Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကောင်းသောအကြံပြုပြီး အားလုံးမေတ္တာခံယူပါသည်

လင်းဝေApril 4, 20111min61121

တစ်ခါတစ်ခါ ဒီမန်းတလေး ဂေဇက်ကြီးပေါ်ဘာမှ တက်ပြီးမရေးချင်ပါ။ ဘာဖြစ်လို့ပါလိမ့်ဆိုတော့ အခြားသူတွေက သူများရေးထားတာ၊ မေးလ်ထဲကရတာ ဘာညာတွေကို အလွယ်ပဲ ကူးပြီးတင်ကြ။ ဓါတ်ပုံတစ်ပုံ ပို့စ်တစ်ခု လုပ်ပြီးတင်လိုက်ကြနဲ့ ဆိုတော့ ကိုယ်လည်း ဟိုလိုဒီလို လိုက်လုပ်မိရော။ တကယ်တမ်းအဲသလိုလုပ်တာမကောင်းမှန်းလည်း သိနေတော့ မလုပ်ချင်တော့ပြန်ဘူး။ တကယ်ကောင်းကောင်းရေးတာကျပြန်တော့လည်း အများတကာ အလွယ်လုပ်နေကြတဲ့ ဆိုက်မှာ ဘာမှန်းမသိ တွေ့ကရာ ရှစ်သောင်း ထွေရာလေးပါးတွေ ထပ်ထပ်တင်နေတော့ ကိုယ်က သေချာရေးပြီးတင်ရင် နောက်လာတာတွေ အသစ်ထပ်ပေါ်လာလို့ ကိုယ့် ပို့စ်လည်း နောက်ကိုရောက်လို့ ပျောက်သွားမှာဖြစ်ပြန်တော့ သေသေချာချာ ရေးရတာလည်း မတန်ပြန်လို့ ခံစားမိတယ်။ အမှန်မတော့ ပို့စ်တင်ရင် ပိုက်ဆံရမယ်ဆိုလို့ လူတွေကလည်း ဘာဖြစ်ဖြစ် တင်ကြတာပေါ့။ သို့သော် ဒီဆိုက်အတွက်ကော ဖတ်ရတဲ့သူတွေအတွက်ကော ဘာမှ အကျိုးမရှိရင် ဆိုက်လည်း နာမည်ပျက် ( အခုလည်း ပျက်သင့်သလောက်တော့ ပျက်နေပါပြီ ) ဖတ်ရတဲ့သူတွေအတွက်လည်း ဘာမှ အကျိုးမရှိ။ တစ်ခုပဲ လာကြည့်သူများတဲ့အတွက် ကြော်ငြာခလေးတော့ ရမှာပေါ့လေ။

