ဗုဒ္ဓဘာသာဝင်များ ဆောင်ရန် ရှောင်ရန် လေးတွေပါ
ရတနာသုံးပါးကိုု ကိုးကွယ်ကြတဲ့ ဗုဒ္ဓဘာသာဝင် သူငယ်ချင်းများအားလုံးအတွက် ဘဝအတွက်ရုန်းကန်လှုပ်ရှားရင်းနဲ ့ဆောင်သင့် ရှောင်သင့်တဲ့ ကုသိုလ် အကုသိုလ် ကံအကျိုးပေးနည်းတွေကိုတင်ပြပေးပါ့မယ်။ချမ်းချမ်းကိုယ်တိုင် က ကိလေသာ နဲ ့အကုသိုလ်ကင်းနေတဲ့သူတော်စင်မဟုတ်ဘူးနော်။ သန်းပေါင်းများစွာထဲက ဘဝအတွက် ဆင်းရဲပင်ပန်းစွာ ရုန်းကန်လှုပ်ရှားနေရတဲ့ လူထဲက လူသေးသေးလေးတစ်ယောက်ပါ။ဒါပေမယ့် ရုန်းကန်လှုပ်ရှားရင်းနဲ ့ ဘဝဆင်းရဲတဲ့ ကြားထဲက စိတ်ချမ်းသာအောင် အကုသိုလ်ကင်းအောင်တော့ ပတ်ဝန်းကျင်က အမှားတွေကိုသင်ခန်းစာယူတယ်။ဆရာတော်ဘုရားများရဲ ့ဩဝါဒနဲ ့
ကိုယ့်ဘဝကို ပြုပြင်တယ်။စာအုပ်စာပေထဲက ဘဝတွေကို လေ့လာရင်းနဲ ့ဆင်းရဲ တဲ့ကိုယ့်ဘဝထဲမှာ အမှန်တကယ် ကျေနပ်ပျော်ရွှင်စရာတွေ အများကြီး ရှိနေတာ ကိုတွေ ့ခဲ့ပါတယ်။ အဲ့ဒါက ဘာလဲဆိုတော့ ”ယောနိသော မနသိကာရ” ဆိုတဲ့ သင့်တင့်မျှတစွာနှလုံးသွင်းခြင်း ၊ လက်ရှိကိုယ့်ဘဝကို ရောင့်ရဲကျေနပ်ခြင်း နဲ ့ကိုယ့်စိတ်ကို ကိုယ်တိုင် ဆန်းစစ်လေ့လာခြင်းပါပဲ။ မေတ္တာရှင်(ရြွှေပည်သာ )က သူတစ်ပါးရဲ ့မြင့်မိုရ်တောင်လောက် အပြစ်ကိုမမြင်ပါနဲ ့ကိုယ့်ရဲ ့ဇီးစေ့လောက်အပြစ်ကို အရင်မြင်အောင်ကြည့်ပါတဲ့။သူတစ်ပါးကိုအပြစ်မြင်တာထက် ကိုယ့်အပြစ်ကို ကိုယ်ဆင်ခြင်ပါလို ့ဆုံးမထားပါတယ်။
အခုတင်ပြမယ့်အကြောင်းအရာက..
ထိုင်းဘာသာရေး တရားစာအုပ်ထဲက ဆရာတော်တစ်ပါးရဲ( คู่มืสวดมนฅ์ วิธืแกักรรม สะเดๅะห์ เครๅะห์) စာအုပ်ထဲက လေ့လာမှတ်သားထားတာလေးပါ။
စာအုပ် Websit က(www.namobook.com )ပါ။
(၁) ကောင်းတဲ့ ကုသိုလ်အလုပ်နဲ ့ပက်သက်ပြီး ရမယ့် အကျိုးတရားများကတော့..
(၁) ဝိပဿနာ တရားကြိုးစားအားထုတ်ရင်…………………………………………………………………ကုသိုလ်—-မရေမတွက်နိုင်
(၂) မိဘကို သေဆုံးအထိ ရိုရိုသေသေလုပ်ကျွေးပြုစုလျှင်……………………………………………….ကုသိုလ်—-၁ သိန်း ဆ
(၃)တစ်ခုလပ် မုဆိုးမ ဟာ နောက်အိမ်ထောင်မပြုပဲ ထားခဲ့ဖူးတဲ့ သစ္စာကို စောင့်ထိန်းလျှင်………….ကုသိုလ်—-၁၀၀၀ဝ ဆ
(၄)ဇနီးမောင်နှံ တစ်ဦးကိုတစ်ဦး ရိုရိုသေသေနဲ ့ချစ်ချစ်ခင်ခင်နေထိုင်ကြလျှင်…………………………ကုသိုလ်—- ၁၀၀ဝ ဆ
(၅) သက်သက်လွတ်စားရင် ………………………………………………………………………………..ကုသိုလ်—-၁၀ဝ ဆ
(၆)ညီအစ်ကိုမောင်နှမအချင်းချင်း တစ်ဦးကိုတစ်ဦး ကူညီစောင့်ရှောက်လျှင်…………………………….ကုသိုလ်—- ၁၀ဝ ဆ
(၇)ကိလေသာ ရာဂတဏှာစိတ် ၁ခါ ထိန်းနိုင်လျှင်………………………………………………………..ကုသိုလ်—-၁ဝ ဆ
(၈)သတိသံဝေဂ တရားရမယ့် ဆင်ခြင်စရာ သင်ခန်းစာယူစရာ ဇာတ်လမ်း ရိုက်လျှင် စာရေးလျှင်……..ကုသိုလ်—- ၁ဝ ဆ
(၉) လာဘ်မစားပဲ တာဝန်ကျေပွန်စွာအလုပ်လုပ်လျှင်…………………………………………………….ကုသိုလ်—- ၈ ဆ
(၁၀)အကောက်ခွန ်ရေခ မီးခ အပြည့်ပေးလျှင်……………………………………………………………ကုသုလ် ၅ ဆ
(၁၁) မိဘကိုအလုပ်ကို ၁ခါ ကူညီရင်………………………………………………………………………ကုသိုလ်—-၄ ဆ
(၁၂) ငယ်ရွယ်သူက ကြီးသူကို ကူညီလျှင်……………………………………………………………………ကုသိုလ်—-၃ ဆ
(၁၃)အိမ်ရှင်မက အိမ်အလုပ်တာဝန်ကျေပြီးသန် ့ရှင်းအောင် ၁ ရက် လုပ်လျှင်…………………………….ကုသိုလ်—–၃ဆ
(၁၄)တရားစာအုပ် ၁ အုပ် လျှုဒါန်းရင်………………………………………………………………………..ကုသိုလ်—-၃ ဆ
(၁၅)ကိုယ့်ကို အထင်သေးအပြစ်ပြောတာကိုစိတ်မဆိုးလျှင်………………………………………………..ကုသိုလ်—- ၁ ဆ
(၁၆)ကိုယ့်ထက် ဆင်းရဲနွမ်းပါးတဲ့ သူကို ငွေ ၅ဝ ကျပ်လျှု……………………………………………….ကုသိုလ်—- ဝ.ရ ဆ
(၁၇)ယဉ်ကျေးချိုသာပြီး ချစ်စရာစကား ၁ ခါ ပြောလျှင်……………………………………………………ကုသိုလ်—-၀.၅ ဆ
(၁၈)သစ္စာရှိပြီး .ကတိ ၁ ခါ တည်လျှင်………………………………………………………………..ကုသိုလ်—-၁ ဆ
(၁၉)ငှက်လေး ငါးလေးတွေ ကို ၁ ခါ လွှတ်ရင်……………………………………………………………ကုသိုလ်—-၁ ဆ
(၂၀)ဆရာစကားနားထောင်ပြီး ၁ ခါ ကြိုးစားလျှင်………………………………………………………….ကုသိုလ်—- ၁ ဆ
(၂၁)ဆရာကို ၁ခါ ရှိခိုးရိုသေလျှင်…………………………………………………………………………..ကုသိုလ်—-၁ဆ
(၂၂)ဈေးနှုန်းမှန်ပြီး အမြတ်မတင်ပဲ ပစ္စည်း ၁ ခါ ရောင်းလျှင်…………………………………………..ကုသိုလ်—– ဝ.၃ ဆ
(၂၃)ဆေးဝါး ၁ ခါ လျှုဒါန်းလျှင်………………………………………………………………………ကုသိုလ်—- ၁ ဆ
(၂၄)လူသွားလမ်း မှာ တံမျက်စည်း တစ်ခါလှည်းလျှင်………………………………………….ကုသိုလ်—–၀.၄ ဆ
မကောင်းတဲ့ အကုသိုလ်အလုပ်နဲ ့ပက်သက်ပြီး ရမယ့် အကျိုးတရားကတော့.
