စံပြုထိုက်တဲ ့မိဘဖြစ်ဖို ့
ချမ်းချမ်းတို ့ဗုဒ္ဓဘာဘာသာမြန်မာလူမျိုးတိုင်း အနန္တော..အန္တငါးပါး ဘုရားရှိခိုးကိုလူတိုင်းသိကြပါတယ် မာတာပိတုဂုဏောအနန္တော..လို့နေ့စဉ်ရှိခိုးနေတာ မိဘကျေးဇူးကြီးလို ့ပေါ့နော် မိဘမေတ္တာကြီးမားလွန်းလို ့လဲဘုရားရှင်နဲ့တစ်ဂိုဏ်းထဲထားပြီးပူဇော်တာပေါ့ မိဘတိုင်းသားသမီးအပေါ်မေတ္တာတရားကြီးမားကြပါသလား မိဘတိုင်းလေးစားအထင်ကြီးလောက်တဲ့ကိုယ်ကျင့်တရားရှိပါသလား မိဘတိုင်းအပြစ်ကင်းပါသလား ချမ်းချမ်းအခုလိုုမေးတာဟာမိဘမေတ္တာစော်ကားလို ့မဟုတ်ဘူးနော် ရင်ထဲရှိတာလေး သိချင်တာလေး ရှိလို ့ပါ။
သန္ဓေသားလေး ဖြစ်တည်ဖို ့ လူ ့လောကထဲလူသားလေးတစ်ယောက်ရောက်ရှိဖို ့ ဆန် ့ကျင်ဘက် အဖိုနဲ ့အမ ပေါင်းစပ်ရတာသဘာဝမို ့လူတိုင်းနားလည်ထားပါတယ် ကိုယ်ဟာ လူသားလေးကို မွေးထုတ်ပေးနိုင်တယ်ဆိုရင်ပဲ ကျေးဇူးကြီးမာတဲ့မိခင်ဖခင်ဘဝ ကြည်ညိုထိုက်တဲ့ မိဘ ဝဘဝရောက်ပြီနော် ဘုရားနဲ ့တစ်ဂိုဏ်းထဲထားပြီးတော့တောင် ကန်တော့ခွင့်ရပြီတဲ့ ကဲ..ဘယ်လောက်များ ဂုဏ်ယူစရာကောင်းလဲ အဲ့ဒီလြိုုမင့်မြတ်တဲ့ဘဝနဲ ့ မြင့်မြတ်တဲ ့ဂုဏ်နဲ ့ မတန်တဲ ့ မိဘ တွေရှိတယ်ဆိုတာ ယုံလား
ချမ်းချမ်း တွေ ့မြင်ထားသမျှလေးခံစားရသမျှတွေပြန်လည်ဝေမျှပေးမယ်နော် .မှန်တယ်မှားတယ်ဆိုတာထက်ကို ချမ်းတင်ပြသွားတာလေးတစ်ကယ်ဟုတ်မဟုတ်ကိုယ့်အသိလေးနဲ ့ပြန်လည်ဆန်းစစ်ပါလို ့ပြောချင်ပါတယ်။
တစ်ချို ့သောမိခင်လောင်းတွေ ကိုယ့်သွေးကိုယ့်သားကိုလွယ်ထားပါရင်နဲ့ အရှက်အတွက် သိက္ခာအတွက် မမွေးရဲလို ့ဖျက်ချပစ်တာ တစ်ချိုု ့ကတော့ သေမှာကြောက်လို ့ မွေးပါရဲ ့လင်ကောင်ဖော်မယ့်သူမရှိလို ့အဖေခေါ်စရာမရှိလို ့အမှိုက်ပုံထဲမှာမိဘမဲ့ကျောင်းမှာစွန့်ပစ်ထားရက်တဲ ့ မိခင်ဖခင်တွေရော မာတာပိတု ဆိုတဲ ့ဂုဏ်နဲ ့ပြည့်စုံတယ်လို ့ခေါ်ပါသလား ဘုရားနဲ ့တန်းတူထားပြီးမြတ်နိုးစရာကောင်းပါသလား သူတို ့လဲ အဖေအမေ ဘဝ ရောက်နေတဲ့သူ့တွေပဲလေ။
တစ်လောကသတင်းမှာကြည့်လိုက်ရတာက.အမေအရင်း အသက် ၃ရ လောက်ရှိပြီ အလုပ်က .နိုင်ငံခြားသားတွေလာရင် ဖျော်ဖြေတဲ့ကြေးစားပါ..သမီးအကြီးက .၈နှစ် အငယ်က ၆နှစ် မူလတန်းတက်နေပြီ မွေးစားသမီးက ၄ နှစ်..
နိုင်ငံခြားသားက ငယ်ငယ်လေးလိုချင်တယ်ဆိုလို ့.သမီးအကြီးနဲ ့အိပ်ခိုင်းပါတယ်.
ကလေးကလဲငြင်းတာပေါ့.အမေကဘာပြောလဲဆိုတော့..နင့်ကိုကျောင်းထားဖို ့ပိုက်ဆံမရှိဘူးတဲ ့.
အလုပ်လုပ်မှကျောင်းပေးတတ်မယ်တဲ ့ကလေးကစာလဲတော်ကျောင်းလဲတက်ချင်လို ့ အဲ့ဒီအလုပ်လုပ်ရတယ်တဲ ့..သမီးအကြီးနဲ ့အဆင်ပြေလို ့အမေလုပ်တဲ ့သူက ၆ နှစ်အရွယ်သမီးလေးနဲ ့ ပေးအိပ်ခိုင်းပါတယ်..အိပ်ပြီးတိုင်း အမေက ပိုက်ဆံ၂ဝ မုန့်ဖိုးပေးတယ်တဲ ့
နောက်ဆုံး မွေးစားသမီးမှာတော့..ပတ်ဝန်းကျင်က သတိထားမိလို ့ရဲကိုတိုင်တာ ဖမ်းမိသွားပါတယ်..လောကမှာလူမဆန်တဲ့မိခင်တွေ ဖခင်တွေ ရှိတယ်ဆိုတာတစ်ကယ်ပါပဲ..
