4-4-11 သတိပေးချက်

etoneApril 4, 20111min22118

နေကျဲကျဲ တောက်ပူနေရာမှ လျှင်မြန်စွာ တိမ်တိုက်များ ဖုံးကွယ်လာပြီး မိုးသည်းထန်စွာရွာနေပါတယ် .. (လှိုင်သာယာ မြို့နယ် ) အတွင်းမှာပါ … ။ လေတိုက်နှုန်း မြင့်မားနေပြီး နေပူနေလျှက် ကွက်ကြားမိုးအဖြစ်ဖြင့် လေပြင်းတိုက်ခြင်းဖြစ်ပါတယ် … သစ်ပင်များ ယိမ်းခါနေပြီး လေတိုက်ခြင်းမှာ အသံပင် ကြားရသည်အထိ ပြင်းထန်ပါသည် … ။

ဖုန်းဖြင့် စုံစမ်းမေးမြန်းချက်အရ ကြည့်မြင်တိုင် မြို့နယ်တွင်းနှင့် ကမ်းနားလမ်းတလျှောက်မှ အိမ် အမိုး သွပ်ပြားများ လန်ထွက် ပျက်စီးကာ လမ်းမပေါ် ပြုတ်ကျကြောင်းသိရသည် ။ ထိခိုက်ပွန်းပဲ့မှူ့သတင်းကို မကြားရသေးပေ ။ သတင်း ဓါတ်ပုံ ရိုက်ယူထားရန် ကြိုးစားနေသည် ။ ဦးထွန်းလွင် ဝက်ဖ်ဆိုက်သို့ ဝင်ကြည့်သော်လည်း ပစိဖိတ် သမုဒ္ဒယာအတွင်း မုန်တိုင်း တစ်ခုဖြစ်ပေါ်နေသည်ဟု သာ သိရပြီး အသေးစိတ် မသိရပေ ။ ဂူးဂဲ အက်ချ်မှ ကြည့်သော် တိမ်တိုက်များ ကွက်တိကွက်ကြား ဖုံး အုပ်နေသည်ကို မြင်ရသည် … ။ သတိထားပြီး သွားလာကြရန် နှိုးဆော်လိုက်သည် ။

18 comments

  • eros

    April 4, 2011 at 10:15 am

    ဗဟန်းဘက်မှာ ရောဘဲ။

  • ဆူး

    April 4, 2011 at 10:21 am

    မြို့ထဲ ပန်းဆိုးတန်း ဘက်မှာကောပါဘဲ..
    မိုးကြိုးတွေ လည်း ပစ်ပါသည်။ လေတွေ အရမ်းတိုက်ပါသည်။

  • nozomi

    April 4, 2011 at 10:41 am

    ၁ဝ မိုင် ပတ်ဝန်းကျင်တော့ မိုးခဏရွာတယ် အခုနေသာနေပြီ (၁ရး၂၀)

  • ဆူး

    April 4, 2011 at 10:44 am

    အခု လုံးဝ မိုးတိတ်သွားပြီ။

  • soungthazin

    April 4, 2011 at 10:46 am

    ဟုတ်တယ်မိုးရွာဒါတော်တော်သည်းတယ်အလုံမှာ

  • weiwei

    April 4, 2011 at 11:56 am

    မိုးနာရီဝက်လောက် ပြင်းပြင်းထန်ထန်ရွာပြီး နေပြန်ပူတယ် .. အခုတော့ အားလုံးပုံမှန်ပဲ …
    ကံဆိုးတာက မိုးရွာတုန်းက အပြင်မှာရောက်နေလို့ တကိုယ်လုံမိုးစိုသွားတယ် …

    • akswe

      April 5, 2011 at 2:40 pm

      ဟိုအရင်တစ်ခါက .. ရေစိုထဘီနဲ…. မိုးရေမှာ .. လှပခဲ.ဘူးတာ…ပြန်မြင်ယောင်တယ်…ဒန်တန်တန်….
      မဝေ ရေ ကော်ဖီပူပူလေး သောက် ရေစင်အောင်သုတ် ဖျားမယ်… ကျနော်တော. ဆောင်းအကုန်နွေအကူးရဲ.
      မိုးပြေးမိတာ လေးရက်လောက်ကွေးသွားတယ်

      • bigcat

        April 6, 2011 at 2:07 am

        အဘဆွေရေ….
        အပျိုဂျီးကို ရင်ခုန်အောင်လုပ်ရင် ငရဲအလွန်ကြီးသဗျ…

  • dream

    April 4, 2011 at 1:24 pm

    မီးကတော့ ပျက်လိုက် လာလိုက်နဲ့
    ထမင်းချက်ရတာ အဆင်မပြေဘူး 🙁

  • intro

    April 4, 2011 at 3:27 pm

    မိုက်တယ်ဗျ… ရွာသားတွေ စုပြီး မိုးလေဝသ ဆိုဒ် တစ်ခုလောက် ထောင်ရင် ကောင်းမလားပဲ… Server နဲ့ domain ကို သူကြီးက တာဝန်ယူ၊ background နဲ့ ဒီဇိုင်းအတွက် မနောက တာဝန်ယူ၊ သတင်းအချက်အလက်တွေအတွက် တတ်နိုင်တဲ့လူတွေ တာဝန်ယူ၊ နေ့တိုင်း ဝင်ကြည့်ပြီး ဝေဖန်၊ လေကန်ပေးဖို့အတွက် intro က တာဝန်ယူပေးမယ်လေ… 🙂