(၁)ကိလေသာ ရာဂ တရား ထကြွစေသော ညစ်ညမ်းရုပ်ရှင်နှင့် စာပေရေးသားလျှင်………………………..အကုသိုလ်—-၃၀၀ဝ ဆ
(၂) ကိုယ့်ကိုယ် ကိုယ် သတ်သေလျှင်……………………………………………………………………………..အကုသိုလ်—-၁၀၀ဝ ဆ
(၃) ကိုယ်ဝန် ၁ ခါ ဖျက်ချ ခဲ့လျှင်……………………………………………………………………………………အကုသိုလ်—-၁၀၀ဝ ဆ
(၄) သူတစ်ပါး ဇနီးမယားနှင့် ခင်ပွန်းအား မြှုဆွယ်ဖြားယောင်းပြီး ၁ ယောက် ပေါင်းသင်းလျှင်………………..အကုသိုလ်—–၁၀၀ဝ ဆ
(၅) ဘုရား ကျောင်းကန်ဇရပ်ပေါ်တွင် အညစ်အကြေးနဲ ့အမှိုက် ၁ခါ စွန် ့ပစ်လျှင်……………………………….အကုသိုလ်—-၁၀ဝ ဆ
(၆) အစ္စလာမ်၊ခရစ်ယာန်နှင့် အခြားသောဘာသာ သာသနာအား ဆဲဆိုပုတ်ခတ်စော်ကား မှု ၁ ခါ ပြုလျှင်…….အကုသိုလ်—–၁၀ဝ ဆ
(၇) ဘာသာသာသနာ ညှိုးနွမ်းစေသော အကြောင်းအရာအား ရုပ်ရှင်၊ပြဇာတ် ၁ ခါ ရိုက်လျှင်…………………..အကုသိုလ်—-၁၀ဝ ဆ
(၈) ပြည့်တန်ဆာ မိန်းမနှင့် ၁ ခါ ပျော်ပါးလျှင်……………………………………………………………………အကုသိုလ်—-၁၀ဝ ဆ
(၉) မောင်နှမ အချင်ချင်း စောင်းမြောင်းပြောဆိုပြီး ရန် ၁ ခါဖြစ်လျှင်……………………………………………အကုသိုလ်—၁၀ဝ ဆ
(၉) ညစ်ပတ်၊ယုတ်ညံ့ သော စကားတစ်ခွန်းပြောဆိုလျှင်…………………………………………………………အကုသိုလ်—-၁ဝ ဆ
(၁၀) မိဘ ဆုံးမစကားနားမထောင်ပဲ တစ်ခါ ဆန် ့ကျင်လျှင်…………………………………………………….အကုသိုလ်—-၁ဝ ဆ
(၁၁) ဆွံ ့၊ အ၊ မျက်မမြင်၊ စကားထစ်၊ ရုပ်ဆိုးသောသူများအား လိုက်တုပြီး ၁ ခွန်း ကဲ့ရဲ ့လှောင်ပြောင်လျှင်..အကုသုလ်—–၅ ဆ
(၁၂) ပစ္စည်းအတု၊ဆေးအတု၊ သက်တမ်းကုန်နေသော ဆေးနှင့်၊ပစ္စည်း ၁ ခါ ရောင်းချလျှင်………………….အကုသိုလ်—-၅ ဆ
(၁၃) ကြက်တိုက်ဖဲရိုက် မကောင်းမှု လောင်းကစား ၁ ခါ ပြုလျှင်………………………………………………အကုသိုလ်——၅ ဆ
(၁၄) လူဆိုး ၊လူမိုက် အား ကူညီအားပေးအားမြှောက် ၁ ခါ ပြုလျှင်……………………………………………..အကုသိလ်ု—၄ ဆ
(၁၅) စိတ်ဆိုး၊ဒေါသ ထွက်ခြင်း ၁ ခါ မပြေပျောက်လျှင်………………………………………………………..အကုသိုလ်….၃ ဆ
(၁၆)လင် မယား ရန်ဖြစ်ဆဲဆို ရိုက်နှက်ခြင်း ၁ခါ ပြုလျှင်……………………………………………………….အကုသိုလ်—–၂ ဆ
(၁၆)သူတစ်ပါးအတင်းပြောဆိုခြင်း၊ ဆဲဆိုခြင်း၊ ၁ ခွန်း ပြောလျှင်………………………………………………အကုသိုလ်—၁ ဆ
(၁၇)ကောက်ရ ပစ္စည်းအား ပိုင်ရှင်ကိုသိပါရက်နှင့်မပေးပဲ ၅ဝ ဖိုးယူထားမိလျှင်………………………………..အကုသိုလ်—၁ ဆ
(၁၈) ဈေးပေါပေါနှင့်ရသော ခိုးရာပါပစ္စည်းအား ၅ဝ ဖိုးလက်ခံသိမ်းယူထားလျှင်……………………………….အကုသိုလ်—-၁ ဆ
(၁၉)မီတာခ၊ရေခ နှင့်အိမ်အမြတ်ခွန်အား ၅ဝ ဖိုးမပေးလျှင်……………………………………………………အကုသိုလ်—–၀.၆ ဆ
(၂၀)ဆရာသမားကို စကားတစ်ခွန်း ခံပြောမိလျှင်………………………………………………………………..အကုသိုလ်—-၁ ဆ
(၂၁)ငှက် ကလေးနှင့် တောတိရိစာ္ဆန်အား တစ်ကောင်ပစ်လျှင်…………………………………………………အကုသိုလ်—–၀.၅ ဆ
(၂၂)ငါး၊ ပုဇွန် တို ့အား စားသောက်ရန် ၁ဝ ကောင်သတ်လျှင်………………………………………………….အကုသိုလ်—–၁ ဆ
(၂၃)သစ္စာမဲ့၊ကတိမတည် ပဲလိမ်ညာပြောဆိုခြင်း ၁ ခါ ပြုလျှင်………………………………………………….အကုသိုလ်—–၁ ဆ
(၂၄)မိဘအား စိတ်ဆိုး စိတ်ကောက် တစ်ခါပြုလျှင်……………………………………………………………….အကုသိုလ်—–၁ ဆ
(၂၅)လမ်းပေါ်၊လူအများအပန်းဖြေရာနေရာ တို ့တွင် အမှိုက် ၊စားကြွင်းစားကျန် ၁ ခါ ပစ်ချလျှင်………………..အကုသိုလ်—-၁ ဆ
(၂၆)ဆင်းရဲဒုက္ခရောက်နေတဲ့ မိဘကို တစ်ရက် မပြုစုလျှင်………………………………………………….အကုသိုလ်…၁ ဆ
မြန်မာဆရာတော်ရေးတဲ့တရားစာတွေထဲမှာတော့ အခုတင်ပြထားတဲ့အကြောင်းအရာနဲ ့ပက်သက်ပြီး အသေးစိတ်ရေးထားတာ ချမ်းချမ်းတခါမှမဖတ်ဖူးပါဘူး။
ဒါ့ကြောင့် အားလုံးဗဟုသုတ ရအောင် ဘာသာပြန်ပြီးတင်ပြပေးတာပါ။မဖြစ်နိုင်ဘူး..အယုံအကြည်မရှိဘူး ယုတ္တိမရှိဘူးလို ့ထင်ရင်တော့ သဘောပဲနော်။
မြတ်စွာဘုရားရှင်က “စေတနာသည် ကံ” တဲ့ ကိုယ့်ရဲ ့ကာယကံ ဝစီကံ မနောကံ စေတနာနဲ ့လုပ်တဲ့အလုပ်မှန်သမျှ ကိုယ့်ဘဝ အကောင်းအဆိုးအကြောင်းအကျိုးကံဖြစ်စေတာမို ့….ကံ ကံ ရဲ ့အကျိုးကို ယုံကြည်တဲ့သူများအတွက် ဘဝမှာ ရုန်းကန်လှုပ်ရှားနေရင်းနဲ ့ကောင်းတာဆောင်ပြီးမကောင်းတာ ရှောင်ကြရအောင်လေ..။
မေတ္တာရှင် (ရွှေပြည်သာ ) ရဲ ့ဘဝနဲ ့ရင်းရသော အတွေးအမြင်များစာအုပ်ထဲမှာ
မြောက်ဥက္ကလာပ က ဗုဒ္ဓဘာသာဝင်အမျိုးသမီး တစ်ယောက်က ဆရာတော်တစ်ပါးကို မေးခွန်းတစ်ခုမေးပါတယ်.