ချမ်းချမ်း အမြင်ကိုပြောပြမယ်နော် သားသမီးတွေကိုမွေးထုတ်ပေးတဲ ့မိဘ နှစ်ပါးဟာ ကျေးဇူးတော့အလွန်ကြီးပါတယ် ဘာလို ့လဲဆိုတော့သူတို ့ကြောင့် ကိုယ်လူဖြစ်ခွင့်ရလို ့ပါပဲ…ဒါပေမယ့် မိဘတိုင်းမှာတော့ ကြည်ညိုစရာ မြတ်နိုးစရာ လေးစားအထင်ကြီးစရာ ဂုဏ်ပုဒ်တွေမရှိပါဘူး ဘာလို ့လဲဆိုတော့ မိဘအမျိုးမျိုးရှိလို ့ပါပဲ။ ချမ်းချမ်း ပတ်ဝန်းကျင်မှာ တွေ့မြင်ရတဲ့မိဘကို (၃)မျိုးခွဲပြီး ပြန်ရှင်းပြပါ့မယ်။
(၁) သာမန် မိဘ (ရိုးရိုးမိဘ)
(၂)မိဘကောင်း (သာလွန်မိဘ)
(၂)စံပြုထိုက်တဲ ့မိဘ(တော်ဝင် မိဘ)
(၁)သာမန်မိဘဆိုတာ ….ကိုယ်မွေးထားတဲ ့သားသမီးအတွက် စံပြဖြစ်အောင် ရိုသေထိုက်အောင်မနေတဲ့ မိဘ တွေပါ။ ဆင်းရဲတာချမ်းသာတာကိုပြောတာမဟုတ်ဘူးနော် ကိုယ်ကျင့်တရား နဲ ့သိက္ခာ ကိုပြောတာပါ။
“လက်ဦးဆရာ မည်ထိုက်စွာပုပ္ဖာ စရိယ မိနှင့် ဖ” တဲ့ မိဘဆိုတာ သားသမီးတွေအတွက် အတုယူစရာ စံပြဖြစ်နေရပါ့မယ်။ သားသမီးတွေအတွက် ရှေ ့ဆောင်လမ်းပြကောင်းတစ်ယောက်ဖြစ်နေရပါ့မယ် .သားသမီးတွေကို လိမ္မာယဉ်ကျေးအောင်ဆိုဆုံးမတတ်ရပါ့မယ်။အဖေကရက်ကွက်ထဲက ကြာကူလီနှာဘူး.အရက်သမားညနေအလုပ်ပြန်လာရင် အိမ်ကသားသမီးတွေကိုဆဲဆိုရိုက်နှက် .အမေကလဲလင်ကိုစိတ်ကုန်လို ့သားသမီးတွေဆိုဆုံးမ မှုမရှိ စီးပွါးရေးကလဲအဆင်မပြေ ကလေးတွေကလဲတစ်ပြုံတစ်ခေါင်းသားသမီးတွေကလဲ ပညာမတတ် ဖြစ်သလိုခိုးစားဝှက်စားလမ်းဘေးစားဘဝရောက်နေရတဲ ့ ကလေးတွေဟာ.ဘယ်သူ့အပြစ်လို ့ထင်ပါသလဲသားသမီးတွေကို တစ်ဝမ်းဝအောင်တစ်ခါးလှအောင်မေကျွးနိုင်တဲ ့မိဘ လိမ္မာယဉ်ကျေးအောင် ဆိုဆုံးမ မှုမရှိတဲ ့မိဘတွေဟာ သာမန်မိဘတွေပါ။မွေးထားတဲ ့ကျေးဇူးတရားပဲရှိပါတယ် မိဘတွေကိုယ်တိုင်မှာ စစ်မှန်တဲ့မေတ္တာတွေ စေတနာတွေ မရှိပါဘူး
.အခုခေတ်လူငယ်တွေအကျင့်စာရိတ္တပျက်စီးတယ်ဆိုတာ ၅ဝ ရာခိုင်းနှုန်းဟာ မိဘတွေကြောင့်ပါ သားသမီးတွေကို ငယ်ငယ်ကတည်က နည်းမှန်လမ်းမှန်မဆုံးမတတ်လို ့ သွန်သင်မှုမရှိလို ့ပါ။အစိုးရမကောင်းလို ့ ခေတ်မကောင်းလို ့တော့ ၁၀၀% အပြစ်မတင်ပါနဲ ့။ကိုယ်ကျင့်တရားဆိုတာ ကိုယ်တိုင်က ကျင့်ရတာပါ ။ကျင့်ဖို ့ဆိုတာကလဲ ကိုယ်ပိုင်အတွေးအခေါ်အယူအဆနဲ ့ဆိုင်ပါတယ်။
………………………………………
(၂)မိဘကောင်း ..ဆိုတာက ကိုယ်မွေးထားတဲ့သားသမီးတွေကို ချစ်တော့ချစ်ပါတယ်။သားသမီးတွေ လူတန်းစေ့နေနိုင်အောင် .ပညာတတ်အောင် ထားပါတယ်။ဒါပေမယ့်ကိုယ်တိုင်က စီးပွါးရေးမှာ .ကတုံးပေါ်ထိပ်ကွက်နေတဲ ့သူ.အလုပ်မှာ လာဘ်စားနေတဲ ့သူ
ဟုတ်တာတွေရော မဟုတ်တာတွေရော သားသမီးနဲ ့ဇနီးအတွက် ကိုယ့်သိက္ခာ ကိုယ့်ဘဝ ကို အကျခံတဲ ့သူတွေပေါ့။
ကိုယ်တိုင်ကမဟုတ်တာလုပ်နေတော့သားသမီးတွေကို နည်းမှန်လမ်းမှန် သွန်သင်ဖို ့ဆိုတာဆိုမဖြစ်နိုင်ပါဘူး။နည်းမှန်လမ်းမှန်မဆုံးမတတ်ရင် ဘာသာရေးအသိတွေ မပေးတတ်ရင် တစ်နေ့မှာကိုယ့်သားသမီးဟာ ကိုယ့်လို ဟုတ်တာရောမဟုတ်တာရောလုပ်တဲ ့သူဖြစ်နိုင်ပါတယ်။ အဖေအမေတွေကိုယ်တိုင်က လုပ်နေတာလေ သားသမီးတွေလဲ ပတ်ဝန်းကျင်မှာကိုယ့်ကြောင့်မျက်နှာငယ်ရပါတယ်။သူ့အဖေ.သူ့အမေက ချမ်းသာပေမယ့် လူလိမ်ကြီး အရာရှိသာပြောတယ် စားသလားမ မမေးနဲ ့.လို ့အပြောခံရပါတယ်.ကိုယ်တိုင်ကလဲမဟုတ်တာလုပ်တော့ သေရင် ငရဲလဲရောက်ဦးမယ်နော်။သားသမီးအတွက် မှားယွင်းတဲ ့နည်းလမ်းနဲ ့ပြုစုပျိုးထောင်တဲ ့မိဘတွေဟာ..သာမန်မိဘထက်စာရင်တာ့ ကောင်းတယ်လို ့ပြောရမှာပေါ့။
တစ်ချို ့သားသမီးတွေကမိဘကျေးဇူးသိပေမယ့် တစ်ချိုု ့ကမသိတာဟာ .ကိုယ်ပိုင်မှန်ကန်တဲ ့အတွေးအခေါ်နဲ ့ကိုယ်ချင်းစာစိတ် စာနာစိတ်မရှိသေးလို ့ပါ။
မိဘအပေါ်မသိတတ်တဲ ့သားဆိုးသမီးဆိုး မိဘအရှက်ခွဲတဲ ့သားသမီးဆိုတာလေ..စံပြုထိုက်တဲ ့မိဘတွေမှာ မရှိသလောက်ပါဘဲ..တစ်ချို ့မိဘတွေ သားသမီး ရ ယောက်မွေးထားပါရဲ ့မိဘကိုပြန်မကြည့်တဲ ့သားသမီးတွေအများကြီးပဲ။ဘာလို ့လဲဆိုတော့ သားသမီးကို လိမ္မာယဉ်ကျေးအောင် ကိုယ်ချင်းစာတတ်အောင် ငယ်ငယ်တုန်းကမသင်ခဲ့လို ့ပါ။တစ်ချို ့သားသမီးတွေက မသင်ပေမယ့်သူ ့ကိုယ်ပိုင်အသိလေး နဲ ့လိမ္မာတဲ ့သူရှိတော့ရှိတယ် ..ရှားတယ်ဆိုတာမျိုးလေ။
်……………………………………………
(၃) တော်ဝင်မိဘ (စံပြုထိုက်တဲ ့မိဘ) ဆိုတာ…ကိုယ်တိုင်က သားသမီးတွေ အတုယူလေးစားရလောက်အောင် ကြည်ညိုရလောက်အောင် ကိုယ်ကျင့်တရားနဲ ့ပြည့်စုံတဲ့မိဘ သားသမီးတွေကိုနည်းမှန်လမ်းမှန်နဲ ့သွန်သင်ဆုံးမနိုင်တဲ့မိဘ ဘာသာရေးအသိတွေကိုသားသမီးလေးတွေရင်ထဲမှာ
ထည့်ပေးနိုင်တဲ ့မိဘ မချမ်းသာပေမယ့် .သားသမီးတွေကိုတန်ဖိုးရှိတဲ့သူဖြစ်အောင်ပြုစုပျိုးထောင်ပေးနိုင်တဲ ့မိဘတွေဟာ တော်ဝင်မိဘတွေပါ။ သားသမီးတွေကိုရွှေပေါ်မြတင်ထားတိုင်းစံပြုထိုက်တဲ ့မိဘမဖြစ်သေးပါဘူး ။မိဘဝတ္တရားမကျေပါဘူး။နှမချင်းစာနာစိတ် ကိုယ်ချင်းစာစိတ် မရှိတဲ ့ပျက်စီးလေလွင့်နေတဲ ့လူ ့ချမ်းသာ သားသမီး အရာရှိ သားသမီးတွေ ဒီခေတ်မှာအများကြီးပါ။ လူချမ်းသာဖို ့ထက် အေးချမ်းတည်ငြိမ်တဲ ့ဘဝကိုတန်ဖိုးထားတတ်တဲ့သူဖြစ်အောင်.ပြုစုပေးနိုင်မှ လမ်းပြပေးနိုင်မှ စံပြုထိုက်တဲ ့မိဘ (တော်ဝင်မိဘ)ဖြစ်မှာပါ..
