ကျမ်းသစ္စာကျိန်ဘူးလား

တညင္သားApril 3, 20111min32812

တရားရုံးမှာ အမှု့တစ်ခုစစ်ရင်မှန်မှန်ကန်ကန်ထွက်ဆိုပါ့မယ်လို့ ကျန်းကျိန်ရတယ်တဲ့. မဟုတ်မမှန်ထွက်ဆိုခဲ့ရင်ကျမ်းစူးတယ်လို့ ကြားဘူးတယ် ..ဒါနဲ့ပတ်သတ်ပြီးတော့ ကြာဘူးတာလေးတခုပါ..
ကျွန်တော်တို့ ရွာမှာခြံတွေကဈေးပေါပါတယ် တဧကလောက်ကြယ်တဲ့ ခြံဝင်းမှ အလွန်ဆုံးရှိ ၅သိန်းပတ်ဝန်းကျင်ပေါ့နောက်ပြီး လယ်သမားအများစု ဖြစ်တဲ့အတွက်ကြောင့် ရွာနဲ့ မိမိလယ်နဲ့ဝေးတဲ့သူတချို့က ရွာထဲမှာမနေပဲ လယ်ထဲမှာပဲ တောင့်တောင့်တင်းတင်း တဲဆောက်ပြီး မိသားစုလိုက်ပြောင်းရွေ့နေထိုင် ကြတဲ့သူတွေလဲရှိတယ် ခြံအတွက် ဂရမ်တွေ ဘာတွေ မရှိပေမဲ့လဲ ဘိုးစဉ်ဘောင်ဆက်နေလာခဲ့ကြတော့ ဘယ်ဟာဘယ်သူ့ခြံ ဆိုတာ သိနေကြတာပေါ့ ဒီလိုနဲ့ မိသားစု တစ်စုက ပိုင်ရှင်ရှိပြီး အိမ်မရှိတဲ့ ခြံကွက်တခုမှာ အိမ်ဆောက်နေကြတယ် ကျုးကျော် လို့ပြောရမလား..ဒါကပြဿနာမဟုတ် တစ်ရွာထဲနေတဲ့သူ အချင်ချင်း သူတို့ဝင်ရောက်နေထိုင်တာကိုဘာမှ မပြောကြဘူး….. ပြဿနာက ခေတ်တွေပြောင်း ခြံဈေးတွေတက် ပိုင်ရှင်တွေကလဲ သားသမီးတွေ အိမ်ထောင်ကြလေတော့ ရွာထဲမှာရှိတဲ့ ခြံကိုမျက်စောင်းထိုးကြပြီ ဒီလိုနဲ့ ဝင်ရောက်နေထိုင်သူတွေကို ဖယ်ခိုင်းတာ လုံးဝမဖယ်ပေးပဲ ပိုင်ရှင်က တရားဆွဲတော့ တရားရုံးရောက်ပါရော.. လူလည်ကြတဲ့ ယောကျင်္ားက တရားခံ နေရာမှာ သူ့မိန်းမ နံမည်နဲ့ တရားရင်ဆိုင်ခိုင်းတယ် အဲဒီအမျိုးသမီးလဲ တရားရုံးရောက် ကျမ်းကျိန်ပြီး သူ့အပိုင်မဟုတ်တဲ့ ခြံကို သူအပိုင်ပါဆိုပြီးထွက်ဆိုခဲ့တယ် နောက်ဆုံးအမူ့ ရှုံးသွားရော…. အမှု့ ပြီးသွားပေမဲ့ အိမ်နီးနားချင်း တရာလိုဖက်က သက်သေလိုက်ခဲ့ဘူးတဲ့ လူတချို့က မဟုတ်မမှန်ပြောခဲ့တဲ့ ဒီအမျိုးသမီးကို ကျမ်းစူးလိမ့်မယ်ပေါ့ ..ပြောနေကြတာ.. တစ်လ မကြာပါဘူး အဲဒီအမျိုးသမီး ဆေးရုံရောက် နောက်ဆုံးအသက်ဆုံးသွားတယ်..တိုက်ဆိုင်မှု့ တခုဆိုရင်လဲပဲ ရွာထဲမှာတော့ ဒီအမျိုးသမီး ကျမ်းစူးတာတဲ့.. ခင်ဗျားတို့ ရော ဘယ်လိုထင်ကြလဲဗျာ… ကျမ်းကျိန်ရင်တကယ်ပဲစူးတက်သလား……

