Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မှန်ကန်ကောင်းမွန် သန့်ရှင်းသော အစိုးရသစ် ဖြစ်ပေါ်ရေး

လင်းဝေApril 1, 20111min1785

မနေ့က အစိုးရအဖွဲ့သစ်ရဲ့ ကတိသစ္စာပြုအခမ်းအနားနဲ့ အမိန့်နာခံခြင်းအခမ်းအနားကို ပြုလုပ်ခဲ့ပါတယ်။

သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲတုန်းက တောင်ရှည်မပါ စလွယ်မပါလိုက်လို့ ထပ်လုပ်သလားတောင်ထင်ရပါတယ်။ စစ်တပ်မှ ပုဂ္ဂိုလ်များ ကလည်း မနေ့ကမှ အခမ်းအနားတက် ဝတ်စုံကို သေသေချာချာ ဝတ်လာကြပါတယ်။ အရင်ကတော့ လွှတ်တော်ထဲကို သူများတွေက တိုက်ပုံ ခေါင်းပေါင်းတွေ ဝတ်ပြီး အလေးထားချိန်မှာ သူတို့က သာမန် ယူနီဖောင်းနဲ့တက်လာကြတာပါ။ ထားပါတော့ ဒါက အရေးမကြီးပါဘူး။

တကယ်ပြောချင်တာက သမ္မတ အသစ်ဖြစ်သူ ဦးသိန်းစိန် ရဲ့ မိန့်ကြားချက် မိန့်ခွန်းဖြစ်ပါတယ်။

သူပြောတာက
“ အစိုးရအဖွဲ့သစ်ရဲ့ အရေးကြီးဆုံး လုပ်ငန်းစဉ်ကတော့ ကောင်းမွန်သော အုပ်ချုပ်မှုစနစ် (Good Governance) နဲ့ သန့်ရှင်းသော အစိုးရ (Clean Government)
ပေါ်ပေါက်လာအောင် ဝိုင်းဝန်းကြိုးပမ်းလုပ်ဆောင်ဖို့ပဲဖြစ်ပါတယ်။
အဲဒီလိုဖြစ်ဖို့အတွက်ဆိုရင် အစိုးရအဖွဲ့ အသီးသီးရဲ့ လုပ်ငန်းစဉ်များဟာ ပွင့်လင်းမှု ရှိရပါမယ်၊ တာဝန်ခံမှုရှိရပါမယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲဥပဒေများနဲ့ ကိုက်ညီမှု ရှိရပါမယ်၊ ပြည်သူလုထု ဆန္ဒသဘောထားကို အလေးထားရပါမယ်၊ အားလုံးပါဝင်နိုင်မှုရှိရပါမယ်၊ အစိုးရအဖွဲ့ရဲ့လုပ်ငန်းများဟာ သွက်လက်ပြီး ထိရောက်မှု ရှိဖို့လိုအပ်ပါတယ်။”