တစ်နေ ့မှာ သူငယ်ချင်းတို ့ကိုယ်တိုင် မိဘ ဘဝကိုမလွဲမသွေရောက်ကြမှာပဲနော်..ကိုယ်တိုင်က မိဘဖြစ်လာခဲ့ရင် ဘယ်လို မိဘမျိုးဖြစ်ချင်ကြလဲ..ချမ်းချမ်းတို ့ဆရာပေးတဲ့စကားလက်ဆောင်လေးက
““ဘဝမှာ ဘာမဆိုအကောင်းဆုံးဖြစ်အောင်လုပ်ပါ အကောင်းဆုံးမဖြစ်ခဲ့ရင်တောင် အကောင်းတော့ဖြစ်လာပါလိမ့်မယ်တဲ ့””
ကိုယ်တိုင်က စံပြုထိုက်တဲ ့မိဘဖြစ်ဖို ့ကိုယ်တိုင်ဘယ်လိုနေရမလဲ သားသမီးတွေကို ဘယ်လိုပြုစု ပျိုးထောင်ရမလဲဆိုတာ
ဆက်လက်တင်ပြပေးသွားပါ့မယ်..
(၁) မိမိကိုယ်တိုင်က.တည်ငြိမ်ရင့်ကျက်တဲ ့အရွယ် ရောက်မှ
မိဘကို.၁ နှစ် ၂နှစ် လောက်လုပ်ကျွေးပြီးမှ ကိုယ်ပိုင်အလုပ်လေးတစ်ခုရှိနေမှ အိမ်ထောင်ပြုပါ။တစ်ချို ့ကငယ်ငယ်ရွယ်ရွယ်နဲ ့အိမ်ထောင်ပြုကြပါတယ် ဒီခေတ်မှာ ၁ရ .၁၈.ကျောင်းမပြီးအလုပ်မရှိဘဲနဲ
ယူနေကြတာအများကြီးပဲ.မိသားစုတာဝန်ဆိုတာတစ်ကယ်ကြီးပါတယ်.မရင့်ကျက်သေးပဲနဲ ့အချစ်တစ်ခုကြည့်ပြီးယူရင်တော့..အတွေးအခေါ်နဲ ့အတွေ ့အကြုံမရင့်ကျက်လို ့..
တစ်ကယ်တန်းအိမ်ထောင်ရေး စီးပါွးရေးသားသမီး သောကတွေ တွေ ့ခဲ့ရင် .မှန်ကန်တဲ့နည်းနဲ့မဖြေရှင်းတတ်ပါဘူး..သားသမီးကိုလဲမှန်ကန်တဲ ့အတွေးအခေါ်တွေဆုံးမှုတွေ မပေးတတ်ပါဘူးကိုယ်တိုင်က မရင့်ကျက်သေးလို ့ပါ။
(၂)သားသမီးကို .အမှန်တကယ် လို ချစ်စိတ်ရှိမှ ယူပါ.တစ်ချို ့ကလေးတွေက မိဘမလိုချင်ပဲနဲ ့ရလာတဲ ့အတွက် မိဘရဲ ့ငြိုငြင်ခြင်းကို.ငယ်ငယ်ကတည်းကခံရလို ့ သူတို ့လေးတွေရင်ထဲမှာအရာရာကိုဝမ်းနည်းစိတ် အားငယ်စိတ် မယုံကြည်တဲ ့စိတ်တွေ ဖြစ်နေတတ်ပါတယ်။တစ်ချို့အမေတွေက ဖျက်ချပစ်တယ် .ဖျက်လို ့မကျတဲ ့အဆုံးမှမွေတော့.ကလေးကရုပ်လေးကချစ်စရာလေး ခြေလေးခွင် .လက်ကလေးလိမ်လို ့တကယ်လူဖြစ်ရှုံးရတာတွေ ချမ်းချမ်းအများကြီးတွေ ့ဘူးတယ်။
(၃) မိဘကိုယ်တိုင်က သားသမီးအတွက်စံပြဖြစ်အောင်အတုယူစရာကောင်းအောင်နေပါ။အိမ်ထောင်မကျခင် သားသမီးမရခင်ဘယ်လိုပဲနေခဲ့နေခဲ့ မိဘ ဘဝရောက်လာရင်တော့ ကိုယ့်ကိုအားကိုးမယ့်သားသမီးတွေအတွက်
ကိုယ်တိုင်က အလုပ်ကို ရိုးရိုးသားသားနဲ ့ကြိုးစားသူ မသောက်မစား ခင်ပွန်းအပေါ် ဇနီးအပေါ်မိသားစုအပေါ်တာဝန်ကျေတဲ့သစ္စာရှိတဲ ့သူတစ်ယောက်ဖြစ်အောင်ကြိုးစားပါ။ဘာသာတရားကိုလဲရိုသေတတ်ပါစေ
။တစ်ချို့ကလူပျိုအပျိုဘဝပွေခဲ့ရှုတ်ခဲ့ပေမယ့် အိမ်ထောင်ကျပြီးတော့ကောင်းသွားတာရှိသလို ပိုဆိုးသွားတာလဲရှိပါတယ်။ကိုယ်ဟာအခုချိန်မှာ လေးစားထိုက်တဲ့မိဘ ဘဝကြည်ညိုထိုက်တဲ ့မိဘ ဘဝနဲ့တန်လားမတန်ဘူးလားဆိုတာစဉ်းစားပါ။မိဘ ဘဝကို တန်ဖိုးထားပါ.ကိုယ်တစ်နေ့အိုမင်းမစွမ်းတဲ့အခါ.
ကိုယ့်သားသမီးဟာ ကိုယ့်ရဲ ့မှီခိုရာပါ။
(၄)သားသမီးတွေရှေ ့မှာ မိဘကိုယ်တိုင်ကရန်ဖြစ်တာ ရိုက်နှက်တာ တွေတတ်နိုင်သမျှရှောင်ပါ.မိဘတွေကို်ယ်တိုင်ကတစ်ကျက်ကျက်ရန်ဖြစ်ပြီးရိုက်နှက်နေရင် သားသမီးတွေအိမ်ကိုငြီးငွေ့ပါတယ်။အိမ်မှာမနေချင်တော့အပြင်မှာသူငယ်ချင်းတွေနဲ ့အပျော်ရှာတတ်လာပါတယ်။သူငယ်ချင်းကောင်းရင်တော့ကိစ္စမရှိပေမယ့် မကောင်းခဲ့ရင်လမ်းမှားရောက်တတ်ပါတယ်။
(၅) မိဘကိုယ်တိုင် အမှားတစ်စုံတစ်ရာပြုမိရင် သားသမီးတွေကို တောင်းပန်ပါ။မြန်မာလူကြီးတွေ တောင်းပန်ရင်သိက္ခာကျတယ် အောက်တယ်လို ့ထင်တာဟာမှားပါတယ်။.ထိုင်းလူမျိုးနဲ ့ဂျပန်လူမျိုးတွေလေ ကိုယ့်ထက်ငယ်တဲ့ ့သူ.ကိုယ့်သားသမီးအပေါ်မှာတောင်ရိုရိုသေသေနဲ ့တောင်းပန်တယ်။အမှားဆိုတာ လူကြီးလဲ ဖြစ်တတ်တာပဲ လူငယ်လဲဖြစ်တတ်တာာပဲ။ကိုယ့်ဘက်ကမှားရင်တော့ ကိုယ့်ထက်ငယ်လဲ.တောင်းပန်သင့်တယ်။
(၆) သားသမီးတွေကို .အမြဲပွေ ့ဖက်ပါ နမ်းပါ သားကိုချစ်တယ် သမီးကိုချစ်တယ်လို ့ခဏခဏပြောပါ။ မိဘရဲ ့ယုယမှုနဲ ့အချစ်ကိုသားသမီးတိုင်း လိုချင်ပါတယ်..ချမ်းချမ်း မေမေလေ ချမ်းချမ်း သွားလည်ရင် တစ်ခါမှာမဖက်ဖူးဘူး.ချစ်တယ်လို ့လဲမပြောဖူးဘူး ဒီနေ့ဒီအချိန်ထိပဲ..မေမေချစ်တာတော့သိနေပေမယ့် နှုတ်က ကြင်ကြင်နာနာနဲ ့ပြောတာတော့ ကြားချင်တာပေါ့။
……………………..