“အရှင်ဘုရား ဗုဒ္ဓဘာသာမှာ အကုသိုလ်ကျုးလွန်ပြီး အပြစ်ကို သိလို ့ ဝန်ခံရင် ငရဲကျသေးလား ။တောင်းပန်ရင် မကျေဘူးလားဆိုတော့”
အဲ့ဒီဆရာတော်က တုံးတိကြီးပဲ..“ဟ နင်မဟုတ်တာလုပ်ထားတော့ တောင်းပန်တိုင်း ဘယ်ရမလဲ.နင်လုပ်ခဲ့တဲ့ အကုသိုလ်အတိုင်းငရဲပဲကျမှာပဲပေါ့”
ဆိုတော့ အမျိုးသမီးက “အရှင်ဘုရားရယ် ရန်သူတောင် တောင်းပန်ခွင့်လွှတ်လိုက်ရင် ကျေအေးကြသေးတာပဲ။အခုက အပြစ်ကိုသိလို ့တောင်းပန်တာတောင် မြန်မာဘုရားက ခွင့်မလွှတ်ဘူးဆိုတော့ ကိုးကွယ်နေလဲအပိုပဲ” ဆိုပြီး ဘာသာခြားကို ပြောင်းသွားပါတယ်။
ဘာလို ့လဲဆိုတော့ တခြားဘာသာဝင်တွေက ဘုရားကိုဝန်ချ တောင်းပန်လိုက်ရင် အပြစ်တွေက ပြေပျောက်သွားတယ်လို ့ဟောထားတာကိုး။
အရှင်ဇဝန က အကယ်၍ အဲ့ဒီဆရာတော် က အမျိုးသမီး စိတ်ကျေနပ်အောင်ဖြေတတ်ရင် ဘာသာပြောင်းသွားစရာအကြောင်းမရှိပါဘူးတဲ့.အဖြေမတတ်တော့
ကိုယ့်ဘုရားကို အထင်လွဲပြီး ဘာသာပါပြောင်းသွားပါတယ်။
အခုဘာသာပြောင်းသွားတဲ့ အမျိုးသမီးလည်း အရင်က ပြုခဲ့တဲ့ အကုသိုလ်အကျိုးပေးခွင့်မရအောင် နောက်ထပ်ကုသိုလ်တွေ များများထပ်လုပ် ပေးရင် ခံရမည့်အပြစ်တွေနည်းသွားပါလိမ့်မယ်။ အကယ်၍
ဒီဘဝမှာ အနိမ့်ဆုံး သောတပန် အရိယာဖြစ်အောင် တရားကျင့်နိုင်ရင်တော့ လုံးဝ အပါယ်ငရဲကျမှာမဟုတ်ပါဘူး။ အကုသိုလ်ဝဋ်ကြွေး နည်းနည်းလောက်ပဲ ခံရပါတော့မယ်။ သောတပန်အရိယာ ဖြစ်အောင်မကျင့်နိုင်ရင်လဲ ဒါန၊သီလ၊ဘာဝနာ ကုသိုလ်တွေ များများလုပ်ပေးရင်တော့ အပြစ်ပေါ့သွားပါလိမ့်မယ်။
ဘာနဲ ့တူလဲ ဆိုတော့ လူသတ် လို ့ထောင်ကျသွားတယ်ဆိုပါစို ့..ထောင်ကျတဲ့နေ ့မှာပဲ မှားပါတယ် ခွင့်လွှတ်ပါလို ့နောင်တရပြီးတောင်းပန်တော့ရော..အသတ်ခံရတဲ့ တရားလိုက ခွင့်လွှတ်ပေးမှာလား။တရားဥပဒေဆိုတာကရော မျက်နှာလိုက်လို ့ရပါသလား။မရပါဘူး။ထောင်သေချာပေါက်ကျတာပဲ။ဒါပေမယ့် ထောင်ထဲမှာ လိမ်လိမ်မာမာနေတယ်။ ကောင်းအောင် နေတယ်ဆိုရင်တော့ လျှော့ရက်တွေ ပေ့ါရက်တွေနဲ ့..သူများလိုနှစ်အကြာကြီးမနေရဘူးပေါ့။
အခုတော့ အပြစ်တွေကို အချောင်သက်သာချင်လို ့ဘာသာခြားတောင် ပြောင်းသွားပါတယ်။အမှန်တကယ် တခြားဘာသာဝင်ဘုရားက ကယ်တင်ရင်တော့ ကောင်းပါရဲ ့။ အမှန်တကယ် မကယ်နိုင်ဘူးဆိုရင်တော့ ရင်လေးစရာပါပဲ။
ဒယ်အိုးဆရာတော် ဥုးသုမင်္ဂလ က မြန်မာလူမျိုးဟာဗုဒ္ဓဘာသာ နဲ ့မတန်သေးဘူးတဲ့။ အချောင်သမားတွေသိပ်ပေါတယ်။အလုပ်တစ်ခုမှာ ကိုယ်ဘယ်လောက် လုပ်နိုင်တယ်ဆိုတာထက် ရာထူးတွေ၊ငွေတွေ၊ဂုဏ်တွေ နဲ ့သက်သာမှုကို အချောင်လိုချင်ကြတယ်တဲ့။ဗုဒ္ဓဘာသာမှာအလုပ်မလုပ်ပဲနဲ ့အလကားရတာဘာမှမရှိဘူးတဲ့။မြတ်စွာဘုရားဟာ လူသားဘုရားပါ။ လူသားဆိုပေမယ့် သစ္စာလေးပါတရားကို ကိုယ်တိုင်သိပြီး လူ၊နတ်၊ဗြဟ္မာ၊သတ္တဝါ တို ့ဟောပြောပြနိုင်တဲ့ ပညာရှင် မဟာလူသားပါ။ ဖန်ဆင်းရှင် တန်ခိုးရှင် မဟုတ်ပါဘူး။ လူသားတွေကို ဖန်ဆင်းခွင့် အပြစ်ပေးခွင့် မရှိပါဘူး။အပြစ်မဖြစ်အောင်တော့ လမ်းညွန်ပြသနိုင်တဲ့ ဆရာကောင်းတစ်ဆူပါ။
မိမိသည်သာ မိမိဘဝရဲ ့အလင်းရောင်….မိမိကိုယ်သာ ကိုးကွယ်ရာလို ့ပြောထားတဲ့အတွက် ကိုယ့်ဘဝကိုကိုယ့်ဘာသာ ကောင်းအောင်ထိန်းကျောင်းပြုပြင်ရမှာပါပဲ။
ကုသိုလ်နဲ ့အကုသိုလ် ကို ဘုရားရှင်က ဘယ်လိုဥပမာပြထားလဲဆိုတော့..
ရေထဲကို ခဲလုံးပြစ်ချလိုက်တယ် ဆိုပါစို ့ အဲ့ဒီခဲလုံးကို ကျန်တဲ့သူတွေက လက်အုပ်ချီပြီး ရေပေါ်ပြန်ပေါ်လာပါစေလို ့ဘယ်လောက်ပဲ ဆုတောင်း ဆုတောင်း ခဲလုံးက ပြန်ပေါ်လာမှာမဟုတ်ဘူးတဲ့။
ရေထဲကို ထောပတ်ဆီ ပစ်ချလိုက်တယ် ဆိုပါစို ့ ကျန်တဲ့ လူတွေက လက်အုပ်ချီပြီး ရေအောက်မြုပ် ပါစေ မပေါ်လာပါစေနဲ ့ လို ့ဘယ်လောက်ပဲဆုတောင်းဆုတောင်း
ထောပတ်ဆီရဲ ့ဂုဏ်သတ္တိက ရေပေါ်မှာ ပေါ်စေတဲ့သတိ္တရှိတာမို ့ရေအောက် မြုပ်သွားမှာမဟုတ်ဘူးတဲ့။ဒါဟာ ဘယ်သူမှ မဖန်ဆင်းထားတဲ့ သဘာဝကပေးတဲ့ ဂုဏ်သတ္တိပါ။
သဘာဝတရားပါ။
အဲ့ဒီလိုပဲ အကုသိုလ် ဆိုတဲ့ ခဲလုံးကို ပြုလုပ်ထားရင်တော့ တခြားသူတွေက ငရဲမကျအောင် ဆုတောင်းပေးလို ့မရဘူး၊ကယ်တင်လို ့မရဘူး။
ကုသိုလ်ဆိုတဲ့ ထောပတ်ဆီ လုပ်ထားရင်လဲ တခြားသူတွေက ကိုယ့် ကိုယ် ငရဲကျအောင် ဆုတောင်းပေးလို ့မရဘူး။ဒါဟာ လောက ဓမ္မတာတရားပါ။
မြတ်စွာဘုရားရှင်ဟာ သုမေဓာ ရှင်ရသေ့ဘဝမှာ ဘုရားဆုပန်ပြီး သစ္စာလေးပါးတရားသိဖို ့လေးသချေင်္နဲ ့ကမ္ဘာတစ်သိန်း ပါရမီဖြည့်ခဲ့ရတဲ့ ဘဝတစ်လျှောက် ပါရမီညဏ်နု တဲ့ဘဝတွေမှာ ကုသိုလ် အကုသိုလ် အမျိုးအမျိုးကိုကျုးလွန်ခဲ့ဖူးပါတယ်။ငရဲလဲကျခဲ့ရသလို တိရိစ္ဆာန်လဲ ဖြစ်ခဲ့ဖူးပါတယ်။အခုဘုရားဖြစ်တဲ့ နောက်ဆုံးဘဝမှာတောင် အရင်တုန်းက ပြုခဲ့ဖူးတဲ့ အကုသိုလ်ဝဋ်ကြွေး အကြွင်းအကျန် ကို ဝိပါတ်တော် (၁၂) ပါး အဖြစ် ခံစားခဲ့ရပါတယ်။လောကဓမ္မတာ တရားဆိုတာ အမျိုး၊ ဘာသာသာသနာ၊ အဆင့်အတန်း ခွဲပြီး .ဘရားအလောင်းတော်မို ့လို ့ဘုန်းကြီးမို ့လို ့
ဘုရင်မို ့လို ့ဆိုပြီး မျက်နှာမလိုက်တတ်ဘူး။ဘယ်နိုင်ငံသား၊ ဘယ်လိုပုဂ္ဂိုလ်၊ ဘယ်ဘာသာဝင် ပဲဖြစ်ဖြစ် ကောင်းတဲ့စေတနာနဲ ့ကောင်းတာလုပ်ရင်တော့ ကောင်းကျိုးခံစား ရပြီး မကောင်းတာလုပ်ရင်တော့ မကောင်းတာ ခံစားရမှာပါပဲ။
ချမ်းချမ်းတို ့ လူသားတွေကျုးလွန်ကြတဲ့ အကုသိုလ်များစွာထဲက
သေရင်အဝီစိငရဲကို သေချာပေါက်ဆွဲချမယ့် အကုသိုလ် ကံဟာ ပဉ္စာနန္တိယ ကံပါ.အဲ့ဒီအကုသိုလ်ကံကလွဲရင် တခြားအကုသိုလ်တွေက အပြစ်ပေါ့အောင် ကုသိုလ် လုပ်ရင် ငရဲချက်ခြင်းမကျပါဘူး။ဥပမာ…
အဇာတသတ်မင်းဟာ ဒေဝဒတ် ရဲ ့ စကားကိုယုံပြီး ဘုရင်ဖြစ်ချင်ရင် ဘုရင်ကို သတ်ရတယ် အပြစ်မဖြစ်ဘူး ဆိုလို ့ဖခင်ဗိမ္မိသာရ ကိုသတ်ခဲ့ပါတယ်။ ဖခင်သေပြီးတဲ့နောက်မှာ သူဟာ ရှင်ဘုရင် နေရာ ရောက်သွားပေမယ့် မအိပ်နိုင်မစားနိုင်ပဲ နောင်တတွေသောကတွေ ခံစားနေရတော့ အမတ်တွေက သူကိုးကွယ်တဲ ့ဒိဌိဆရာ ခြောက်ယောက်ကို သွားမေးဖို ့အကြံပြုပါတယ်။ အဲ့ဒါနဲ ့နောက်နေ ့မှာ တောထဲက ရုပ်ဝါဒဒိဌိ ဆရာတစ်ယောက်ကို အရင်သွားမေးတော့ ဒိဌိဆရာက..“အဖကိုသတ်တာ အပြစ်မရှိဘူးတဲ့..ဘာလို ့လဲဆိုတော့ လူဆိုတာရုပ် ဓါးဆိုတာလဲ ရုပ်ပဲ၊ ရုပ်တစ်ခုကို နောက်ထပ်ရုပ်တစ်ခုက လာထိုးတာမို ့လို ့အပြစ်မဖြစ်ပါဘူးတဲ့” ..အဲ့ဒီအဖြေ ကြားရပေမယ့် သူ ့ရင်ထဲက သောကတွေ လျော့မသွားဘူး.၊နောက်ထပ်ကျန်တဲ့ဆရာတွေဆီသွားတော့လည်း ဘာမှမထူးခြားဘူး…
သူ ့မှာ သောကတွေနဲ ့ပူလောင်နေတာပေါ့.ကျေးဇူးရှင်ကို သတ်ခဲ့မိတာကိုး..တစ်နေ ့တော့ ရာဇဂြိုဟ်ပြည်ကို မြတ်စွာဘုရားကြွလာတော့..မြတ်စွာဘုရားရဲ ့တရားတော်ကို နာယူခွင့်ရပြီး.သူဟာ ပထမဦးဆုံး သရဏဂုံသုံးပါး တည်တဲ့သူဖြစ်ခဲ့တယ်။
ငါးပါးသီလလည်း စောင့်ထိန်းနိုင်ခဲ့ပါတယ်။မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီး သာသနာတော် မပျောက်ပျက်အောင်
ပထမဦးဆုံး သံဃာယနာ တင်တဲ့ ကုသိုလ်ပြုခဲ့လို ့ အဝီဝိငရဲမကျပဲ အနှစ်ရှစ်သောင်း ရှိတဲ့ လောဟကုမ္ဘီ အရံငရဲပဲကျခဲ့ပါတယ်။
ဘုရားရှင်လက်ထပ်ကတည်းက အိန္ဒိယမှာ ဘာသာအယူဝါဒ တွေအမျိုးအမျိုးရှိခဲ့ပါတယ်။သူတို ့ရဲ ့အယူဝါဒ အားလုံးဟာ “အတ္တဝါဒ” ချည်းပဲ ..ဗုဒ္ဓတစ်ဆူသာ မတည်မြဲတဲ့ “ အနတ္တဝါဒ ”ကိုဟောပါတယ်။
ဗုဒ္ဓရဲ ့ ဒုက္ခ၊ သမုဒယ၊နိရောဓ၊ မဂ္ဂ ဆိုတဲ့ သစ္စာလေးပါးနဲ ့မဂ္ဂင် ရှစ်ပါး တရားတော်ဟာ တခြားဘယ်ဘာသာဝင် ၊ဘယ်ဝါဒတွေနဲ ့မှမတူတဲ့ အချက်ကတော့..