အခုလည်း ပေါ်တင်ကြီး ကူးသူနဲ့ တင်သူ ဖြစ်လာပြန်တော့ မကောင်းပြန်ပါဘူးလေ။ အရင်တင်သူက သူတကယ်ဖန်တီးရေးသားထားတာဆိုရင်ဖြင့် တော်တော် ခံရခက်မယ်။ သူလည်း သူများပြောတာ သူများဆီက ရတာကို ပြန်ကူးတင်တာဆိုရင်တော့ သိပ်ခက်မှာ မဟုတ်ပါဘူး။ နောက်တစ်ဖန်ပြန်ကူးတင်တဲ့သူက ဖြေရှင်းတာကတော့ သူလည်း သူ့မိတ်ဆွေဆီက မေးလ်နဲ့ ပို့တာကို ပြန်လည်ကူးတင်တာပါ လို့ ( အင်္ဂလိပ်လို ) ပြန်ရှင်းပါတယ်။ ဖြစ်ကြတဲ့ စာစုက မြန်မာလိုရေးထားတာပါ။ အဲဒါကို ဖတ်မိပြီး ပြောချင်နေတာ ကြာနေတဲ့ဟာကို ပြောမိပါတယ်။ ဒီအကြောင်းပြောရတာ လူကြိုက်များမယ် မဟုတ်မှန်းလည်း သိလို့ မေတ္တာခံယူလိုက်ပါတယ်လို့လည်း တစ်ခါတည်း ပြောလိုက်ပါတယ်။ တကယ်တော့ ကိုယ်တိုင်ရေးတာလေးတွေပဲ တင်သင့်ပါတယ်။မဟုတ်ရင် လည်း အဆိုးဆုံးအနေနဲ့ မှီငြမ်းတာ၊ ဆင့်ပွားတွေးမြင်ပြီး ပြန်လည်တင်ပြတာ လောက်ပဲလုပ်သင့်ပါတယ်။အတည့်ကြီး ကူးပြီး copy & past လုပ်တာကတော့ နည်းနည်း နိမ့်လွန်းသလားလို့ပါ။ပိုဆိုးတာကတော့ မေးလ်တွေက ရတာကို ပြန်မတင်သင့်ပါဘူး။ ပွထနေလို့ မေးလ်တွေထဲရောက်ကုန်တာပါ။
ပြန်တင်ချင်ရင် ဘယ်လိုအမြင် အတွေးဖြစ်မိပါတယ် ဘာညာဆိုပြီးတော့ နည်းနည်းလောက်လေး ကိုယ်ပိုင် မူဟန်နဲ့ အတွေးစလေးနည်းနည်းပါးပါးထည့်လို့ မဆလာအုပ်တာလုပ်ပေးသင့်ပါတယ်။
မဟုတ်ရင် မူရင်းရေးသူ သို့မဟုတ် ဘာသာပြန်သူက သူ့စာကြီးကို တည့်တည့်ကြီး ကူးထားတာမြင်တော့ စာသူခိုးလို့ အပြောခံရပြီး သိက္ခာကျစရာပါ။ အားလုံးကိုပဲ ဆိုလိုတာပါ။ အခုမှ ဖြစ်ရတဲ့ ကံဆိုးသူ မယ်ရှင် တစ်ယောက်တည်းကို မဆိုလိုပါ။ အချို့များကြပြန်တော့လည်း ဒီအကြောင်းအရာ ဒီဓါတ်ပုံကိုပဲ ခေါင်းစဉ်ခွဲလို့ ပို့စ် သုံးလေးခု ဖြစ်အောင်တင်ပေးပါတယ်။ ဒီလိုလုပ်တာ ဘယ်လို အကုသိုလ်ဖြစ်ကြောင်း အရှင်အိန္ဒက က လည်းမိန့်ကြားစေလိုပါတယ်။ ( အမှန်ကို ဒကာ ဒကာမတွေသိစေလို လို့ပါ။ ဒီထဲ ဆွမ်းဖိတ်မယ့်သူမပါဘူးထင်ပါတယ်၊ ရဲရဲသာပြောပါ )

အယ်ဒီတာလည်း ဘာကြောင့်ရယ်မသိ သူ့ဆိုက်ကို ဖြစ်လေရာဖြစ်ဆိုပြီး လွှတ်ထားလိုက်တော့တာပါပဲ။ အချောင်သမား ဆိုက် သူများတွေဖတ်ပြီးသား ကို ကူးတင်ပြီး မသိတဲ့သူက တစ်ကမာ္ဘလုံးသိတောင် သိမှာ မဟုတ်သေးတဲ့သူတွေကို ပြန်ကူးတင်ပေးလို့ ဖတ်ရမယ့် ဆိုက်ကြီး မဖြစ်ပါစေလို့ အကြံပြုရင်း အားလုံး မေတ္တာပို့ ကွန်မန့်များ ပေးနိုင်ကြပြီဖြစ်ကြောင်း အသိပေးလိုက်ပါတယ်။

21 comments

  • weiwei

    April 4, 2011 at 8:11 am

    ဒီရွာထဲမှာ သူကြီးက ဘာအာဏာမှ မပြတာကြာပေါ့ ..
    အခုထက် ပိုပြီး စည်းကမ်းတင်းကြပ်ရင် ရွာထဲမလာတော့မှာ စိုးရိမ်လို့လားမသိဘူး …
    ကျွန်မကတော့ ကော်နက်ရှင်မကောင်းတာကတစ်ကြောင်း၊ အလုပ်သိပ်မအားတာကတစ်ကြောင်းနဲ့ အလျှင်မှီအောင်တောင် မနဲဝင်ဖတ်နေရတယ် …

    အရေအတွက်ထက် အရည်အသွေးက ပိုအရေးကြီးပါတယ် ..