သားသမီးလေးတွေကို ငယ်ငယ်လေးထဲက ပြုပြင်ဆုံးမဖို ့အတွက်ကတော့
ကလေးတွေကိုကိုယ့်အားကိုယ်ကိုးတတ်အောာင် ၂နှစ်သားအရွယ်ကတည်းကပုံစံပေးပါ။ ၂နှစ်ဆိုတော့စကားလဲမပီကလာပီကလာပြောတတ်နေပါပြီ ပြောသမျှနားလည်နေပြီမို ့ပုံစံသွင်းလို ့ရပါပြီ။
(၁) သူဆော့ထားတာတွေ .ဖွထားတာတွေကို ကိုယ်တိုင်သိမ်းခိုင်းပါ။ဖိနပ်ကိုနေရာတကျထားဖို ့
ပစ္စည်းကိုနေရာတကျထားတတ်ဖို ့ပထမကိုယ်ကဝိုင်းကူတဲ ့သဘောနဲ ့အတူတူသိမ်းပါ။သူလုပ်နိုင်တာလေးခိုင်းပါ.စာအုပ်လေးယူပေးပါဦးသားရေ။ဘောပင်လေးယူပေးပါဦးကွယ်လို ့သူသိတာလေးလုပ်ခိုင်းပါ။
“အလေ့အကျင့်မှသည် အလေ့အထ အလေ့အထမှသည် ထာဝရတဲ ့” ချမ်းချမ်းတို ့သမိုင်းဆရာ ဦးကြည်ဆိုင်ရဲ ့စကားလက်ဆောင်လေးလိုပေါ့.ငယ်ငယ်ကအကျင့်ဖြစ်နေတော့ကြီးလာရင်အလုပ်နဲ ့ပက်သက်ပြီးတမင်ပြောနေစရာမလိုတော့ဘူးလေ.
သူ့အလုပ်ကိုယ်သူသိတယ်သူ့တာဝန်သူကျေအောင်လုပ်နိုင်ပါပြီ။အချောင်ခိုချင်တာတွေမရှိတော့ဘူးပေါ့။
(၂) ညအိ်ပ်ရာဝင်ပုံပြင်လေးကို ညတိုင်းပြောပေးပါ။ပုံပြင်ဆိုတာကလေးတွေရဲ ့စိတ်ကူးယဉ်ကမ္ဘာလေးပါ။၅၅ဝ နိပါတ်တော်ပုံပြင်တွေဆိုရင်လေ သံဝေဂယူစရာအတုယူစရာတွေအများကြီးပဲ။မကောင်းတာလုပ်ရင်တော့ ဒုက္ခရောက်နိုင်တယ်။ကောင်းတာလုပ်ရင်တော့ ချမ်းသားတယ်။သူနားလည်သလိုလေးပြောပြပါ။ပုံပြင်ဆိုတာကလေးတွေအသိညဏ်တိုးဖို ့လိမ္မာဖို ့အတွက်အကော်းဆုံးဆရာပါ။
အခုခေတ်မှာ. မေမေတွေကလေ ညဘက်. ၈နာရီကိုးရီးယားဇာတ်လမ်းလေးကောင်းလို ့ကြည့်နေရတယ်။ဖေဖေကလဲ ဘော်လုံးပွဲလေးအားပေးနေရတယ်.သားသမီးတွေကို ပုံပြင်ပြောပြလို ့မအားရှာဘူးသိလား။နေ ့ဘက်လဲBusy နေတယ်။အားရင် Shopping ထွက်နေရတယ်။သားသမီးတွေအတွက်အချိန်မပေးနိုင်ကြပါဘူး။
(၃)ကိုယ်ကချမ်းသားလို ့သားသမီးတွေလိုချင်တာမှန်သမျှလွယ်လွယ်နဲ ့ဝယ်မပေးပါနဲ ့။Easy Come Easy Go! တဲ ့အရာအရာတိုင်းလိုချင်တာရနေတဲ့ကလေးမှာ အရာရာကိုတန်ဖိုးမထားတတ်တာသဘာဝပါ။ သူလိုချင်တာဝယ်ပေးမယ်ဆိုရင်တောင်.နားလည်အောင်ရှင်းပြပါ။ဒီအရုပ်လေးက မေမေအလကားမရဘူး။ပိုက်ဆံနဲ ့ဝယ်ရတယ်။
မေမေလဲပိုက်ဆံရဖို ့အလုပ်တွေလုပ်ရတယ်။သားလေးလိုချင်တယ်ဆိုရင် အလုပ်လုပ်ပါ.အိမ်အလုပ်ကူလုပ်ပါ။ဒါမှမဟုတ် စာတော်အောင်ကြိုးစားပါ။တစ်ခုခုသူလုပ်ပေးနိုင်မှသူလိုချင်တာဝယ်ပေးပါ။အလကားမရဘူးဆိုတဲ့အသိလေး
သူ့ရင်ထဲမှာစွဲသွားရင်သူဟာ.အချောင်လိုချင်တဲ ့စိတ်တွေနည်းသွားပါလိမ့်မယ်။အရာရာကိုတန်ဖိုးထားတတ်လာပါလိမ်မယ်။
(၄)ငယ်ငယ်ကတည်းက ဘာသာရေးအသိတွေ ပေးနိုင်အောင်ကြိုးစားပါ။အဲ့ဒါကအရေးကြီးဆုံးပါဘဲ။ချမ်းတို ့ ၂ တန်းနှစ် ၁၉၈၈ မှာဗုဒ္ဓဘာသာအခြေခံသင်တန်း .ကျောင်းမှာတက်ရပါတယ်။ကလေးဆိုတော့နွေရာသီကောျင်းပိတ်ရက်မှာဆော့ချင်တာပေါ့ ။သင်တန်းလဲမသွားချင်ဘူးအိမ်ကလူကြီးတွေက သွားရင်မုန် ့ဖိုး၁ ကျပ်ပေးမယ်တဲ ့။ခါတိုင်း ၅ မူးရတာ အခု ၁ ကျပ်ဆိုတော့သွားပါတယ် ပိုက်ဆံလိုချင်လို ့ပေါ့။ ကျောင်းရောက်တော့ဗုဒ္ဓရဲ ့အကြောင်းကိုစသင်ပါတယ်.ဘုရားဘယ်မှာပွင့်တယ်နာမည်ဘယ်လို ခမည်းတော်တွေမယ်တော်တွေနာမည်ကပါဠိလိုဆိုတော့.ဖတ်ရရေးရလဲခက်.အဲ့ဒါနဲ ့“ချမ်းပြန်တော့မယ် အိမ်ကပေးတဲ ့၁ ကျပ်လဲမလိုချင်တော့ဘူး” လို ့ဆရာမကိုပြောပါတယ်.ဆရာမကဘာပြောလဲဆိုတော့ “သမီးပြန်သွားရင် ကုသိုလ်မရဘူးပေါ့”တဲ ့။
ချမ်းက “ဘယ်လိုကုသိုလ်မျိုးလဲဆရာမ ”လို ့ပြန်မေးပါတယ်.ဆရာမက “အခုနေ ကျောင်းပေါ်ကို ဂျပန်တွေဗုံးလာကျဲလို ့သေသွားရင်နတ်ပြည်တက်ရပြီတဲ့”။ချမ်းချမ်းက “နတ်ပြည်မှာဘာရှိလဲဆရာမ”လို ့ပြန်မေးပါတယ်.ဆရာမက “နတ်သားနတ်သမီးတွေဆိုတာ အရမ်းလှတယ်တဲ့လိုချင်တဲ ့အရုပ်တွေ.စားစရာတွေက တောင်းစရာမလိုဘူး ဝယ်စရာမလိုုဘူးတဲ ့။သူ့အလိုလိုပြည့်တယ် ”တဲ ့။အဲ့ဒါနဲ ့ငပျင်းမလေး ချမ်းချမ်း တစ်ယောက် နတ်ပြည်ရောက်ချင်လို ့ သင်တန်းဆက်တက်ဖြစ်သွားတယ်.စတက်တုန်းကတော့နတ်ပြည်ရောက်ချင်လို ့ပေ့ါနော်။နောက်တော့တဖြည်းဖြည်းဘုရားကိုပိုကြည်ညိုလာတယ်။၃၈ဖြာမင်္ဂလာသင်တော့လဲကုသိုဘ်အကုသိုလ်ကိုသိလာပါတယ်။
.ချမ်း ၂နှစ်ထဲမှာ ဖေဖေနဲ ့မေမေကွဲသွားပါတယ်။တစ်ဦးတည်းသောသမီး မိတဆိုးဆိုတော့ဖေဖေကအလိုလိုက်ပါတယ် ။
ချမ်းလဲငယ်ငယ်တုန်းက တော်တော်ဆိုးတာ။ မိန်းကလေးတန်မဲ့ဂျစ်ကန်ကန်နဲ ့အမျိုးတွေကိုမိုက်ကြည့်ကြည့်တာနော်။စကားပြောရင်လဲဘုနဲဘောက်ပဲ မှန်တယ်ထင်ရင်ဘယ်သူ့ကိုမှမကြောက်ဘူး။စိတ်လဲတိုတယ်။
