အိပ်ချင်တယ် Z Z Z z z z z z z z

etoneMarch 24, 20112min20828

UCSY
<img src="http://www.photos.greatmyanmar.com/wp-content/extra/yangon_university_of_computer_studies/www.photos.greatmyanmar.com_yangon_university_of_computer_studies_06.jpg” alt=”UCSY-1″ />
UCSY-2

စိတ်ဆိုတာ အမြဲ ပျံ့လွင့်တဲ့ သဘောမှာ ရှိနေတတ်ပါတယ် … ။ တော်ရာမှာ မနေပဲ ၊ ပျော်ရာမှာ နေချင်တာလည်း ဒီစိတ်က လှုံဆော် ခိုင်းစေမှူကြောင့်ပါ ။ ကျောင်းပြီးတော့ ကျမစိတ်ထဲမှာ အမြဲလိုလို ကြံစည်နေတဲ့ ကိစ္စတွေ တန်းစီလုပ်ချင်မိတယ် ။ အဲ့ဒါတွေကတော့ သက်တောင့်သက်သာ အိပ်စက် အနားယူခြင်းနဲ့ နှစ်ခြိုက်စွာ အားရပါးရ စားသောက်ခြင်းတွေပါပဲ … ။ ဟုတ်ပါတယ်….. ကျမစိတ်ကူးတွေကို လက်တွေ့ အကောင်ထည်ဖော်ခဲ့ရတယ်… ။ သူများတွေ အနေနဲ့ ရယ်စရာ ဖြစ်ကောင်းဖြစ်နေလိမ့်မယ် ….. ။ ကျမအတွက်တော့ … အမြဲလိုလို တောင့်တနေခဲ့တာလေ ။ ကျမ တက္ကသိုလ် တက်တုန်းက ဖယ်ရီ နေရာရဖို့ မနက်စောစော ကားဂိတ်မှာ သွားစောင့်ရတယ်… ။ လေးတွဲတွဲ ခြေလှမ်းတွေနဲ့ အိပ်မှုံစုံမွှား မျက်လုံးတွေကို ကျောင်းသား တိုင်း မြင်နေကြမို့ အဆန်းမဟုတ်တော့ပါဘူး ဆိုပေမဲ့… လမ်းတလျှောက် လမ်းသွား ၊ လမ်းလာတွေကတော့ အိပ်မက်မက်ရင်း လမ်းလျှောက်နေသလား ထင်မိကြမှာပါ … ။ ချွေးစော်နံ ပြီး ကြပ်ပိတ်တဲ့ ၂၁၂ ကားတွေကို ခြေထောင်ညောင်းအောင် စောင့်မစီး နိုင်ဘူးလေ … ။ ကားဂိတ်ကနေ ကျောင်းထဲဝင်ဖို့ အတော်ကြာကြာလမ်းလျှောက်ရတဲ့ တော်ဝင်လမ်း (တော်တော်ဝင်ရလို့ ကျောင်းသားများ ပေ းထားတဲ့ နာမည်)ကိုလည်း လူခြောက် အဖြစ် ခံပြီး မလျှောက်ချင်ဘူးလေ ။ မနက်ခင်းနေရောင်ခြည်တောင် အတော်ပြင်းတာ … အရိပ်ရ သစ်ပင်ဆိုလို့ အလယ်ခေါင်နားမှာမှ ကို့ကိုပင်လေး တစ်ပင်ပဲ ရှီတာ … ။ ဒီကြားထဲ အိုအက်စ် တို့လို့ ၊ အစမ်ဘလီတို့လို ခေါင်းအုံး လောက်ထူတဲ့ စာအုပ်တွေလည်း ပိုက်ပြီး လက်ကျိုးကျမတတ် ၊ ကား မစီးချင်တော့ မြို့နယ်အလိုက် စီစဉ်ပေးတဲ့ ကားကိုပဲ ကျောင်းကားခ သွင်းပြီး မှီအောင် စီးရတယ်… ။ လူနဲ့ ကားနဲ့ မမျှတော့ နေရာလုတဲ့ ကိစ္စတွေ ဖြစ်လာတာပေါ့… ။ ကျောင်းသားတွေကလည်း ကျောင်းသူတွေကို ဦးစားမပေးချင်ပါဘူး … ။ သွားရတဲ့ခရီးဝေးတော့ သူတို့လည်း ကြာကြာ မတ်တပ်မစီးနိုင်တော့ ကျောင်းကားပေါ်က ဖင်တနေရာစာ နေရာလေးကို