အလုပ်အလိုရှိသည်

ေရႊဘိုသားApril 5, 20111min20910

 

အစိုးရဝန်ထမ်းလုပ်ချင်ပါသည်။

ပညာအရည်အချင်းကပထမနှစ်အဝေးသင်မြန်မာစာတက်နေပါသည်။

ဒါမှမဟုတ်အင်တာနက်ဆိုင်ဖြစ်ဖြစ်လုပ်ချင်ပါသည်။အင်တာနက်ဆိုင်အတွေ.ကြုံ 1 နှစ်ရှိပါသည်။

လူငယ်နဲ.သင်.တော.မည်.တက်လမ်းရှိမည်.အလုပ်ဟူသမျှရှိလျှင်အကြောင်းကြားပေးပါရန်ပြောချင်ပါသည်။

နယ်မှလာကျောင်းတက်ပါသဖြင်.အလုပ်အရေးတကြီးအလိုရှိပါသည်။ကူညီကြပါရန်မေတ္တာရပ်ခံပါသည်။

ကွန်ပျူတာ အသင်.တင်.ဖြင်.အင်တာနက်ကျွမ်းကျင်ပါသည်။

ဆက်သွယ်လိုလျှင် narziparty2009@gmail.comသို.မေးပို.ဆက်သွယ်နိုင်ပါသည်။

 

10 comments

  • Gong Zhu

    April 5, 2011 at 6:09 pm

    အခွင့်အလမ်းဂျာနယ်ဝယ်ဖတ်လိုက်ပါလား … နေရာရော … အလုပ်အကိုင်ရော … လစာရော အဆင်ပိုပြေမယ်လို့ထင်ပါတယ် …

  • nigimi77

    April 5, 2011 at 7:05 pm

    မင်း ဟစ်တလာ အကြောင်း ကောင်းကောင်းပြောပြနိုင်ရင်ဖြင့် နောင်လာမည့် ၂၀၂၁ ခုနှစ် ကျုပ်ရဲ ့ပါတီ
    အနိုင်ရပြီးရင် အစိုးရဝန်ထမ်း မဟုတ်တဲ့ ပြည်သူ ့ဝန်ထမ်း ခန် ့ထားရေး Project ထဲမှာ ထည့်သွင်းစဉ်းစား
    ပေးမယ်။ အခုတော့ သီးခံလော့ ။

  • kai

    April 5, 2011 at 11:17 pm

    အင်း..
    အဲဒီအီးမေးလ်နဲ့ . .အမေရိကန်သံရုံးအလုပ်ဝင်လျှောက်ရင်တော့ .. ပြောခံရမှာသေချာတယ်..။
    နာဇီပါတီဝင်တွေက ..နိုင်ငံတော်တော်များများကို .. ဗီဇာပိတ်ထားပါတယ်..။ လူမုန်းလည်းများတယ်..။

    တကယ်ခံယူချက်မရှိပဲ.. အမှတ်တမဲ့ အဲဒီနာမယ်ယူထားတာဆိုရင်တေ့ာ ..ပြင်သင့်တယ်..။
    ခံယူချက်ရှိတယ်ဆိုရင်တော့… ဆက်လုပ်ပါ..။

  • window2me

    April 6, 2011 at 12:53 am

    အဲနာဇီ နံမည်နဲ ့သူတို ့သုံးတဲ့ခမောက်တို ့အလံတို ့ကိုဒို ့နိုင်ငံကလူတွေ
    ဘာလို ့စွဲမှန်းကိုမသိဘူး
    နံမည်ကျော်တီးဝိုင်းကြီးမှာတောင် လိုဂိုယူထားလိုက်သေးတယ်…
    ဒီဘက်မှာဆိုရင်တော့ လူကနိုင်ငံခြားသား …အူကြောင်ကြောင်နဲ ့
    အဲ အလံနဲ ့ဆိုလို ့များတော့
    ရဲကတော့ လာထားပဲ …နိုင်ငံသားတွေက လူရိုင်းလိုကြည့်မယ်
    လူပေတွေကတော့ ဩဝါဒခြွေပြီး သွေးပူလေ့ကျင့်ခန်းတွေပေးသွားမယ် 😛
    အင်းဗျာ အပေါ်ကပြောသလိုခံယူချက်တွေကောင်းနေရင်တော့
    ဟစ်တလာထက်ပိုမိုက်နိုင် လူပိုသတ်နိုင်အောင်လုပ်ဗျာ
    ( ကိုယ့်လူကိုယ်တော့ပြန်မလုပ်ကြေးနော် 😛 )

    • kai

      April 6, 2011 at 7:44 am

      အိုင်စီက..ယူအက်စ်လာတော့.. အဲဒီတံဆိပ်ကြိးတွေနဲ့.. ကော်ပီသီချင်းတွေ စင်ပေါ်တက်ဆိုနေတော့.. လုံခြုံရေးဝန်ထမ်းတွေရဲ့အမေးခံရဖူးပါတယ်..။
      ဘယ်ရမလည်း..ရွာက..တီးဝိုင်းလို့ ဖြီးလုံးထုတ်ရတာပေါ့..။

      အင်း… ဘာမှန်းကို မသိ..အူကြောင်ကြောင်နဲ့..။ 🙂

  • eros

    April 6, 2011 at 2:53 am

    နင် ဟိုတခါ အလုပ်တောင်းတဲ့ ပိုစ့်တင်သေးတယ်။ ပြီးတော့ အလုပ်ရပြီပြောတယ်။ အခုဘယ်လိုဖြစ်တာတုန်း။

  • dream

    April 6, 2011 at 3:25 am

    အလုပ်လိုချင်ရင် ထိုင်စောင့်နေရုံနဲ့မရပါ
    အလုပ်ရှိတဲ့ဆီကို သွားပါ။

  • shwepyithu

    April 6, 2011 at 4:38 am

    အင်တာနက်ဂျာနယ်ထဲမှာလဲ အင်တာနက်ဆိုင်တွေအတွက် အလုပ်ခေါ်ထားတာတွေရှိပါတယ်။

  • manawphyulay

    April 6, 2011 at 9:25 am

    နက်ဂိုက်ဂျာနယ်က အလုပ်တွေ ခေါ်ထားပါတယ်။ စိတ်ဝင်စားရင် သွားလျှောက်လိုက်ပါလား…. အလုပ်လိုချင်ရင် အရင်ဆုံး အလုပ်လုပ်ချင်စိတ်ရှိဖို့ လိုအပ်ပါတယ်။ နောက်တစ်ချက်က ကိုယ့်ရဲ့အရည်အချင်းနဲ့ ကိုက်ညီပြီး စိတ်ဝင်စားမှု ရှိရင် အကောင်းဆုံးလို့ ထင်မြင်မိပါတယ်။

  • juttue.gyi

    April 6, 2011 at 2:26 pm

    အလုပ်လိုရင် အခုလိုတောင်းလို့ရသလား ဟီးးးး ကျတောလည်း ရန်ကုန်ရောက်မှ အဲဒီလိုတောင်းအုန်းမှနဲ့တူတယ် ကူညီအုန်းနော်

Leave a Reply