၅၅သိန်း တရုပ်ကား မြန်မာဆလွန်း

လင်းဝေApril 4, 20111min23843

လမ်းပေါ်မှာ တွေ့နေရပါပြီ။
ဘယ်လိုစနစ်နဲ့ ချပေးနေတယ် မသိပါဘူး။
ကိုယ်ကလည်း မလျှောက်ထားတော့ ဘယ်သိပါ့မလဲ။

43 comments

  • ashinindaka

    April 4, 2011 at 9:48 am

    မင်းတို့က တရုတ်ကားနဲ့ ကုလားကားစီး၊ ငါက မာစီးဒီး စီးမယ်။

  • eros

    April 4, 2011 at 9:58 am

    ဘုန်းဘုန်း ကိုယ့်ဖာသာ ဝယ်စီးမှာလားဘုရား။

    • ashinindaka

      April 4, 2011 at 2:16 pm

      တယ်ဝေးသကိုး။ အဲ့ဒါ ဂျိုကုတ်ဒူးကြီးက ပြောတာကွဲ့။ မပြောသော်လဲ ပြောသကဲ့သို့ဖြစ်နေတာ။

  • ဆူး

    April 4, 2011 at 10:24 am

    ဆိုင်ကယ် လောက်ဘဲ သွားနိုင်လိမ့်မယ် လို့ ကြားတာဘဲ.. တခါမှတော့မစီးဘူးသေးဘူး။
    အဲဒီ ကားတွေ လူကြိုက်များနေလား

    • eros

      April 4, 2011 at 10:33 am

      လေးဘီးလောက်တော့ ပြေးမှာပါဗျ။ ကားက အသစ် အင်ဂျင်က ၈၀ဝ စီစီဆိုတော့ ဆီစားသက်သာမယ် ထင်တာပဲ။

  • eros

    April 4, 2011 at 10:38 am

    တုန်ဖုန်း ကားအင်ဂျင်ပဲ EFI နဲ့ပါလား။ ဒီပိစိညောက်တောက်လေး က 16 valves ကတော့များတယ်ဗျာ။ ကိုလင်းဝေကျော်ကော စီးနေတာလား။ ဘယ်လိုနေလဲ။ 55 သိန်းဆိတော့ စီးပျော်ပါတယ်။

  • ဆူး

    April 4, 2011 at 10:42 am

    လေးဘီးက ၁.၂ ရှိတယ်ဆို.. ၈၀ဝ ဆိုတာ ၁ တောင် မရှိဘူး ဆိုလားလို့.. ကြားဖူးတာ..

  • ဆူး

    April 4, 2011 at 10:52 am

    ဟုတ်ကဲ့ပါ ဆရာရေ.. ကျေးဇူးပါ။

  • intro

    April 4, 2011 at 11:23 am

    ကားအသစ်တစ်စီး ၅၅သိန်းဆိုတာရယ်၊ ဆီစားသက်သာတယ်ဆိုတာရယ်နဲ့တင် လျှောက်ကြတဲ့လူတွေ အများကြီးှဗျ… တစ်ချို့ဆို တစ်ဆင့်ဝယ်ရောင်း လုပ်ဖို့လားတောင် ထင်ရတယ်၊ လျှောက်လွှာတွေ တစ်ပုံတစ်ပင်နဲ့ဗျ… ကိုယ်တွေ့၊ ကိုယ်တွေ့

    • eros

      April 4, 2011 at 12:27 pm

      လူကြီး၊ အရာရှိထောက်ခံစာလိုတယ် ဆိုတာဟုတ်လား။

      • ဆူး

        April 4, 2011 at 12:34 pm

        နေရာ တကာ လူကြီးပါတာဘဲနော်.. သူခေတ်နဲ့ သူတော့ ဟုတ်နေတာဘဲ။

  • weiwei

    April 4, 2011 at 11:59 am

    ဘာပဲဖြစ်ဖြစ် ၅၅ သိန်းကတော့ တန်ပါတယ် ..

