မှတ်ဉာဏ်ကောင်းချင်ရင် နေ့လယ်တစ်ရေးအိပ်

ဦးကောက်March 28, 20111min15412

မှတ်ဉာဏ်ကောင်းချင်ရင် နေ့လယ်တစ်ရေးအိပ်

 

သင့်အနေနဲ့ သတင်း အချက်အလက် အသစ်တွေ မှတ်သားဖို့ လိုလာပြီ ဆိုရင် ပထမ ဦးစွာ နေ့လယ် နေ့ခင်းမှာ တစ်ရေး လောက် မှေးပြီး အိပ်စက် လိုက်ပါတဲ့။

 

အမေရိကန် သိပ္ပံ ပညာရှင် တစ်စု လေ့လာ တွေ့ရှိချက် အရ ဦးနှောက် အတွင်းမှာ ရှိတဲ့ ဟစ်ပို ကမ်းပတ်စ် (Hippo- campus) လို့ ခေါ်တဲ့ နေရာသည် သတင်း အချက်အလက် အတွေ့ အကြုံ အမြင်အကြား အသစ် တွေကို လက်ခံ ပေးတဲ့ နေရာ ဖြစ်ကြောင်း၊

 

တစ်နေ့တာ ကာလ အတွင်း သတင်း အချက်အလက် အသစ်များ ပြန်ဖြည့်ပေး နိုင်ကြောင်း၊

 

သို့သော် ခေတ္တ ခဏ အိပ်စက် ပေးဖို့ လိုကြောင်း၊

 

ယင်းသို့ ခေတ္တ အိပ်ပျော် နေစဉ်တွင် ရှိပြီးသား သတင်း အချက် အလက် များကို ဦးနှောက် ရှေ့ပိုင်းရှိ Prefrontal contex ဟု ခေါ်သော နေရာသို့ ပြောင်းရွှေ့ပေး လိုက်ပြီး ထိုနေရာ တွင် တာရှည် မှတ်သား သိမ်းဆည်း ထားပေး သွားတာ ဖြစ်ကြောင်း သိရ ပါတယ်။

 

ဟစ်ပို ကမ်းပက်စ် သည်အီးမေးလ် စာတိုက်ပုံး (email inbox) နှင့် အလား သဏ္ဌာန် တူကြောင်း၊

 

သို့သော် အိပ်လိုက် ပြီးနောက် အီးမေးလ် ကဲ့သို့ သတင်း အချက်အလက် များကို ရှင်းထုတ် ပြီးမှ သာလျှင် အသစ် ဝင်လာသော သတင်း အချက် အလက် များကို လက်ခံ နိုင်မှာ ဖြစ်ကြောင်း သိရ ပါတယ်။

 

ဒီဖြစ်စဉ်ဟာ အိပ်ပျော်ခြင်း အဆင့် (၂) non- REM sleep တွင် ဖြစ်ပေါ် ကြောင်းလည်း သိရ ပါတယ်။

12 comments

  • လင်းဝေကျော်

    March 29, 2011 at 2:59 am

    ကျွန်တော်က နေ့လည်အိပ်တတ်တဲ့သူဆိုတော့ စိတ်ဝင်စားသွားတယ်။
    မှတ်သားဖွယ်ရာလည်းဖြစ်ပါတယ်။ ဆက်လက်ပြီး နေ့လည်ဘက် တစ်ရေးအိပ်တော့မယ်။
    အရက်မူးပြီး အိပ်လိုက်ရင်တော့ သိပ်မမှတ်မိတတ်တာကလေးလည်း ရှင်းပါဦး။

  • researcher

    March 29, 2011 at 3:31 am

    မြန်မာပြည်မှာ နေ့ခင်းနေ့လည် တရေးတမှေး အိပ်တဲ့သူတွေ အများကြီးရှိပါတယ်၊ အိမ်မှာ နေရင်း အလုပ်လုပ်ကြတဲ့သူတွေပါ၊ နေ့ခင်းတရေးအိပ်ခြင်းဖြင့် ပင်ပန်းမှုတွေလျော့ ပါးပြီး တနေ့တာရဲ့ အလုပ်တွေကို ဒုတိယပိုင်း အနေနဲ့ အားအင်ပြည့်ဝစွာ ပြန်လည်လုပ်ဆောင်နိုင်တယ် ဆိုတာ နေ့ခင်းအိပ်တတ်သူတိုင်း သိကြပါတယ်။ ဒါပေမယ့် ဒါတွေကို သုတေသနပြုမှုမရှိပဲ အမှုမဲ့ အမှတ်မဲ့ ဖြတ်သန်းနေတဲ့ အခါကြတော့ သူများပြောမှသိ ဆိုတာမျိုးဖြစ်နေတာပေါ့။ သုတေသနလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်မှ သိပ္ပံပညာတိုးတက်မှု၊ နည်းပညာတိုးတက်မှု၊ အဲဒီကနေတဆင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု စတဲ့ ဆင့်ကဲ ဆင့်ကဲ တိုးတက်မှုတွေ ဖြစ်လာမယ်လေ။