လို့စတင်ပြီး ပြောသွားပါတယ်။ အလွန်ကိုကောင်းမွန်သော စကားဖြစ်ပါတယ်။ ဒီလိုပြောတာကို (ပြောဖော်လေးရတာကိုပဲ ) အမှတ်နည်းနည်းပေးလိုက်ပါတယ်။ စွတ်ပြီး ချီးကျုးတာတော့မဟုတ်ပါဘူး။ တကယ် သူပြောသလို လုပ်ဖို့ မလွယ်ဘူးဆိုတာ ကောင်းကောင်းနားလည်သော်လည်း ပြောဖော်လေးရတာကိုပဲ အသိအမှတ်ပြုလိုက်တာပါ။ အဆိုးမြင်တာလည်း မဟုတ်ပါ၊ အကောင်းမြင်တာလည်း မဟုတ်ပါ။ လက်တွေ့ကျကျ ယျေဘုယျဆန်ဆန် အပြုသဘောနဲ့လက်တွေ့စဉ်းစားသုံးသပ်ကြည့်တာပါ။ သူပြောတာက စကားလုံးအနေနဲ့ တိုပေမယ့် အလွန်ကျယ်ပြန့်ရှုပ်ထွေးပါတယ်။ အစိုးရ အဖွဲ့အသီးသီး ရဲ့ အဆင့်အသီးသီးမှာ တာဝန်ယူရမယ့်သူများက ကောင်းမွန်သော အစိုးရဆိုတာ ဘာကိုဆိုလိုတာပါလဲလို့ တိကျသေချာစွာ နားလည်ကြပါရဲ့လား။ နားလည်ပြီးသည့်နောက် တိကျသေချာစွာလိုက်နာလိုသော စိတ်ဆန္ဒ ရှိပါရဲ့လား။ စိတ်ဆန္ဒဖြစ်ပေါ်လာအောင် အခြေအနေပေးနေပါသလား။ စိတ်ပါလာရင်ကော လိုက်နာကျင့်သုံးနိုင်မယ့် အနေအထားဖန်တီးပေးမှာပါလား။ မလိုက်နာမကျင့်သုံးသူကိုကော ဘယ်လို အရေးယူမှာပါလဲ။ ဒီတစ်ချက်နဲတင် နည်းနည်း စရှုပ်လာပါပြီ။ ဒါတောင် စကားလုံးတွေကို စကားလုံးတွေနဲ့ပဲ ထပ်ဆင့်ဖွင့်ဆိုရင်း နက်နဲလာတာပါ။ ဒီလိုပြောလို့ မဖြစ်နိုင်ပါဘူး ဆိုပြီး စွပ်စွဲတာလည်းမဟုတ်ပါဘူး။ ဒီလို ဖြစ်အောင် ဒါတွေလုပ်စေချင်ပါတယ် လို့ တိုက်တွန်းလိုက်တာပါ။ ဆက်ပြီး ကြည့်မယ်ဆိုရင် သန့်ရှင်းသော အစိုးရ ဖြစ်ဖို့ဆိုရင် ကိုယ်ကျိုးရှာမှု၊အလွဲသုံးစားမှု၊ ငွေညှစ်ခြိမ်းခြောက်တာတွေကစလို့ အဂတိလိုက်စားတာ၊ ရေမလာရင် ဥပဒေဘောင်အတွင်းက မလုပ်ပဲညစ်ပြီး ပစ်ထားတာတွေ အဆုံးအထိ ဘယ်လို တိုက်ဖျက်ကြမလဲ။ စောစောက ပြောတဲ့အချက်လိုပဲ သန့်ရှင်းသော အစိုးရ အဖွဲ့ဖြစ်ဖို့ အဓိပ္ပါယ်ဖွင့်ဆိုမှုနဲ့ စဉ်းမျဉ်းများ သေချာစွာအသိပေးလို့ ဥပဒေအားဖြင့်လည်း အားကောင်းဖို့လိုနေပါပြီ။ အခြေအနေကိုလည်း ဖန်တီးရပါဦးမယ်။ ထိရောက်စွာ အရေးလည်းယူရပါတော့မယ်။ ဒါတွေဖြစ်ဖို့ အတွက် အဓိဖြစ်သော ငွေကြေးမူဝါဒ ( Monetary Policy )နဲ့ ဘဏ္ဍာရေးမူဝါဒ ( Fiscal Policy ) နှစ်ခုကို ပြင်ရပါတော့မယ်။ ဒီလို ပြင်မယ်ဆိုတာ ကိုထည့်ပြောတာမတွေ့မိပါဘူး။ အစိုးရလိုငွေပြမှု ပမာဏလျော့ကျခြင်း၊ ငွေကြေးဖောင်းပွမှုနည်းပါခြင်း နဲ့ အနာဂတ်ကို စိတ်ချယုံကြည်ရမှုကသာ ကုန်ဈေးနှုန်းများတည်ငြိမ်ရေးကို ဖြစ်ပေါ်စေနိုင်တာဖြစ်ပြီး၊ ကုန်ဈေးနှုန်းတည်ငြိမ်မှုနဲ့ ဘဝအာမခံချက်ရှိမှု တို့ကသာ ကိုယ်ကျိုးရှာမှုများကို လျော့နည်းလာစေမှာပါ။ ဒီအဆင့်တွေကို လုပ်ဖို့အတွက် အခြေခံပြုပြင်ပြောင်းလဲမှုတွေလုပ်ကို လုပ်ရပါမယ်။ အဲသလိုမဟုတ်ပဲ လာဘ်မစားကြပါနဲ့ မကောင်းပါဘူး၊ ဆွေးမျိုးမိတ်ဆွေများကို အခွင့်ရေးပိုမပေးပါနဲ့ ရှက်စရာကောင်းပါတယ် လောက်သာပြောရင်တော့ “ဟုတ်ကဲ့ပါ သမ္မတကြီး” လို့ပဲပြန်ပြောပါမယ်။ ကျန်တာတော့ အရင်လိုပဲပေါ့။ ဖြစ်အောင်လုပ်ချင်တယ်ဆိုရင် တကယ်ဖြစ်စေချင်ပါတယ်။ တိုင်းပြည်တကယ်ကောင်းမယ်ဆိုရင် ဘယ်သူတွေလုပ်လုပ်ပါ။ လုပ်မယ့်သူများတကယ်လုပ်ရင် ကျွန်တော်တို့က ဇိမ်နဲ့နှပ်နေရုံပါပဲ။ တကယ်လုပ်မယ့်သူများရဲ့ စစ်မှန်သော စိတ်စေတနာဖြစ်တယ်ဆိုရင် အကောင်အထည်ပေါ်စေချင်လို့ ပြောရပါတယ်။