  • dream

    April 4, 2011 at 1:28 pm

    လူကြီးလက်မှတ်နဲ့ရတယ်ဆိုရင်တော့ အိမ်က ဘဘဆီက လက်မှတ်ကို အိမ်ပြန်တုန်း တခါတည်းတောင်းခဲ့လိုက်မယ် ဘဘက ၉၆ နှစ်ပြည့်တော့မှာဆိုတော့ တော်တော်လူကြီးဖြစ်နေပြီ 🙂

  • shwe ni

    April 4, 2011 at 3:20 pm

    design လေးကတော့ လှတပတလေးနော်

  • paukpauk

    April 4, 2011 at 3:59 pm

    ၁စောင် ၅၀၀ဝ တဲ့ ဘာပဲဖြစ်ဖြစ် လျှောက်လွှာ ၁၀၀၀ဝ ဆို တော်တော် ခိုင်သွားပြီ။

    တာတာကားတုန်းကလဲ ဒီလိုပဲလုပ်စားနေကြတာပဲ။
    များများပေးမထုတ်လို့ ကုလားကနောက်ဆုတ်သွားတယ်။
    ပြည်သူတွေကို အရေခွံဆုတ်လို့ ရနိုင်သေးလို့လေ။

    ဖုန်းလိုပဲ နောက်ဆုံးလုပ်စားလို့မရတော့မှ( ပြည်သူဆီကလည်မျိုညှစ်မရတော့မှ) သူများနိုင်ငံတွေလို အလကားပေးတော့မှာ။
    စောင့်သာကြည့်။

    အဲဒီကျရင်တော့ လုပ်ချင်တဲ့လူ လာလုပ်ကြ ပေးတော့ပါမယ်။

  • bigcat

    April 5, 2011 at 1:01 am

    လေးဘီး ဘီ၆၀ဝ ကတော့ တနာရီကို မိုင်၆ဝ အမြန်ဆုံးမောင်းလို့ရတယ်။ အခုကားကရော ဘယ်လောက်အမြင့်ဆုံး စပိဒ်တင်လို့ရလဲ။ မိုင်၆ဝ သို့ ကီလို ၈ဝ တော့ အနည်းဆုံး ရမယ်ထင်တယ်။ မြို့တွင်းနဲ့ အနီးနားအတွက်တော့ အဆင်ပြေမှာပါ။

  • လင်းဝေကျော်

    April 5, 2011 at 2:45 am

    ကုန်းဆင်းမှာတော့ အရမ်းပြေးပါတယ်။(မှတ်ချက်- လမ်းကောင်းရင်ပေါ့လေ)

    • eros

      April 5, 2011 at 3:16 am

      ကြားရ အားရှိစရာပါတကား

  • moegyothwar

    April 5, 2011 at 9:40 am

    ဘော်ဒါတို့ရေ.. အဲဒီကားပိစိလေးကျွန်တော့်ရုံးရှေ့လာရပ်တာနဲ့ မနေနိုင် မထိုင်နိုင် သွားစပ်စုလိုက်သေးတယ်။ ပိုင်ရှင်ကသဘောကောင်းတော့ ခဏ ယူမောင်းကြည့်လိုက်ရသေးတယ်။ တော်တော်သွက်ပါတယ်။ ကီလို ၈ဝ နှင့် ၁၀ဝ ကြားမောင်းလို့ရတယ်တဲ့။ မောင်းလို့လဲကောင်းတယ်။ အဲကွန်းလဲမဆိုးဘူး။ စက်သံသိတ်မညက်သလိုဘဲ။ကျန်တာတွေတော့ကောင်းနေပါတယ်။ အသစ်မို့လို့ထင်တယ်။ အခုတော့ မှန်တွေကို အနက်ရောင်တွေကပ်နေလေရဲ့။

  • ဆူး

    April 5, 2011 at 1:52 pm

    အဲကွန်း လည်း ကောင်းတယ်လား.. ဆီစားကော ဘယ်လိုလဲ သက်သာမယ် ထင်တယ်နော်။ စိတ်ဝင်စားတယ်.. ဒါပေမဲ့ အမြဲသုံးဖို့တော့ မဖြစ်နိုင်လောက်ဘူး ထင်တယ်နော်။

    • moegyothwar

      April 5, 2011 at 4:50 pm

      အဲကွန်းကကောင်းတယ်။စိမ့်နေတာဘဲ။ ကားသေးတော့အအေးပြန့်တာမြန်တယ်။ ဆီစားတော့မမေးခဲ့ရဘူး။ သက်သာလောက်တယ် EFI အင်ဂျင်ဆိုတော့။ အိမ်သုံးအနေနဲ့ဆိုရင်တော့စီးပျော်ပါတယ်။ ကျွန်တော်တောင်ဝယ်မလားလို့ စဉ်းစားနေတာ။ တတ်နိုင်သလောက်ပိုက်ဆံလေးနဲ့ကားအသစ်လေးစီးချင်နေတယ်။