(၁) သွာက္ခာတ…………………..စ-လယ်-ဆုံး သုံးပါးသော ကောင်းခြင်းဂုဏ်နှင့်ပြည့်စုံခြင်း။
(၂) သန္ဒိဌိက…………………….ကျင့်နေတဲ့ အချိန်မှာ ကိုယ်တိုင် ကိုယ်ကျ သိနိုင် ခံစားနိုင်ခြင်း၊
(၃) အကာလိကော……………..အချိန်မရွေး၊အခါမရွေး ကြီးငယ်မရွေး ချက်ချင်းအကျိုးပေးနိုင်ခြင်း၊
(၄)ဧဟိပဿိက…………………လာပါ.ရှုလှည့်ပါ.ကျင့်ကြံလှည့်ပါဟု အစမ်းသပ်ခံနိုင်ခြင်း၊
(၅)ဩပနေယျိက…………………အခါမလင့် မိမိ်ကိုယ်နှင့်အမြဲကပ်၍ ဆောင်ထိုင်ခြင်း၊
(၆)ပစ္စတံ္တဝေဒိတဗ္ဗောဝိညူဟိ…..အရိယာပညာရှိတို ့အသီးသီးသိအပ် ခံစားအပ်နိုင်ခြင်း၊
တို ့ပါပဲ…
သစ္စာလေးပါး..ဆိုတာက..
(၁) ဒုက္ခ…………ဆင်းရဲခြင်းအမှန်
(၂) သမုဒယ…….ဆင်းရဲမှုဖြစ်ကြောင်းအမှန်
(၃) နိရောဓ……..ဆင်းရဲမှုချုပ်ငြိမ်းရာအမှန်
(၄) မဂ္ဂ…………. နိဗ္ဗာန် သို ့သွားရာ လမ်းကြောင်းအမှန်
မဂ္ဂင်ရှစ်ပါး ဆိုတာက..
(၁) သမ္မာဒိဌိ………….မှန်သောအမြင်
(၂)သမ္မာသင်္ကပ္ပ……..မှန်သော အကြံ ………………..နှစ်ခုပေါင်း……ပညာ
(၃) သမ္မာဝါစာ………..မှန်သောအပြော
(၄) သမ္မာကမန္တ……….မှန်သောအလုပ်
(၅)သမ္မာအာဇီဝ……….မှန်သော အသက်မွေးမှု………သုံးခုပေါင်း….သီလ
(၆)သမ္မာဝါယမ…………မှန်သော လုံ ့လ
(၇)သမ္မာသတိ………….မှန်သောအောက်မေ့မှု
(၈) သမ္မာသမာဓိ……….မှန်သော တည်ကြည်မှု………..သုံးခုပေါင်း……..သမာဓိ
အဇာတသတ်မင်းဟာ…
မြတ်စွာဘုရားရဲ ့သစ္စာလေးပါး တရားတော်ကိုအကြိမ်ကြိမ်နာကြားခွင့်ရခဲ့ပေမယ့် သောတပန်တောင် မဖြစ်ခဲ့တာဟာ ပဉ္စနန္တိယ ကံ ကို ကျုးလွန်ခဲ့လို ့ပါပဲ..
အကယ်၍ အဖကိုသာ မသတ်ခဲ့ရင် သူဟာ အဲ့ဒီဘဝမှာ အနိမ့်ဆုံး အရိယာ သောတပန် ဖြစ်နိုင်ပေမယ့် ကိုးကွယ်ယုံကြည်မှုလွဲမှားခဲ့လို ့ လူမိုက်ကို ဆရာတင်မိလို ့ ငရဲကျခဲ့ရပါတယ်။ အဖေကိုသတ်ပြီး နန်းတက်ခဲ့လို ့ သူလဲ သူ ့ရဲ ့သားတော် သတ်လို ့သေခဲ့ရပါတယ်။
.ရာဇဝင်မှာ အဇာတသတ်လက်ထပ်ကစပြီး အဖေကိုသတ်လို ့ မင်းလုပ်တဲ့ မင်းဆက် ရ ဆက် တောင် ရှိခဲ့ပါတယ်။
ဒါ့ကြောင့်.
“ကုန်ရှုံးရင်……တစ်ခေါက်
လင်ကုန်ရှုံးတော့…. တစ်သက်
ဆရာကုန်ရှုံးတော့…..တစ်သံသရာလုံးမှောက်”တဲ့
“နဖူးကွဲ ဒူးပြဲ အောင်
ကန်တော့နေပေမယ့်
ဘာသာအယူဝါဒ လွဲမှားခဲ့ရင်…..
.အပါယ် ငရဲပဲ ကျ ပါလိမ့်မယ်” လို ့
ဆရာတော်တစ်ပါး ဆိုဆုံးမခဲ့ဖူးပါတယ်။
အဇာတသတ်ရဲ ့ဆရာ…အရှင်ဒေဝဒတ်ဟာ မြတ်စွာဘုရားရဲ ့အဖေတူအမေကွဲ ညီတော်ပါ။ရဟန်းဝတ်ပြီးလို ့ ရ ရက်အတွင်းမှာသူဟာ ကိလေသာကင်းတဲ့ အရိယာ မဖြစ်ပဲ လောကီအဘိညာဏ်ဆိုတဲ့ ဖန်ဆင်းနိုင်တဲ့တန်ခိုးအမျိုးမျိုးရခဲ့ပါတယ်။ သူဟာ ရလာတဲ့တန်ခိုးမှာ ဘဝင်မြင့်ပြီး တရားဆက်အားမထုတ်ပဲနဲ ့ဘုရားနေရာလုဖို ့။ဘုရားဖြစ်ဖို ့ဘုရားကိုအမျိုးမျိုး သတ်ဖို ့ကြံစည်ခဲ့ပါတယ်။နောက်ဆုံးတော့.မြတ်စွာဘုရားရှင်ကို သွေးစိမ်းတည်အောင်ပြုခဲ့ပြီး သံဃာတော်ကို သင်းခွဲဖို ့ကြံစည်ခဲ့လို ့အဝီစိငရဲကို အရှင်လတ်လတ် ကျသွာခဲ့ပါတယ်။
နောက်တစ်ယောက်..