  • dream

    April 4, 2011 at 8:13 am

    ကောင်းပါတယ် ဖြစ်သင့်နေတာကြာပြီ 🙂

  • dream

    April 4, 2011 at 8:16 am

    ဒါပေမယ့်
    တခါတခါ ပို့စ်တွေထပ်တယ်ဆိုတာက
    email ထဲက ကိုယ်သဘောကျတဲ့စာကို ရွာသူရွာသားတွေကို မျှဝေချင်တာရယ်
    connection မကောင်းလို့ အရင်တင်ပြီးသားလား ဘာလားဆိုတာ ပြန်မကြည့်နိုင်တာရယ်ကြောင့်ပါ။
    တခါတခါ ပို့စ်တင်ဖို့တောင် အသက်အောင့်ပြီးတင်ရတယ် 🙁
    ပို့စ်တွေအများကြီးတင်တဲ့ ရွာသူရွာသားတွေ ပိုသိမှာပါ

  • kai

    April 4, 2011 at 8:18 am

    ဟင်း.. အခုကစပြီးအာဏာပြမယ်..။
    အီးမေးလ်ကတဆင့်ရသော မည်သည့်စာကိုမှ မကူးတင်ရ ..တင်လျှင်..ပွိုင့် ၂ဆပြန်နှုတ်မည်..။

    ပြောရရင်..ဘယ်လိုဖြစ်နေသလည်းဆိုတေ့ာ.. တင်တဲ့သူတွေကို စာတွေပိုွင့်တိုးပေးချင်တဲ့ဟာ.. ဘယ်လိုမှ ညှိယူလို့မရဘူးဖြစ်နေတယ်..။
    မတူသောအတွေးနဲ့ ကိုယ်ပိုင်စာချရေးသူတွေ တော်တော်နစ်နာနေတာပါပဲ..။

    • eros

      April 5, 2011 at 4:05 am

      သဂျီး တကယ်လုပ်မယ်ဆို ကြေငြာချက်ထုတ်လိုက်လေ။

  • လင်းဝေကျော်

    April 4, 2011 at 8:38 am

    အာဏာပြပါ။
    ကိုယ့်ဆီရောက်လာတာလေး သူများတွေကို မျှဝေချင်ရင် ကိုယ်ပိုင်အမြင်နဲ့ ကိုယ်တိုင် ဘယ်လိုခံစားရတယ် ဆိုတာလေး ထည့်ရေးမှ သာ သင့်တော်ပါလိမ့်မယ်။
    အတွေးနဲ့ ခံစားမှု ကို ဖော်ပြနိုင်သော အရည်အချင်းတော့ ဘလော့ဂါဖြစ်စေ စာရေးသူဖြစ်စေ ရှိသင့်တာပေါ့။ အဲဒီအရည်အချင်းလေးမှ မရှိရင်တော့ ဖတ်ပြီး အချင်းချင်းသာ မေးလ်ထပ်ပို့ပါလေ။

    • ashinindaka

      April 4, 2011 at 8:50 am

      အရေးထဲ ဘုန်းကြီးက ပါနေပြန်ရောဗျုိုးးးး

      • eros

        April 4, 2011 at 9:42 am

        ဟဲဟဲ ဒီတခါတော့ ရွာအမှု ဘုန်းကြီးပတ်သွားပါပြီ ဘုရား။

  • search123

    April 4, 2011 at 8:53 am

    “မတူသောအတွေးနဲ့ ကိုယ်ပိုင်စာချရေးပါ။” ဆိုတဲ့ mandalay gazette ရဲ့လမ်းညွှန်ချက် ကို လိုက်နာကြမယ်ဆိုရင် အရမ်းကောင်းမှာပါ။
    လွန်ခဲ့တဲ့ ၁ နှစ်လောက်က mandalay gazette ကို စတင်ဝင်ကြည့်ခါစကဆို တစ်ကယ်ကို ဖတ်လို့ကောင်းပါတယ်။
    အခုတော့ mail ထဲမှာဖတ်ထားပြီးသားတွေ နဲ့ အခြား ဆိုက် မှာဖတ်ထားပြီးသားတွေ တော်တော်များများ ကိုပဲ တွေ့နေရပါတယ်။
    အချို့ဆို ဘယ်ဆိုက် က ကူးတယ်ဆိုတာတောင် ထည့်မရေးကြတော့တာတွေ အများကြီးတွေ့ရပါတယ်။

  • လင်းဝေကျော်

    April 4, 2011 at 9:07 am

    ဟောသာ ဟောပါ အရှင်။ ရွာအမှု ဘုန်းကြီးပါတ်တယ်တော့မထင်ပါနဲ့။
    ရွာကျောင်းက ဆရာတော်က တာဝန်ရှိတဲ့သူအနေနဲ့ ပြောသင့်တာတော့ ပြောမှပေါ့ ကိုယ်တော်။