လုရတာပေါ့ … ။ လူဦးရေနဲ့ ကားမမျှတလို့ပါ… ။ အရိပ်ရသစ်ပင်ကလည်း ကျမတို့ တက်တုန်းက မရှိတော့ တော်တော် ဒုက္ခရောက်ရတာလေ… ကျောင်းခေါ်ချိန် 75 ရာခိုင်နှုန်း မပြည့်ပြည့်အောင် တက်ရတော့ မသွားချင်လည်း သွား ၊ သွားချင်လည်း သွားရတာပါပဲ … ။ သူများတွေလို အီစီကလီ ပဲမများတတ်တဲ့ ကျမက စကားပြောရင်လည်း ပြတ်ပြတ်သားသားပြောတတ်ပြီး လက်မြန်ခြေမြန်ရှိတာမို့ …… လူပျိုလှည့် အနားကပ်ချင်တဲ့ လူ မရှိသလောက်ပါပဲ ။ ဒီတော့လည်း သူများတွေလို ကျောင်းမပျော်ဘူးလေ 😀 သူငယ်ချင်းတွေနဲ့ လိုက်လျား လိုက်လျား လမ်းသလားတဲ့ အလုပ်ကလည်း ခြေညောင်းစေတာမို့ အိုက်စပ်နေတဲ့ အခန်းထဲမှာပဲ အနေများပါတယ်… တခန်းကို လူတစ်ရာကျော် ထားတယ် အဲ့ဒီနှစ်က ခုံတွေက ခုံတန်းရှည်တွေပါ… တယောက်က အပြင်ထွက်မယ်ဆို ဘေးအစွန်ကလူတွေ ခဏထပေးရတယ်… ။ စည်းကမ်းအပိုင်းလည်း စတိတ်ကျောင်းတုန်းကထက်တောင် ပိုဆိုးသေးတယ်… မတ်တပ်ရပ်ပြီး စကားပြောတဲ့လူ ရှာရတာတောင် ပါသေးတယ် … တက္ကသိုလ်တဲ့လား … ။ အဲ့ဒီတုန်းကတော့ ပါချုပ်က အမျိုးသမီးပါ… နာမည် မပြောတော့ပါဘူး … ကျောင်းသားတွေကတော့ ပေးထားတယ် … အတော့်ကို လိုက်လျောညီထွေဖြစ်တဲ့ နာမည်ပေးထားတာလို့လည်း ပြောကြတယ်… ။ ပါချုပ်နာမည်က ဂေါ်ဇီလာပါတဲ့ … ။ ဂေါ်ဇီလာ လို့ အသံကြားတာနဲ့ ပြေး သာပြေးပေတော့ … မပြေးလို့ကတော့ လူကြားထဲ မူလတန်းကလေး ဆော်ပလော် တီးခံရသလို ကြိမ်လုံးနဲ့ သမပြီပဲ … ။ ညိုမောင်းပြီး ပြည့်တင်းနဲ့ ခန္ဓာကိုယ်ကြီးက တနေ့တနေ့ ကျောင်းထဲ ပတ်နေတာတောင် ဝိတ်မကျခဲ့ပါဘူး ။ ရုပ်ရှင်ထဲမှာ မြင်ရတဲ့ တက္ကသိုလ် ကျောင်းသား ဘဝက အရမ်းကို ကွာခြားလို့နေပါတယ်… ။ စာမသင်ချင်ရင်တောင် အခန်း အပြင်ထွက်ခွင့်မရှိပါဘူး … မသင်ချင်လည်း ထိုင်၊ သင်ချင်လည်း ထိုင်နေရတာ တကယ်ပဲ ဝဋ်ကြီးလှပါတယ် … ။ ငိုက်နေလျှင်လည်း သရုပ်ပြဆရာမက ပညာပြတဲ့ အနေနဲ့ စာမေးသေးတယ်… ။ ဒီတော့ ပျင်းပျင်းနဲ့ပဲ မှေးစင်းချင်နေတဲ့ မျက်လုံးတွေကို စကောလောက်ရှိအောင် ပြူးပြပြီး စိတ်ဝင်စားတဲ့ဟန်နဲ့ မှင်သေသေ ထိုင်နေရတော့တယ်… ။ ဒါမျိုးကို ကျောင်းသားတိုင်းလုပ်တတ်ပါတယ်… ။ ငိုက်တဲ့လူက အရစ်ခံရတော့မှာကိုး … ကျမတို့ စတတ်တဲ့ ပထမနှစ်ကတော့ အဆင်ပြေတဲ့ အဝတ်စား ဝတ်လို့ရသေးတယ်… ။ နောက်ပိုင်းနှစ်တွေကျတော့ ယူနီဖောင်း ပြောင်း လိုက်ပါတယ်… ကျောင်းသူတွေက