အင်္ဂုလိမာလ ဟာ လက်ညှိုးပေါင်း တစ်ထောင်ပြည့်ဖို ့လူပေါင်း ၉၉၉ ယောက်ကိုသတ်ပြီး ကျန်တဲ့ တစ်ချောင်း ကို အမေကိုသတ်ပြီးလက်ညှိုးတစ်ထောင်ပြည့်အောင်ဖြတ်ယူဖို ့အမေ့နောက် လိုက်နေတုန်းမှာ ဘုရားရှင်နဲ ့တွေ ့ပြီး ရဟန်းပြုလိုက်လို ့တရားအားထုတ်တာ ရဟန္တာ တောင်ဖြစ်သွားခဲ့ပါတယ်။ အကယ်၍ သူဟာ ဘုရားရှင်နဲ ့မတွေ ့ဘဲ အမေ ့ကို သတ်ခဲ့မိရင်တော့ တရားမရဘဲ သေချာပေါက် အဝီစိငရဲ ကျသွားပါလိမ့်မယ်။ ဘုရားရှင်နဲ ့အရင်တွေ ့ခဲ့လို ့သာ တရားရပြီး ရဟန္တာ ဖြစ်ခဲ့တာပါ။လူသတ်ခဲ့တဲ့အကုသိုလ်ထက် ရဟန္တာ ဖြစ်အောင် ကျင့် ရတဲ့ တရားကုသိုလ်က အဆမတန်များလွန်းလို ့လုံးဝငရဲမကျတော့ပဲနိဗ္ဗာန် ကို မျက်မှောက်ပြုနိုင်ခဲ့ပါတယ်။ မီးများမီးနိုင် ရေများရေနိုင်သဘောပေါ့။အကုသိုလ်မီးထက် တရားရေအေးက ပိုများသွားလို ့ အရိယာတောင်ဖြစ်သွားခဲ့ပါတယ်။ဒါပေမယ့် အကုသိုလ်ဝဋ်ကြွေးအဖြစ် ဆွမ်းခံကြွတာတောင် ဆွမ်းလောင်းလှုမည့်သူ မရှိဘဲအုတ်တွေ ၊ခဲတွေ နဲ ့ပစ်ပေါက်ခြင်းတော့ ခံ ခဲ့ရတာပေါ့။
မြတ်စွာဘုရားကိုမြတ်နိုး ကြည်ညိုမိတာတစ်ခုက ”ငါဘုရားကို ကိုးကွယ်ပူဇော်နေတာထက် ငါဘုရားရဲ ့တရားတော်ကို နှလုံးသွင်းပါ။ ငါဘုရားရဲ ့တရားကိုမြင်မှ ငါဘုရားကို မြင်မယ် ဘုရားကိုပူဇော်ရာရောက်မယ်”
ဆိုတဲ့ ဆုံးမစကားပါပဲ။ ဘုရားကိုပူဇော်နေတာထက် ဘုရားမကြိုက်တဲ့အကုသိုလ်အလုပ်တွေ မလုပ်ဖို ့ပိုအရေးကြီးပါတယ်။
ဘုရားသွား ကျောင်းတက်နေပြီး ဘုရားမကြိုက်တာလုပ်နေလျှင် ဘုရားကို တန်ဖိုးမထား ရာ အလေးအနက်မထား ရာရောက်ပါတယ်။
တစ်ချို ့ထိုင်းလူမျိုးတော်တော်များများက ဘုရားပုံ ဆရာတော်ပုံတွေကို လည်ပင်းမှာ ဟီးနေအောင် ဝတ်ထားပြီး မယားငယ်တွေတစ်ယောက်ပြီးတစ်ယောက်ယူပြီးမတရားလောဘနဲ ့စီးပွါးရှာပြီးမဟုတ်တာတွေလုပ်နေပါတယ်။
ချမ်းချမ်းတို ့ဆိုင်ရှင်သူဌေးမကို ဘာလို ့ထိုင်းအမျိုးသားတွေ၊အမျိုးသမီးတွေ လည်ပင်းမှာ ဘုရားပုံ၊ ဆရာတော်ပုံ တွေဆွဲထားလဲလို ့မေးတော့ ပူဇော်တာလေတဲ့။ ကျည်မထိဘူး၊ဘေးမဖြစ်ဘူး၊အန္တရာယ် ကင်းတယ်တဲ့။
ချမ်းချမ်းကိုလည်း သူက ပြန်မေးတယ်။ချမ်းချမ်း ညဘက် ပုတီးစိတ်၊ဘုရားရှိခိုးတာလဲ အန္တရာယ် ကင်းဖို ့မဟုတ်ဘူးလားတဲ့ အခုလဲသူတို ့တွေလည်ပင်းမှာဆွဲတာလည်းအန္တရာယ်ကင်းဖို ့အတွက် တူတူပဲပေါ့တဲ့။
ချမ်းချမ်းက ပြန်ပြောလိုက်ပါတယ်။ မတူဘူးလို ့၊ မြန်မာလူမျိုးတွေက ထိုင်းလူမျိုးတွေလို ဘုရားကိုတစ်ကယ်ကြည်တဲ့သူဟာ လည်ပင်းမှာ မဆွဲဘူး။ရင်ထဲမှာ ထားပြီးပူဇော်တယ်။ဘုရားမကြိုက်တာ မလုပ်ရဘူး။ဘုရားစကားနားထောင်ရတယ်။ မတရားစီးပွါးမရှာရဘူး။
သူများမယားငယ် မလုပ်ရဘူး၊မယားငယ်တွေတစ်ယောက်ပြီးတစ်ယောက်လဲမယူရဘူးကိုယ့်ဇနီး၊ခင်ပွန်းအပေါ်သစ္စာရှိရတယ်လို ့ ပြောတော့..ဪ..ဟုတ်လားတဲ့။
သူတို ့ထိုင်းလူမျိုးရဲ ့အိမ်ထောင်ရေးအရှုတ်အထွေးတွေကြည့်ပြီး သူတို ့နဲ ့ယှဉ်လိုက်ရင်
ကိုယ့်ကိုယ်ကို ဂုဏ်ယူမိတာတစ်ခုက မြန်မာလူမျိုးဖြစ်ပြီး စစ်မှန်တဲ့ ထေရဝါဒဗုဒ္ဓဘာသာ ကိုးကွယ်ခွင့် ရတာ ကိုတော့ ကျေနပ်တယ်။
ဗုဒ္ဓဘာသာဝင်တွေအတွက် အခြေခံကျင့်ဝတ်(ငါးပါးသီလ )နဲ ့ လောကီလောကုတ္တရာ ကြီးပွါးချမ်းဖို ့ ဘယ်လိုနေထိုင်ကျင့်ကြံရမလဲဆိုတာ (၃၈) ဖြာ မင်္ဂလာ တရားတော်ထဲမှာ ဟောပြထားပါတယ်။
အခုချမ်းချမ်း တို ့တွေလဲ ပုထုဇဉ် လူတစ်ယောက်ပေမို ့ အကုသိုလ်တော့ အနည်းအများကျုးလွန်ဖူးကြတာချည်းပါပဲ။အရင်တုန်းက မသိလို ့ပဲဖြစ်ဖြစ် သိလို ့ပဲဖြစ်ဖြစ် ကျုးလွန်ထားသမျှ အကုသိုလ်ကိုနောက်ထပ်မကျုးလွန်မိအောင်ကြိုးစားပါ။ အကုသိုလ်အကျိုးပေးခွင့်မရအောင် ကုသိုလ် များများလုပ်ပေးပါ။မီးများမီးနိုင် ရေများရေနိုင်သဘောပေါ့။မှားနေတာကို မှားမှန်း သိတာ နောက်မကျသေးပါဘူးတဲ့။ဒီနေ ့ဒီအချိန်ကစပြီး ငါဟာ “ဘုရားချစ်တဲ့ နတ်ချစ်တဲ့” လူတွေချစ်တဲ့ လူကောင်းတစ်ယောက် အပြစ်ကင်းတဲ့ လူတစ်ယောက်ဖြစ်အောင်ကြိုးစားမယ်ဆိုတဲ့စိတ်လေးထားပါ။
ဘုရားချစ်တဲ့လူဆိုတာက. ….ရတနာသုံးပါးနဲ ့ကံ ကံ ရဲ ့အကျိုးကိုယုံပြီး ငါးပါးသီလလုံအောင် ထိန်းနိုင်တဲ့သူ၊ မိဘဆရာသမားကိုရိုသေတဲ့သူ။
နတ်ချစ်တဲ့သူဆိုတာ ………ကောင်းမှုကုသိုလ်လုပ်ပြီးတိုင်း နတ်ဗြဟ္မာ နဲ ့ဝေနေယျသတ္တဝါအပေါ်မေတ္တာထား အမျှပေးပြီး လူတွေကွယ်ရာမှာ မဟုတ်တာမလုပ်တဲ့သူ။လူကွယ်ရာမှာလုပ်ရင် လူမတွေ ့ပေမယ့် နတ်တွေသရဲတွေက တွေ ့တယ်နော် ဒါလဲသတိထားရမယ်။
လူတွေချစ်တဲ့သူဆိုတာက…လူသားချင်းစာနာစိတ်.ကိုယ်ချင်းစာစိတ်နဲ ့ဖေးမကူညီစောင့်ရှောက်တာ ကိုယ့်ထက်နိမ့်ကျနွမ်းပါးတဲ့သူကို မနှိမ်ပဲ နဲ ့ပေးကမ်းလှုဒါန်းတတ်တဲ့သူ။
ဖြစ်အောင်ကြိုးစားပါ။ကိုယ့်စိတ်ကို ကိုယ်အမြဲပြန်စစ်ပါ။
၂၀၁၂ ကမ္ဘာပျက်တာနဲ ့ပက်သက်ပြီး ထိုင်းသီလရှင်တစ်ပါး ကို အမေးအဖြေလုပ်တာ ဘာပြန်ဖြေလဲဆိုတော့..