12 comments

  • bigcat

    April 3, 2011 at 6:02 am

    ရှေ့နေတွေကို မေးရင်ပိုကောင်းလိမ့်မယ်။ ရွာထဲမှာ ဝတ်လုံတော်ရမင်းများ ရှိသလားဗျို့။

  • kai

    April 3, 2011 at 6:12 am

    ကျမ်းမစူးဘူးထင်ရင်..မစူးပါဘူး..။
    စူးတယ်ထင်ရင် စူးပါတယ်..။

    ဆိုတော့..
    စိတ်ပါပဲ..။ ဥပါဒါန်ကြောင့်ဥပါဒ်ရောက်တတ်တာပါ..။ 🙂

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 3, 2011 at 7:26 am

    ကျမ်းကျိန်တိုင်းသာသေရရင်တော့
    ဗမာပြည်မှာ ရှေ ့နေတွေ
    တရားသူကြီးတွေ
    တစ်ကောင်မှ ကျန်တော့မှာမဟုတ်ဘူး
    ပေါက်လားတော့မသိဘူး
    လောလောဆယ်တော့
    သမ္မတသစ်ကြီးကျမ်းကျိမ်လိုက်တာ
    လွှတ်တော်နောက်ဖေးလမ်းကြားမီးလောင်သွားဒယ်ဆိုဘဲ
    ဟုတ်မဟုတ်မသိ
    ဘယ်လို စက်ဆပ်လည်းမသိ

  • nature

    April 3, 2011 at 8:41 am

    ကုသိုလ် အကုသိုလ်ဆိုတာ လုပ်ပြီးတာနဲ့ ချက်ခြင်းအကျိုးပေးတာရှားပါတယ်၊ မုသာဝါဒါဆိုတဲ့လိမ်ပြောတာလဲအပြစ်အကြီး အသေးရှိပါတယ်၊ ကြောက်လို့လိမ်ပြောတဲ့အပြစ်ကသိပ်မကြီးပေမဲ့ သူတပါးအကျိုးစီးပျက်စီးစေလိုတဲ့ ရည်ရွယ်ချက်နဲ့ကြိုတင်ကြံစည်ပြီးလိမ်ရင်တော့အင်မတန် အပြစ်ကြီးပါတယ်၊
    ဥပါဒါန်နဲ့ဆို ပိုပြီးဆိုးသွားပါတယ်၊
    ကျမ်စူးတယ်ဆိုတာထက် မုသာဝါဒါ ဆိုတဲ့လိမ်ညာမှုရဲ့အပြစ်တွေကို ခံစားရမယ်လို့ ယုံကြည်ပါတယ်။

  • naywoonni

    April 3, 2011 at 9:34 am

    စိတ်သည် အရာရာကိုဦးဆောင်နေ၏ တဲ့ စိတ်မပါရင်ဘာမှမဖြစ်ပါဘူး ။ သူကိုယ်တိုင်ကလည်း စိတ်ထဲမှာ ကျမ်းစူးတော့မယ်ဆိုတာ တွေးနေပါလိမ့်မယ်။ တို်က်ဆိငြ်တော့လည်း မှန်သွားတာပေါ့ ။ ရွာထဲမှာဗေဒင်မေးသလိုပေါ့။ မှန်တယ်လို့ယုံနေရင်မှန်သွားတတ်တာပဲလေ ။ လုံးဝမယုံတဲ့သူကြတော့ တစ်လွဲတွေဖြစ်အောင်ကိုတစ်မင်လုပ်တာမျိုးတွေ့ဖူးတယ်။ အလောင်းအစားနဲ့လုပ်ကြတာ ။အရင်ကဆိုတုတ်တစ်ပြက်ဓါးတစ်ပြက်နဲ့…။ သွေးကြီးတယ်ခေါ်မလားမသိဘူး။ တစ်ကယ်တော့ စိတ်ဓါတ်မာကြောတဲ့သူကို အနိုင်ယူဖို့ခက်ပါတယ်ကွယ်

