ရည်မှန်းချက်=သုည

ငွက္ကေလးApril 2, 20111min1655

အပြင်မှာမိုးတွေရွာနေသဖြင့် အိမ်ထဲတွင်ပင်ထိုင်ကာ အတွေးနယ်ချဲ့နေမိသည်။ ကျွန်တော့် အတွေးတွေက ဖက်ဆစ်ဂျပန်သေလို့ဝင်စားသလား မပြောတက်။

ငါ့ရည်မှန်းချက်က ဘာကြီးပါလိမ့် ?

ကြီးကြီးမားမား နှင့်လေတစ်လုံး၊ မိုးတစ်လုံးပြောရမည့် ရည်မှန်းချက်မျိုးတော့ တစ်ရံတစ်ခါမှ မထားဘူးသည်ကတော့အမှန်ပင်။ ငယ်စဉ်ကလူကြီးတွေမေးလျှင်တော့ ဆရာဝန်ကြီးလုပ်မည်၊ အင်ဂျင်နီယာကြီးလုပ်မည်ဟု အားပါးတရဖြေခဲ့ဘူူးသည်။ဆယ်တန်းပြီးတော့ထပ်မေးကြသည်။ အင်ဂျင်နီယာကြီးလုပ်မည် ဟုပင်ဖြေခဲ့သည်။ ကိုယ်ရွေးချယ်သော် လမ်းကိုကိုယ်တိုင်လျျှောက် နေသော်လည်း လမ်းလျှောက်ရမှာကိုပျင်းရိစ ပြုချင်နေသည်။ ငယ်စဉ်ကအားကောင်းကောင်း ရှိခဲ့သော ကိုယ့်ကိုကိုယ် ယုံကြည်မှုတို့က အားပျော့ပျက်ပြယ်စပြုနေသည်။ ဒါမေးဒါဖြေစနစ် တွင်ဖြေရသော စာမေးပွဲကိုပင် ပိုင်နိုင်လှချည်ရဲ့ ဟုမပြောနိုင်။ အောင်စာရင်းထွက်မည်ကိုပင် ရင်ခုန်သလိုလို၊ ကြောက်သလိုလို မရဲတရဲစိတ်က ဖြစ်မိသေးသည်။ အောင်မြင်မှု့ ပန်းတိုင်ကို လှမ်းကိုင်ဖို့ အင်(န်)နာဗွန်စီ ပင်ဝယ်သောက်ရမလိုဖြစ်နေသည်။ အင်ဂျင်နီယာကြီးလုပ်တော့ မဟဲ့ဟုဆုံးဖြတ်ပြီးကာမှ ဒီပညာရပ်အပေါ်တွင်လေ့လာလိုက်စားမှု့က အားနည်းနေပြန်သည်။

ယခင်ကကို့ကိုယ်ကို အထင်ကြီးပြီးလေလုံးတွေထွားခဲ့ ဘူးသော်လည်း၊ ထိုလေလုံးတွေကို မိမိ၏အသုံးမကျမှု့ များကနင်းချေပစ်နေပြန်သည်။ ယခင်ကတိမ်တွေကို ငေးကြည့်ရင်း ငှက်တစ်ကောင်လို ပျံသန်းကြည့်ချင် ခဲ့သော်လည်း ထိုအတွေးမျိုးတွေးမိသော ကိုယ့်ကိုကိုယ် “ရူးပါ့ကွာ”  ဟုတွေးမိနေပြန်သည်။ တစ်ခါတစ်ရံအောင်မြင်ချင်သည်၊ တစ်ခါတစ်ရံကျော်ကြား ချင်သည်။ ငွေကြေးချမ်းသာချင်စိတ်ကလည်းရှိသေးသည်။ ငါကွဟုလက်မထောင် နိုင်သောနေ့ကို လည်းပိုင်ဆိုင်ချင်ပြန်သည်။ သို့သော် လည်းငါ့ရည်မှန်းချက် ကဘာကွဟု တော့ပြောနိုင်ရန်ကြိုးစားဆဲ အချေအနေတွင်ပင်ရှိသည်။ ဇွဲ၊ လုံ့လ၊ ဝီရိယ ဟူသော သူကောင်းသားသုံးကောင်ကတော့ ဘယ်နားတွင်သွားပြီး အိပ်ပျော်နေလေသည် မသိ။ ဘေဘီလုံမှာအချမ်းသာဆုံး ပုဂ္ဂိုလ်ကြောင်းကို ဖတ်မိသော်လည်း ငါကမြန်မာပြည်မှာနေတာ ပဲဟုတွေးမိပြန်သည်။

