဆူး
March 26, 2011 at 4:41 pm
ပေါတဲ့ သူတွေကတော့ နည်းလည်း မျိုးစုံနဲ့ ကာကွယ်မယ်ပေါ့။
ကြောက်တတ်ရင် ၂ခါ သေတယ်။
သေမျိုးတွေ မသေအောင် လုပ်လို့ရမဲ့ နည်း ကို နည်းမျိုးစုံနဲ့ ရှာဖွေ နေကြတာဘဲ။