ဆက်ပြီး အစိုးရလုပ်ငန်းစဉ်များဟာ ပွင်းလင်းမှုရှိရပါမယ်တဲ့။ Transparency နဲ့ ပတ်သက်ရင် မြန်မာ့လူ့ဘောင်ဟာ လုံးလုံးကို မသိပါဘူး။ ဘယ်လိုပွင့်လင်းရမှာတုန်း။ ဟိုးအောက်ခြေက အစိုးရရုံးလေတွေမှာတောင် “မြန်မာနိုင်ငံတော် အစိုးရ လျှို့ဝှက်ချက်အက်ဥပဒေ ကို တိကျစွာလိုက်နာပါမည်” လို့ စာကပ်ထားတဲ့ တိုင်းပြည်မှာ ပွင့်လင်းမှုကို ဘယ်ပုံနဲ့ လုပ်ရမယ်ဆိုတာ လုံးဝ အလေ့အကျင့်မရှိလေတော့ အခု သမ္မတသစ်ရဲ့ ပြောကြားချက် အတိုင်းဖြစ်ဖို့ဆိုရင် နောက်ဆက်တွဲ ညွှန်ကြားချက်တွေ ထွက်ရှိပြီး ဘယ်လို ပြည်သူနဲ့ ဆက်ဆံရမယ်။ ဘယ်လို ပွင့်လင်းပြီး ဘယ်လို အပြန်အလှန် သတင်းအချက်အလက် ဖလှယ်ရမယ်ဆိုတာ အစိုးရ အဖွဲ့အသီးသီးက အဆင့်အဆင့်တွေကို နားလည် လက်ခံလာအောင် သင်ကြားသိစေ လုပ်ပြီး တိုက်တွန်းအားပေးမှသာဖြစ်ပါမယ်။ တာဝန်ခံမှု ( Accountability ) ဆိုတာကတော့ ပွင့်လင်းမှုထက်တောင် ပိုဆိုးပါသေးတယ်။ ဘာကိုတာဝန်ခံရမှာတုန်းလို့ အောက်ခြေမြို့နယ်အဆင့် အုပ်ချုပ်ရေး ယန္တယားက လူများပြန်မေးကြမှာသေချာပါတယ်။ ကိုယ့်ရဲ့လုပ်ဆောင်မှုနှင့် တာဝန်ရှိမှု။ ကိုယ်က ပြည်သူကို အလုပ်အကျွေးပြုရမှာဖြစ်တယ်။ တာဝန်ရှိသောသူဖြစ်တယ် ဆိုတာကို ဖောင်ကြီးပြန်တက်ခိုင်းပြီး သေသေချာချာ သင်ပေးမှသာရပါတော့မယ်။ တာဝန်ယူမှုနဲ့ ပတ်သက်ရင် ခေါင်းရှောင်တတ်မှု မလုပ်မရှုပ်မပြုတ်၊ ပိုက်ဆံမရမယ့်ကိစ္စဆိုရင် လက်ရှောင်တတ်သော ဝန်ထမ်းများကို အလွန်စိတ်ရှည်သည်းခံပြီး သင်ကြားပေးမှသာ ဖြစ်နိုင်မယ့်အရာပါ။ ဒီကိစ္စတွေသာ တကယ်အောင်မြင်ရင် ဘယ်လောက်ကောင်းမယ်ဆိုတာ တွေးတွေးပြီး ပျော်မိပါတယ်။ စိတ်ကူယဉ်ရတာအမောပါပဲ။

