***စမ်းရေနဲ ့ တူတဲ့ ဘဝ*** စိမ်းလန်းနေတဲ့ တောတောင်ထဲက ကြည်လင်အေးမြနေတဲ့စမ်းရေ ကို ကျွန်မတို ့က အိုးငါးလုံးစာလောက် အိမ်ကို သယ်လာပြီဆိုပါစို ့.. အဲ့ဒီစမ်းရေလေးကို (၁) ဘုရားသောက်တော်ရေကပ်ဖို ့ ဘုရားကျောင်းဆောင်မှာထားရင် စမ်းရေက နေ ဘုရားသောက်တော်ရေ ဖြစ်သွားတယ်…ကုသိုလ်လဲရတယ်. (၂) လူတွေသောက်ဖို ့ရေအိုးစင်မှာထားရင် သောက်ရေ ဖြစ်သွားတယ်..ကိုယ့်အတွက်လည်းအသုံးဝင်တယ် အများကိုလျှုရင်လည်းရေအကျိုးဆယ်ပါး ရတယ်.. (၃)ကိုယ့်အိမ်ကမီးဖိုချောင် အိုးခွက်ပုဂံဆေးဖို ့နေရာမှာထားရင် ကိုယ့်အတွက်သုံးရေဖြစ်သွားတယ်. (၄)အိမ်ရှေ ့လှေကားမှာထားရင် ခြေဆေးရေဖြစ်သွားတယ်.. (၅)အိမ်သာထဲမှာ သွားထားရင် အိမ်သာရေဖြစ်သွားတယ်… ရေရဲ ့တန်ဖိုးက သူ ့နေရာနဲ ့သူ ၅ နေရာလုံး မရှိမဖြစ်လိုအပ်ပါတယ်. ထမင်းအသက်တစ်ရက် ရေအသက်တစ်မနက်ဆိုသလို တစ်ကယ့်တစ်ကယ်ရေငတ်တဲ့လူတွေအတွက် အသုံးဝင်တာကလူတွေသုံးတာက နံပါတ် ၁ ၂ […]