နောက်တော့မင်္ဂလာမောင်မယ်စာအုပ်တွေ ဖတ်တယ် ဘာသာရေးစာအုပ်တွေ ဗုဒ္ဓစာပန်းချီတွေဖတ်တယ်ကိုယ့်ကိုယ်ကိုပြင်တတ်လာတယ်။.ချမ်းချမ်းကို အသိတွေတိုးလာအောင် ဆုံးမပေးတာ မိဘ မဟုတ်ဘူး ဘာသာရေးစာအုပ်တွေပါ။တခြားဘာသာဝင်တွေမှာလေ သူတို ့သားသမီးကျောင်းစနေတာနဲ ့ငယ်ငယ်လေးထဲကဘာသာရေးအသိတွေ ကိုခေါင်းထဲ နှလုံးသားထဲထည့်ပေးကြတယ်နော်။ချမ်းချမ်းတို ့ဗုဒ္ဓဘာသာဝင်တွေမှာအဲ့ဒီလိုမျိုးမရှိလို ဘာသာပြောင်းတာတွေများလာတာပါ။မြန်မာနိုင်ငံဟာထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်တဲ့နိုင်ငံပါ
.မြန်မာဘုန်းတော်ကြီးကျောင်းဆိုလည်းတစ်ကယ်များပါတယ်။နွေရာသီကျောင်းပိတ်ရက်မှာ ဘယ်ဘုန်းကြီးကျောင်းကများ ကလေးတွေကိုဗုဒ္ဓဘာာသာအခြေခံသင်တန်းလေးသင်တယ်လို ့ကြားဖူးပါလဲ။ မိဘတွေကစီးပွါးရေးတွေနဲ ့ရှုတ်နေလို ့မသင်ပေးနိုင်ရင်တောင် သံဃာတော်တွေ ဦးဆောင်သင်ပေးသင့်ပါတယ်။
၈၈ သပိတ်နောက်ပိုင်းမူလတန်းကျောင်းတွေမှာ ဗုဒ္ဓဘာသာသင်တန်းတွေတက်ခွင့်မပေးတော့ပါဘူး။
ချမ်းတို ့အိမ်ကတောင်ခြေရင်းမှာပါ.တောင်ပေါ်မှာဘုန်းကြီးကျောင်း အိမ်ရှေ့လမ်းမကြီးတဖက်မှာလဲဘုန်းကြီးကျောင်း .ညနေ ၂လုံးထီထွက်ရင် ဘယ်ကျောင်းကဘယ်ကိုယ်တော်ကဘယ်လောက်ပေါက်သွားတယ်တဲ ့။ဘယ်ကိုယ်တော်လေးက ဘယ်ဒကာမနဲ ့ညိလို ့လူဝတ်လဲလိုက်တယ်တဲ ့.တစ်ကယ်ပါ.ကြားရတာစိတ်မသက်သာစရာကြီးပါပဲ။ ကလေးတွေရဲ ့“နှလုံးသားမှာ ဘုရားတည်ပါ” လို ့အရှင်ဇဝန ပြောတဲ့စကားလေးအရမ်းကြိုက်တယ်။မိဘတိုင်းသားသမီးတွေနှလုံးသားးမျာ ဘုရားတည်ပေးနိုင်အောင်ကြိုးစားပါ။
(၅) ကလေးတွေကို ကိုယ်ချင်းစာတတ်အောင် ငယ်ငယ်လေးထဲကသင်ပေးပါ။ အကောင်ပလောင်လေးတွေ
ငါးလေးဖားလေးတွေသတ်တာမြင်ရင်.တားပါ။သူ့အသတ်သတ်ရင်ကိုယ်လဲအသတ်ခံရမယ်။ငါးလေးတွေဖားလေးတွေလဲ လူတွေလို နာကျင်တတ်တာပဲ။မသတ်ရဘုူးလို ့သင်ပေးပါ။သူများပစ္စည်းခိုးရင် ကိုယ့်ပစ္စည်းလဲအခိုးခံတယ်နော်။အဓိက ကလေးတွေကိုကိုယ်ချင်းစာစိတ် သနားစိတ် စာနာစိတ်လေးရှိအောင်သင်ပေးဖို ့ပါဘဲ။ပုံပြင်လေးတစ်ပုဒ်ရှိတယ်လေ။သေဒဏ်ကျမယ့်သူခိုးက အမေ့နားရွက်ကိုကိုက်ပြီး “ငယ်ငယ်တုန်းကအမေမဆုံးမခဲ့လို ့ကျွန်တော်သူခိုးဖြစ်ရတာအသတ်ခံရတာတဲ့” ။အဲ့ဒီပုံပြင်လေးကိုကြားဖူးကြပါလိမ့်မယ်။
(၆)ကလေးတွေကို ငယ်ငယ်လေးထဲကစာဖတ်ဝါသနာပါအောင်သင်ပေးပါ.ကာတွန်းရုပ်ပြောင် ..ရုပ်ပြ.ဗုဒ္ဓစာပန်းချီ.သူ့အရွယ်အလိုက် စာတွေပေးဖတ်ပါ။အခုခေတ်မှာ .ကာတွန်းခွေတွေ ဂိမ်းတွေပေါတော့စာဖတ်တဲ ့ကလေးတွေနည်းသွားပါတယ်.ဂိမ်းဆော့ရင်တောင် အချိန်သတ်မှတ်ပေးပါ .ဂိမ်းဆော့တဲ့ကလေးတွေ ညဏ်ရည်ထက်လာပေမယ့်.စိတ်ခွန်အားတွေအားနည်းပါတယ်။သတ်တယ်ဖြတ်တယ် ပစ်မယ်ခတ်မယ်.ဆိုတော့.ဒေါသကြီးလာပါလိ်မ့်မယ်.တစ်ဖက်ကနိုင်သွားရင်လဲ မနာလိုတာဖြစ်ဦးမယ်။ဂိမ်းစွဲရင် အလုပ်လဲစိတ်မဝင်စားတော့ပါဘူး။မိဘကိုယ်တိုင်က သားသမီးရဲ ့စိတ်အခြေအနေကို လေ့လာပါ။ဂရုစိုက်ပါ။
(၇) သားသမီးတွေကို ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ ့ ဆုံးဖြတ်တတ်အောင် ကတိတည်တတ်အောင်လေ့ကျင့်ပေးပါ..ကိုယ်တိုင်လဲ သားသမီးအပေါ်ကတိတည်အောင်ကြိုးစားပါ.ဥပမာ သားလေးကို ပြန်လာရင် အရုပ်ဝယ်ပေးမယ် .မုန် ့ကျွေးမယ်လို ကတိပေးပြီးရင် ..
ဝယ်ဖြစ်အောင်ဝယ်ခဲ့ပါ.မဝယ်ပေးနိုင်သေးရင်လဲ .ကတိကြိုမပေးပါနဲ ့.ကတိခဏခဏပျက်ရင်..အဖေတို ့အမေတို ့ကညာတယ် ကတိလဲမတည်ဘူးဆိုပြီး မိဘအပေါ်ယုံကြည်မှုတွေနည်းသွားပါလိမ့်မယ်။နောက်တစ်ချက်က.ဂိမ်းဆော့မယ်..ကာတွန်းဖတ် အပြင်သွားမယ်ဆိုပါစို ့ဘယ်နှစ်နာ ဆော့ချင်လဲ..လို ့မေးပါ..၂ နာရီ လို ့ကတိပေးပြီးရင် ၂နာရီပြည့်တာနဲ ့ရပ်ခိုင်းပါ.ကတိတည်တတ်အောင် ငယ်ငယ်လေးထဲက လေ့ကျင့်ပေးပါ.မတည်ရင်အပြစ်ပေးပါ။
(၈) သားသမီးတွေကို လူမှုရေးကျင့်ဝတ်တွေသင်ပေးပါ။ဧည့်သည်တွေရှေ ့မှာ .လမ်းမှာ .ရုံးမှာ လူတွေအများကြီးရှိတဲ ့နေရာမှာ ဘယ်လိုနေရမလဲဆိုတာ သင်ပေးပါ.ဂျပန်လူမျိုးတိုင်း.ကလေးတွေကို .လမ်းသွားရင် အမှိုက်မပစ်ဖို ့လူကြားထဲမှာမဆူညံဖို ့မငိုဖို ့ .ပစ္စည်းဝယ်ရင် .တန်းစီတတ်ဖို ့ ငယ်ငယ်လေးထဲက ပုံသွင်းထားတာ.မိဘတိုင်းအိမ်မှာသင်ထားတာနော်..ဒါ့ကြောင့် ဆူနာမီဖြစ်လို ့စားစရာမရှိတာတောင် တန်းစီတာ..လုယက်မှုမမရှိတာ . အချင်းချင်းရိုသေတာ..ကမ္ဘာကတောင်ချီးကျူးကြတယ်..