  • MaMa

    March 29, 2011 at 3:54 am

    ဟာ…. ဒါဆိုရင် နေ့လည်နေ့ခင်း တစ်ရေးလောက် အိပ်လိုက်အုံးမှပဲ။ အိပ်ချင်လို့တော့ မဟုတ်ဘူး။ မှတ်ဉာဏ်ကောင်းချင်လို့။ (ခက်တာက အလုပ်ထဲမှာ ဘယ်လိုအိပ်ရမလဲ)။ အဖေ အမေတို့ကတော့ နေ့ခင်းဖက်အိပ်တာ လူပျင်းတဲ့။

  • babymay

    March 29, 2011 at 4:12 am

    မဖြစ်ဘူး ဒီကိစ္စ ရုံးကအထက်လူကြီးတွေကို တင်ပြမှပဲ။ ရုံးဝန်ထမ်းတွေကို နေ့ခင်းထမင်းစားချိန်အပြင်၊ အိပ်ချိန်ပါပေး ပါလို့ ။ ဒါမှ ရုံးလုပ်ငန်း တွေကို ဒုတိယပိုင်းအနေနဲ့ သွက်သွက်လက်လက် လုပ်နိုင်မှာ။။ ဟဲဟဲ

  • မိုက်ကယ်ဂျော်နီအောင်ပု

    March 29, 2011 at 8:07 am

    စားတာက အသား
    အိပ်တာက အားဆိုဘဲ
    အထင်ပြောရရင်တော့
    အလုပ်ကြမ်းသမားတွေအနေနဲ ့တော့
    နေ ့ခင်းထမင်းစားပြီးအိပ်ရင် အားနည်းနည်းပြည့်သွားတယ် အထိုက်အလျှောက်ပေါ့
    ဒါပေမယ့် ကျုပ်တို ့ဆိတ်ကျောင်းသားတွေရဲ ့ ဆိတ်ပညာထည်းကနေကြည့်ရင်
    နေ ့ခင်းအိပ်ပြီး တစ်ရေးနိုးတဲ့အချိန်မှာ
    စိတ်ဓာတ် နည်းနည်းပျော့သွားတတ်တာ
    တနည်းအားဖြင့်
    စိတ်ဓာတ် ကျနေတတ်တယ်ဆိုတာကို
    ဆိတ်မ အကောင်ရှစ်ဆယ်ကို သုတေသန ပြုပြီးတွေ ့ရှိထားတယ်
    ဆိုတော့ကာ
    ခင်ဗျားတို ့လည်း နေ ့ခင်းနေ ့လည် တစ်ရေးအိပ်ကြလေ
    နိုးတဲ့အခါ ခံစားရတဲ့စိတ်ဓာတ်ဟာ
    မနက်စောစော အိပ်ရေးမဝလို ့ခံစားရတဲ့ ဝေဒနာနဲ ့မတူတာကိုတွေ ့ရမှာပါ
    အခြားမတူတဲ့အကြောင်းတွေကို လေ့လာနေပါတယ်
    အဲ့ဒါက
    ကျုပ်တို ့ရွာက ဆိတ်မတွေက တွေ ့ရာစားတာ
    ကြားဘူးတယ်ဟုတ်လား
    ဆိတ်ပါးစပ် အောင်ပုလက်ဆိုတာလေ
    ဒါပေမယ့် ခင်ဗျားတို ့လို
    ချီးမြောင်းဘေးက ကန်ဇွန်းရွက်တွေကို
    ရေခဲသတ္တာထဲ ထည့်ပြီးမှ အဆင့်မြင့်မြင့် ပြန်ကျော်စားတဲ့လူတွေကြတော့ မသိဘူး
    ( အိပ်ပျော်တယ်ဆိုတာက ဦးနှောက်ကို အနားပေးတာပါ )

  • kai

    March 29, 2011 at 8:20 am

    နေ့လည်အလုပ်အားချိန်ထမင်းစားချိန်မှာ.. မိနစ် ၁၅-၂ဝလောက်အိပ်လည်း အိုကေပါတယ်တဲ့..။
    ….မူရင်းလင့်ခ်ပါပေးလို်က်ပါကြောင်း..။

    Nap Time: It’s Like Kindergarten All Over Again
    by FitSugar
    I hated it when my preschool and kindergarten teacher cued us to take out our nap mats — why nap when there was coloring to be done? Before I blame them for ruining my chance at becoming the next Picasso, it looks like they might have been on to something: a new study suggests that an afternoon nap might make you smarter.