လျှပ်ပေါ် လော်လီတာတွေ ဝတ်လို့ပါတဲ့… ။ ဆံပင်လည်း ဆေးမဆိုးရဘူး ချမှတ်ထားတယ်… ကြပ်လိုက်တာမှ လွန်ပါရော….. ဆက်တက်ချင်စိတ်တောင် ကုန်ပါတယ်… ။ အတွဲလေးတွေများ လက်ချင်းချိတ်ပြီး လမ်းမသလားနဲ့ မထင်ရင် ရုံးခန်းထဲပို့ မိဘခေါ်ပါရော… ။ မိဘက လိုက်လာတော့မှ ကျနော့်သားနဲ့ ချွေးမ ဘာပြသနာ ဖြစ်လို့လည်း တွေ ဖြစ် ဟာတွေ … ဟင်တွေ … အားနာလိုက်တာနော် … ဆိုတဲ့ အသံတွေကို စပ်ဖြီးဖြီးနဲ့ နွားပွဲစားလို သွားဖြဲပြတောင်းပန်ရတာလည်း မရိုးနိုင်အောင်ပဲ …. ။ ဒါလည်း အမှတ်မရှိ ထပ်ပြီး ရုံးခန်းထဲထည့် မိဘခေါ်နေတုန်းပဲ … ။ တခြား တက္ကသိုလ်တွေမှာ ကိုယ်ဝန်ကြီးတွေနဲ့ ကျောင်းတတ်တာ မြင်ဖူးပါတယ်… ။ အထူးသဖြင့် အဝေးသင်တွေ အနီးကပ် တက်ရတဲ့အခါ … ဗိုက်ဖုံး အကျီ င်္ ကြီးတွေ ဝတ်ပြီး ကျောင်းတတ်ကြတာပါ… ။ ကျမတို့ ကျောင်းမှာဖြင့် ဗိုက်ကြီး တကားကား ကျောင်းတတ်ဖို့ နေနေသာ လင်မယားတွေတောင် ဖက်ကဲတင်းလှဲ နေလု့ိ မရပါဘူး … ။ တချို့ ဆို နေရာခွဲပြီးတောင် ထိုင်ကြပါသေးတယ် … ။ roll call ကလည်း စာသင်ချိန် မစခင် ခေါ်သလို … စာသင်ချိန်ခဏနားရင်း ခေါ်တတ်ပါတယ်… တစ်ခါတစ်လေ စာသင်ချိန် ပြီးခါနိးလည်း ခေါ်တတ်ပါတယ်…။ နည်းပြဆရာရဲ့ စိတ်ပေါ်မူတည်တာမို့ … 75% မပြည့်မှာ စိုးလို့ လိုလိုလားလား စောင့်ခဲ့ရတဲ့ အချိန်တွေ ပင်ပန်းလွန်းလှပါတယ်… ။ ကျောင်းဆင်းချိန်ကိုလည်း ကြည့်ဦး …ကားတွေ အစီး တစ်ရာလောက် ရှိတာတောင် တန်းစီပြီး ထွက်ခိုင်းပါတယ်… လွင်တီးခေါင်ပြင် ဖုန်တလုံးလုံး ထနေတဲ့ အချိန်က စိတ်ကျဉ်းကြပ်ရပါတယ် ။ တစီးချင်း ထွက်တာကြောင့် အဲ့ဒီနေရာမှာလည်း အသာလေး နာရီဝက်လောက်က ကုန်ပြန်ရော… ။ ကျောင်းတတ်၊ ကျောင်းဆင်း ကားပေါ်မှာ ငိုက်ခဲ့ရတဲ့ အချိန်တွေကတော့ ကျောင်းတတ်ရတဲ့ အချိန်တွေထဲ အပျော်ဆုံးပါပဲ … ။ အိမ်ရောက်လျှင် မောမောပန်းပန်းနဲ့ လွယ်အိတ်ကို ပစ်ချ ၊ ထမင်းစားပွဲ လှန်ရတဲ့နေ့တွေက နေ့တိုင်း ဖြစ်နေပေမဲ့ မငြီးငွေ့နိုင်ပါဘူး… ပင်ပန်းသမျှ ဗိုက်ကားအောင်စားပြီး ယူနီးဖောင်းတောင် မလဲနိုင်ပဲ အိပ်ယာပေါ် ပလက်လန်လိုက်လျှင်ဖြင့် အိပ်ပျော်သွားတော့တယ်…။ အိပ်ယာကနိုးတော့ မ ိုးလင်းပြီ သွားတိုက်မယ်လုပ်မှ ညဘက်ပဲရှိသေးတာကြောင့် ရေမြန်မြန်ချိုး … ခုနှစ်နာရီမှာလာတဲ့ ဇာတ်လမ်းတွဲထိုင်ကြည့် …. ပြ ီးတော့ ထမင်းထပ်စား….. စာအုပ်လေး