အမှတ်တရ တစ်စိတ်တစ်ပိုင်း
တက္ကသိုလ် ဆိုတာ ကြီး တက်တဲ့ အချိန်ကတော့ တာဝ ဆိုတဲ့ ဝေးလံတဲ့ အရပ်မှာ နေ့စဉ် သွားမတက်နိုင်ခဲ့လို့ တက္ကသိုလ်မှာ သူငယ်ချင်းများ မရှိခဲ့ဘူး။ အဝေးသင်တက်ပြီး ကျောင်းဖွင့်ရက်မှာ ပထမ တရက်သွားတယ် ပိတ်ခါနီး ၂ရက် အလိုမှာ စာမေးပွဲ အချိန်စာရင်းကူးတယ်။ ဒီကြားထဲမှာတော့ အဆိုင်းမန့်တွေ တင်ဖို့ တခေါက်လောက် သွားတယ်။ စာတွေကတော့ ကျူရှင်တက်ပြီး ဖြေရင်းနဲ့ အောင်သွားတာပါဘဲ။
တက္ကသိုလ် အမှတ်တရ မရှိခဲ့ပေမဲ့.. တက္ကသိုလ်နဲ့ အပြိုင် ရန်ကုန်တက္ကသိုလ်ဝင်းထဲမှာ ဖွင့်တဲ့ သင်တန်းတခု သွားတက်ခဲ့ပါတယ်။ ကျောင်းက တပတ် ၅ရက်တက်ရတော့ သူငယ်ချင်းတွေ တော်တော်များများရပြီး ခင်မင်ခဲ့ပါတယ်။ အမှတ်ရဆုံး နဲ့ တွေးလိုက်တိုင်း ရီစရာ ကောင်းတဲ့ အဖြစ်အပျက်ကလေးကတော့..
ကျောင်းချိန်လစ်ပြီး သူငယ်ချင်းတွေ စုပြီး လျောက်လည်ကြတာ.. ကျောင်းလစ်တာ စုပြီး အငှားကားငှားစီးတဲ့ အခါ လူ ရယောက်ကို အငှားကား တစီးထဲ ရအောင် ကားဆရာကို အတင်းတောင်းပန်ပြီး အလုအယက် တိုးကြိတ်ပြီး စီးခဲ့တာဘဲ။ တလမ်းလုံး စကားတွေ တယောက် တခွန်း ပြောရင်း အနိုင်လုပြီး ငြင်းကြခုန်ကြ.. သူငယ်ချင်းတွေက တိရိစာ္ဆန်ရုံသွားမယ် လို့ လာခေါ်တော့.. သူတို့က မေးတယ် ဆွေပြမျိုးပြ လိုက်မလား ဟေ… ဘယ်လဲ.. လိုက်ရင် သိမယ်တဲ့ ကားငှားတော့မှ သိတယ်.. ရီလိုက်ရတာ.. ငယ်ဘဝ ဆိုတာ ဒါမျိုးဘဲ နေမှာပေါ့.. ဘာမှ အပူအပင်မရှိဘူး.. တခါ ကျောင်းမှာ ရန်ပုံငွေပွဲတွေ ရှိလို့ ဆရာမတွေ စာကြည့်တိုက်ဘက်မှာ အကြော်တွေ ကြော်ပြီး ရောင်းတယ်။ အဲလို နေ့မျိုး ကျောင်းမှာ စာမသင်တော့.. လာကြဟေ့ ဆိုပြီး သွားလိုက်ကြတာ.. ၁ဝယောက်လောက် ရှိမယ် လူ အတိအကျတော့ မမှတ်မိတော့ဘူး။ ဆရာမတွေ အကြော်တွေ ကြော်တော့ မျက်နှာ လုပ်တာလည်း ပါတာပေါ့.. ချထားတဲ့ စားပွဲမှာ ရှိတဲ့ ခုံတွေ အလုအယက် အတင်းလုထိုင်ကြ.. ထိုင်ခုံမရတဲ့ လူတွေက ကျောင်းထဲ ပတ်ရှာပြီး လိုတဲ့ ထိုင်ခုံဆွဲပြီး