      • eros

        April 6, 2011 at 2:18 am

        ရေတိုင်ကီ ပျောက်နေတယ်။ air cool လားဗျ၊ တရုတ်အင်ဂျင်ဆိုတော့ အသံထွက်မှာပေါ့ဗျာ။ ဂျပန်လိုတော့ ဘယ်ညက်နိုင်မလဲ။

  • Gong Zhu

    April 5, 2011 at 6:59 pm

    တာတာကားက ထုတ်ပြီးပြီလား … မထွက်သေးဘူးဆို … မကွေးတိုင်းကလာမှာဆို … လိုချင်လို့ပါဆို မသိလိုက်ဘူး … လုပ်ဦး အဲ့ဒီကားကို ဝယ်ချင်တယ် … ဘယ်လိုလုပ်ရမှာလဲ … ဘယ်မှာလျှောက်ရမှာတုန်း ပြောပြပါဦး သိလို့ရှိရင် …

  • အကောင်ကြီးကြီး၊ အမြီးရှည်ရှည်တွေဆီမှာ လျှောက်ရပါ့မယ် ကုန်းကျူရေ.. ဒီလိုမှမဟုတ်ရင် ကားပေါက်ဈေးရဲ့ ထက်ဝက်လောက်တန်ဘိုးရှိတဲ့ အများကြီးသောက်လို့ရတဲ့ လက်ဘက်ရည်ဘိုးပေးလိုက်ရင် မပင်မပန်းရယူနိုင်ပါကြောင်း.. 😀

  • kai

    April 5, 2011 at 10:45 pm

    B600 ဆိုတော့.. ၆၀ဝ စီစီ..။
    E2000 ဆိုရင်.. ၂၀၀ဝ စီစီ..။
    စသဖြင့်ပေါ့..။
    မာဇဒါလေးဘီးက .. မှတ်မိသလောက်.. 2 Stroke အင်ဂျင်.. ရေနဲ့အအေးခံတာမဟုတ်လို့.. ဆိုင်ကယ်အင်ဂျင်လိုပါပဲ..။
    အခုက ..အီအက်ဖ်အိုင်ဆိုတော့ ..ပါဝါပိုရှိပြီး ကောင်းမယ်ထင်ရပါတယ်..။

    ဈေးတော့ကြီးသေးတယ်..။
    မားစီးဒီးဘန်ဇ့် မိခင်ကုမ္ပဏီ Daimler AG ကထုတ်တဲ့.. စမတ်ကား လေးကြည့်ကြပါဦး..။
    ၁သောင်းပေးရတယ်..။
    http://www.smartusa.com/

    တကယ်ကတော့ ..မြန်မာပြည်က .. လျှပ်စစ်ကား ဦးစားပေးစီးသင့်နေပြီ..။
    အနည်းဆုံးတော့.. ဟိုက်ဘရစ်ပေါ့..။

    • eros

      April 6, 2011 at 2:16 am

      ကိုခိုင်ရဲ့ သိန်း၅ဝဆယ်နဲ့သာရမယ်ဆိုရင် ဒေါ်လာ ၆၀၀၀၊ ၆၅၀ဝ လောက်ပဲပေးရမှာဗျ။ နောက်ပြီး လေးယောက်စီးလေ။ smart ကားကတော့ ၂ယောက်ပဲစီးလို့ရတာ။ မဆိုးဘူးပဲလို့ ပြောရမှာပဲ။

  • kai

    April 6, 2011 at 5:42 am

    ဂျာမန်မားစီဒီမိခင်ကုမ္ပဏီထုတ်မို့ ဈေးကြိးတာပါ..။ ဂျာမန်ကားပေါ့..။
    ဈေးသက်သာချင်ရင်..တကယ်က ကုလားကားစီးသင့်တယ်..။ (အောက်မှာ လင့်ခ်နဲ့.. ကားအေြာကင်း)
    ပြောသာ ပြောတာ..အဲဒီ ကုမ္ပဏီက မြန်မာပြည်ထဲ စက်ရုံထောင်ထားတယ် ဖတ်ဖူးတယ်..။

    ဆိုတော့..
    အခုတရုတ်ကား လုပ်ကွက်က.. စီးပွားရေးသမားတွေ.. အာဏာပိုင်နဲ့ပေါင်းရိုက်တဲ့… လှည့်ကွက်ဖြစ်ဖို့များတယ်..။
    ကုလားကားက.. ကမ္ဘာ့ဈေးကွက်တင်တာမှ ၂၂၀ဝ ဆိုတော့..မြန်မာပြည်တွင်းသာတပ်ဆင်လိုက်ရင်.. မြန်မာတွေ သာမန်လူတန်းစားတောင်… ကားစီးသွားနိုင်မဲ့အဖြစ်..။
    http://content.usatoday.com/communities/driveon/post/2011/01/worlds-cheapest-car-tata-nano-becomes-sales-dud/1
    World’s cheapest car, Tata Nano, bombs on sales lots
    The car that received a raft of publicity when it made its debut as the world’s cheapest, India’s $2,200 Tata Nano, is proving to be a sales bust.