  • etone

    April 5, 2011 at 1:56 am

    ကြည့်မြင်တိုင်မှာ အိမ်အမိုးသွပ်တွေ ထုတ်တန်းတွေ ပြုတ်ကျတာ ကားလမ်းပေါ် ပြန့် ကျဲနေတာပါပဲ … ။ ဓါတ်ပုံရိုက်ထားပါတယ် တင်ဖို့ အဆင်မပြေသေးတာကြောင့်ပါ… ။ အဲ့ဒီဓါတ်ပုံရဖို့ ဘဲ နဲ့ စကားများရသေးတယ် (သူ့ကို ရိုက်ခိုင်းတာကြောင့်) ။ အိမ်ရှေ့ထွက်ရိုက် ၊ ဝရန်တာ ထွက်ရိုက်ပါဆိုပြီး ဖုန်းထဲကနေ instruction တွေ ပေးနေတာ … သွပ်ပြားတွေ ပလူပျံပြီး လည်ပင်းပြတ်မလား မသိ ၊ ထုတ်တန်း ပြုတ်ကျလို့ ခေါင်းကွဲမလား မသိတဲ့ အခြေနေမှာ ဓါတ်ပုံလိုချင်လို့လားကွ တဲ့ 😛 😛 ပန်းအိုးတွေ ကျကွဲတာလည်း ရှိသေးတယ်…. ။ ကမ်းနားလမ်းက မြစ်နဲ့ နီးတဲ့ဘက်မို့လို့ လေပိုတိုက်တာဖြစ်မယ်ထင်တယ်… ။

    • eros

      April 5, 2011 at 3:24 am

      etone ရေ နင်က သတင်းရေးတာတော်တယ်။ ပိုပြီးသတင်းလေးတွေ ဝေဝေဆာဆာ ဖြစ်အောင်တင်ပါလားလို့ တောင်းဆိုပါတယ်။ ဆိုက်ပိုပြီး ကောင်းအောင်ပါ။

  • etone

    April 5, 2011 at 4:02 am

    တင်ဘူးဟာ ဘာဖစ်လဲ 😀 😀 ( နောက်တာ ဟီးဟီး )

    သတင်းဆိုတာ ချဲ့ကားလွန်းလျှင်လည်း အတင်းဖြစ်သွားပြီး … တစ်ကွက် နှစ်ကွက်လေး ချပြလျှင်လည်း မှီငြမ်း ကောက်နှုတ်ချက်ဖြစ်သွားပြန်ရော… ဒီတော့ ကိုယ့်ရှေ့ဖြစ်ပျက်နေတဲ့ သတင်းကို ပဲ လက်လှမ်းမီသလောက် ရေးတော့ မယ် … ။ ဆိုက်က အခုလည်း ကောင်းနေပါတယ် (ကိုယ့်အမြင်) မကောင်း ရင်တော့ ဘယ်သူမှ လာဖတ်မှာ မဟုတ်တော့ပါဘူး eros ရေ … ဆိုက်တခု ကောင်းတယ် မကောင်းဘူးဆိုတာ ဝင်ဖတ်တဲ့လူတွေ ဆုံးဖြတ်ပါစေလား … ။ ကောင်းအောင်လည်း တယောက်အားနဲ့တော့ မရဘူးလေ… ။ etone အမြင်တော့ ဒီအတိုင်းလေးပဲ ဖြေးဖြေးလေးနဲ့ ငြိမ့်ငြိမ့်လေးပဲ ဆက်သွားစေချင်တယ်… ။ ( အရမ်းကြီး ဆိုက်က ပေါ်ပြူလာဖြစ်လျှင် အဘမ်းခံရမှာစိုးတာလည်း ပါတယ် 😀 ) အခုတောင် နာမည်ကြီးနေပါတယ် … ။

  • ဆူး

    April 5, 2011 at 1:35 pm

    နာမည်ကြီးပုံများတော့ လက်သီး လက်မောင်း ခဏခဏ တန်းတယ်။

    • etone

      April 6, 2011 at 1:56 am

      ဒါပေါ့ ဆူးရေ… အခုလည်း တခြားပို့စ်မှာ ရန်သွားစနေပြန်ပြီ ဟိုxxxကြီးပေါ့ … 😀

  • Gong Zhu

    April 5, 2011 at 6:56 pm

    ရ ရက်နေ့နဲ့ ၈ ရက်နေ့မှာမိုးရွာမယ်လို့ မိုးလေဝသ သတင်းအရ သိရှိရပါသည်ရှင် … ပိတောက်ပန်းပွင့်ရင် ပြောကြဦးနော်

    • eros

      April 6, 2011 at 2:57 am

      ညည မိုးလေဝသ သတင်းကြေငြာ တဲ့ အသံနဲ့တူလိုက်တာ။

  • akswe

    April 6, 2011 at 11:28 am

    ကိုကြောင်းးးနော် မောင်းနမဒေ အာနေခက်အောင်း မားလုပ်ဘားနဲ.
    ရွား ထဲဂ အမားဒေ ညီးမားဒေ လက်တံပြောင်းဒါ တိရဲ.ဒါးနဲ.
    ကုလား ဂိုဂျောက်တွန်းဒယ်။
    မားဝေနော် ဂျစ်တူချိဒယ် တစ်ခါးတည်းကြေးငြာထားတယ်
    စိတ်ဆိုးအောင်စဒယ်နော် နင်းတော. ဆွိအင်ဆားဝါးကြောင်းဖြစ်ဖို.နီးနေပြီ

Leave a Reply