“အပြင်က ကမ္ဘာကြီး ပျက်တာ မပျက်တာ ကိုယ့်အတွက် အရေးမကြီးဘူး။ ကိုယ့် ရင်ထဲက စိတ်ဓါတ်ဆိုတဲ့ ကမ္ဘာကြီး သတိဆိုတဲ့ ကမ္ဘာကြီးမပျက်စီးဖို ့အရေးကြီးတယ်တဲ့။ကိုယ့်ရင်ထဲက စိတ်ဓါတ်ကမ္ဘာကြီး၊သတိကမ္ဘာကြီး၊ပျက်စီးနေရင်တော့ ကမ္ဘာကြီးမပျက်စီးပေမယ့် ကိုယ့်ဘဝ ပျက်စီးသေဆုံးပြီးသုံးမရတာနဲ ့အတူတူပါပဲတဲ့။”
ဒေါက်တာမင်းတင်မွန် က
“စိတ်မှာ..အနန္တ စွမ်းအားတွေရှိပါတယ်
ယုံကြည်မှုက စိတ်ရဲ ့စွမ်းအားကို မြင့်တက်စေပါတယ်
ရတနာသုံးပါး မှာ လေးလေးနက်နက် သက်ဝင်ယုံကြည်တာစိတ်ရဲ ့စွမ်းအားကိုမြင့်တက်စေတဲ့အပြင်
စိတ်ရဲ ့အရေအသွေးကိုပါမြင့်မြတ်စေပါတယ်။
ကြီးမားမြင့်မြတ်တဲ့ စိတ်စွမ်းအားဟာ အောင်မြင်မှု ၊ငြိမ်းချမ်းမှု၊ပျော်ရွှင်မှု၊တည်ငြိမ်အေးချမ်းမှုရဲ ့အဓိက သော့ချက်ပါပဲ။
မြတ်စွာဘုရားဟောထားသလို သင်္ခါရ ဆိုတဲ့မမြဲခြင်းသဘောကိုဆင်ခြင်ပြီး အကုသိုလ် ကင်းအောင်၊ စိတ်ဓါတ်မပျက်စီးအောင် ကျင့်ကြံနေထိုင်နိုင်ရင်တော့ …လက်ရှိအချိန်မှာ တန်ဖိုးရှိတဲ့ ဘဝတစ်ခု အဓိပ္ပါယ်ရှိတဲ့ ဘဝတစ်ခုကို သင်ပိုင်ဆိုင်နိုင်ပါပြီ။
ဆိုဆုံးမခဲ့ဖူးသော ကျေးဇူးရှင် ဆရာတော် သံဃာတော်များအား ထာဝရ မြတ်နိုး ကြည်ညိုလျှက်…
Post….By….ချမ်းချမ်း(ရွာသူလေး) 5:15 PM …….http://www.haymonchan.blogspot.com
*** ရတနာသုံးပါးကို ယုံကြည်မှုနှင့် ကိုးကွယ် ၍ …
“သဒ္ဒါ”…ဆိုတဲ့ သူတော်ကောင်းဥစ္စာတွေ ရအောင် ရှာကြပါ။
*** ကောင်းတဲ့စိတ် တွေမွေး၍…
“သီလ” ဆိုတဲ့ သူတော်ကောင်းဥစ္စာရအောင် ရှာကြပါ။
*** တရားနာ တရားစာများဖတ်၍ …
“သုတ” ဆိုတဲ့သူတော်ဥစ္စာရအောင် ရှာကြပါ။
*** စွန် ့ကြဲပေးကမ်း လှူဒါန်း၍ …
“စာဂ”…ဆိုတဲ့ သူတော်ကောင်းဥစ္စာ ရအောင်ရှာကြပါ။
*** ဘာဝနာများ ပွားများ၍ ..
“ပညာ”…ဆိုတဲ့ သူတော်ကောင်းဥစ္စာ ရအောင်ရှာကြပါ။
*** မိမိကိုယ်ကို တန်ဖိုးထား၍ …
“ဟီရိ”..ဆိုတဲ့ သူတော်ကောင်း ..ဥစ္စာတွေ ရအောင်ရှာကြပါ။
*** အပါယ်လေးပါး ဒုက္ခ များဆင်ခြင်၍ …
“ဩတ္တပ္ပ” ဆိုတဲ့ သူတော်ကောင်းဥစ္စာ ရအောင်ရှာကြပါ။
(ချမ်းအေးဆရာတော်ဘုရားကြီး)
17 comments
pan pan
July 20, 2011 at 4:24 pm
အမငှီး………တနေ့တနေ့ လုပ်မိခဲ့တဲ့ အကုသိုလ်တွေ အဆမနည်းတော့ပါလား
ခုလို အသေးစိတ်သိရအောင်ပြောပေးတာ ကျေးဇူးပါ
နွယ်ပင်
July 20, 2011 at 4:34 pm
အဲလိုတာတွေးကြည်ရင် တစ်နေ့တစ်နေ့ လုပ်မိခဲ့တဲ့ ထဲမှာ အကုသိုလ်က မနည်းဘူးပဲ
ဟိုတစ်နေ့က မေတ္တာရှင် (ရွှေပြည်သာ) ဆရာတော် အရှင်ဇဝန ရေးတဲ့ “သင်လူဖြစ်ပြီလား ”
စာအုပ်လေးဖတ်ရင်း တဖြည်းဖြည်းတောင် ကြောက်လာတယ် တစ်နေ့နေ့ ကိုယ်လုပ်လိုက်တဲ့
အပြု အမူ အပြောအဆိုတွေထဲမှာ အကုသို်တွေက မနည်းမနောပါပဲ …
forever
July 20, 2011 at 5:26 pm
တော်တော်ကို လေ.လာထားတာဘဲ
ဘာသာတရားကိုနှစ်နှစ်ကာကာယုံကြည်ကိုးကွယ်ရင်
အဲဒီတရားကကိုယ်.ကို ထိန်းကျောင်းပေးသွားတဲ.အတွက်
အမှားနဲတဲ.ဘဝ ကို ပိုင်ဆိုင်ခွင်. ရတာ မြတ်တဲ.အချက်ပါဘဲ
moethidasoe
July 20, 2011 at 5:42 pm
နောက်မှ ရှည်ရှည်ရေးမယ် .. အခု ဖတ်ထားတာ နည်းနည်း ရေးကြည့်မယ်
တံမြက်စည်းလှည်းတာထက် သက်သတ်လွတ်စားတာ က အဆ ၂၅ဝ ကုသိုလ် ပိုရတယ် တဲ့ (ထင်တာ .. မေတ္တာ ပို့တာ မပါရင် အဲဒီလောက် များပါ့မလား)
အပြာစာအုပ်ရေးတာက သူများအသက်သတ်တာထက် အပြစ် ၃ ဆ ပိုကြီးတယ် (ဆိုတော့ အများကို ထိခိုက်လို့ ပိုကြီးတာလား) ည ကျမှ အကုန်ဖတ်ပြီး ထပ်ရေးပါ့မယ်
windtalker
July 20, 2011 at 6:43 pm
အင်း သိတဲ့ တတ်တဲ့ နားလည်တဲ့ သူ တွေ က ရေးပြ လမ်းညွှန်ပြ ကြတော့ လည်း
သိပ်မသိ သိပ်မတတ် သိပ်နားမလည် သေးတဲ့ ကျုပ် လို ငပိန်းတစ်ကောင် အတွက်
အကျိုးကျေးဇူး အရမ်းများရတာ အမှန်ပါပဲ
မိုက်ကယ်ဂျော်နီအောင်ပု
July 20, 2011 at 7:07 pm
အင်းးးးးးးးးးးးး
ဘယ်သူ့ကိုမှ အတိုက်ခံလုပ်ပြီး မပြောလိုတော့ပါဘူးလို့
ဆင်ခြင်ထားတာ ဒါပေမယ့်လို့ ပြောလိုက်ပါဦးမယ်
အတိုက်ခံလုပ်တယ်လို့တော့ မထင်စေလိုပါ စာရေးသူ၏ စေတနာကိုအသိမှတ်ပြုပါသည်
သို့သော်
ပို့စ်ရဲ့နာမည်က ( ဗုဒ္ဓဘာသာဝင်များ ဆောင်ရန် ရှောင်ရန် လေးတွေပါ )
ဆိုတော့ကာ
မိမိအနေနှင့်လည်း ကိုယ့်ကိုယ်ကိုယ် ဘယ်၍ဘယ်မျှနားလည်တယ်လို့တော့
လုံးဝ လုံးဝ မဆိုလိုပါဘူးနော
……………………………
၁၄ – ဒွေသဟာယကဘိက္ခုဝတ္ထု
၁၉။ နွားရှင်တို့အား နွားတို့ကို ရေတွက် အပ်နှင်းလိုက်ရသော နွားကျောင်းသားသည်
နွားနို့အရသာကို မခံစားရ သကဲ့သို့၊
နိဗ္ဗာန်ရောက်သည်အထိ အကျိုးစီးပွါးနှင့်စပ်သော ပိဋကတ်သုံးပုံဟူသော
ဘုရားစကားတော်ကို များစွာ ပြော ဟောနေသော်လည်း
မကျင့်မကြံ မေ့လျော့ပေါ့တန်နေသော သူသည်
ပြုထိုက်သည်ကို ပြုသည်မမည်၊ မဂ်ဖိုလ် အရသာကို မခံစားရ။
၂၀။ နိဗ္ဗာန်ရောက်သည် အထိ အကျိုးစီးပွါးနှင့်စပ်သော ပိဋကတ်သုံးပုံဟူသော ဘုရားစကားတော်ကို
အနည်းငယ်မျှ ပင် ပြောဟောနေပါသော်လည်း
တရားအားလျော်သော အကျင့်ကို ကျင့်လေ့ရှိသူဖြစ်ခဲ့မူ
ရာဂ ဒေါသ မောဟကို ပယ်ပြီးလျှင် ကောင်းစွာအပြားအားဖြင့် သိသည်ဖြစ်၍
(ကိလေသာတို့မှလွတ်သော စိတ်ရှိသည် ဖြစ်လျက်
ဤလောက၌ လည်းကောင်း၊ တမလွန်လောက၌ လည်းကောင်း
စွဲလမ်းမှု မရှိတော့ပြီ။ ထိုသူသည်သာ မဂ်ဖိုလ်အရသာကို ခံစားရ၏။
……………………………
ဒီစာကို ညွှန်းရခြင်း၏ ရည်ရွယ်ချက်ကတော့
ပိဋကတ်တော်ကို အရည်ကျိုပြီးသောက်ထားစေဦး မကျင့်ကြံနိုင်ရင် အချည်းနှီးဆိုတာကို
သူများကို အသိပေးသလို မိမိကိုယ်ကိုယ်လည်း ဆင်ခြင်ပါတယ်
……..