    Curious would-be buyers may have flooded showrooms in 2009 when the Nano arrived, but few are seen now on Indian roads and it appears many are stacking up near the factory where they are produced, TheWashington Post reports.

    There was talk that the Nano would be coming to both Europe and the U.S., where it could at least get a cult following, but that talk has died down.

    In India, it seems that sales are being done in by a few minor factors — like the problem of the Nano catching on fire. The Post says about six have gone up in smoke due to trouble in exhaust or electric systems.

    Plus the car’s cheap price is alienating it with middle-class families who seek a car as a status symbol. They’re willing to pay more for something, ahem, more respectable.

    Interestingly, while interest is flagging in the Nano, the overall Indian car market is still booming.

    • eros

      April 6, 2011 at 6:38 am

      ဪ ကိုခိုင်ရယ် မြန်မာပြည်မှာ မို့လို့ပေါ့ကွယ်။

  • မမလေး

    April 6, 2011 at 7:43 am

    ရှူံးနိမ့်မှုများနဲ့.. လူ … လျှောက်ချင်တာ လျှောက်ရမယ့်နေရာမသိလို့ … သိရင်ပြောပြပါဦး …

  • moegyothwar

    April 6, 2011 at 8:25 am

    ကမ္ဘာအေးဘုရားလမ်းက စက်မှု(၂) ကားအရောင်းခန်းမမှာသွားလျှောက်ပါခင်ဗျာ။ လူကြီးတယောက်ယောက်လက်မှတ်ပါရင်ပိုပြီး ကောင်းပါလိမ့်မယ်။ လက်ရှိအချိန်ထိလျှောက်ထားသူ ၅၀၀ဝ လောက်ရှိပြီလို့ကြားရပါတယ်။

  • မမလေး

    April 6, 2011 at 6:55 pm

    ဒီနေ့ပဲကြားလာတာ .. လက်မှတ် တစ်စောင် ၂၀ဝ နဲ့ လျှောက်ထားသူ တစ်သိန်းကျော်ပြီဆိုလားလို့ … သူက လျှောက်ပြီး ၆လကြာမှ ကားကိုရမှာတဲ့ … စရံ ၁၅ သိန်းသွင်းရမယ်ဆို … နာမည်တစ်ခု လူတစ်ယောက် ကားတစ်စီးပဲရမယ်တဲ့ … ဘာလို့သူများတွေကြတော့ စီးလိုု့ရနေကြတာလဲ …

    • rabbit

      April 7, 2011 at 3:58 am

      အော်.. ဒါကဒီလိုရှိပြီး ..ဟိုဟာက ဟိုလိုရှိပါတယ် မမလေး

    • moegyothwar

      April 7, 2011 at 9:53 am

      မမလေးရေ… လျှောက်လွာ ၄၀၀၀ဝ လက်ခံရရှိပြီးပါပြီတဲ့။ ဇွန်လအထိမှ အစီး ၆ဝ ဘဲပေးနိုင်ပါမယ်တဲ့။ ဒါတောင်မဲစနစ်ဆိုလား ဘာလား သဲသဲကွဲကွဲမသိရသေးပါ။ ကြိုတင်ငွေက ၁ဝသိန်းသွင်းရတယ်လို့ပြောပါတယ်။ အခုအဲဒီငွေသွင်းစာရွက်ရောင်းစားရင် သိန်း ၂ဝ အမြတ်ပေးပါတယ်ခင်ဗျ။ ကျွန်တော်လဲပါမစ်တောင်းပြီးရောင်းစားအုန်းမှထင်တယ်….