ရေနွေးကြမ်းလေးမော့ရင်း ကွပ်ပျစ်ပေါ်ထိုင်ကာ ခြေနှစ်ချောင်း ချိတ်ပြီးလေညှင်းခံနေရမည့် ဘဝ နှင့် ကုမ္ပဏီမှအဲယားကွန်းခန်းတွင်ထိုင်ကာ ဖုံးလေးပြောပြီးဒူးနှံ့ နေရသော်ဘဝ နှစ်ခုကို ရွေးချယ်ရန်တွေဝေနေဆဲဖြစ်သည်။

အနာဂတ်ကရော ဘယ်လိုပါလိမ့် ?

အောင်မြင်သူပင်ဖြစ်မလား၊ သာမန်လူတန်းစားတစ်ယောက်ပဲလား၊ ဒါမှမဟုတ် ဒီကြားထဲပဲ သေသွားမလား ဆိုတာတော့ မသိ။ ငယ်စဉ်က အမေဗေဒင်သွားမေးတော့ ဗေဒင်ဆရာက တော့ပြောသည် ဆရာအခေါ်ခံရမည်ဆိုပဲ။ ပုထုဇဉ်ပေပဲ ဒါမျိုးပြောလို့ကတော့ ပြုံးပြုံး ပြုံးပြုံး ပေါ့ဗျာ။ သို့သော်လည်း ဆိုက်ကားဆရာဖြစ်နေရင် ခက်ရချည်ရဲ့။ တက်ကျမ်းတွေ ဖတ်ပြီး ပြောသမျှ အကုန်လိုက်မလုပ်ချင်တော့ လည်းအခက်သားလားဗျာ။ ထီထိုးဖို့ ကျတော့လည်း ဝါသနာကသိပ်မပါပြန်ဘူး။ ခမ်းနားတဲ့ အနာဂတ်နန်းတော် ကြီးတည်ဆောက်ရန်စိတ်ကူး ယဉ်ကြည့်ဘူး သော်လည်း အလုပ်သမားတွေ၊ အချိန်တွေက လိုနေသေးပြန်သည်။ မေးခွန်းတစ်ခုတော့ စဉ်းစားကြည့်မိ ပြန်သည်။ ငါဘာကောင်ကြီးဖြစ်မှာလဲဆိုတာကိုပေါ့

ဂေါ်ဇီလာကြီးပဲဖြစ်မလား? ဒါမှမဟုတ် ဖွတ်ကျားဘဝနဲ့ ပဲအဆုံးသတ်မလားမပြော တက်တော့ပါဘူး။ လမ်းလျှောက်နေရင်း ကတော့ မရပ်ချင်သေးဘူး လမ်းကတော့ ဆက်လျှောက်ရဦးမှာပဲ။ ရပ်ပစ်လို့ မှမရပဲ။ လမ်းအဆုံးမှာဘာရှိမလဲ ဆိုတာတော့ တစ်ခါတစ်ရံ ရင်ခုန်ရပြန်သည်။ ရွှေရောင်ဝင်းတဲ့ပန်းတိုင်လား၊ သူလိုငါလို ပန်းတိုင်လား ဆိုတာတော့စောင့်ကြည့် ရဦးမည်။ လောကကြီးကသူလိုရာသူစေနေတော့ သိပ်ပြီးဖြစ်ချင် တိုင်းလည်းဖြစ်ခွင့်မှမရှိတာကိုး။ သေချာတာကတော့ အနိစ္စသဘော နှင့်ကိစ္စချောဖို့သာ ဖြစ်သည်။