ထိုင်ကြတယ်။ ဆရာမတွေက ရန်ပုံငွေ အတွက် အကြော် ကြော်ရောင်းနေကြ လူမဟုတ်တော့ လက်ကလည်း နှေးတယ်။ အကြော်အိုးထဲက အကြော် ဆယ်ဖို့တောင် နှေးတုန့်တုန့်နဲ့.. မှာလိုက်တာ.. အကြော် ၁ပွဲ.. ဒီလိုနဲ့ ၁ပွဲမှာ ၁ဝခု လူနဲ့ အကြော်ကွက်တိဘဲ.. ပန်ကန်ချတာနဲ့ အလုအယက် မရလိုက်မှာ စိုးလို့.. တယောက် တခု အတင်းလုဆွဲကြ.. အပူကြီး အတင်းလက်နဲ့ ကိုင်လိုက်လို့ လက်တောင် ပူသွားကြသေးတယ်.. လက်ထဲက ချရင် သူများ လုမှာ စိုးလို့.. ပူပူကြီး ကိုင်ကြသေးတယ်။ တခါတလေ လက်နှေးတဲ့ လူက မရလိုက်ဘူး လက်သွက်တဲ့ လူက ၂ခု ကိုင်ပြီး ငါတော်တယ် ဆိုတဲ့ အပြုံးနဲ့ နောက်ပြောင်လိုက်သေးတယ်.. နင်နော်.. အဲဒါ ငါ့ကိုယ်တာ.. ဒီပေး.. ဆိုပြီး.. ထိုင်ခုံကို ပတ်ပြီး အကြော်ကိုင်ထားတဲ့ ကောင်လေးတွေ လက်ထဲက အပြေးလု.. ငယ်ရွယ်သူတွေ ဆိုတော့ တယောက်နဲ့ တယောက် ရွံ့ရကောင်းမှန်း တွေးတောင် မတွေးကြဘူး။ လက်မဆေးဘဲ တွယ်နေရလား ဆိုပြီးလည်း မတွေးမိတာ အမှန်ဘဲ.. ဒီလိုနဲ့ အကြော်တွေက ချလိုက် ပန်ကန် အလွတ်ကလေးဘဲ မျက်နှာ ငယ်နဲ့ ကျန်ခဲ့လိုက်.. နောက်တအိုး အကြော်တွေ ချတာ စောင့်လိုက်နဲ့.. ထိုင်စောင့်ရတာ ပျင်းပျင်း ရှိတာနဲ့.. ဘူးသီးကြော်နဲ့ စားတဲ့ ဆလပ်ရွက်တွေ ယူပြီး အချဉ်ရည်နဲ့ တို့စားကြတယ်။ သူများ စားလို့ လိုက်စားတာ.. အလုအယက် စားရလို့လား မသိဘူး အတော် စားကောင်းတယ်။ အရွက်တွေ အချဉ်ရည်နဲ့ တို့စားရင်း.. ဟေ့ဟေ့.. ငါတို့ အရွက်ကြီးဘဲ စားနေလို့ ဟိုမှာ ဆရာမ မျက်စောင်းထိုးနေတယ်..
အေး.. ဟုတ်တယ်.. ငါတို့ကို ကျောင်းသားတွေ မထင်ဘဲ နွားတွေလို့ ကွယ်ရာမှာ ပြောနေကြအုန်းမယ်..
အေး ဟုတ်တယ်.. ဟားဟားဟားးးးးးးး ရီလိုက် ပြောလိုက်..
ဟေ့ကောင် မင်းက နွားအစစ် အရွက်တွေ မင်း အဆွဲဆုံးက မင်းကွ..
ဘာလဲ.. ငါ က စားတာ ဟိုကောင်လောက် မလွန်ပါဘူးကွာ..
ဆိုတဲ့ စကားသံများ နဲ့ တယောက် တခွန်း ရီလိုက် မောလိုက်နဲ့ ပါးစပ် မစိတမ်း ပြော ပါးစပ်မစိတမ်း ရီလျက်ပေါ့..