ဆိုတော့ကာ ပို့စ်ရဲ့ ဆိုပြချက်တွေက ဟုတ်သလိုလိုပါဘဲ
ဒါပေမယ့် ဗုဒ္ဓ ဘာသာဝင် တစ်ယောက်လို့
ကိုယ့်ကိုယ်ကိုယ်ခံယူမယ်ဆိုရင်တော့
ကောင်းမှု၊ မကောင်းမှုတွေကို ပေတံနဲ့တိုင်းသလိုတိုင်းလို့မရပါဘူးလို့ ဆိုခြင်ပါတယ်
အောက်က ဓမ္မပဒ မှာလာတဲ့ စာကို လေ့လာကြည့်စေလိုပါတယ်
…………………..
……………………
၁ – စက္ခုပါလတ္ထေရဝတ္ထု
၁။ နာမ်ခန္ဓာ (လေးပါး)တို့သည် စိတ်လျှင် ရှေ့သွားရှိကုန်၏၊ စိတ်လျှင် အကြီးအမှူး ရှိကုန်၏။
စိတ်ဖြင့် ပြီးကုန်၏။
ပြစ်မှားလိုသော စိတ်ဖြင့် အကယ်၍ ပြောဆိုသော် လည်းကောင်း၊
ပြုလုပ်သော် လည်းကောင်း၊ ကြံစည်သော် လည်း ကောင်း
ထို (ပြောဆို ပြုလုပ် ကြံစည်မှု) ကြောင့် လှည်းဘီးသည် ဝန်ဆောင် နွား၏ခြေရာသို့ အစဉ်လိုက်ဘိ သကဲ့သို့
ထိုသူသို့ ဆင်းရဲသည် အစဉ်လိုက်လေ၏။
၂ – မဋ္ဌကုဏ္ဍလီဝတ္ထု
၂။ နာမ်ခန္ဓာ (လေးပါး)တို့သည် စိတ်လျှင် ရှေ့သွားရှိကုန်၏။ စိတ်လျှင် အကြီးအမှူး ရှိကုန်၏။
စိတ်ဖြင့် ပြီးကုန်၏။
သန့်ရှင်းကြည်လင်သော စိတ်ဖြင့် အကယ်၍ ပြောဆိုသော် လည်းကောင်း၊
ပြုလုပ်သော် လည်းကောင်း၊ ကြံစည်သော် လည်းကောင်း
ထို (ပြောဆို ပြုလုပ် ကြံစည်မှု) ကြောင့်
အရိပ်သည် (လူကို) မစွန့်မူ၍ အစဉ်လိုက် သကဲ့သို့ ထိုသူသို့ ချမ်းသာသည် အစဉ်လိုက်လေ၏။
…………………..
……………….
ဆိုလိုတာက ပြစ်မှုတစ်ခု ( ဝါ ) ကောင်းမှုတစ်ခု ကို ပြုလုပ်တဲ့အခါ
မိမိရဲ့စိတ်သဏ္ဍန် တစ်နည်း လုံးလပြုမှု တစ်နည်း အားထုပ်မှု တစ်နည်း စေတနာ ပေါ်မူတည်ပါတယ်
ဒါ့ကြောင့် မှားတယ်လို့တော့ အလျှင်း မဝေဖန်ခြင်ပေမယ့်
မှန်တယ်လို့တော့ လုံးဝလက်မခံပါ
အကြောင်းကတော့ ဗုဒ္ဓဘာသာတွေရှောင်ရမဲ့အကြောင်းလို့ ဆိုထားလို့ပါ
ပို့စ်ရဲ့ဆိုလိုချက်က လောကနိတိ ဆန်ပါတယ်
အတိုက်ခံလုပ်ခြင်း လုံးဝမဟုတ်ပါ ဝေဖန်ခြင်းသာဖြစ်ပါကြောင်း
ကြောင်ကြီး
July 21, 2011 at 6:48 am
သဂျီးရမဲ့ ကုသိုလ် အကုသိုလ် ပမာဏကိုလည်း လက်လှမ်းမှီသလောက် အကဲဖြတ်ပေးပါအုံး… 🙄
True Answer
July 21, 2011 at 8:44 am
ပို့စ်လေး အတွက် အထူးကျေးဇူးတင်ပါသည်။ ဝိပဿနာသည် အားအကြီးဆုံးကုသိုလ်အဖြစ် လူအများ သိရှိအောင် ဖော်ပြထားသည်မှာလည်းအလွန်ကောင်းလှပါသည်။ ကုသိုလ်၊ အကုသိုလ်များ၏ အင်အားကို အများယေဘူယျ သိရှိနိုင်ရန်တင်ပြထားသည်မှာ ကောင်းမွန်လှပါသည်။ သို့သော်
ကံကံ၏ အကျိုးပေးပုံ၊ ကုသိုလ်၊ အကုသိုလ်တို့သည် စိတ်၊ စေတသိက်များ၏ အရာသာ ဖြစ်သဖြင့် စိတ်ဖြင့်ခန့်မှန်းသော ကိန်းဂဏန်း ကန့်သတ်ချက်များမှတော့ လွန်မြောက်နေပါသည်။ ကိန်းဂဏန်း ပုံသေသတ်မှတ်ထား၍မရပါ။ –
ဥပမာ (၁၀) မိဘ ဆုံးမစကားနားမထောင်ပဲ တစ်ခါ ဆန် ့ကျင်လျှင်…………….အကုသိုလ်—-၁ဝ ဆ ဟူသည် မည်သို့သော အကုသိုလ်မျိုး၏ ၁ဝ ဆဖြစ်သလဲ ဆိုသောမေးခွန်းပေါ်လာပါသည်။ ဆိုလိုတာကသော reference (ideal value) တန်ဖိုးဖြစ်ပါသည်။ ဆရာတော် ဦးဇောတိက ၊ ဆရာဦးဆန်းလွင်(ရှင်အာဒိစ္စရံသီ)၊ တို့ကဲ့သို့ ဝိပဿနာတရားကိုလိုက်စားဖို့ မိဘ စကား ကို နားမထောင်ဘဲ နေခဲ့သည့် လုပ်ရပ်သည်ကောမည်မျှ မည်သို့သောအကုသိုလ်မျိုး၏ ၁ဝ ဆ ဖြစ်ပါသလဲ။ စသည်ဖြင့်ပေါ့။
အကုသိုလ်များကို ချေဖျက်ရန် ကုသိုလ်တရားများ များ ပြုလုပ်ရန် ရည်ရွယ်ချက်ကောင်းလှပါသည်။ သို့သော်
ဥပမာ။
အကောက်ခွန ်ရေခ မီးခ အပြည့်ပေးလျှင်……………………………………………………………ကုသိုလ် ၅ ဆ
ကြက်တိုက်ဖဲရိုက် မကောင်းမှု လောင်းကစား ၁ ခါ ပြုလျှင်…………………………အကုသိုလ်——၅ ဆ ဆိုသော်
အကောက်ခွန် ရေခ မီးခ မှန်မှန်ဆောင်သူအတွက် ကြက်တိုက်ဖဲရိုက် မကောင်းမှု လောင်းကစား ပြုပါက အပြစ်မရှိဟု ယူစရာရှိပါသည်။
nature
July 21, 2011 at 10:01 am
တော်တော်လေး ကောင်းပါတယ်ချမ်းချမ်ရေ။ ဒါပေမဲ့ ကျနော့် အမြင်ကတော့ ဗုဒတရားတော်တွေဟာ ကောင်းကျိူး ဆိုးကျိူးကို % နဲ့ ဒီလို ပုံသေ တိတိကျကျယူလို့မရပါ။
…တရားစာအုပ် ၁အုပ် လှုလျှင် ကုသိုလ် ၃ဆ…
တရားစာအုပ် လှုတာချင်းတူပေမဲ့ လှုတဲ့သူက ငွေပေါလို့လှုတာလား ၊ အလှုခံက အတင်းခံလို့ အားနာလို့ လှုတာလား။ တကယ့် တရားရစေလိုတဲ့ စေတနာနဲ့ လှိုက်လှိုက်လှဲလှဲ လှုတာလားဆိုတဲ့ အပေါ်မှာမူတည်ပြီး အကျိုးကျေးဇူး ကွာခြားပါတယ်။
တရားသဘောကို လေးနက်စွာနားလည်တဲ့ ဗုဒဘာသာဝင်တွေ ရဲ့အားသာချက်ကတော့ –
ညောင်စေ့လောက်လှုပြီးညောင်ပင်ကြီးလောက် အကျိုးရှိအာင်လှုတတ်ခြင်းပါပဲ။
တချို့ ကတော့ ညောင်ပင်ကြီးလောက်လှုပြီး ညောင်စေ့လောက်ပဲရတတ်ပါတယ်။
moethidasoe
July 21, 2011 at 12:47 pm
၁ ၂ ၃ ၄ ၁ဝ ၁၀ဝ ၁၀၀ဝ ၁၀၀၀ဝ ဆိုတာတွေက ပညတ်တွေပါ ..
အပြစ် ဆိုတာကို အဆနဲ့ တိုင်းတာ တာထက် စာရင်
အပြစ် (ဝါ) အကုသိုလ် ဖြစ်မယ့် အလုပ်ကို မလုပ်သင့်ဘူး .. အကုသိုလ်ကြောင့် .. အောက်ဘုံ လေးဘုံကို ရောက်နိုင်တယ် .. အပြစ်တို့ရဲ့ အခြေခံ အချက် ငါးချက်လို့ သတ်မှတ်ခဲ့သလားလို့ လူတိုင်း လိုက်နာသင့်သော အချက် ငါးချက်ကို လူတိုင်းတော့ သိပါတယ် .. ငါးပါးသီလ လေ ..