ချမ်းချမ်းတ ို ့ဆရာရဲ ့အသိ တစ်ယောက် ဂျပန်ပြည်သွားတာ..လမ်းမှာ အမှတ်မထင် သကြားလုံးအခွန်လေး ပစ်ချမိသွားတာကို ၄ နှစ်သားလေးကမြင်ပြီး လက်လာတို ့တယ် .ပြီးတော့အမှိုက်ကို လက်ညှိးထိုးပြီး အမှိုက်ပုံးကို ပြတယ်တဲ ့.ဆရာ့မှာ လူကြားထဲ ရှက်ရှက်နဲ ့ကောက်ပြီးအမှိုက်ပုံးထဲထည့်ရတယ်တဲ ့..အကျင့်ဆိုတာ..ငယ်ငယ်ကတည်းကကျင့်ထားရင် သူ့အလိုလို ထိန်းပြီးသားပါ။တမင်သတိထားစရာမလိုတော့ဘူးလေ။
ကဲ..ဘယ်လိုလဲ..သူငယ်ချင်းတို ့တစ်နေ့ဖေဖေမေမေဖြစ်လာရင် အဲ့ဒီလိုမျိုးကျင့်နိုင်လား..သိပ်ပြိးခက်ခဲတဲ ့အလုပ်မဟုတ်ဘူးနော်..စိတ်ရှည်ရှည်နဲ ့ပုံသွင်းတတ်ဖို ့ပဲလိုတယ်..ကလေးတွေဆိုတာဖယောင်းလေးတွေပါ.ငယ်ငယ်တုန်းကလှပတဲ့ပုံစံလေးသွင်းထားမှ ကြီးလာရင်ဘဝလှမယ်လေ။
..ကိုယ်လဲ လိမ္မာတဲ ့သားသမီးရတဲ ့အတွက်.တန်ဖိုးရှိတဲ ့သားတို ့သမီးတို ့ရဲ ့ဖေဖေမေမေဖြစ်ပြီလေ..
ဖြစ်နိုင်အောင်ကြိုးစားပါ..
ချမ်းချမ်းဒီပိုစ့်လေးကို ..ရင်ထဲကတစ်ကယ်ခံစားချက်နဲ ့ရေးတာပါ.
..ချမ်းချမ်း ဒီနေ ့ အသက် ၃ဝ ပြည့်ပြီ…ချမ်းချမ်းဖြတ်သန်းခဲ့ရတဲ ့ဘဝတစ်လျှောက်မှာ.ဒုက္ခဆိုတာ ဖေဖေ့ကျေးဇူးကြောင့်မရှိ ခဲ့ပေမယ့်.သောကတွေက ရင်နှင့်အမျှပါဘဲ..သားသမီးမကောင်းရင်မိဘခေါင်းပါ..မိဘမကောင်းရင် သားသမီးတွေရဲ ့ဘဝတစ်ခုလုံးပြောင်းနိုင်ပါတယ်..ဥပမာအနေနဲ့ပြောတာပါ..
နောက်တစ်ချက်က…
.ချမ်းချမ်းကိုအသက်နဲ ့ရင်းပြီးမွေးထုတ်ပေးတဲ ့သနားစရာမေမေနဲ ့ဖေဖေ့ လိုဘဝမျိုးသူငယ်ချင်းတို ့ကိုမရောက်စေချင်လို ့ ဒီပိုစ့်လေး အမှတ်တရအနေနဲ ့ရေးတာပါ..ကမ္ဘာပေါ်မှာရှိတဲ ့မိဘတိုင်း ကမှန်ကန်တဲ ့အတွေးအခေါ်တွေနဲ ့ခံယူချက်တွေနဲ ့တန်ဖ်ိုးရှိတဲ့ ့မိဘဖြစ်စေချင်တယ်..သားသမီးတိုင်းကိုလဲ လူ့ဘဝတန်ဖိုးသိစေချင်လို ့ပါ။
ချမ်းချမ်းဖေဖေနဲ့မေမေ ၂နှစ်သားမှာကွဲသွားပါတယ်..အကြောင်းရင်းက မေမေက ချမ်းသာချင်တယ်.အဲ့ဒီခေတ်တုန်းက မှောင်ခိုခေတ်.လိုင်စင်မရှိတဲ ့ယိုးဒယားက အထည်တွေလူသုံးပစ္စည်းတွေကို ရန်ကုန်ကိုတင်တာလေ.
သူများအဆင်ပြေတာမြင်တော့ မေမေလဲလုပ်မယ်ပေါ့ .ဖေဖေနဲ ့အဖိုးနဲ ့ခွင့်မပြုဘူး..အဖိုးကနင်တို ့လုပ်ရင်အိမ်ပေါ်ကဆင်းသွားလို ့ ့ပြောတော့မေမေကဆင်းသွားတယ်။ဖေဖေကမလိုက်သွားဘူး။အဲ့ဒီအချိန်မှာမောင်လေးကိုယ်ဝန် ၃လ ပါသွားတာဖေဖေလဲမသိဘူး။မေမေကလဲမပြောဘူး ။ဖေဖေ့ကိုလဲ.ငါနဲ ့အတူလုပ်နိုင်ရင်လိုက်လာခဲ့တဲ ့မေမေကချမ်းချမ်းကိုပါခေါ်သွားတယ်.ဒါပေမယ့်ဖေဖေက မိန်းမအစားထိုးလို ့ရတယ် မိဘအစားထိုးလို ့မရဘူးတဲ့..ငါ့မိဘကိုတော့မပစ်ဘူးလို ့ပြောတော့မေမေစိတ်နာလို ့ဖေဖေ့ဆီပြန်မလာဘဲ မောင်လေးကိုယ်ဝန်ကိုပါဖျက်ချလိုက်တယ်။ကိုယ်ဝန်ဖျက်ချမှန်း သားလေးမှန်းဖေဖေသိတော့ .အရူးလိုပဲငိုနေတာတဲ့ ့ဖေဖေကသားလေးလိုချင်နေတာ.မေမေ့ကိုလဲတော်တော်စိတ်နာသွားတယ်..ငါ့သားကိုနင်သတ်သလို ငါ့သမီးကိုတစ်နေ့နင်နှိပ်စက်မှာပဲဆိုပြီးချမ်းချမ်းကို..အတင်းလာခေါ်သွားတယ်..အဲ့ဒီကတည်းကဖေဖေနဲ ့မေမေပြတ်သွားတာ.
..နောက်တော့မေမေနောက်အိမ်ထောင်ပြုသွားတယ်.မေမေနဲ ့အလုပ်အတူတူလုပ်နေတဲ ့သူနဲ ့ပါဘဲ..မေမေတို ့ကိုယ်ပိုင်စက်လှေတွေနဲ ့အဆင်ပြေနေတဲ ့အချိန်မှာ ဖေဖေက အဖိုးရဲ ့ဆန်စက်နဲ ့လယ်အလုပ်လေးမှာပဲ.ဘဝကိုနှစ်ထားတာ။ဖေဖေကအေးချမ်းတည်ငြိမ်တဲ့ ့ဘဝကိုလိုချင်တယ်။.ဖေဖေ့ကိုကြည့်ရင်အမြဲပျော်နေတဲ ့ပုံစံနဲ ့ပဲအလုပ်သိမ်းရင်တူတွေနဲ ့ မယ်ဒလင်တီးတယ်.စန္ဒယားတီးတယ်။ဖေဖေမေးနေကျစကားတစ်ခွန်းရှိတယ်သိလား .“သမီး လေးဖေဖေနဲ ့မေမေ့ကို ဘယ်သူ့ကိုပိုချစ်လဲလို ့” မေးရင် ချမ်းချမ်းက အတူတူချစ်တယ်လို ့အမြဲဖြေတယ်အဲ့ဒါကိုဖေဖေကမကြိုက်ဘူး.ဖေဖေ့ကိုဘာလို ့ပိုမချစ်လဲလို ့မေးရင် ချမ်းချမ်းက မေမေကမွေးတာလေ..ဖေဖေလဲမမွေးပဲနဲ ့.ပိုမချစ်ပါဘူး အတူတူပဲချစ်တယ်လို ့”
အမြဲဖြေတယ်..ဖေဖေနဲ ့မေမေကွဲသွားတာချမ်းချမ်းကြောင့် သားဦးစနေ ဂြိုလ်မွှေတယ်လို ့အမျိုးတွေကအမြဲပြောတယ်. ချမ်းချမ်းငယ်ငယ်ကတည်းက အမျိုးတွေနဲ ့မရင်းနှီးဘူး.သူငယ်ချင်းတွေနဲ ့ဆော့တိုင်း .အမျိုးအိမ်သွားတိုင်း အလှောင်ခံရတယ်.အနှိမ်ခံရတယ်…ကြီးလာရင်..နင့်အမေလို အချိုးမျိုးမချိုးနဲ ့နော်.လို ့လဲပြောခံရပါတယ်..
