♫♥✿ မစ္ဆရိယ ကပေးတဲ့ ပီတိနဲ ့အသိလေးတစ်ခု♫♥✿
ဒီနေ ့အလုပ်နားရက် ဘုရားမှာသန် ့ရှင်းသွားလုပ်တုန်း ကျွန်မအတွက် ပီတိဖြစ်စရာ ကုသိုလ်လေးတစ်ခု တိုးပါးတယ် အဲ့ဒီပီတိက မစ္ဆရိယ နှမြောတွန် ့တိုတဲ့
အကုသိုလ်ကနေပေးတဲ့ ပီတိလေးပါ..၁၁နာရီလောက်ဘုရားရောက်တော့ ဘုရားရှိခိုး ငါးပါးသီလ ယူမေတ္တာပို ့ပြီးတော့ ဘုရားမှာတံမျက်စည်းလှဲ အမှိုက်ကောက်ပြီးမွန်းလွဲ ၁ နာရီ
ကျော်ကျော်မှာ ဗိုက်ကတအားဆာလာတော့ စားစရာသွားဝယ်ပါတယ်.
..ချမ်းချမ်းနဲ ့အတူ ဘုရားမှာ ဝေယာဝစ္စ သန် ့ရှင်းတာဝန်ယူထားတဲ့ ဦးလေးကြီးလဲ ဘုရားဆေးသုတ်နေတာမို ့
ဒီအချိန် နေ ့လည်ထမင်းစားချိန် ဦးလေးကြီးလဲ ဆာမှာပဲဆိုပြီး ဦးလေးကြီးအတွက်ပါ..ကြက်ပေါင်နှစ်ချောင်းနဲ ့ကြက်တောင်ပံ တစ်ခု ကောက်ညှင်းနှစ်ထုပ် ရေတစ်ဗူး
ပိုဝယ်လာပါတယ်.ချမ်းချမ်းကတော့ ဘုရားပေါ်က ကြောင်လေးတွေအတွက်ပါစားဖို ့ ကြက်ပေါင်နှစ်ချောင်း တောင်ပံတစ်ခု ကောက်ညှင်းတစ်ထုပ် ရေတစ်ဗူးဝယ်ပြီး
ဘုရားပေါ်ပြန်ရောက်တော့ ဦးလေးကြီးအတွက် ပေးပြီး ကြောင်လေးတွေနေတဲ့ ဇရပ်နားရောက်တော့ ပိန်ပိန်သေးသေးအဖွားအိုတစ်ယောက်ထိုင်နေတာတွေ ့ပါတယ်.
ခုနတုန်းကတော့ အဖွားအိုဇရပ်မှာ ရှိမနေပါဘူး.
..ချမ်းချမ်းလဲ
ဝယ်ထားတာ အတိုးချပြီး စားဖို ့အားခဲလာတာ အဖွားကိုမြင်တော့ စားလို ့မရတော့ဘူး..ငါစားနေတုန်း အဖွားဆာနေရင် ဘယ်လိုလုပ်မလဲ..ကြောင်လေးတွေလည်း ကြက်သားနံ ့
ရလို အော်နေပြီ..စိတ်ထဲမှာ ချီတုံချတုံနဲ ့..ငါအဖွားကို ကျွေးရင်ကောင်းမလား..ငါစားရင်ကောင်းမလား..စိတ်ထဲမှာတော့ လွန်ဆွဲနေတယ်..ကိုယ်တိုင်ကလည်း မနက်စာတောင်မစားရ
သေးလို ့တော်တော်ဆာနေပြီ ..ပြန်ထွက်ဝယ်ဖို ့ကလည်းနေပူတော့ ထွက်ရပျင်းတယ်..စိတ်ထဲမှာတော့ နှမြောတယ် ကိုယ်စားဖို ့ဝယ်ထားလို ့ပါ..အသိစိတ်ကတော့ ပေးချင်တယ်
အဖွားကိုသနားလို ့ မသိစိတ်ထဲမှာက ဆာလို ့စားချင်နေတယ်..သုံးမိနစ်လောက် ချီတုံချတုံဖြစ်နေသေးတယ် စားရင်ကောင်းမလားအဖွားကိုပေးလိုက်ရင်ကောင်းမလားပေါ့ တစ်ကယ်လို ့ကိုယ်တိုင်က မဆာရင် ချက်ချင်းပေးဖြစ်ပါတယ်…နောက်ဆုံးကိုယ့်ကိုယ်ကို ပြန်ဆုံးမတယ်..ဒီလိုကုသိုလ်ဆိုတာ ကြုံခဲတယ်.ဒါလေးမစားရလို ့ သေမသွားဘူး..ဘုရားကအပြန် ဝယ်စားရင်ရတယ်..လို ့ကိုယ့်ကိုယ်
ကိုယ် ပြန်ဆုံးမရင်း..ကောက်ညှင်းတစ်ထုပ်နဲ ့ကြက်ပေါင်နှစ်ချောင်းကို အဖွားကို ပေးပြီး ကြက်တောင်ပံကို ကြောင်လေးတွေကို ကျွေးလိုက်ပါတယ်..