အဲဒီ သီလတွေ ကျိုးပေါက်နေရင် အပြစ်ပဲ ..
ပိုပြီး ကုသိုလ် ရချင်ရင် စောင့်ထိန်းဖို့ နောက်ထပ် အချက်တွေ ပိုလာတယ် .. ရှစ်ပါးသီလ (နိုင်ငံတော်က ကိုးပါးသီလ) .. ပိုပြီး ကုသိုလ်ရချင်ရင် လူဝတ်ကြောင်နဲ့ တရားအားထုတ်
.. ပိုပြီးကုသိုလ်ရချင်ရင် သာသနာ့ ဘောင်ကို ဝင် .. တရားအားထုတ် .. နိဗ္ဗာန်ရောက်မယ် ပေါ့ .. နို့မဟုတ်ရင် ၃၁ ဘုံထဲမှာပဲ သံသရာလည်နေမယ် ..
ကုသိုလ် များများလုပ်ရင် အထက်ကို တက်လာမယ် .. အကုသိုလ်များများလုပ်ရင် အောက်ကို ဆွဲဆင်းသွားမယ် ..
ချိန်ခွင်လိုတော့ လုပ်လို့ မရတာတွေ ရှိမယ် .. အကုသိုလ်လုပ်မိလို့ ကုသိုလ်နဲ့ ပြန် ထေတယ် ဆိုတာ သိပ် ကလေးဆန်ပေမယ့် အချို့ကတော့ ထေနိုင်တယ် .. (အင်္ဂုလိမာ လို နောက်ဆုံးဘဝမှာ လုပ်မိတဲ့ အပြစ်အတွက်တော့ အကုသိုလ်အကျိုး မရလိုက်ဘူးပေါ့)
ဒါကြောင့် အဆတွေနဲ့ ရေးပြတာဟာ သချင်္ာလို တွက်ချက်ပြီး ပြန် ထေနိုင်တယ် ဆိုတဲ့ သဘော ပါနေတဲ့ အတွက် လူပိန်းကြိုက်များ ဖြစ်နေသလားလို့ ထင်မိတယ်
(လွတ်လပ်စွာ သဘောထား ကွဲလွဲနိုင်ပါတယ်)
Yan Shin
July 21, 2011 at 2:33 pm
ကျွန်တော်ဟာ ပုထုဇဉ်ပါ။ အရိယာမဟုတ်ပါ။
အကုသိုလ်ကင်းပြီဟု လုံးဝမဆိုရဲပါ။
ဒါပေမဲ့ နေ့စဉ် လူနေမှု့ဘဝမှာ တတ်နိုင်သမျှ မကောင်းမှု့ကို နဲနိုင်သမျှနဲအောင်နေပြီး
ကောင်းမှု့ကို များနိုင်သမျှများအောင် ကျိုးစားပြီးနေပါတယ်။
ကျွန်တော့်သူငယ်ခြင်းတစ်ဦးရဲ့ အယူအဆကို မျှဝေပေးတာပါ။
etone
July 21, 2011 at 4:30 pm
http://www.futuresky-peace.com/profiles/blog/show?id=6375524%3ABlogPost%3A1094942&xgs=1&xg_source=msg_share_post
koyo
July 21, 2011 at 4:50 pm
ကိုယ်မသိတဲ့စကားတွေကိုပြောပြီး အဲဒီ ကိုယ်မသိတဲ့ စကားတွေရဲ့နောက်ကိုပဲ လိုက်နေမယ်ဆိုရင် ဘယ်
တော့ဆုံးမှာလဲ။ ပထမဦးစားပေးစဉ်းစားရမှာက ငါဘာဖြစ်ချင်တာလဲ? ငါဘာဖြစ်နေသလဲ?။ ငါဘာဖြစ်နေ
တယ်၊ ငါဘာဖြစ်ချင်တယ်ဆိုတာလောက်ကိုတော့ မိမိရရဖြစ်အောင်လုပ်ကြစေချင်ပါတယ်။ အဲဒီလိုမှ မဟုတ်
ရင်တော့ ဝိုင်းကြီးပတ်ပတ် ဒူဝေဝေဖြစ်နေပါလိမ့်မယ်။ စာတွေ စကားတွေဆိုတာ လူ့ဖြစ်အင်တွေကို ဖေါ်ပြပေးတဲ့ ပုံဖေါ်ပေးချက်တွေ ဖြစ်ရမှာမဟုတ်လား။ လောကမှာ အမှန်တရားဆိုတဲ့အရာ တွေကလည်း အများသားရယ်။ ဘယ်လောက်မှန်မှန် ကိုယ့်အတွက်အသုံးမကျတဲ့အမှန်ကိုတော့ရဲရဲဝံ့ဝံ့ စွန့်ပြစ်ဖို့လိုမှာပါ။
aungnng87
July 21, 2011 at 5:11 pm
ထိုင်းကဆရာတော်မို.လို.ဒီလိုအဆတွေနဲ.ပြတာနေမှာ။ ဒါပေမဲ့လည်းဒါလည်းကောင်းပါတယ်။
ကလေးတွေးပေါ့။ဥပမာ.. ငါဒီနေ.သတ်သတ်လွတ်စားရင်ကုသိုလ်တော့အဆတစ်ရာရတော့မှာဘဲဆိုပြီးဝမ်း
သာတာပေါ့..။အဆတစ်ရာဆိုတာဘယ်လောက်ကြီးလည်းတော့မသိဘူး။ဘာနဲ.တိုင်းမှန်းမှမသိတာ..။
ညစ်ပတ်ယုတ်ညံ့သောစကားကိုပြောလျှင်အကုသိုလ်အဆ၁ဝဆ ဆိုတော့..။အဆကိုသိထားတော့တတ်နှိုင်သမျှမပြောမိအောင်ဂရုစိုက်ထိန်းလာနှိုင်တယ်လေ…တဖြည်းဖြည်းနဲ.အကုသိုလ်နဲလာနှိုင်တာပေါ့။ ကောင်းပါတယ်။
unclegyi1974
July 21, 2011 at 10:05 pm
ဗုဒ္ဓဘာသာမှာ(မြန်မာ)ကုသိုလ်အကုလိုလ်ကိုအဆနဲ့တိုင်းတယ်ဆိုတာမရှိဖူးလို့ထင်ပါတယ်
ညောင်စေ့လောက်လှုပြီးညောင်ပင်ကြီးလောက်ကုသို်လ်ရတယ်ဆိုတာမျိုးလို
ကိုသိုလ်တပဲငရဲတပိသာ
လို့ပဲကြားဖူးပါတယ် ချမ်းချမ်းရေ
Yin Nint
July 21, 2011 at 10:22 pm
ကျွန်တော်ဖတ်ဖူးတာကိုပြောရရင်တော့ ဘုရားရှင်တောင်မှ သတ်သတ်လွတ်စားရင် ကုသိုလ်ရတယ်လို့ဟောတာမျိုး မတွေ့ခဲ့ဘုူးပါ
kai
July 22, 2011 at 9:12 am
ဝိပဿနာ တရားကြိုးစားအားထုတ်ပြီးရင်… ကြိုက်တာလုပ်ကြတော့ဟေ့… ဆိုတဲ့အဓိပ္ပါယ်ပေါက်နေတယ်..။ သချာင်္နဲ့ညီမျှချင်း ချကြည့်ရင်ပေါ့…။
ပြောရရင်.. ဗုဒ္ဓလက်ထက်တော်ကတော့.. လူတွေ သုံညဆိုတဲ့ ဂဏန်းလည်းမသိကြသေးဘူး..။ စာပေအက္ခရာလည်း မတင်တတ်ကြသေးဘူးလေ..။
ဆိုတော့….
ပါမောက္ခချုုပ်ဆရာတော်ကြီးပြောသလိုဆိုရင်..
“တရားဟောဆရာတွေဟာ တရားကို လက်တွေ့ထိုင်ပြီး ကိုယ်တွေ့တာ၊ မြင်တာတွေကိုချည်းသာဟောပြောနေမယ်ဆိုရင် အဲဒါ ဟောတဲ့သူရဲ့ တရားပါ.. ဘုရားဟောတရားလို့ သတ်မှတ်လို့ မရသေးပါဘူး။ ဘုရားဟောခဲ့တဲ့ ကျမ်းစာအုပ် ၄ဝထဲမှာ ပါတဲ့ အကြောင်းအရာတွေကို စာပေကိုးကားပြီး ဟော၊ ပြောမယ်ဆိုရင်တော့ ဘုရားဟော တရားပါ။ ဟောပြောတဲ့ အကြောင်းအရာတွေဟာ ဘုရား စကားတွေပါလို့ ဟောပြောပြီးနောက် အဲဒီအကြောင်းအရာတွေက ကျမ်းစာအုပ် ၄ဝ ထဲမှာ မပါတဲ့အကြောင်းအရာ (တနည်း) တကယ့် ဘုရားစကား မဟုတ်ခဲ့ရင် တရားဟောတဲ့သူမှာ အပြစ်ကြီးပါတယ်…။”
—
အားလုံးဗဟုသုတ ရအောင် ဘာသာပြန်ပြီးတင်ပြပေးတယ်ဆိုတဲ့ ချမ်းချမ်းကို ကျေးဇူးတင်ပါတယ်..။
ဗုဒ္ဓဘာသာ..တရားတွေဟာ.. နိုင်ငံအမျိုးမျိုးမှာ.. ကိုယ့်နည်းနဲ့ကိုယ်တော့ မှန်နေကြတာပဲ ဆိုတာကို ..ထင်သာမြင်သာ ရှိလို့ပါ…။
နောက်လည်း အဲဒီဆရာတော်ကြီးတွေ စာတွေတင်ပေးစေလိုပါတယ်ခင်ဗျား…။