  • ogre

    April 3, 2011 at 10:06 am

    ကျမ်းကျိန်ဘူးတယ်..
    တရားရုံးမှာကျမ်းကျိမ်နေတုန်လွတ်ကျတာ..အပြားနီလေထက်ချမ်းကွဲသွားတာ
    အထဲမှာဘာကျမ်းစာမှထည့်မထားဘူး..ကိုယ်တွေ့ပါ…
    ကျမ်းစာမူရင်းကိုတော့ဖတ်ဘူးတယ်..တော်တော်ကြောက်ဘို့ကောင်းတဲကျိန်စာတွေပါ….
    သူ့လောက်ကျိန်တတ်တဲသူတောင်သူ့လောက်ကျိန်တတ်မှာမဟုတ်ဘူး
    မြွေလိုကိုနဲအကြေးခွန်အထပ်ထပ်လူဖြစ်ပါစေတွေကောပါတယ်..နောက်မှပို့စ်တင်ပေးမယ်

  • ဆူး

    April 3, 2011 at 3:01 pm

    မြန်မာနည်း မြန်မာဟန် အမှု ရှံးတဲ့ လူ က အောက်လမ်းနည်းနဲ့ လုပ်လိုက်တာ သေကော.. ဟီးဟီး.. ကြမ်းစူး တယ်ဆိုတာ.. ကြမ်းမညီလို့ ဖြစ်ပါလိမ့်မယ်။

  • နီလေး

    April 4, 2011 at 4:46 am

    ကြမ်းစူးတာ ကြမ်းပေါ်မှာစူးစေမယ့်အရာဘာရှိလဲမှမသိတာ

  • လင်းဝေကျော်

    April 4, 2011 at 10:06 am

    ကျမ်းစူးတယ်ဆိုရင် တရားသူကြီးတွေ ရှေ့နေတွေ အရင်စူးမှာပဲ

  • sayargyi

    April 4, 2011 at 3:33 pm

    ကျမ်းကျိန် တာ တကယ်စူး မစူးတော့ မသိဘူး..
    အခု သမ္မတသိန်းစိန် တောင် ကျမ်းမကျိန်ဘူး…ကတိသစ္စာ ဘဲပြုတယ်…
    သူတို့လဲ ကြောက်လို့ထင်တယ်…
    (မယုံရင် သတင်းစာမှာသေချာဖတ်ကြည့်…ကျမ်းကျိန်တာ မရှိဘူး)

  • MaMa

    April 4, 2011 at 5:04 pm

    ကျမ်းသစ္စာ ကျိန်ဖူးတယ်။ ကိုယ့်ကို သူများက ငွေလိမ်သွားလို့ တရားစွဲတုန်းက။ တစ်သက်နဲ့တစ်ကိုယ် တရားရုံးရောက်ရလိမ့်မယ်လို့ ထင်မထားခဲ့တော့ ကိုယ်က တရားလို အဖြစ်သွားတာတောင် ခပ်လန့်လန့်ပဲ။ တရားသူကြီးက မစစ်မေးခင် ကျမ်းကျိန်ခိုင်းတယ်။ ကျမ်းထုပ်ကြီးကိုင်ပြီး အမှန်အတိုင်းထွက်ဆိုပါ့မယ်။ လိမ်ညာပြောရင် ကျမ်းစူးပါစေဆိုပြီး တိုင်ပေးတဲ့အတိုင်း လိုက်ဆိုပြီး စိတ်ထဲကလဲ (ငါလည်း အမှန်အတိုင်းထွက်ဆိုမယ်။ နင်လည်း အမှန်အတိုင်း စစ်။ နင်လဲ မဟုတ်တာ လုပ်ရင် ကျမ်းစူးပါစေ။) ဆိုပြီး စိတ်ရှင်းရှင်းနဲ့ အစစ်ခံလိုက်တယ်။

  • dream

    April 4, 2011 at 6:37 pm

    ကြမ်းစူးရင်တော့ တော်တော်နာပါတယ်
    ခြေဖဝါးကို ဖောက်သွားတာပဲ
    ကျမ်းတော့ မကျိန်ဖူး မစူးဖူးပါ။

Leave a Reply