သူငယ်ချင်းတွေနဲ့ဆော့ရတာထက်.ကာတွန်းဖတ်တာ .စာဖတ်တာပိုစိတ်ချမ်းသာလို ့.ငယ်ငယ်ကတည်းကစာအုပ်တွေပဲဖတ်ဖြစ်တယ်..
ချမ်းချမ်း ကိုစိတ်ဓါတ်တွေ ခိုင်မာလာအောင်.စာအုပ်တွေက.လမ်းညွှန်ပေးတယ်..အသိတွေတိုးလာအောင် စာအုပ်တွေကပဲ..သင်ပြပေးတယ်.ပတ်ဝန်းကျင်ကိုကြည့်ပြီး သင်ခန်းစာယူတယ်…သူတို ့လိုမဖြစ်အောင်နေတယ်.ချမ်းချမ်း ရတန်းနှစ်မှာ အဖိုးလဲဆုံးလို ့အမွေတွေအိမ်တွေခွဲတာ ချမ်းချမ်းတို ့သားအဖ အဖိုးတို ့အိမ်ပေါ်ကဆင်းလိုက်ရတယ်..အမွေရတာဆိုလို ့၁၂တောင်ပတ်လည်ခြံလေးပဲရှိတယ်..သားအဖ ၂ယောက်ဘုံပျောက်တာလေ.အမျိုုးတွေက ငါ့အိမ်လာနေပါလို ့ဘယ်သူမှမခေါ်ဘူးဗျာ..
၂ကျောင်းပြောင်းတဲ ့ခွေး နေဖို ့အိမ်မရှိ ရှိလို ့အမျိုးတွေရဲ ့အပြောခံရပါတယ်.ဖေဖေ့ကိုလဲသမီးဘယ်တော့ကိုယ်ပိုင်အိမ်လေးနေရမလဲလို ့ဖေဖေ့ကိုပြောတော့..
ဖေဖေက ငါ့သမီးလေးနေချင်တဲ ့အိမ်လှလှလေးဆောက်ဖို ့ဖေဖေအလုပ်သွားလုပ်မယ်လေ..အိမ်ဆောက်ပေးနိုင်မှပြန်လာမယ် ဆိုပြီးချမ်းချမ်းကိုတစ်ဝမ်းကွဲအစ်မနဲ ့အပ်ပြီးဖေဖေထိုင်းကိုထွက်လာခဲ့တာလေ.ဖေဖေမရှိလို ့
မေမေနဲ ့သွားနေမယ်လို ့ဖေဖေကိုပြောတော့ နင့်အမေနဲ ့သွားနေရင် အိမ်မဆောက်ပေးတော့ဘူး.ဖေဖေလဲပြန်မလာတော့ဘူး ဆိုလို ့ချမ်းချမ်းလေ ချစ်တဲ ့မေမေနဲ ့လဲမနေရပြန်ဘူး.တစ်ခါတစ်လေ .မေမေ့အိမ်သွားလည်တိုင်း ပျော်ရွှင်နေတဲ့မေမေတို ့မိသားစုဘဝလေးကိုကြည့်ပြီး အထီးကျန်ဆန်စွာနဲ ့ချမ်းချမ်းကို ပြုစုစောင့်ရှောက်ပေးခဲ ့တဲ ့ဖေဖေ့ကိုသနားရပြန်ရော..
ချမ်းချမ်း ၁ဝ တန်းနှစ်မှာမေမေတို ့စီးပွါးရေးအဆင်မပြေလို ့ တိုက်တွေရောင်းလိုက်ရတဲ ့အချိန်မှာ .ဖေဖေက .“ချမ်းသာချင်တဲ ့နင့်အမေ.အခုတော့ ဒုက္ခရောက်ပြီသမီးတဲ ့”..ဘဝကို ဘယ်တော့မှ လွယ်လွယ်မတွေးနဲ ့တဲ ့.လွယ်လွယ်ရတာလဲမမက်နဲ ့တဲ ့.
လူချမ်းသာဖို ့ထက်စိတ်ချမ်းသာဖို ့အရေးကြီးတယ်တဲ ့..
မေမေအဆင်မပြေတာမြင်လို ့ချမ်းချမ်းလဲ ဖေဖေဆင်ထားပေးတဲ့ရွှေတွေ ဖေဖေမသိအောင်ပေး.အမျိုးတွေကမကျေနပ်လို ့ဖေဖေ့ကိုဖုန်းဆက်ပြီးတိုင်ပြော…တစ်ကယ်ပါ..မိဘ ၂ပါးလုံးမရှိတာထက်.မိတကွဲ ဖတကွဲ နေရတဲ့ ့ဘဝကပိုဆိုးပါတယ်..ငဲ့ကွက်စရာတွေနဲ ့မို ့အဖေတစ်ဖက်အမေတစ်ဖက်ကြားမှားတစ်ခါတစ်လေးရူးချင်တယ်သိလား..
ဖေကေဘာပြောလဲဆိုတော့ သမီးအမေကို ပေးချင်ရင် ကိုယ်ပိုင ်ပိုက်ဆံနဲ ့သမီးဘာသာရှာပြီးပေးပါတဲ ့..ချမ်းချမ်းလဲ ကျောင်းပြီးပြီဆိုတော့ ဘဝင်လေးက ဟတ်လို ့ပေါ့ .ရန်ကုန် ကအစ်မတွေနဲ့အလုပ်သွားလုပ်တာ..ရတဲ ့လခ၂သောင်းခွဲနဲ ့ကားခနဲ ့စားစရိတ်နဲ ့လောက်အောင်မနည်းသုံးရတယ်.ကိုယ်တိုင်အလုပ်လုပ်မှ အော်..ပိုက်ဆံများရှာရခက်လိုက်တာလို ့သိလာတယ်။
ဖေဖေ့အတွက်မေမေဟာ..ရက်စက်တဲ ့မိန်းမ ငွေမက်တဲ ့မိန်းမလို အပြစ်မြင်ပေမယ့်..ချမ်းချမ်းအတွက်တော့..သနားစရာအကောင်းဆုံး
သံဝေဂယူစရာအကောင်းဆုံးလို ့ထင်ပါတယ်..မေမေမှားခဲ့တာဟာချမ်းချမ်းအတွက် .လေ့လာမှတ်သားစရာချည်းပါပဲ။
မေမေဘာလို ့ဒီလိုဘဝမျိုးရောက်ရလဲဆိုတော့..စာပေဗဟုသုတမရှိလို ့..ငယ်ငယ်တုန်းကမိဘတွေကမှန်ကန်တဲ့မဆုံးမခဲံ့လို ့ကိုယ်ပိုင်အတွေးအခေါ်မရှိလို ့ပါဘဲ..
ဖေဖေကစည်းကမ်းကြီးတဲ ့မိဘနဲ့နေခဲ့ရတယ်..ပြောစကားနားမထောင်ရင် ဖိုးဖိုးကဘုန်းကြီးကျောင်းမှာသွားထားတယ်..လိမ္မာမှအိမ်ပြန်လာခွင့်ပေးတာလေ..
ငယ်ငယ်ကတည်းက ဘဝကိုစည်းကမ်းတကျ နေလာခဲ့လို ့ဖေဖေက သူ့ဘဝကိုတည်တည်ငြိမ်ငြိ်မ်နဲ ့ရပ်တည်နိုင်တာလေ။ဖေဖေချမ်းချမ်းကို အမြဲအားပေးတဲ့စကားလေးတစ်ခွန်းရှိတယ်.