အကြော်အိုးက ချမဲ့ အကြော်ကို မျှော်ရင်း လေတွေ ကန်ကျ.. ရီလိုက်ကျ မာန်မာနတွေ လည်း မရှိဘူး။
ဒီလိုနဲ့ ပန်ကန်တချပ်ချလိုက်.. ကုန်သွားလိုက်နဲ့.. ကျောင်းသားနဲ့ ဆရာမတွေ အလုပ်ဖြစ်နေကြတယ်။ ပိုက်ဆံ ရှင်းခါနီးကျတော့.. ကျသလောက် အချိုးကျ ရှင်းမယ်ဆိုပြီး မေးလိုက်တော့.. အရွက်ဖိုးက အကြော်ဖိုးရဲ့ ၂ဆ ကျနေတယ်။ အားလုံး မျက်လုံးပြူးသွားတယ်။ ဘာလို့ အရွက်ဖိုး ပေးရတာလဲ အကြော်စားရင် အရွက် အလကားပေးတာ မဟုတ်ဘူးလား ဆိုတော့.. နင်တို့ စားတာ အရွက်လည်း ကုန်ပြီ.. အဲလောက် အများကြီးတော့ အလကား မကျွေးနိုင်တော့ဘူး ရန်ပုံငွေ ရှာတာ ငါတို့ စိုက်ရတော့မယ်တဲ့.. ဒီလိုဆိုတော့ ဟုတ်သား ဆိုပြီး ပိုက်ဆံ ထုတ်ပေးပြီး လှည့်ပြန်လာကြတယ်။
အတန်းမရှိတော့… ရန်ပုံငွေ အတွက် အဆိုတော်တွေ လာဆိုတယ် ဆိုတော့ လက်မှတ်ဝယ်ပြီး ကြည့်တဲ့ သူတွေ ကြည့်ကြတယ်။ အကြော်စားတာနဲ့ နောက်ကျသွားတော့ လက်မှတ်မရတော့ဘူး။ ဘယ်ရမလဲ.. ဒီအုပ်စု ရတဲ့ အပေါက်က ဝင်ပြီး လွတ်တဲ့ ခုံမှာ ထိုင်လိုက်ကြတယ်.. အပေါက်စောင့်ကို လက်မှတ် တဝက်ဖိုးပေးပြီး ခပ်တည်တည်နဲ့ ဝင်ထိုင်ကြတာ.. အေးဆေးဘဲ.. သီချင်းတွေ အဆိုတော်တွေ တယောက်ပြီး တယောက် လာဆိုကြတယ်.. မမောနိုင် မပန်းနိုင်.. အော်ဟစ်ပြီး လိုက်ဆိုကြတယ်။ အဆိုတော်ကြီးတွေက ကလေးတွေ အားပေးမှုကို သဘောကျလို့.. တပုတ်ပြီး တပုတ် ထက်တိုးပြီး ဆိုရင်းနဲ့ ညနေစောင်းလို့ အိမ်ပြန်ချိန်ရောက်တော့ အိမ်ပြန် မနောက်ကျအောင် ခပ်သုတ်သုတ်လေး ပြန်ခဲ့တယ်။ အိမ်ရောက်တော့ မောမော နဲ့ တခါတည်း အိပ်လိုက်တာ.. နောက်တနေ့ မိုးလင်းတဲ့ အချိန်အထိပါဘဲ။
ကျောင်းတက်တဲ့ အချိန် အမှတ်တရ.. ဘဝ ပျော်စရာ တစိတ်တပိုင်းဖြစ်ခဲ့ပါတော့သည်။
12 comments
kopauk mandalay
April 2, 2011 at 4:51 pm
ဒါကြောင့်လဲ ဆရာစိုင်းခမ်းလိတ်က
အပူအပင်ကင်းတဲ့ ကလေး လေးဘဝကို တစ်ခါပြန်ပြီးရချင်သေးတယ်လို့ ဆိုခဲ့တာနေမှာနော်။
ကလေးမဟုတ်ပေမယ့် ကျောင်းသားဘဝကတော့ ပျော်စရာအကောင်းဆုံးပါဘဲနော်။
မိုက်ကယ်ဂျော်နီအောင်ပု
April 2, 2011 at 6:53 pm
ဆပ်ဆလူးခါနေတဲ့
ပျိုပျိုမေတစ်စုကို
ဘာရယ်မသိမြင်ယောင်မိပါတယ်
ဪ…………….