  • k19

    April 7, 2011 at 3:15 am

    ဒီ
    ထက်ပြည်ပြည့်စုံစုံလေးရှင်းပြကြပါလားအကိုတိုရာ

  • Shwe Tike Soe

    April 7, 2011 at 3:57 am

    company တွေနဲ.ချိတ်ပြီး အင်စတော့မန်. နဲ.ပေးရင်တော့ ကားစီးနိုင်ပြီ ဟိဟိ

  • winkyawaung

    April 7, 2011 at 6:12 am

    မြန်မာပြည်မှာ ကားလျှောက်လွှာတန်းစီရမှက လွတ်တော်သက်တန်းငါးနှစ် ငါးမိုးစောင့်ပေးပါ။ ( သူတို့လူတွေ မလိုချင်မှရပါမည်။)ကုပ္မဏီပိုင် ဓာတ်ဆီဆိုင်တွေကို တန်းစီတိုးရမှာက သုံးနှစ် သုံးမိုးကြာပါမည် ခင်ဗျာ..။

  • moethidasoe

    April 7, 2011 at 6:43 am

    ကားသေးသေးလေး နိမ့်နိမ့်လေး ဆိုတော့ နေပြည်တော်လမ်းရယ် မှာ အဆင်ပြေမယ် .. ချိုင့် နည်းလို့ .. မြို့တွင်းမှာ လမ်းမ ကြီးကြီးတွေ ကွန်ကရစ်လမ်းတွေမှာ ဆို အဆင်ပြေမယ် .. နို့မဟုတ်ရင် ပြင်စရိတ် မြင့်မယ် ..
    နောက်တစ်ချက်က အပိုပစ္စည်း ရှားမယ် တဲ့ .. အခုထွက်နေတဲ့ SANDHA ဆိုတဲ့ တရုတ်ကား ဆိုရင် ဆီစစ် ဇကာတောင် သူများ သုံးထောင်လောက်ရှိတာ သူက တစ်သောင်းတဲ့ .. ထွင်ထည့်တတ်လာရင်တော့ မပြောတတ်ဘူး

    • eros

      April 7, 2011 at 6:48 am

      အောင်မလေးလေး ဆင်ဖိုးထက် ချွန်းဖိုးကြီးနေပါသလား။

    • moegyothwar

      April 7, 2011 at 10:02 am

      အပိုပစ္စည်းအတွက်ကတော့စိတ်မပူပါနဲ့ ကျွန်တော်ပြန်ရောင်းပေးပါမယ်။ ဈေးသက်သာစေရပါ့မယ်။ း-) နဲနဲစီးပွားရှာလိုက်အုန်းမယ်။ တရုတ်ကားတွေမြန်မာဈေးကွက်ဖောက်မထွက်နိုင်တာ အပိုပစ္စည်းကြောင့်အဓိကပါ။ သူတို့တွေသွင်းလာရင် အပိုပစ္စည်းသွင်းတဲ့လူတွေလဲခေါင်းထောင်ပြီး ကြိုတင်တင်သွင်းဖို့စီစဉ်နေကြပါပြီ။

  • moegyothwar

    April 7, 2011 at 10:09 am

    မြန်မာပြည်သူပြည်သားတွေ ကောင်းကောင်းမွန်မွန်နေထိုင်သွားလာနိုင်အောင် အစိုးရသစ်ကလုပ်ပေးဖို့လိုနေပါပြီ။ အထူးသဖြင့် သယ်ယူပို့ဆောင်ရေးနဲ့ ပတ်သက်လို့ ကားကောင်းကားသန့်တွေတင်သွင်းခွင့်ပေးသင့်နေပါပြီ။ အခုလမ်းမှာရှိနေတဲ့ကားတွေထက် အစီးရေပိုမများစေချင်ရင် လက်ရှိသုံးနေတဲ့ကားနဲ့ အသစ်တစီးလဲတဲ့စနစ်သုံး… လဲတဲ့ကားကိုသိမ်းပြီး ဦးပိုင်ရဲ့ သံရည်ကြိုစက်ရုံမှာကုန်ကြမ်းအဖြစ်ပြန်သုံး…. အဲဒါဆိုအဆင်ပြေမယ်ထင်တယ်နော်…. လက်တဆုပ်စာလူတစုကောင်းစားရေးအတွက် လုပ်ထားတဲ့ပါမစ်စနစ်အစား ပိုမိုသင့်လျှော်တဲ့စနစ်တခုလောက်ချမှတ်နိုင်ရင်ကောင်းမယ်ထင်ပါတယ်။

  • မမလေး

    April 7, 2011 at 4:12 pm

    ဒီနေ့ပဲသွားလျှောက်လိုက်တယ် … အရောင်က ခဲရောင် ၊ အစိမ်းရောင် ၊ အဝါရောင် ၊ အနီရောင် ၊ ရွှေရောင် ငါးရောင်ရှိတယ်တဲ့ … ပြထားတာတော့ အဝါလေးကို ပြထားတယ်တဲ့ … စာရွက်စာတမ်းဖိုး ၇၀၀ဝ ပေးလိုက်ရတယ် …

Leave a Reply