လှန်လိုက် … အိမ်စာလေး တစ်ခုနှစ်ခုလုပ်လိုက်…ပရိုဂရမ်းလေး ရေးကြည့်လိုက်နဲ့ လုပ်ရင်း ပျင်းလာတာနဲ့… အိပ်ယာထဲ ဝင်အိပ်လိုက်ပါတော့တယ် .. ကျောင်းပြီးသွားတော့ … တကယ်တော်လို့ပဲလား ကျောင်းထပ်တက်စေချင်တဲ့ စိတ်နဲ့လား များလိုက်တဲ့ ကွာလဖိုင်းတွေ … နည်းနည်းနောနေပါပဲ… ။ သူငယ်ချင်းတွေထဲက တချို့တလေကတော့ ကွာလဖိုင်းရထားတာ တက်မယ်ဆိုပြီး ဆက်တတ်ကြပါတယ်… ကျမတို့လူအနည်းကျဉ်းကတော့ စိတ်နာနာနဲ့ပဲ … ဝတ်ကြေတန်းကြေ သုံးနှစ်ပြည့်အောင်သာ တတ်ခဲ့ကြတယ် … ဒီလိုနေ့ရက်တွေကို စာသင်နှစ် သုံးနှစ်စလုံး ကျော်ဖြတ်ခဲ့ပြီး လိုလိုလားလား တောင့်တမိပြန်တာက သက်တောင့်သက်သာ အိပ်စက် အနားယူခြင်းနဲ့ နှစ်ခြိုက်စွာ အားရပါးရ စားသောက်ခြင်းတွေပဲ ဖြစ်ခဲ့တာပေါ့… ။
ကျောင်းပြီးသွားလို့ စိတ်ကူးတွေ အတိုင်း ပျော်နေတုန်းရက်ပိုင်းလေးရှိသေးတယ်… မျက်နှာလေး နည်းနည်း ပြည့်လာယုံရှိသေးတယ်… ကျောင်း ဆက်မတတ်ရင် အလုပ်ထဲ အတင်း သွင်းပါတော့တယ် …။  လုပ်ငန်းအတွေ့ကြုံ မရှိဘူး ဘာမှ မသိဘူးဆိုလည်း ဖြစ်တယ၊်အလုပ်က သင်သွားမှာပါဆိုတော့ … အင်တာဗျူးကတည်းက ကမောက်ကမတွေ တသီကြီးလုပ်တာတောင် အလုပ်ရခဲ့ပြန်တယ်… ။ အလုပ်ရောက်တော့လည်း အသစ်ဆိုတော့ ဘာမှ ကြီးကြီးမားမား မလုပ်ရပြန်ဘူး… တာဝန်ပေးအပ်တာ ဘာတစ်ခုမှ မရှိသေးပဲ … သူများလုပ်ပြတာတွေ ၊ လုပ်ငန်း သဘောအရ သင်နေတုန်းပါ ..တနေ့တနေ့ အချိန်တွေ ကုန်မြန်စေချင်ခဲ့တာ … ။ ကွန်ပျူတာ အောက်ခြေက နာရီလေးကိုပဲ ကြည့်ပြီး … မိနစ်လေးတွေ လှုပ်ရှားနေပုံက နှေးလွန်းတဲ့လို့ ထင်မိတယ် …… ။ အလုပ်ထဲ ပျင်းနေတဲ့ အချိန် တောင့်တမိတာက …. ခဏလောက်များ အိပ်လိုက်ရလျှင် ဆိုတဲ့ အတွေးတွေပါပဲ ။ ….. ခဏခဏ ခိုးသန်းမိတာ အချိန်တိုင်းပါပဲ… ။ ကျောင်းတတ်တုန်းကတောင် 8နာရီမှ ကျောင်းကားစီးရတာ စောတယ်မှတ်တာ… အခု မနက် 7နာရီကတည်းက အိမ်က ထွက်ရပြန်တယ်… ပြန်ရောက်တော့လည်း ကျောင်းတတ်တုန်းကထက် နောက်ကျတော့…. ကျောင်းဆက်မတတ်မိတာ မှားလေစွရယ်လို့ နောင်တရချင်လာမိတာ့တယ်…။ အလုပ်မှာ အချိန်ကြာလာတာနဲ့ အမျှ သင်ယူလေ့လာရင်း လုပ်တတ်ကိုင်တတ်သွားပေမဲ့ …. အိပ်ချင်တဲ့ စိတ်က ထိန်းမရတာကြောင့် မနက်တိုင်း ရုံး မသွားပဲ ဆက်အိပ်ရင် ကောင်းမလားဆိုတဲ့ အတွေးမျိုး မနက်တိုင်း တွေးရင်းနဲ့ပဲ အမြဲ ရုံးနောက်ကျရပါတော့တယ် 😛 😛