ဖွဲ့စည်းပုံဥပဒေ၊ တည်ဆဲဥပဒေများနဲ့ ကိုက်ညီစွာလုပ်ဆောင်ရပါမယ်တဲ့။ ၂၀၀၈ကြီးကို လက်မခံလည်းပဲ အဲဒီအခြေခံဥပဒေမှာပဲ Separation of Power ကိုပေးထားပါတယ်။ ဥပဒေပြုရေးနဲ့ တရားစီရင်ရေးကို အုပ်ချုပ်ရေးကနေ ခွဲထုတ်ပေးထားတာကိုပဲ တကယ်သာ လုပ်ဆောင်နိုင်ရင် မြန်မာ့သမိုင်းမှာ အကြီးအကျယ် လူထု က လွပ်လပ်မှုကို ရတာပါ။ တကယ်ဖြစ်ဖို့သာ တတ်နိုင်သမျှ ဝိုင်းဝန်းကြရမှာပေါ့။ အောက်ခြေ လူတန်းစားအတွက် လက်တွေ့ပိုဖြစ်နိုင်ချေရှိသော လွပ်လပ်မှုတွေ ရမှာကို ကြိုဆိုပါတယ်။ အခု ဒီလိုရေးတာကလည်း အခြေခံဥပဒေအရဆိုရင် ဘာမှ အမှားမဖြစ် တည်ဆဲဥပဒေအရဆိုရင်လည်း ရာဇဝတ်သင့်တာ ဘာမှမရှိပါဘူး။ လူတိုင်းသာ ဒီလို လွပ်လပ်စွာပြောဆိုဆွေးနွေးခွင့်ရမယ် ( ရှေ့မှာ ပြောနေကြသလိုမျိုး စာစောင်တွေမှာ ဒီလိုရေးသားမှုတွေကို တရားဝင်ဖော်ပြခွင့်ရမယ်ဆိုရင် ) ဘယ်လောက်ကောင်းလိုက်မလဲလေ။ သမ္မတကြီး ပြောစကားကို အစိုးရ အဖွဲ့ဝင် အဆင့်အသီးသီးက တကယ်နာယူ လိုက်နာကျင့်သုံးကြဖို့သာလိုပါတယ်။ လွယ်တာမလွယ်တာ အပထားလိုက်ပါ။

ပြည်သူလုထုရဲ့ သဘောထားကို အလေးထားဖို့လိုပါတယ်တဲ့။ ဟုတ်ကဲ့ အလွန်ကို ထောက်ခံပြီး လိုလားပါတယ်။ မည်သို့အလေးထားမှာပါလဲဆိုတာကို ရင်ခုန်စွာနဲ့ မျှော်လင့်မိတယ်။

နောက်ထပ်ပြောချင်တာကတော့ “ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး” ဖြစ်ပါတယ်။ အာဏာခွဲဝေထမ်းဆောင်စေခြင်းအားဖြင့် တရားစီရင်ရေးနဲ့ ဥပဒေပြုရေး ကဏ္ဍတွေမှာ အုပ်ချုပ်ရေးအပိုင်းက အမြဲလိုလို ဝင်ရောက်စွက်ဖက်နေမှုများကို အဆုံးသတ်စေရန် ကာကွယ်ပေးမည့် နေရာဌာနကြီးဖြစ်ပါတယ်။ ဒီမိုကရေစီကျင့်စဉ်ရဲ့ အနှစ်သာရဖြစ်သော အာဏာခွဲဝေမှု၊ လွပ်လပ်သော တရားစီရင်ရေးစနစ်၊ လူထု ကိုယ်စားလှယ်များမှ ( စစ်တာ မစစ်တာ မငြင်းချင်ပါဘူး ) ဥပဒေပြုခွင့်ရှိတာ တွေကို သေချာကောင်းမွန်စွာခံစားလိုပါကြောင်း ပြောကြားရင်း သမ္မတသစ်ကြီးဟာ စိတ်သွားတိုင်းကိုယ်ပါလို့ ပြောတဲ့အတိုင်းလုပ်နိုင်တဲ့ ခေါင်းဆောင်ဖြစ်ပါစေလို့…။

5 comments

  • peacemaker35183777

    April 1, 2011 at 10:48 am

    ကောင်းပါတယ်။သမ္မတသစ်ကြီးရဲ့ မိန့်ခွန်း ၂ ခုလုံး ကိုအားရဝမ်းသာဖြစ်မိပါတယ်။ဘာမှတော့မပြောလိုပါဘူး။
    စကားလုံးတွေလေထဲမှာပျောက်မသွားဖိုမျှော်လင့်ပါတယ်။
    ဘယ်သူလုပ်လုပ်တိုင်းပြည်တိုးတက်ဖို့အဓိကပါ။(အကောင်းမြင်စိတ်လေးနည်းနည်းထားကြည့်ချင်ပါတယ်)