သူလည်းပါသဂို…..
bigcat
April 2, 2011 at 7:15 pm
ဆတ်စလူးခါတာမဟုတ်ဘူး၊ သဲသဲလှုပ်တာ။
ဆူး
April 3, 2011 at 2:33 pm
လက်လက်စင် တာ..
ဟီးဟီး.. ပျော်စရာကောင်းတယ်။
၁ဝတန်း ပြီးတော့ တက်တာ ဆိုတော့ အသက်က ၁၈ ၁၉ လောက်ဘဲ ရှိအုန်းမယ်။
အကြော်ဆိုင်မှာ အရွက်ဖိုး ရှင်းရတာတော့ မကျေနပ်ဘူး။
kai
April 2, 2011 at 10:07 pm
ရှေးလူကြီးစကားတခုရှိတယ်..။
ဘွားအေတွေပြောတတ်တာ.. ဘာတဲ့..
ကောင်မတွေ..လက်လက်ကိုထနေတာပဲတဲ့..။
ဘာလည်းဆိုတာ.. .စေ့စေ့တွေး..ရေးရေးပေါ်သလိုလို…။ 🙂
shweminthar
April 3, 2011 at 8:05 am
အန်တီဆူးတော့ သငယ်ပြန်တဲ့ အရွယ်တောင် ရောက်နေပြီ။
ဘွားဘွား ဆူး ဖြစ်တော့မယ်။
akswe
April 3, 2011 at 12:26 pm
ဟယ် အမွှေ တွေတော……လူးနေလိုက်ကြတာ…… ကျောင်းတက်တုန်းက တွေ.ခဲ.ရတဲ. လက်လက်စင် တွေကိုမျက်စိထဲ
ပြေးမြင်မိတယ် ဆူးမရယ်။
manawphyulay
April 3, 2011 at 1:03 pm
အမှတ်တရ နေ့ရက်တွေဟာ အသက်ကြီးပြီး သေတဲ့အထိ မမေ့နိုင်စရာတွေပါပဲ…….. ကျောင်းတက်ခဲ့စဉ် လေးနှစ်တာကာလဟာ အပျော်ရွှင်ဆုံးနဲ့ RC 2 ထဲမှာ မွှေလို့ကောင်းတဲ့အချိန်တွေပဲ။ ပြောရင်းနဲ့ သတိရလာပြီ လှိုင်ကောလိပ်ကျောင်းကြီးကိုလေ
unclegyi1974
April 3, 2011 at 5:07 pm
ဆူးကအမှတ်တရဆိုလို့
ကျွန်တော့်အကြောင်းပြောရအုန်းမယ်
အရည်၏စေးပြစ်ကိန်းတိုင်းဖို့ပေးထားတဲ့ဖန်ပြွန်ကြီး
အရှေ့ကုန်းပြီးဘောပင်ကောက်တုန်းဖင်နဲ့တိုက်မိ
ပြီးကွဲသွားပါရော နာမည်ကိုကြီးနေတာဘဲ ဟဲဟဲဟဲ
ဆူး
April 4, 2011 at 7:39 am
အန်ကယ်ကြီး ရဲ့ နာမည်ကြီးချက်က လန်ထွက်နေမှာဘဲ..
my name is phone myat htay
April 4, 2011 at 5:17 pm
ဟိုး ..ငယ်ငယ်က ကျင်လည်ခဲ.တဲ. အင်းယားရယ် အာစိတူးက သဇင်ဆောင်
အင်ကြင်း ကျွန်တော်နေခဲ.တဲ. ဒူးယားဆောင် အင်းလေးဆောင် …………..
အရမ်းသတိရနေတယ်။ ယခုတော. ယခုတော. လွမ်းစရာတွေပါလား…….။
intro
April 5, 2011 at 1:58 pm
ဒဂုံတက္ကသိုလ်ကလူတွေရော ရှိကြဝူးလားဂျ… အားငယ်တယ်နော်…