28 comments

  • manawphyulay

    March 24, 2011 at 3:45 am

    ကဲ ကျောင်းလည်းမတက်ချင် အလုပ်လည်းမလုပ်ချင်ရင် ရိပ်သာမှာ နေရင်ကော ဘယ်လိုလဲ ကလေးမ……..ဒါလည်း တရားထိုင်ဖို့ စောစောထရဦးမှာပဲလေ အင်း မဖြစ်သေးဘူး အိပ်ဖို့ပဲ တွေးနေတဲ့ကလေးမ မနောထက် ပိုဆိုးနေပါပေါ့လား မနောကတော့ နောက်ကျလည်း လစာဖြတ်တော့ နောက်ကျမှပဲ အလုပ်ထွက်ဖြစ်တာ နှစ်အတော်ကြာခဲ့ပါပြီလေ…. 😛

    • etone

      March 24, 2011 at 4:32 am

      လစာဖြတ်ယုံပဲဆိုရင်တော့ လခထဲက နောက်ကျတဲ့ ရက်ကြေး တလစာနှုတ်ထားလိုက်ပါလို့ ပြောမလို့ စိတ်ကူးသေးတယ် … အီးတုံးတို့ ဆီမှာ လစာဖြတ်ယုံတင်မကဘူး အမြဲတမ်းနောက်ကျနေရင် ခေါ်ပြီး မုန့်ဟင်းခါးကျွေးသေးတယ်… ။ စကားကြီး စကားကျယ်တွေ ကြားရတာ သောက်မြင်ကပ်တာနဲ့ အတတ်နိုင်ဆုံး ကုန်းကြုံးထရတာပဲ ။ ပိုက်ဆံလေး နှုတ်ခံရ ၊ နားလည်း ပူရဆိုရင် မိအေး နှစ်ခါနာတယ် ….။

  • onlinezz

    March 24, 2011 at 3:55 am

    ရိပ်သာဝင်ရင် မနက်ဝေလီဝေလီကြီးထရတယ်။
    အိပ်ငိုက်ရတဲ့ ကြားထဲ စင်္ကြန်ကလည်း လျှောက်ရသေးတယ်။
    ရုံးကို အချိန်မှီသွားပြီး ဟိုရောက်မှ အိပ်ငိုက်တာ အကောင်းဆုံးပါပဲကွယ်။ 😛

    • etone

      March 24, 2011 at 5:19 am

      ရုံးမှာများ ငိုက်လို့ရမယ် အားကြီးကြီး … ပြောရင်းစိတ်တိုတယ်…။
      သူများ ရုံးတွေလို အချင်းချင်း စတာနောက်တာ စကားတွေ လှမ်းပြောတာတောင် လုပ်လို့မရဘူး … ။ တချိန်လုံ း လိုက်ကြည့်နေတဲ့ဟာတွေရှိတယ် ခုံမှာ ထိုင်ရင်း ရေသောက်ရင်တောင် မျက်လုံးကြီးပြူးပြီး လာကြည့်နေတာ တကယ် စိတ်ကုန်တယ် ။ အလုပ်ကို သံယောဇဉ်ဖြစ်နေတာရယ် ၊ GM ရယ် ၊ Boss ရယ်က အရမ်းကို သဘောထားပြည့်ဝတာကြောင့် ကြိတ်မှိတ်ပြီး အလုပ်လုပ်နေတာ …