  • nigimi77

    April 4, 2011 at 9:46 am

    ကဲကဲကဲ။ ပြန်ကူးမတင်ရေး အကြံပေးကို ကျုပ်လဲထောက်ခံပါတယ်။ ကျုပ်လဲ သူများရေးထားတာကို
    ပြန်ကူးတင်ခဲ့ ဖူးပါတယ်။ ဒီနေ ့ ဒီ အချိန်က စပြီး သူများရေးထားတာတွေကို မျှဝေခံစားစေချင်လို ့ဖြစ်စေ
    ဘယ်လို အကြောင်းကြောင့် ဖြစ်စေ လုံးဝ ရှောင်ကျဉ်ပါမယ်။ ကိုယ်တိုင်ရေး စစ်စစ် Creative Writing
    ကိုပဲ တင်ပါမယ်။

  • kopauk mandalay

    April 4, 2011 at 11:56 am

    ရွာသားအားလုံးတို့ရေ
    ကူးမတင်ရေးဆိုတာကိုုလုံးဝထောက်ခံပါတယ်။
    ဒါပေမယ့် ဓါတ်ပုံတစ်ပုံကိုစာရေးပြီး ပိုစ်တစ်ခုတင်တာကိုတော့ ခွင့်ပြုပေးစေချင်ပါတယ်။
    ဓါတ်ပုံတစ်ပုံထဲတောင်မနည်းရအောင်တင်ရတာပါ။
    တစ်ပုံထဲကို နာမည်ပြောင်းပြီးတင်ရင်တော့ အမှန်ပြန်နုတ်ဗျာ။
    ကော်နက်ရှင်မကောင်းလို့ မှားပြီးထပ်တင်ရင်လဲနုတ်ဗျာ။
    ဓါတ်ပုံတစ်ပုံ ပိုစ်တစ်ခုဆိုတာတော့ အမြင်ကြည်လင်စေချင်ပါတယ်။
    ကိုပေါက်တင်တဲ့ပုံအားလုံးကိုယ်တိုင်လက်ဆော့တဲ့ စနက်ရှော့အစစ်တွေမို့ပါ။

  • unclegyi1974

    April 4, 2011 at 3:12 pm

    လင်းဝေကျော်ရေ ရေးချင်သလိုရေး
    ဦးတို့က မေးကကူးပြီးတပုဒ်မှမတင်ဖူးသေးဘူး
    ဟဲဟဲဟဲ
    ကူးရေးတင်တဲ့သူရဲ့စာဆိုလိုရင်း
    ဖတ်သူများကိုစေတနာဘယ်လောက်ထား
    တယ်ဆိုတာကြည့်ပြီး အများသိစေချင်လို့
    ထပ်ဆင့်တင်ပေးတာတွေကိုဦးတို့က
    အပြစ်လို့သိပ်မမြင်ပါဖူး
    အမှတ်လိုချင်လို့တင်ဆိုတာကလည်း
    လိုချင်တဲ့သူများကိုမပြောတတ်ပေသိ
    ဦးတို့ကတော့ရေးချင်စိတ်မရှိသေးရင်
    ဘာမှကိုမရေးပဲနေလိုက်တာ
    အမှတ်ကိုကြည့်ကိုမကြည့်ဖြစ်တာ

  • sayargyi

    April 4, 2011 at 4:19 pm

    ကျွန်တော်လဲ ဒီမန်းလေးဂေဇက် မှာဝင်ဖတ်နေတာကြာပါပြီ..ပိုစ့် လဲ၂ခုလောက်တော့တင်ဖူးတယ်
    ဒါပေမယ့် အပေါ်ကကွန်မန်းတွေ ပြောသလိုဘဲ အခု ဂေဇက်က ပိုစ့်တွေက စိတ်ဝင်စားစရာသိပ်မရှိတော့ပါဘူး
    သတင်း,ဗဟုသုတ နဲ့ အတွေးအခေါ် တွေမဟုတ်ဘဲ ..ဘာတွေရေးမှန်းကိုမသိတဲ့ ကလေးကလား ပို့စ်တွေကများနေပါတယ်…ဥပမာ..ကြောင် ရေခဲမုန့်ကြိုက်တဲ့အကြောင်းကတော့ ပို့စ်တခုအနေနဲ့မရှိသင့်ပါ…

  • Foreign Resident

    April 4, 2011 at 9:02 pm

    “ဆိုက်လည်း နာမည်ပျက် ( အခုလည်း ပျက်သင့်သလောက်တော့ ပျက်နေပါပြီ )”
    Is it really ???
    Ohhh, too bad !!!