ချမ်းချမ်းကတော့ ကျန်တဲ့
ရေတစ်ဗူးကို ပဲ သောက်လိုက်ပါတယ်..ခဏနေတော့ ဘုရားသန် ့ရှင်းလုပ်တဲ့ ဦးလေးက ချမ်းချမ်းနဲ ့မလှမ်းမကမ်းမှာ ထိုင်ခုံလေးသုံးလုံးချပြီး အလယ်က ခုံမှာ ချမ်းချမ်းပေးထားတဲ့
ကောက်ညှင်းနဲ ့ကြက်ကြော်ကို ချပြီး အဖွားအိုကို
လာတွဲမှအဖွားက ခြေတစ်ဘက်လေဖြတ်ထားလို
့လမ်းတောင်ကောင်းကောင်းမလျှောက်နိုင်မှန်းသိပါတယ်ပြီးတော့
.. ခုံမှာ သွားထိုင်ပြီး ချမ်းချမ်းပေးထားတဲ့ ကောက်ညှင်းနဲ ့ကြက်သားကို ထိုင်စားနေတာမြင်
တော့တအားပီတိဖြစ်သွားတယ် ကိုယ့်စေတနာကို အသိအမှတ်ပြုပြီး စားတဲ့အတွက် လျှုရကျိုးနပ်လို ့ပီတိဖြစ်တာ ဗိုက်တောင်မဆာတော့ဘူး..ငယ်ငယ်တုန်းက ဆရာပြောသလို
“တပည့်မရှား တပြားမရှိ ဆရာဆိုတာ ပီတိကိုစား အားရှိ” တဲ့ တစ်ကယ်ပဲ ကြည်နူးမှူပီတိက ရင်ပြည့်စေတယ်ဆိုတာ ယုံသွားပါပြီ..စိတ်မကောင်းဖြစ်မိတာက ဦးလေးကြီး
ကို စေတနာ သုံးတန်နဲ ့ကျွေးပေမယ့် အဖွားအိုကို စေတနာသုံးတန် ပြည့်အောင်မကျွေးပဲ ချီတုံ ချတုံ ဖြစ်နေလို ့ပါပဲ..ဒါပေမယ့် ကိုယ့်ရဲ ့နှမြောတွန် ့တိုတဲ့ မစ္ဆရိယ အကုသိုလ်ကိုတွန်းလှန်ပြီး လျှုရတာမို ့ပီတိတော့ဖြစ်စေပါတယ်..နောက်တစ်ခါ ဘာပဲလျှုလျှု နှမြောတဲ့စိတ် နဲ ့မလျှုဖြစ်ဖို ့ ကိုယ့်ကိုယ်ကိုယ် သတိလေးနဲ ့လျှုတတ်အောင်တော့ ကြိုးစားရပါဦးမယ်..
အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့တဲ့ဘဝလေးပိုင်ဆိုင်နိုင်ပါစေ
လေးစားစွာဖြင့် ရွာသူလေးချမ်းချမ်း(ရင်တွင်းဖြစ်)http://www.haymonchan.blogspot.com
11 comments
ဦး ကြိမ်
June 6, 2013 at 4:45 am
ချမ်းချမ်းရေ….တစ်ကျပ်မရလဲ ပြားကိုးဆယ်တော့ရနိူင်ပါသေးတယ်
နောက်တခါ တစ်ကျပ်အပြည့်ရအောင်ကြိုးစားပေါ့နော်
လှုတတ်ရင်မြတ်ပါတယ်
စိတ်ခြင်းတူသူမို့လေးစားပါတယ်…….ချမ်းချမ်း။
padonmar
June 6, 2013 at 6:10 am
ချမ်းချမ်းရေ
ဒါဆို မစ္ဆရိယကို တွန်းလှန်လိုက်နိုင်တဲ့ အလောဘ ကပေးတဲ့ ပီတိပေါ့။
ကာလဒါန -လိုအပ်တဲ့သူကို လိုအပ်တဲ့ အချိန်မှာ ကိုယ်အဆာခံပြီး လှူနိုင်တာ သာဓု သာဓု သာဓုပါနော်။
KZ
June 6, 2013 at 8:51 am
သာဓုပါဗျာ။
:hee:
Foreign Resident
June 6, 2013 at 8:56 am
” ဒီလို ကုသိုလ် ဆိုတာ ကြုံခဲတယ် ”
အဲလိုမျိုး ၊ လိုအပ်နေတဲ့ သူ / အချိန် နှင့် ကြုံကြိုက်ပြီး လှူတာကို ၊
ကာလ ဒါန လို့ ခေါ်တယ် ။
( သူကြီး ၊ မမြင်ပါစေနှင့် )
နောက်နောင် ကိုယ် ဒုက္ခ ရောက်နေ ၊ ပါးရှားနေ တဲ့ အချိန်မျိုးမှာ ၊
ကိုယ့်ကို ကူညီ ကယ်တင်မယ့် လူ / အဖြစ်အပျက် တွေ ပေါ်လာစေတယ် ။
သာဓု ၊ သာဓု ၊ သာဓု ။
ဦးကြောင်ကြီး
June 6, 2013 at 10:13 am
ကြောင်လေးတွေကိုကျွေးရင် ကြောင်ကြီးကိုလည်း စေတနာ ရှိနိုင်ကောင်းရဲ့… စားဂျင်တယ်… ကျွေးမရား…. ခွီး..ဂရား..