  • bigcat

    March 24, 2011 at 4:10 am

    အဲသည်လောက် အအိပ်မက်ရင် ထာဝရအိပ်လို့ရအောင် ဘာသာပြောင်းလိုက်ပါလား 😀
    အီးတုံးကိုပြောမလို့ ကြည့်နေတာကြာပြီ။ မပြောဘဲထားတာ အကောင်းမှတ်နေလို့ ပြောလိုက်တော့မယ်။ အီးတုံးကို …. အဲဆောရီး အကျင့်ပါနေလို့ လမ်းချော်သွားတာ။ ကျောင်းတက် ရုံးတက် (တက်ဆိုတဲ့ စာလုံးပေါင်းနေရာမှာ ကျောင်းတတ် ရုံးတတ်ဖြစ်နေတာ ကြာပြီ။ အခုပို့စ်မှာမဟုတ်ဘူး။ အခြားတယောက်လည်းရှိသေးတယ်။ ကုန်းကျူလေးလား၊ ဆူးလားမသိဘူး သူလည်းအဲသည်လိုပဲ မှားတယ်)
    ချစ်တတ်တဲ့ကိုကြောင် ကုန်ဈေးနှုန်းတက်တာကြောက်လို့ မချစ်တတ်ယောင်ဆောင်တာကို သူတို့လေးတွေကရောင့်တက်ပြီး မလေးမစားလုပ်တယ်။

    • etone

      March 24, 2011 at 5:29 am

      ဟုတ်ပါတယ်… အီးတုံးလည်း ရိုက်နေရင်း သတိထားမိတယ်… က နဲ့ တကို အမြဲလိုလို မှား ရိုက်တတ်တယ် … ။ သတိရရင်တော့ ပြင်လိုက်တယ်… သတိမရရင်တော့ ဒီအတိုင်းလေးပဲ လွှတ်ထားလိုက်တယ်… 😀

    • ဆူး

      March 26, 2011 at 2:15 pm

      အောင်အောင်ကြည့် အူးအူးကြောင်ရယ် ဆူး မှားရင် ပြောပြ ဆုံးမ နိုင်ပါတယ် ရှင့်။

  • dream

    March 24, 2011 at 5:31 am

    ရုံးတက်ရတာပျင်းတယ်
    အဆောင်မှာ နေလို့ ကိုယ့်ထမင်းဟင်း ကိုယ့်ဖာသာ ချက်ရတာ ပျင်းတယ်
    အဝတ်လျှော်ရတာ ပျင်းတယ်
    အိပ်ယာထရတာ ပျင်းတယ်
    တော်ပြီ ဒီလောက်ပဲ
    တော်ကြာ ကြောက်သွားပြီး ယူမယ့်သူမရှိမှာစိုးလို့ 😛

  • hmee

    March 24, 2011 at 8:41 am

    ဟုတ်တယ် အီးတုံးရေ ဘယ်တော့မှ အိပ်ရေးမဝဘူး။ ရုံးအလုပ် လုပ်သူတွေကမှ ပိတ်ရက်အိပ်ရမယ်။ ကိုယ်ပိုင်အလုပ်နဲ.သူက ပိုဆိုးတယ်။ လောဘကြောင့် ပိုအိပ်ရေးပျက်တယ်။ တခါတခါ စဉ်းစားမိတယ် ဘယ်တော့များမှ အိပ်ရေးဝဝ အိပ်ရမှာပါလိမ်.လို.လေ။

  • နီလေး

    March 24, 2011 at 9:28 am

    အကြံတူတွေ ဘဝတူတွေစုနေပါလားနော် ကိုယ်တစ်ယောက်ထဲမဟုတ်ဘူးဆိုတော့ နဲနဲတော့အားရှိသွားပြီ

  • noob

    March 24, 2011 at 11:07 am

    ငယ်ငယ်တုန်းကဆို အမေ က ဘယ်အချိန်ရှိပြီလဲ (သူကနာရီမကြည်တက်ဘူးဆိုတော့နိုးနိုးပြီးမေးရတယ်လေ) 😀 မထသေးဘူးလား နေဖင်ထိုး နေပြီထတော့ ဆိုတဲ့ အသံကို အမုန်းဆုံပဲ