  • nature

    April 5, 2011 at 12:55 am

    ကူးတင်တာလဲတချို့ post တွေတော်တော်တောင်းပါတယ်၊ဗဟုသုတလဲရတယ်၊
    ရွာသားတွေအကုန်လုံးက စာရေးဆရာတွေပညာရှင်တွေမဟုတ်တဲ့အတွက် (မှားရင်သီးခံပါ) ကိုယ်ပိုင်ရေးတဲ့စာတွေပဲဆိုစိတ်ဝင်စားစရာpost နည်းသွားနိုင်ပါတယ်၊ကျနော်လဲpost နိုင်ဖို့ကြိုးစားနေပါတယ်၊ လက်ကွက်ကောင်းကောင်းမရသေးလို့။
    point ခွဲပေးရင်ရောမရဘူးလား။

  • bigcat

    April 5, 2011 at 12:55 am

    သဂျီး.. အခုအတိတ်ဘဝ ဝဋ်ကြွေးကို ယုံပြီမဟုတ်လား။ အရင်က ဆိုက်ထဲမဝင်ခင် သွားဖြဲပြတဲ့ ရွာသားတွေရဲ့ ခွန်းတုံ့ပြစ်တင်ဝေဖန်တာကို ခံနေရပြီ။ အဲဒါ သဂျီးရဲ့ကံ………………

  • KoNyeinChan

    April 5, 2011 at 4:26 am

    အစားကောင်းစားရရင် အရင်းနှီးဆုံးသူတွေကို သတိရတယ် ဆိုတဲ့အတိုင်း၊ သတင်း စာပေ ကောင်းတွေ ဖတ်လိုက်ရလို ့ရွာသားတွေဖတ်စေချင်တဲ့စေတနာနဲ ့ှShare ပေးတာမျိုး ဖြစ်သင့်ပါတယ်။ ဒါပေမယ့် မူရင်း Post ကို Copy လုပ်ပြီးတင်ပေးတာမျိုးတော့ မဖြစ်သင့်ပါဘူး၊ မူရင်းရှင်ကို မလေးစားရာရောက်တယ်.. နောက်တခုက မဖြစ်သင့်တာက Forward Mail ထဲက ရတာပါဆိုတာမျိုး.(သူတို ့Mail ထဲ ကိုယ်ဝင်ဖတ်လို ့ရတာမှ မဟုတ်တာ) ဖြစ်နိုင်ရင် Original Source ကို အညွှန်းပေးစေချင်ပါတယ်.. ကိုယ်က သတင်း စာပေ ကောင်းတွေဖတ်လိုက်ရပေမယ့် အဝေဖန်ခံရမှာ စိုးတာကြောင့် Post မတင်၊ Share မပေးပြန်ရင်လည်း တကိုယ်ကောင်းဆန်ရာရောက်မယ်.. ဒီတော့ စာပေ မဂ္ဂဇင်းတွေမှာ စာရေးဆရာကြီးတွေရေးသလိုမျိုး သူတို ့ဖတ်လိုက်ရတဲ့ စာပေကောင်းတွေကို ဖတ်စေချင်လို ့ဘယ်သူရေးတဲ့ ဘယ်စာအုပ် စာမျက်နှာဘယ်လောက်မှာဆိုတဲ့အညွှန်းရေး၊ ကိုယ့်ရဲ ့ အမြင် ခံစားချက် အယူအဆလေးတွေပေါင်းလိုက်ပြီး စာမူတစ်ခုရေးလိုက်ရင် မူရင်းပိုင်ရှင်က ကျေးဇူးတောင်တင်ဦးမှာ.. ကိုယ်တင်လိုက်တဲ့ Post အတွက် ကောင်းသောအားပေးခြင်း ကို ခံယူချင်ကြမှာပါ.. ကိုယ့်ရဲ ့ Post ကြောင့် ရွာနာမည်ပျက်ပြန်ရင်လည်း မကောင်းပါဘူး.. (ကျွန်တော့်အမြင်ကို ပြောခြင်းဖြစ်ပါတယ်)