  • padonmar

    April 1, 2011 at 2:58 pm

    တစ်သက်လုံးကြားလာရသမျှှမိန့်ခွန်းတွေ(ပြည်တွင်း)ထဲမှာတော့ ဒီမိုကရေစီလေသံ အပေါက်ဆုံးပါပဲ၊
    တကယ်သန့်ရှင်းအောင်လုပ်ပေးနိုင်ပါစေ၊
    စားအုန်းဆီခွဲတမ်းတို့ စီးကရက်ခွဲတမ်းတို့တော့ရပ်လိုက်ပါပြီ၊

  • noob

    April 1, 2011 at 4:56 pm

    ပြောရရင်တော့ ကိုရွှေကြီး(ကိုလဲမယုံပါ) တပည် တော်ကီ သိန်းစိန်ကိုလဲမယုံပါ သူများတွေ လိုအများကြီး မတောင်ဆိုဘူး တခုပဲ တော်ကီ သိပ်သိပ်မလွှတ်နဲ ့ အကုန်ပေါ်ကုန် လိမ် ့မယ် (လိမ်နေတာသိသွားမှာဆိုလို)

  • kai

    April 2, 2011 at 9:19 pm

    လူထုဖက်က .. ပြောကြတာထက်.. အတိုက်အခံဖက်က ဘာပြောသလည်း သိချင်မိပါတယ်..။
    အခုဆိုရင်တော့… အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပေါ့..။
    ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစိုးရအဖွဲ ့သစ်အပေါ်သုံးသပ်မိန့်ခွန်းက ..နိုင်ငံတကာ စာမျက်နှာမှာ ..အင်မတန်အရေးပါတယ်ထင်မိတာပါပဲ.။
    အစိုးရသစ်ဟာ.. အတိုက်အခံနဲ့ စကားပြောတာကို ..အရင်ဆုံးလုပ်သင့်တယ်..။

    နောက်ပြီး..သမ္မတရဲ့ကျမ်းကျိန်မိန့်ခွန်းအပြီး.. စီးပွားရေးအညွှန်းတွေ ဘယ်လောက်ပြောင်းသလည်းသိချင်မိပါတယ်..။
    မြန်မာပြည်မှာ.. စတော့ဈေးကွက်မရှိသေးတော့.. ယူအက်စ်-မြန်မာကျပ် ဈေးနှုန်းအပြောင်းပေါ့လေ..။
    တက်သလား..ကျသွားသလား..။ ဘယ်လောက်ပြောင်းသလည်း..။

    လောလောဆယ်ကြားတာကတော့ .. အစိုးရဖွဲ ့ဝင်တွေ လစာလျှော့ယူမယ်ဆိုတာပါပဲ.။
    အဲဒါကို ကြိုဆိုပါတယ်..။
    လုံးဝကို မယူရင် ပိုကောင်းပါတယ်..။
    ယူအက်စ်မှာတော့..ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှုးအာနိုးက.. သူ့သက်တန်းအကုန်ထိ… လစာ($206,500/ yr မှာ ..တလ တဒေါ်လာပဲယူပြီး ..ကျန်တာကို ပြည်နယ်အစိုးရပြန်ပေးပြီး..လုပ်သွားပေးခဲ့တယ်…။

  • padonmar

    April 3, 2011 at 1:09 pm

    ပိတ်ရက်ခံနေတော့ earning ဈေးတော့ကျတယ်၊ ၃ဝရက်နေ့မှာ ၉၁ဝ ကနေ ၃၁ ရက်နေ့ ညနေ ၈၉၃ ထိကျသွားတယ်၊
    US $ ကတော့ နည်းနည်းလေးကျတယ်။၃ဝ ရက် ၈၆၅၊၃၁ ရက် ၈၆၀၊ ၁ ရက်နေ့ ၈၅၈ ၊
    ကျမ်းကျိန်တာကို ယုံပြီးတော့ ဘယ်သူမှ လျှော့မရောင်းပါ၊
    သင်္ကြန်ပိတ်ရက်အတွက် အစိုးရရုံးတွေ ဒုတိယပတ်ကတည်းကစပြီး အလုပ်ကောင်းကောင်းမလုပ်တတ်ကြလို့ earning ဈေးကျတာပါ၊ပိတ်ရက် ပြည်ပခရီးထွက်မယ့်သူတွေရှိတော့ဒေါ်လာဈေးမကျပါ၊
    တိုင်းပြည်က အရင်ထက်တော့ နဲနဲ ပိုကောင်းလာမယ်(လူတစ်စုလက်ဝါးကြီးအုပ်မှုကလွတ်မယ်)လို့မျှော်လင့်ကြပါတယ်၊

Leave a Reply