    • etone

      March 25, 2011 at 2:39 am

      ဒါများ အမေ့ကို နာရီတလုံးဝယ်ပေးထားလိုက် ဘယ်အချိန်ရှိပြီလဲ မမေးတော့ဘူးလေ 😀 😀

  • eros

    March 25, 2011 at 4:15 am

    ဒီပိုစ့်ဖတ်ရင်းနဲ့ အိပ်ချင်သွားတယ်။ ဟိုတရက်ကတော့ အလုပ်ကိစ္စနဲ့ တွံ့တေးဘက်သွားတော့ လမ်းမှာရုံးကားပေါ်အိပ်လိုက်သွားတယ်။ လာထား ၁နာရီခွဲပဲ။ ကော့မှုးဆိုလို့ ကတော့ ၂နာရီ ၂နာရီခွဲပဲ။

  • nigimi77

    March 25, 2011 at 4:29 am

    တိုင်ရီက လူတွေ အလုပ်မရှိ အိပ်ပုတ်ကြီး လို ့ ကြားဖူးတယ်။

    • etone

      March 25, 2011 at 5:09 am

      တိုင်ရီကလူတွေ တွေ့မှာ မေးကြည့်ပါဦးမယ် ။ ကိုယ်တိုင်ကတော့ တိုင်ရီကမဟုတ်လို့ မသိဘူး ။

    • etone

      March 25, 2011 at 5:09 am

      တိုင်ရီကလူတွေ တွေ့မှမေးကြည့်ပါဦးမယ် ။ ကိုယ်တိုင်ကတော့ တိုင်ရီကမဟုတ်လို့ မသိဘူး ။

  • babymay

    March 25, 2011 at 5:06 am

    မှန်တယ် etone ရေ–နေ့တိုင်းရုံးတက်နေရတော့ လူ က စက်ရုပ်လိုဖြစ်နေပြီ။ မနက်မိုးလင်းရင်ထ—ရုံးသွားဖို့ပြင်ဆင်–ထမင်းအမြန်စား–ထမင်းချိုင့်ဆွဲပြီး ထွက်–ရုံးရောက်–နေ့စဉ်လုပ်နေကျ ရုံးအလုပ်တွေလုပ်–ပြီးရင်အိမ်ပြန်—အိပ်–နောက်နေ့ ပြန်ပြီး ဒီအတိုင်းလည်ပတ်—နေ့တိုင်း အတူတူလိုပဲနော်—ဟူးးးးးးးးး

  • အာဖျံ ကွီး

    March 25, 2011 at 5:37 am

    တယ် … ဒီကျောင်းသူအီးတုံး ….

    ငါ့ကျောင်းတော်ကို ခွင့်မပြုပဲနဲ. ဓါတ်ပုံရိုက်ပီး တင်ရသလား။
    ဒီလောက်ပျော်စရာကောင်းတဲ့ ကျောင်းမှာများ .. အိပ်ချင်ရသေးတရ်။
    အဲလောက်ထိငိုက်နေရင်လဲ ကွီးကွီးလို နေပါလား။
    စည်းကမ်းတွေ ခဏခဏဖောက်လို. … စည်းကမ်းထိမ်းသိမ်းရေးတွေ နောက်ကလိုက်တော့ …
    ဟိုပတ်ပြေးရ .. ဒီပတ်ပြေးရနဲ.ဆိုတော့ .. မငိုက်တော့ဘူးပေါ့။
    မပြောလိုက်ချင်ဘူး။ ငါ့မျက်နှာကြီးနဲ. ညဘက် သရဲလာခြောက်ပြလိုက်ရ … တေတော့မရ် .. ဟွန်း။

    ပုံ / ဒေါ်ညီညာတိန်း

    (ဆရာသမားတွေကို ပြစ်မှားမိသမျှ … တောင်းပန်ပါတရ်ဂျာ … ဟီးဟီးးး )

  • nigimi77

    March 25, 2011 at 6:10 am

    TNH , တိုင်ရီ , ဆာကူရာ, နေကြာပန်း…….ဘာဘာညာညာ ဟုတ်ဟုတ်မဟုတ်ဟုတ် ….အဲဒီက လူတွေ အလုပ် မရှိ အိပ်ပုတ်ကြီးသလို
    အလုပ် မရှိ ပိုစ့်ပဲရေးနေတယ်ကြားဖူးတယ်။ သိပ်မရေးနဲ ့ ကြောင်ကြီးက အချစ်ကြီးတယ်တဲ့။

    • etone

      March 25, 2011 at 8:30 am

      TNH , တိုင်ရီ , ဆာကူရာ, နေကြာပန်း …. နောက်ဘာကျန်သေးလဲ သိတဲ့စက်ရုံနာမည် ???? အိပ်ငိုက်လား မငိုက်လား သိချင်ရင် ကိုယ်တိုင်လိုက်မေး အဲ့ဒီစက်ရုံတွေက လူမဟုတ်လို့ မသိဘူး …. 😀