  • etone

    April 5, 2011 at 6:36 am

    ဒီအန်ကယ်ဦးလေးဘကြီးဘိုးဘိုး ကတော့ လုပ်ပြီ … စေတနာ ဗရပွနဲ့ ပြောနေတာ လာဆဲတဲ့လူမရှိတာ ကံကောင်းတယ်မှတ် … 😀 😀 သဂျီးကလည်း အာရွှီးတယ် တကယ် သတ်သတ်မှတ်မှတ်မှ မလုပ်ပဲဟာကို ။ အင်းလေ … သူလည်း ထန်းရည်မူးနေတာနဲ့ အဲမွှား .. မှားလို့ … အလုပ်များ နေတာနဲ့ ဒီဘက်ပိုင်း သိပ်မကြည့်အားလို့ ဖြစ်မယ် 😀 အရင်တုန်းကလို သတင်းပို့လို့ ရတဲ့tag လေး ပြန်ထားပေးသင့်တာရယ် … ၊ ကော့်မန့်အတွက် like / dislike ထားသလို ပို့စ်အတွက်လည်း ထားသင့်တယ်လို့ ထင်တာပါပဲ … ။

  • nigimi77

    April 5, 2011 at 7:08 am

    ဆရာခိုင်ရေ ။ ကျုပ်တော့ ပြန်ကူးမတင်ရေး အကြံပေးချက်ကို ကိုယ့်သဘောနဲ ့ကိုယ် ထောက်ခံပြီး လိုက်နာကျင့်
    သုံးဖို ့ ဆုံးဖြတ်ပြီးပြီ ဆိုတော့ကာ တခုတော့ တောင်းဆိုချင်ပါတယ်။

    အဲဒါကတော့ Post တင်တဲ့ ဆရာတွေ ဆရာမတွေ ဗီတို အာဏာနဲ ့ ကြိုက်ရင် ထားမယ် မကြိုက်ရင် ဖျက်မယ်
    ဆိုတဲ့ ကွန်မန် ့ ဖျက်ပိုင်ခွင့် အာဏာကို ပြန်လည် စဉ်းစားစေချင်ပါတယ်။
    ဆောက်မြင်ကပ်လို ့ပဲ ရေးရေး၊ အပြစ်ပဲရှာရှာ ၊ ဘယ်လိုပဲ ထောက်ပြပြ၊ တုန်လှုပ်စရာမလိုပါ။
    ကိုယ်ကောင်းလျင် ခေါင်းမရွေ ့ပါ။ အတိုင်း အတာ တစ်ခု အထိ လွတ်လပ်စွာရေးသားခွင့် ရှိဖို ့ လိုအပ် သလို
    အတိုင်း အတာ တစ်ခု အထိလည်း လွပ်လပ်စွာ ဝေဖန်ခွင့် ရှိစေရပါမယ်။

    ဦးသန်းရွှေရဲ ့ စာပေကင်ပေတိုင် တောင်မှ အခုဆိုရင် ထုတ်/တင် စနစ်ကို ခွင့်ပြုတော့မယ်လို ့ ဆိုတာပဲ။
    ကျုပ်တို ့ရဲ ့ ဒီ မန်းလေးဂေဇာတ်မှာ ကောင်းတာလေးတွေ ဘုတ်ကြီးမြှောက် ကြီးဘုတ်မြှောက် လုပ်ပေးရင် ထားမယ်၊ ဝေဖန် တိုက်ခိုက်မယ် ဆိုရင် ဖျက်ပြစ်မယ် ဆိုတာက ချုပ်ကြီးတို ့က ပြန်လည် သင်ယူရမဲ့ အခြေအနေပါ။ သတ်မှတ်ထားတဲ့ စည်းကမ်းကို ဖောက်ဖျက်ပြီး ရေးသား ဝေဖန်လာတယ် ဆိုရင် တိုင်ကြားမှု ပြုလုပ် နိုင်သလို Site တာဝန်ခံများမှ သတိပေးချက် ကို ပြုလုပ်ပြီး ဆက်တိုက် မလိုက်နာတဲ့ အခါမျိုးကြမှ
    ဖျက်ပစ်တာပဲ ဖြစ်ဖြစ် လုပ်ဆောင်သင့်ပါတယ်။ အခုဟာက အလွန် ဆိုးဝါးတဲ့ Weak Point ကြီးလို ့ထင်ပါတယ်။