……………………………………………………………………………………………………………………

ဇွဲ၊ လုံ့လ၊ ဝီရိယဟူသော သူကောင်းသားသုံးကောင် ကတော့ဘယ်တွေခရီးလွန်နေသည်မသိ။ ပျောက်နေတာ အတော်ကြာပြီ။ ခင်ဗျားတို့တွေ့ရင် ကျုပ်ဆီလှမ်းပို့ လိုက်ကြစမ်းပါ။ အော်၊ လမ်းကြုံရင် ကံဆိုတဲ့ အကောင်ပါခေါ်ခဲ့ စမ်းပါ။ ကျွန်တော့် အနာဂတ်ကြီးတည်ဆောက်ဖို့ ဒီကောင်တွေကို ခိုင်းစားချင်လို့ဗျို့။ လောလောဆယ် ဒီစာရေးပြီးရင် ကြော်ငြာထဲကလို ဖိုင်တွဲတွေရဲ့ ထိပ်ဆုံး ရောက်ဖို့ အင်(န်)နာဗွန်စီ ဝယ်သောက်လိုက်ဦးမယ်ဗျာ။

…ငှက်ငယ်…

5 comments

  • ayeyawaddy

    April 2, 2011 at 1:28 pm

    ကျွန်တော်ကတော့ အင်(န်)နာဗွန်စီ တောင် မတက်နိုင်ဘူး တစ်နေ. လုပ်တည်း လခက ထမင်းစားဖို. အပြင် သူများ တွေ.လို. ဘီယာလေး တစ်ခွက် အပျင်းပြေ သောက် ဖို. တောင် အနိုင်နိုင် ပိုက်စံရှိသားသမီးတွေ.ကတော့ သင်းတန်း မျိုးစုံ တက်နိုင်ပါပေ မတက်နိုင်သူကတော့ လုပ်နေတည်း အလုပ်နဲ. လာစ မှာဝယ်လည်.၂ ဘာပဲဖြစ်၂ ဘဝကတော့ တိုးတက်အောင် (ဘစ်ကားပော်) လျှောက်လှမ်းဆဲပဲ
    မှတ်ချက် အထူးကား မစီးပါ .. .

  • mandalarthu

    April 2, 2011 at 2:38 pm

    Hope for the best. See the present time and don’t cry for the moon.
    Down-to-earth,i.e,be practical.
    After that you will be at the top of the world.

  • bigcat

    April 2, 2011 at 7:10 pm

    ရွာထဲမှာ ငှက်ကြီးဆိုတာရှိတယ်။ ငှက်ငယ် သူနဲ့ ဘာတော်သလဲ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 2, 2011 at 7:57 pm

    သုံညကို စာဖွဲ ့ပြနေဒါဂိုးး
    ကိန်းဂဏန်းတွေနဲ ့တွဲလိုက်လေ
    ဥပမာ
    ဆရာကြီး မိုက်ကယ်ဂျော်နီအောင်ပု ကို
    ယုံကြည်
    အားထား
    ကိုးစား
    စည်းကပ်
    ရိုသေ လိုက်ရင်မောင်ရင်ကြီးပွားချမ်းသာမှာမလွဲပေဘူး
    အနည်းဆုံး တောအရက်ချက်နည်းတော့ ကောင်းကောင်းသင်ပေးလိုက်မယ်
    အဆင့်မြင့်ထမီခိုးနည်း
    အင်တာနေရှင်နယ်အဆင့်မှီ ဝက်မျိုးထိုးနည်းတွေကို တတ်မြောက်သွားပြီးရင်
    မောင်ရင် ဆရာဖြစ်ပြီ

  • ခင်ဗျား ကျွန်တော့်အကြောင်း ဘယ်လိုသိသွားတာတုန်း။ ကျွန်တော်လည်း ကျားတော့ကျားပဲ။ ဖွတ်ကျားဖြစ်သွားလို့။ ဖွတ်ကျားဆိုတာ ဖား+ကျွတ်။

Leave a Reply