      ဟိုပြောသလိုလို ၊ ဒီပြောသလိုလိုနဲ့ လျှောက်မပြောနဲ့ … ဒီက ပို့စ်ရေးတာ အိမ်မှာရေးတာ မန်မိုရီစတစ်နဲ့ ကော်ပီလုပ်ပြီး ဒီရောက်မှ ပို့စ်တင်တာ … ကော်နက်ရှင်မကောင်းရင် ရေးပြ ီး ဥထား နောက်မှ စုတင်တာ သိဘီလား ။

      ဒါနဲ့ ဆရာကြီး ဆဲဗမ်းဆဲဗမ်းက လိမ္မာလာပြီပဲ ။ ဆဲလား ဆိုလားတွေ မလုပ်တော့ဘူးပဲ …. ဆဲလားဆိုလားတွေ လာရေးလို့ကတော့ အဟမ်းအဟမ်း zzzzzzzzzzz ဖျက်ပစ်မယ်မှတ် … 😀

  • Snowy

    March 25, 2011 at 9:37 am

    ကွန်ပျူတာကျောင်းအကြောင်းလေးတွေပြန်ဖတ်ရတာလွမ်းတောင်လွမ်းတယ် ….. ခံစားချက်တွေတူနေပြီ 😛 snowy က 15th batch ပါ senior တွေ ဒီဘားထိတာမကျေနပ်လို့ လမ်းပိတ်ပြီးဆဒ္ဒပြတာတောင် မီလိုက်သေးတယ် … ဟီးဟီး

  • Yin Nyine Nway

    March 25, 2011 at 2:51 pm

    ဘာကိုဖျက်မှာလဲ 😉

  • bigcat

    March 26, 2011 at 1:28 am

    အီးတုံးက တိုင်ရီမဟုတ်ဘူး တိုင်မှီ။ တိုင်မှီပြီးအိပ်ငိုက်လို့ 😀
    သဂျီးက တိုင်ထောင် (ရေးချင်တာရေးဖို့ ဂေဇက်ထောင်ထားလို့)
    ဆရာကြီး၇ရက တိုင်ကန် (ပြသနာရှာတတ်လို့)
    ကိုအောင်ပုက တိုင်ပတ် (ခေါင်းစားတတ်လို့)
    တချို့က တိုင်စောင့် (ဒေါ်စုကို ပုဂ္ဂိုလ်ရေး ပုတ်ခတ်သူများ)
    ကိုကြောင်ကြီးက တိုင်ထိပ် (top ထဲမှာပါလို့)

  • ဆူး

    March 26, 2011 at 2:13 pm

    ဆိုင်းဘုတ်ထောင်ထားတဲ့ ပုံကိုကြည့်ပြီး တခုမြင်မိတယ်။ မြင်ကြလား မသိဘူးနော်။
    သစ်ပင်ဂွကြားမှာ စောင့်ကြောင့်ကြီး ထိုင်ပြီး မျက်ထောင့်နီကြီးနဲ့ ပြူးကြည့်နေတယ်။
    တခုခုကို ပြောချင်သလို ဖြစ်နေလို့ သေချာ ကြည့်မိလိုက်တာ ပါးစပ်ကြီး လှုပ်နေတယ် နားစွင့်လိုက်တော့.. စကား တစ်ခွန်း လှမ်းပြောနေရှာတယ်။ ဘိုကင်မယူဘဲ လာရိုက်တော့ အဝတ်မလဲရသေးဘူးတဲ့။ 😉

  • AKKO

    September 21, 2011 at 3:43 pm

    Someone from facebook copy and share this post !!!!

  • Vincent

    September 21, 2011 at 5:19 pm

    Hi Sue,

    I am also from 16th Bath of UCSY.
    same feeling as you.
    🙂

  • windtalker

    September 21, 2011 at 7:28 pm

    ဒီအချိန် ကျောင်းတော်ကြီးရဲ ့အလယ်မှာ
    စိန်ပန်းတွေ လည်း ပွင့်နေပြီကွာ
    အချိန်စက်ဝိုင်းများ က ကုစားမပေးနိုင်ပါ
    အလွမ်းရယ် မပြေဘူး…ကျောင်းသားဘဝ
    (ဆောင်းဦးလှိုင် သီချင်းမှ)

Leave a Reply