    ပုဂ္ဂိုလ်ရေး မုန်းတီးမှု အရ ဘာရေးရေး ဖျက်ပစ်နေတာကတော့ဗျာ။ အလွန် နာဇီလက်သစ်ဆန်လွန်းပါတယ်။
    အခုတလော ဘာရေးရေး ဖျက်ပစ်နေတော့ ကျုပ်လဲ ငုတ်စိပဲ ကျန်ပါတော့တယ်။
    စာပေသမားမှန်ရင် ဘယ်လိုဝေဖန်မှုမျိုးကို မဆို လက်ခံနိုင်ရပါမယ်။ ငြိမ်ခံနေခိုင်းတာ မဟုတ်ဘူးနော်။
    အကျိုးအကြောင်းပြည့်စုံစွာနဲ ့ ပြန်လည် ဆွေးနွေးလို ့ရပါတယ်။ အဲဒါမှ မဟုတ်ရင် အများပိုင်နေရာမှာ မရေးသားပဲ ကိုယ်ပိုင် ဘလောဂ် တခု တည်ဆောက်ပြီး မိမိနှင့် အပင်းသင့်သူများသာ ဝင်ရောက်ဖတ်ရှု ဝေဖန်
    နိုင်ရန် ပြုလုပ်ခြင်းဟာ အဆိုပါ လူမျိုး အတွက် ပိုမို သင့်လျော်မှာပါ။

    ထပ်မံပြီး …Post တင်သူမှ မိမိ သဘောအလျောက် မကြိုက်သည့် Comment များအား ဖျက်ပစ်ခြင်း
    အား ကန် ့ကွက်ပါသည်။

    မဲခွဲ စနစ်ဖြင့် ဆုံးဖြတ်ပေးပါရန်။ Post တစ်ခု တင်ပြီးတော့ပဲ ဖြစ်ဖြစ်။

  • moonpoem

    April 5, 2011 at 8:30 am

    ဗဟုသုတ ရစေတဲ့ ပိုစ့်တွေကို ဖတ်ရတာ ကောင်းပါတယ်။ ကျွန်မကတော့ပရော်ဖက်ရှင်နယ်စာရေးဆရာတစ်ယောက် မဟုတ်တဲ့အတွက် လိုအပ်တာတွေ
    ရှိနေပါသေးတယ်။ ဘာပဲပြောပြော လူအများအတွက်လည်း အသုံးဝင်စေတဲ့ ပိုစ့်တွေကို ဖန်တီးရမယ်ဆိုတဲ့
    အသိလေး တစ်ခုတော့ ရသွားတာပေါ့။ comment ကိစ္စကတော့ ဘယ်နေရာမှာမဆို ၁၀၀%ကောင်းတယ်ဆိုတာ မရှိပါဘူး။ ချို ့ယွင်းချက်တွေ ရှိနေမှာပါပဲ ပိုစ့်တင်သူရဲ ့လိုအပ်တာတွေကို
    ဝေဖန် ကောင်းရင်ချီးမွမ်းတာမျိုးကတော့ ရှိသင့်ပါတယ်။ ပိုစ့် နဲ ့မသက်ဆိုင်ပဲ ပုဂိ္ဂုလ်ရေးရာ ရေးတာမျိုးကတော့ Comment ရေးသူရဲ ့character နဲ့ပဲ သက်ဆိုင်ပါတယ်။ ကိုယ့်ပိုစ့်ကို မကောင်းပြောတိုင်း
    ဖျက်ပစ်တာမျိုးတော့ မလုပ်သင့်ဘူးလို ့ထင်ပါတယ်။ တစ်ယောက်နဲ ့တစ်ယောက်အမြင်မှ မတူဘဲ။ ဝေဖန်တာတွေထဲက ကိုယ့်ရဲ ့အားနည်းချက်ကို အားသာချက်ဖြစ်အောင်ကြိုးစားရင် ကောင်းသွားမှာပဲလေ။
    အမြဲတမ်းချီးမွမ်းခံနေရရင်လည်း ကိုယ့်ကိုကို်ယ် perfect ဖြစ်တယ်ဆိုပြီး နေရာတစ်နေရာမှာ ရပ်သွားရင်လည်း နောက်လူတွေက ကျော်တက်သွားမယ် မဟုတ်လား။

Leave a Reply