သမိးလေးကိုယ့်ကိုယ်ကို ကံဆိုးတယ်လို ့ဘယ်တော့မှမထင်နဲ ့..ကိုယ့်ထက်ဆိုးတဲ့ဘဝတွေအများကြီးပဲ..သမီးအတွက် ရပ်တည်ပေးမယ့်ဖေဖေရှိတယ်..
“ကိုယ့်ကိုယ်ကို ကံကောင်းတယ်လို ့လဲဘဝင်မမြင့်နဲ ့..ကိုယ့်ထက်ကံကောင်းတဲ ့သူတွေလဲ အများကြီးပဲ.
အနိမ့်အမြင့်ကိုမကြည့်ဘဲ..ကိုယ်လျှောက်မယ့်လမ်းကိုသာ .အမှားကင်းအောင် လျှောက် တစ်နေ့မှာ လိုချင်တဲ ့ပန်းတိုင်ရောက်လိမ့်မယ်တဲ ့.”..
ဒီပိုစ့်လေးနဲ ့အတူ ချမ်းချမ်းချစ်တဲ ့ဖေဖေ မေမေနဲ ့ကမ္ဘာပေါ်မှာရှိသမျှ ဖေဖေမေမေတွေအားလုံးကိုကန်တော့ပါတယ်.
နောင်တစ်ချိန်မှာဖေဖေမေမေဘဝရောက်မယ့်သူငယ်ချင်းအားလုံး
စံပြုထိုက်တဲ့ဖေဖေမေမေများဖြစ်ကြပါစေလို ့ဆန္ဒပြုလျှက်ပါ..
ချမ်းချမ်းရဲ ့ရင်တွင်းဖြစ် ခံစားချက်လေးမို ့အမှားပါရင် နားလည်ခွင့်လွှတ်ပေးပါလို ့.
လေးစားစွာဖြင့်
Written..By…. ချမ်းချမ်း (http://www.haymonchan.blogspot.com)
10 comments
ဆူး
April 4, 2011 at 10:43 am
ဖတ်လို့ ကောင်းပါ၏ အားပေးသွားပါတယ်။
nigimi77
April 4, 2011 at 10:53 am
..ဖေဖေနဲ ့မေမေကွဲသွားတာချမ်းချမ်းကြောင့် သားဦးစနေ ဂြိုလ်မွှေတယ်လို ့အမျိုးတွေကအမြဲပြောတယ်.
ချမ်းချမ်းက မိန်းမလား ယောကျာင်္းလား။ ဒါမှ မဟုတ် ဂျော်ဒဂီး လား။
မိန်းမဆိုရင်တော့ သမီးဦး စနေ….ဒါလဲ မဟုတ်သေးပါဘူး။
အထာတော့ကျနေပြီ ဟေ. အထာတော့ကျနေပြီ။
manawphyulay
April 4, 2011 at 2:18 pm
ချမ်းချမ်းကြောင့်လို့ မသတ်မှတ်သင့်ပါဘူး ချမ်းချမ်းရယ်…….. မိဘနှစ်ပါးရဲ့ ပေါင်းဖက်ရမယ့် ကံဇာတာကိုက နည်းပါးခဲ့လို့ပဲ ဖြစ်ပါတယ်။ အိမ်ထောင်တစ်ခု တည်မြဲဖို့ဆိုတာ ချစ်နေရုံနဲ့ မရပါဘူး နှစ်ဦးနှစ်ဖက် စာနာ နားလည်မှု ဖေးမမှု သည်းခံမှု အနစ်နာခံမှုတွေနဲ့ ပေါင်းစပ်ထားမှသာ ရေရှည်တည်တံ့ခိုင်မြဲမှာ ဖြစ်ပါတယ်။ အားမငယ်နဲ့နော်… ကိုယ့်လိုလူမျိုးတွေ အများကြီး ရှိနေသေးတယ်လို့ တွေးထားလိုက်ပါ။
padonmar
April 4, 2011 at 3:09 pm
ချမ်းချမ်းရဲ့ဘဝနဲ့စေတနာကို နားလည်ခံစားရပါတယ်၊ချမ်းချမ်းစာကိုကူးပြီး
ပတ်ဝန်းကျင်က မိဘတွေကို လက်ဆင့်ကမ်းပြောပြပေးပါမယ်၊
MaMa
April 4, 2011 at 5:27 pm
ချမ်းချမ်းရဲ့ ပိုစ့်လေးကိုဖတ်ပြီး ကိုယ့်မိဘနှစ်ပါးကို ပိုကျေးဇူးတင်လာတယ်။
bigcat
April 5, 2011 at 1:43 am
ဖတ်သူရင်ကို ထိစေတဲ့ ခံစားချက်နဲ့ စာတပုဒ်ပါ (တကယ်ဟုတ်ရင်ပေါ့လေ)။ အကြံပြုခြင်တာ ချမ်းချမ်းရဲ့ ဘဝအကြောင်းကို စာရှေ့ဆုံးကို တင်လိုက်ပါလား။ တော်ရုံလူက အရှေ့က ဘာညာသတကာတွေကြည့်ပြီး ဆက်မဖတ်ဘဲ နောက်ပို့စ်ကို ကူးသွားနိုင်တယ်။
KoNyeinChan
April 5, 2011 at 3:13 am
အလွန်ကောင်းတဲ့ Post ပါ.. ချမ်းချမ်းရဲ ့ဘလော့ထဲကိုလည်း ဝင်ရောက်အားပေးသွားပါတယ်
(((တစ်ချို ့သောမိခင်လောင်းတွေ ကိုယ့်သွေးကိုယ့်သားကိုလွယ်ထားပါရင်နဲ့ အရှက်အတွက် သိက္ခာအတွက် မမွေးရဲလို ့ဖျက်ချပစ်တာ တစ်ချိုု ့ကတော့ သေမှာကြောက်လို ့ မွေးပါရဲ ့လင်ကောင်ဖော်မယ့်သူမရှိလို ့အဖေခေါ်စရာမရှိလို ့အမှိုက်ပုံထဲမှာမိဘမဲ့ကျောင်းမှာစွန့်ပစ်ထားရက်တဲ ့ မိခင်ဖခင်တွေရော မာတာပိတု ဆိုတဲ ့ဂုဏ်နဲ ့ပြည့်စုံတယ်လို ့ခေါ်ပါသလား))) အဲ့ဒီလူတွေက သင်္ဂဇာဆရာတော့်စာအုပ်ထဲကလို “ကိုယ်မချိက အမိတော် လည်း၊ သားတော် ခဲ၏” ဆိုသလိုပေါ့… ရခဲတဲ့ ဘဝတစ်ခုကို မဖျက်ဆီးကောင်းတာအမှန်ပါ
babymay
April 5, 2011 at 5:03 am
အများကြီးဗဟုသုတ ရပါတယ်။။။ သံဝေဂယူစရာတွေလည်း အများကြီးပါပဲ။ မကြာခင် မိဘဖြစ်လာတော့မှာမို့ သင်ခန်းစာယူမိပါတယ်။။
moonpoem
April 5, 2011 at 6:08 am
ဖတ်လို ့တော့ ကောင်းပေမယ့် စိတ်မကောင်းစရာပါပဲ မချမ်းချမ်းရယ်။ မမ ကွန်မန့်ပေးသလို လိုက်ပြောရရင်တော့ ပိုစ့်ဖတ်ပြီးတဲ့ အချိန် ကိုယ့်မိဘတွေကို ကျေးဇူးတင်မိပါတယ်။
meelay
April 5, 2011 at 10:34 am
သားဦးစနေကြောင့်တော့ မဟုတ်ပါဘူး … စိတ်သဘောချင်း မတိုက်ဆိုင်တာကြောင့်ပါ … မီးက သမီးဦး စနေတင်မကဘူး၊ မီးရဲ့ ညီမလေးလဲ စနေပဲ .. ဒါပေမဲ့ မိဘတွေတော့ ဘာမှ မဖြစ်ခဲ့ပါဘူး .. အိမ်ထောင်တစ်ခုဖြစ်လာပြီဆိုရင် စိတ်သဘောချင်းတိုက်ဆိုင်ဖို့ရယ်၊ သည်းခံစိတ်ရှိဖို့ရယ်က အဓိကပါပဲ ..