သူကလေး
June 6, 2013 at 11:14 am
သာဓုပါ .. အဲလိုစိတ်လေးမွေးတာအရမ်းကိုကောင်းါပတယ်
မဟာရာဇာ အံစာတုံး
June 6, 2013 at 1:29 pm
ကျန်ဒါဒေါ့ ဘာမွှ မပေါဒေါ့ဘာဝူးး
ဒီပို့စ်မှာတော့
ခပ်တည်တည်နဲ့ လာပြီး အားပေးသွားဘာဒယ် ဆိုဒါလေး …
ရွှေတိုက်စိုး
June 6, 2013 at 1:57 pm
သာဓုပါဗျာ သာဓု သာဓု..
ဒီလို ကုသိုလ်ဆိုတာ တကယ်ကြုံခဲတယ်ဗျ…
ကျွန်တော် မွေးနေ. တုန်းက ရွှေတိဂုံဘုရားပေါ်မှာ ဆရာတော်တစ်ပါး ရေသပ္ပာယ်နေတုံး ခေါက်ဆွဲကြော် အလှူခံပါဘုရားဆိုတော့……. တခြားဦးပဇင်းတွေကို လှူလိုက်ပါတဲ့လေ……
ကဲ လှူချင်တာတောင် လှူခွင့်မရရှာဘူး……… တကယ်……….
ဒီလုပ်ရပ်လေးအတွက် တကယ် သာဓု ခေါ်ပါတယ်ဗျာ… လိုအပ်နေတဲ့သူကို လိုအပ်နေတဲ့အချိန် ပေးကမ်းလိုက်ရတာ… ကုသိုလ်က ဘယ်တော့ရမလဲမသိပေမယ့် ချက်ချင်း ပီတိဖြစ်ရတာ ပါပဲ……….
မဟာရာဇာ အံစာတုံး
June 6, 2013 at 2:15 pm
“……..
လိုအပ်နေတဲ့အချိန် ပေးကမ်းလိုက်ရတာ… ကုသိုလ်က ဘယ်တော့ရမလဲမသိပေမယ့် ချက်ချင်း ပီတိဖြစ်ရတာ ပါပဲ……….
……..”
ဒါဆို နင့်သမီး နာ့ကို ပေးလေ …
ပီးရင် ပီတိတွေ စားပီး အားရှိပေါ့ ..
ဟက်ဘူးလားလို့ …
အရီးခင်လတ်
June 6, 2013 at 11:06 pm
ကိုယ်တောင်လုပ်နိုင်ပါ့မလား တွေးမိတယ်။
ကောင်းတဲ့စိတ်ကို အားသာပေးသွားတာ ပင်ကိုယ်စိတ်အခံ ကိုက ကောင်းလို့ပါ။
ဒီလို စိတ်စေစေတနာလေး ကြောင့် ဘဝ မှာ ဒီထက်ပိုပြီး အောင်မြင်တိုးတက် ပါစေ ဆုတောင်းပါတယ်။
အလှူဒါန လေးတွေ ကိုလဲ သာဓုခေါ်ပါတယ် ချမ်းချမ်းရေ။
ကြုံ ရင် ရွာထဲက ကြောင်ကြီး အတွက်လဲ ကြက် ခြေထောက်ရိုး လေးဖြစ်ဖြစ်၊ ကြက်ခေါင်းလေးဖြစ်ဖြစ် သယ်လာပေးလိုက်ပါဦး။
(သူ ဝင်မတောင်းခင် ကြိုပွဲစားလုပ်ထားတာ)
😆
kyaw hteik
June 7, 2013 at 12:54 am
ဖတ်ရှုအပြီ ချမ်းချမ်းနဲ့အတူ ထပ်တူဝမ်းသာပီတိ ဖြစ်ရပါတယ်။
နောင် ဒီထက်မက ပေးလှူနိုင်ဖို့ စိတ်ရဲ့ချမ်းသာခြင်း၊ကိုယ်ရဲ့ကျန်းမာခြင်း နှင့်ပြည့်စုံပြီ
အလုပ်အကိုင် အဆင်ပြေချောမွေ့ပါစေလို့ ဆန္ဒပြုပါတယ်။ဒီနေ့ခေတ် မှာရှိတဲ့လူငယ်တွေထဲ
တော်ရုံစိတ်နဲ့ မလုပ်နိုင်တဲ့အလှူမို့ သာဓု ခေါ်ပါတယ်။