    Pitting nappers against non-nappers, researchers gave a group of 39 healthy, young adults a memory test before and after a 90-minute nap. When taking the memory test the second time, the non-nappers’ scores dropped an average of 10 percent. Meanwhile, the nappers did even better the second time around. The University of California, Berkeley researchers also found that how much sleep the nappers got was much less important than the type of sleep they received. The more “stage 2 non-REM” sleep the participants had — a lighter form of non-dreaming sleep — the better they did.

    Apparently, our brains get clogged during the day with information overload and taking a nap helps it recharge. After a brief resting period, it’s able to consolidate the information it’s picked up through the day, while also clear itself to be more adept at learning new information. While many of us don’t have 90 minutes to snooze during our lunch break, even a 15 to 20 minute nap can help too.

    http://www.fitsugar.com/Study-Finds-Afternoon-Nap-Can-Improve-Memory-Make-You-Smarter-7503804

  • intro

    March 29, 2011 at 9:31 am

    အချိန်ရရင်တော့ နာရီဝက်- ၁နာရီလောက် အိပ်သင့်ပါတယ်… အိပ်ရာက နိုးလာရင် အားတွေ ပြည့်လာသလို ခံစားရတယ်…

  • etone

    March 29, 2011 at 9:46 am

    ရုံးကို လာလာနေတဲ့ ဂျာမဏီလူမျိုးဆိုလည်း နေ့ခင်း ပိုင်း အမြဲ မိနစ် 20အိပ်တယ် … ကိုယ်တွေဆို မိနစ် 20 မပြောနဲ့ 2 နာရီတောင် အိပ်လို့ မဝဘူး။ သူအိပ်ပုံက ခုံမှာလည်း ထိုင်အိပ်လို့ရတယ်တဲ့… ခုံမှထိုင်ပြီး လက်ကို ခုံဘေးကို ချထား … ကျောကတော့ ထိုင်လျှက်မှီပေါ့ … ဘေးကို ချထားတဲ့ လက်ထဲမှာ တစ်ဆယ်သားလောက်လေးတဲ့ ပစ္စည်းကို ကိုင်ထားတဲ့…အ ိပ်မောကျလို့ လက်ထဲက ပစ္စည်းလွတ်ကျတဲ့အချိန် ထလိုက်ရင် မိနစ် 20 ဝန်းကျင်ပါတဲ့…သူကတော့ အမြဲအဲ့လို အိပ်ပါတယ်တဲ့…။ အီးတုံးတို့များ လက်ထဲက ပစ္စည်းလွတ်ကျယုံမကလို့ လူတောင် ခုံပေါ်က ပြုတ်ကျဦး မနိုးရေးချ မနိုးဘူး 😛

  • weiwei

    March 29, 2011 at 2:16 pm

    တရုတ်လူမျိုးတွေကတော့ ရုံး ကျောင်း စက်ရုံ အားလုံးမှာ နေ့ခင်းအိပ်ချိန်ပေးပါတယ်။ နာရီဝက်လောက်နေ့ခင်းအိပ်ပြီးမှ အလုပ်ပြန်လုပ်ကြတယ် … ကျွန်မလဲ အကျင့်ပါလာလို့ အခုဆို ထမင်းစားပြီးတိုင်း ၁၅ မိနစ်လောက်တော့ ထိုင်လျက်အိပ်တတ်နေတယ် ..

  • ဆူး

    March 29, 2011 at 3:14 pm

    ဂေဇတ်မှာ စာဖတ်နေရတာနဲ့ ညည ၁၂ကျော် လို့ ၁နာရီ ဖြစ်သွားတယ်။ နေ့ဘက်ဆို အလုပ်မှာ ငိုက်တယ်။

  • unclegyi1974

    March 29, 2011 at 3:58 pm

    နေ့လည်းအိပ်တာလူကိုအဟုတ်လန်းစေပါတယ်
    မယုံမရှိနဲ့ကိုယ်တွေ့
    များသွားရင်မကောင်းပါဘူးသွေးလေးသွားပါတယ်

  • Gong Zhu

    April 5, 2011 at 8:40 pm

    ဒါပေမယ့် … လေးလေးကြီးဖြစ်တတ်တယ်တဲ့ … ဝ လည်း ဝ စေတယ်တဲ့ …

Leave a Reply